News

Yatoro Talks about Team Spirit’s Current Form

Team Spirit ရဲ့လက်ရှိ Form ဘယ်လောက်ထိကြမ်းနေပြီဆိုတာကိုပြောပြလိုက်တဲ့ Yatoro

ပြီးခဲ့တဲ့ Stockholm Major 2022 မှာ TI10 ချန်ပီယံ Team Spirit ဟာ 9th-12th Place နဲ့ပဲအဆုံးသတ်ခဲ့ပါတယ်။

ဒါကတော်တော်များများအတွက် Surprise ဖြစ်ခဲ့ပြီး Team Spirit အတွက်လည်း လပေါင်းများစွာအကြာမှာ ပထမဆုံးအကြိမ်အဖြစ် အနိမ့်ဆုံး Result ဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် ယူကရိန်းစစ်ပွဲအစ ကစားသမားတွေရဲ့လူမှုရေးပြသနာအဆုံး စတာတွေကြောင့် အသင်းရဲ့ရလဒ်ရော၊ အနာဂတ်ကိုပါ ထိခိုက်နေပြီလားဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် Tour 3 ပြန်စချိန်မှာတော့ အကောင်းဆုံးလက်စွမ်းတွေနဲ့ပြန်လာနိင်ခဲ့ပြီး ၂ ပွဲကစားအပြီးမှာ ၂ ပွဲလုံးကို ၂ – ၀ နဲ့အနိင်ကစားထားပါတယ်။

Na’Vi ကိုအနိင်ရခဲ့တဲ့ပွဲအပြီးမှာတော့ Team Spirit Carry Yatoro က အသင်းရဲ့အနေအထားက ဘယ်လောက်ထိပုံစံကောင်းတွေရနေပြီလဲဆိုတာကို သုံးသပ်ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ပုံစံကောင်းရနေပြီလို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့အသင်းက ပြီးခဲ့တဲ့ Stockholm Major ကထက် အဆ ၁၀၀၀ လောက်ပိုကြမ်းနေပပြီ။

ဒါ့ကြောင့် ခုလာမယ့်မေဂျာမှာတော့ စိတ်ဝင်စားစရာကောင်းတာလေးတွေလုပ်ပြနိင်မယ်လို့ ယုံကြည်နေပါတယ်”

Team Spirit အနေနဲ့ Tour 3 မှာကစားပြီးတဲ့ ၂ ပွဲလုံးကို ၂ – ၀ တွေနဲ့အနိင်ရထားတယ်ဆိုပေမယ့် အပြတ်အသတ်လက်စွမ်းတွေနဲ့ နိင်ထားတာမျိုးတော့မဟုတ်ပါဘူး။

သူတို့ရဲ့ Team Fighting Skill တွေက TI10 မှာပြသနိင်ခဲ့တဲ့ Performance တွေနဲ့ယှဉ်လိုက်ရင် လိုအပ်ချက်တချို့တော့ ရှိနေပါသေးတယ်။

ဒါပေမယ့် Yatoro ရဲ့စွမ်းဆောင်ရည်တွေကတော့ တော်တော်လေးထူးကဲခဲ့ပြီး ပြိုင်ဘက်တွေအတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်စေခဲ့ပါတယ်။

Yatoro ကထပ်ပြီးတော့ Pudge ကို Carry ကစားတာနဲ့ပတ်သက်ပြီးတော့လည်း သူ့အမြင်ကိုပြောပြသွားခဲ့ပါတယ်။

Carry Pudge က 7.31d Meta ရဲ့ Pro Games တွေမှာ ခပ်စိတ်စိတ်မြင်တွေ့လာရပါတယ်။

Yatoro ကလည်း Carry Pudge Meta ကိုထောက်ခံတဲ့သဘောပြောခဲ့ပေမယ့် သူတို့ဘာလို့မ Pick တာလဲဆိုတာကို အခုလိုရှင်းပြခဲ့ပါတယ်။

“ Pudge Carry က IMBA ပါ။

ကျွန်တော်တို့အကောင်းဆုံး Carry Pudge ကိုပြသနိင်ဖို့ ပြင်ဆင်နေပါတယ်။

LGD နဲ့တွေ့တဲ့ပွဲမှထုတ်ပြသွားမှာပါ”

Team Spirit နဲ့ LGD တို့ဟာ စိတ်လှုပ်ရှားဖို့အကောင်းဆုံး TI Grand Finals တွေထဲက ၁ ခုကို TI10 မှာပြသခဲ့ကြပါတယ်။

အဲ့ဒီ Grand Final ပွဲပြီးထဲက သူတို့ ၂ သင်းထပ်မတွေ့ကြရသေးပါဘူး။

ပြီးခဲ့တဲ့ Tour 1 ရော Tour 2 မှာပါ အကြောင်းအမျိုးမျိုးကြောင့် တွေ့ခွင့်မကြုံခဲ့ကြတာဖြစ်ပါတယ်။

ဒီ Tour 3 မှာတော့ ၂ သင်းလုံးက Arlington Major ကို Qualify ဖြစ်ဖို့ သေချာသလောက်ရှိနေတာကြောင့် တွေ့ဖို့အလားအလာကောင်းတွေရှိနေပါတယ်။

သူတို့ ၂ သင်းရဲ့လက်ရှိ Form တွေအရ သူတို့တွေ့ဆုံမယ့်ပွဲက စိတ်ဝင်စားဖို့အလွန်ကောင်းတဲ့ပွဲဖြစ်လာမှာသေချာသလောက်ရှိနေပါတယ်။

Team Spirit ရဲ့နောက်ထပ် DPC ပွဲစဉ်ကတော့ လာမယ့်ဇွန်လ ၂၆ ရက်နေ့မှာကစားရမယ့် Rune Eaters နဲ့ပွဲဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.