Gaming Knowledge

Wings Gaming’s Sad Story

အောက်မှာမြန်မာလိုပါတယ်နော်

Wings Gaming’s Sad Story

TI6 is a Tournament that has affected / continues to influence the modern Dota world to some extent.

Especially Wings Gaming.

Before TI6, teams had their own style of play.

There are signature heroes, and they do not usually stand out from the crowd.

In addition, Meta Heroes, No one dares to play apart from meta strategies.

But at TI6 2016, Wings Gaming turned it all upside down.

No one knows in advance what heroes they will play and how they will play.

“Once they play a game, they try to use everything,” Ceb said in an interview.

They are not interested in whether meta or not.

All the heroes, They use as many games as they can to play with items.

They are all good at it, so they can use any combination of games to defeat their opponents.

Wings Gaming is Pure Dota Knowledge. “This is very, very surprising.”

One of the biggest mysteries in the Dota world so far is why they were able to play such games.

bLink, Innocence, and Faith_Bian started working together on Speed ​​Gaming, and no one was impressed.

Similarly, Shadow has only played for Chinese lower division teams.

Iceice is one of the least famous of all because he has played in Big God.

But no one was able to stop the five of them from uniting and playing as they wished.

They did what They wanted to do and took the TI6.

However, after TI6, the players of Wings Gaming were at odds with the Organization’s management, and the ACE (Association of China Esports) became disillusioned and the team collapsed.

They left the Wings Gaming Association to form Team Random, but ACE did not allow them to play in any of the tournaments in China.

That’s why they split up after the Kiev Major, and the main reason is that Innocece and Faith_Bian broke their promise to Xie, the owner of Wings Gaming, that they would never have anything to do with each other.

That’s why the team was already disbanded when the invitation came for them to play TI7.

As a result, TI7 became the first TI without the current champion of the competition.

After their split, Innocence and Faith_Bian went to EHOME, iceice went to Sun Gaming, Shadow went to eclipse, and bLink is now retired.

Significantly, after their partaway, no one succeeded, so they got up and disappeared.

Now that Innocence and Faith_Bian are champions of EHOME and Bucharest Minor, Shadow will be playing stand-in for Liquid, and at least three of them will be reunited in the Chongqing Major.

Is Shadow still hating infidelity Innocence and Faith_Bian?

Only He can know for sure if they were forgiven or not.

Burmese Version

TI ရခဲ့ပေမယ့် အသိုက်ပျက်ခဲ့ရတဲ့ Wings Gaming ရဲ့ပုံပြင်

TI6 ဆိုတာက လက်ရှိမော်ဒန် Dota လောကကို အတိုင်းအတာတစ်ခုအထိ သက်ရောက်ခဲ့/သက်ရောက်နေဆဲ ပြိုင်ပွဲဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် Wings Gaming ပါ။

TI6 မတိုင်ခင်က အသင်းတွေအနေနဲ့ ကိုယ်ပိုင်ကစားဟန်တွေ၊ Signature Hero တွေရှိကြပြီး သူတို့ကစားနေကြပုံစံခွက်တွေထဲကနေ သိပ်ပြီးတော့ခွဲထွက်ကစားလေ့မရှိကြပါဘူး။

ဒါ့အပြင် Meta Hero တွေ၊ Meta Strategy တွေကနေသွေဖယ်ပြီးတော့လည်း ဘယ်သူမှမကစားရဲကြပါဘူး။

ဒါပေမယ့် ၂၀၁၆ ခုနှစ် TI6 မှာတော့ Wings Gaming က အဲ့ဒါတွေအကုန်လုံးကို မြေလှန်ပြောင်းလဲပစ်ခဲ့ပါတယ်။

သူတို့ဘယ်ဟီးရိုးတွေယူပြီး ဘယ်လိုကစားမယ်ဆိုတာကို ဘယ်သူမှကြိုမသိနိင်သလို ဘယ်သူမှလည်းမခန့်မှန်းနိင်ပါဘူး။

အဲ့ဒါနဲ့ပတ်သက်ပြီးတော့ Ceb က အင်တာဗျူးတစ်ခုမှာ “သူတို့ပွဲတစ်ပွဲကိုကစားပြီဆိုတာနဲ့ ရှိသမျှအရာအကုန်လုံးကို အသုံးချဖို့ကြိုးစားပါတော့တယ်။

Meta နဲ့ကိုက်မကိုက်ကို သူတို့စိတ်မဝင်စားပါဘူး။

ရှိသမျှဟီးရိုးတွေ၊ Item တွေနဲ့ ကစားလို့ရသမျှကစားဟန်တွေကို သူတို့အသုံးပြုပါတော့တယ်။

သူတို့က အားလုံးကိုကျွမ်းကျင်နေတဲ့အတွက် ဘယ်ဟာမဆို တစ်ပွဲနဲ့တစ်ပွဲမထပ်အောင်အသုံးပြုပြီးတော့ ပြိုင်ဘက်တွေကို ခြေမှုန်းနိင်ပါတယ်။

Wings Gaming က Pure Dota Knowledge ပါ။ ဒါကအရမ်းကိုအံ့အားသင့်ဖို့ကောင်းလွန်းပါတယ်” လို့ ပြောခဲ့ဖူးပါတယ်။

