News

Why Sumail Getting 80 MMR Per Win in Ranked Matches?

Sumail ဘာလို့ Rank ၁ ပွဲနိင်ရင် MMR 80 လောက်တက်နေတာလဲ?

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ Dota 2 လောကမှာ King လို့နာမည်ကြီးတဲ့ Sumail ၁ ယောက် Team Secret ကနေထွက်ခွာပြီးသိပ်မကြာခင်မှာ Team Nigma ကိုဝင်ရောက်ခဲ့ပါပြီ။

Secret ကို Mid Player အနေနဲ့ဝင်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ Carry Role ကိုပြောင်းလဲကစားခဲ့ရပြီး အဲ့ Role မှာလည်း အသင်းနဲ့အံဝင်ခွင်ကျမဖြစ်ခဲ့တာကြောင့်လမ်းခွဲခဲ့ရတာပါ။

Nigma နဲ့ပူးပေါင်းအပြီးမှာတော့ Sumail ဟာ သူ့ကို King လို့နာမည်ကျော်စေခဲ့တဲ့ Mid Role ကိုပဲ ပြန် Focus မယ့်ပုံရှိပြီး Pub တွေမှာ Mid ပဲပြန်ကစားနေတာပါ။

သူ့အနေနဲ့ ပြီးခဲ့တဲ့ ၈ ရက်အတွင်းမှာ Dota 2 Ranked Match ပေါင်း ၈၄ ပွဲအထိကစားခဲ့ပြီး ပွဲတော်တော်များများကို အနိင်ကစားနိင်ခဲ့ပါတယ်။

ပုံမှန် Solo Rank ၁ ပွဲနိင်ရင် MMR 30 ပဲရပေမယ့် Sumail ကတော့ စိတ်ဝင်စားဖို့ကောင်းစွာပဲ တပွဲကို MMR 80 ထိရခဲ့ပါတယ်။

ဘာလို့လည်းဆိုတာကို ၁ ချက်ကြည့်ရအောင်။

အကြောင်းအရင်းကတော့ Valve ရဲ့ Smurf Detection System ကြောင့်ဖြစ်ပါတယ်။

အဲ့ဒီစနစ်က Win Rate များတဲ့တချို့ကစားသမားတွေကို နိင်ပွဲတိုင်းအတွက် MMR ပိုပေးနေတယ်လို့လည်းသိရပါတယ်။

လတ်တလောထင်သာမြင်သာ ဥပမာကတော့ Sumail ပဲဖြစ်ပါတယ်။

Sumail အနေနဲ့ သိပ်မကြာသေးခင်ကပဲ Rank တွေတဟုန်ထိုးတိုးတက်လာတာကြောင့် EU Leaderboard ရဲ့နံပတ် ၄ နေရာကိုရယူနိင်ခဲ့တာကြောင့် အဲ့ဒီအကြောင်းက လူအများစိတ်ဝင်တစားဆွေးနွေးနေကြတဲ့ Topic ၁ ခုလည်းဖြစ်နေခဲ့ပါတယ်။

နာမည်ကျော် Streamer ၁ ယောက်ဖြစ်တဲ့ Gorgc ကတော့ အခုလိုရှင်းပြထားပါတယ်။

Sumail အနေနဲ့ ဒီကိစ္စကို သူနဲ့ပြောဖြစ်ခဲ့ပြီး Smurf Detection System ထဲရောက်နေတာလို့ Sumail ကပြောခဲ့ကြောင်းလည်းသိရပါတယ်။

Sumail ရဲ့အဆိုအရ ၁ ပွဲကို MMR 80 လောက်ရနေပြီး တနေ့ထဲနဲ့ MMR 500 အထိတက်သွားခဲ့တဲ့နေ့တောင်ရှိတယ်လို့သိရပါတယ်။

Gorgc က ဒီ System ထဲကိုရောက်သွားဖို့ဆိုတာ အင်မတန့်အင်မတန်ခက်ခဲပြီး Ranked Match တွေမှာ Win Rate 80-90% လောက်ရှိတဲ့သူတွေပဲရောက်နိင်တယ်လို့ပြောခဲ့ပါတယ်။

Win Rate မြင့်ရုံနဲ့လည်းမရသေးပဲ ပွဲတိုင်းမှာ Performance အရမ်းကောင်းဖို့လိုမှာဖြစ်သလို High GPM လည်းရှိဖို့လိုပါတယ်။

Valve က ဒီစနစ်အသက်ဝင်ဖို့ဘာတွေလိုအပ်တယ်လို့တော့ အတိအကျမပြောထားပဲ Random သာဖြစ်တယ်လို့လည်းသိရပါတယ်။

Gorgc က Sumail ရဲ့ဖြစ်ရပ်က အထူးအဆန်းတော့မဟုတ်ပဲ အရင်ကလည်း Crystallis နဲ့ miCKe တို့လည်း ဒီစနစ်ကြောင့် MMR တွေအများကြီးတက်ခဲ့ဖူးတယ်လို့ဆိုပါတယ်။

Dota 2 Pro Tracker ကအချက်အလက်တွေအရ Sumail ဟာ အဲ့ဒီ ၈၄ ပွဲမှာ Win Rate 66.7% ရခဲ့တယ်လို့ဆိုပါတယ်။

66.7% ဆိုတာက Top MMR Bracket မှာ တော်တော်များတဲ့ Win Rate လို့သတ်မှတ်နိင်တဲ့ပမာဏ ၁ ခုပါ။

Sumail အနေနဲ့ Team Secret က ထွက်ခဲ့အပြီးမှာ သူ့ရဲ့ Signature Role ဖြစ်တဲ့ Mid မှာသေချာပြန်ကစားနေတာဖြစ်ပြီး ဒါက ငရဲကျနေတဲ့ Nigma အတွက် အားဆေး ၁ ခွက်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် DPC နဲ့ TI11 ဝင်ခွင့်မရတော့တဲ့အနေအထားဖြစ်လို့ ၁ ခုထဲသောဝင်ပေါက်ဖြစ်တဲ့ Qualifier မှာ Sumail က Nigma ရဲ့ TI11 ဝင်ခွင့်အတွက် နေမင်းကြီးပါပဲ။

TI ချန်ပီယံ ၅ ယောက်ပါဝင်တဲ့ Nigma New Roster ရဲ့ပွဲဦးထွက်ကိုတော့ လာမယ့်အပတ်အတွင်းမှာစတင်မယ့် DPC 2021-2022 WEU Division II မှာ စတင်တွေ့မြင်ရဖွယ်ရှိနေပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.