သူတို့ဘာလို့အဲ့လိုမျိုးတွေကစားနိင်ခဲ့လဲဆိုတာက အခုအချိန်အထိ Dota လောကရဲ့ အကြီးမားဆုံးမဟေဠိတွေထဲကတစ်ခုပါ။

bLink, Innocence နဲ့ Faith_Bian တို့က Speed Gaming မှာစတင်လက်တွဲပြီးကစားခဲ့ကြပြီး သူတို့ကို ဘယ်သူမှအထင်မကြီးခဲ့ကြပါဘူး။

အဲ့လိုပဲ Shadow ကလည်း တရုတ်အောက်တန်းအသင်းတွေမှာပဲ ကစားခဲ့ဖူးသူပါ။

Iceice ကတော့ Big God မှာကစားခဲ့ဖူးလို့ အားလုံးထဲမှာ နာမည်နည်းနည်းရှိသူပါ။

ဒါပေမယ့် သူတို့ ၅ ယောက်ရဲ့ပေါင်းစည်းမှုကို ဘယ်သူမှမရပ်တန့်နိင်ခဲ့သလို သူတို့ကစားချင်သလိုကစား၊ လုပ်ချင်သလိုတွေလုပ်ပြပြီး TI6 ကို ယူပြခဲ့ပါတယ်။

ဒါပေမယ့် TI6 အပြီးမှာတော့ Wings Gaming ရဲ့ကစားသမားတွေအနေနဲ့ အသင်းရဲ့အုပ်ချုပ်သူတွေနဲ့အဆင်မပြေခဲ့တာကြောင့် ACE( Association of China Esports)ရဲ့ ညိုငြင်ခြင်းကိုခံခဲ့ရပြီး အသင်းပျက်တဲ့အထိဒုက္ခတွေရောက်သွားခဲ့ပါတယ်။

သူတို့အနေနဲ့ Wings Gaming အဖွဲ့အစည်းကနေထွက်ခွာပြီး Team Random ကိုတည်ထောင်ပြီးကစားခဲ့ပေမယ့် ACE ကြောင့် တရုတ်မှာကျင်းပတဲ့ ဘယ်ပြိုင်ပွဲမှ ကစားခွင့်မရခဲ့ပါဘူး။

ဒါကြောင့်မလို့ Kiev Major အပြီးမှာလမ်းခွဲခဲ့ရပြီး အဓိကအကြောင်းရင်းကတော့ Innocece နဲ့ Faith_Bian တို့ဟာ သူတို့ ၅ ယောက်ထားရှိထားတဲ့ကတိဖြစ်တဲ့ Wings Gaming ရဲ့ပိုင်ရှင် Xie နဲ့ သူတို့လုံးဝမပတ်သက်တော့ဖူးဆိုတဲ့ကတိကို ချိုးဖောက်ခဲ့လို့ဖြစ်ပါတယ်။

ဒါကြောင့်မလို့ သူတို့ကို TI7 ကစားဖို့အတွက် Invitation ရောက်လာတဲ့အချိန်မှာ အသင်းက Disband လုပ်ပြီးသား ဖြစ်နေခဲ့ပါတယ်။

ဒါကြောင့် TI7 ဟာ ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံမပါဝင်တဲ့ ပထမဆုံး TI လည်း ဖြစ်လာခဲ့ပါတယ်။

သူတို့လမ်းခွဲအပြီးမှာ Innocence နဲ့ Faith_Bian တို့ဟာ EHOME ကိုသွားခဲ့ကြပြီး iceice က Sun Gaming, Shadow က eclipse ကိုသွားရောက်ကာ bLink ကအခုအချိန်မှာ အနားယူသွားခဲ့ပြီဖြစ်ပါတယ်။

ထူးခြားတာက သူတို့လမ်းခွဲအပြီးမှာ ဘယ်သူမှမအောင်မြင်တော့တာကြောင့် သူတို့ဟာ ဝုန်းကနဲထအောင်မြင်ပြီးတော့ ဒိုင်းကနဲပြန်ပျောက်သွားတဲ့သူတွေဖြစ်ကြပါတယ်။

အခုအချိန်မှာတော့ Innocence နဲ့ Faith_Bian တို့ဟာ EHOME နဲ့ Bucharest Minor မှာချန်ပီယံဖြစ်ထားသလို Shadow ကလည်း Liquid အတွက် Stand-in ကစားပေးတော့မှာဖြစ်တာကြောင့် အနည်းဆုံးသူတို့ ၃ ယောက်ကိုတော့ Chongqing Major မှာ ပြန်လည်မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။

သစ္စာမဲ့ခဲ့သူ Innocence နဲ့ Faith_Bian တို့ကို Shadow အနေနဲ့ မုန်းတီးစက်ဆုတ်နေဆဲလား၊ တစ်ချိန်ကသံယောဇဉ်တွေကြောင့် ခွင့်လွှတ်လိုက်ပြီလားဆိုတာကိုတော့ Shadow ကိုယ်တိုင်ပဲသိနိင်ပါလိမ့်မယ်။

Leave a Reply

Your email address will not be published.