News

Which to blame for the lack of third party Dota 2 events?

ဘယ်သူ့ကိုအပြစ်တင်လို့တင်ရမှန်းမသိဖြစ်နေတဲ့ Third Party Dota 2 Event ရှားပါးမှုပြသနာ

၂၀၁၁-၂၀၂၂ Dota 2 ရာသီက အခက်အခဲတချို့ရှိခဲ့ပေမယ့် တော်တော်လေးတော့ခရီးရောက်နေပြီလို့ဆိုနိင်ပြီး Tour 2 ထိရောက်နေပါပြီ။

ဒါပေမယ့် TI10 ပြီးထဲက DPC ပွဲတွေကလွဲရင် ပုံမှန်ရှိနေကြ Third Party Event တွေက ရွှေထက်ရှားနေခဲ့တာပါ။

TI10 က ၂၀၂၁ ခုနှစ်အောက်တိုဘာလ ၁၇ ရက်နေ့မှာ Team Spirit က LGD ကို 3-2 နဲ့အနိင်ရရှိမှုနဲ့အတူ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

ပုံမှန်ဆို TI တွေက သြဂုတ်လမှာကျင်းပပြုလုပ်လေ့ရှိပေမယ့် Covid ကြောင့် TI10 ကို ၁ နှစ်နောက်ဆုတ်ခဲ့ရသလို ဆွီဒင်မှာ ကျင်းပခါနီးမှ အကြောင်းကြောင်းကြောင့် အောက်တိုဘာလကို ထပ်မံရွေ့ဆိုင်းခဲ့ရတာပါ။

ရိုမေးနီးယားနိင်ငံ Bucharest မြို့မှာ ၂၀၂၁ အောက်တိုဘာလ ၇ ရက်နေ့ကနေ ၁၇ ရက်နေ့အထိကျင်းပခဲ့တဲ့ TI10 ကိုလည်း Live Audience မပါပဲကျင်းပခဲ့ရတာပါ။

အဲ့လိုမျိုး TI10 ကို ၂ လလောက်နောက်ဆုတ်ခဲ့ရတဲ့အတွက် 2021-2022 DPC အတွက်အချိန်ဇယားတွေကိုလည်း ပြန်လည်ရေးဆွဲခဲ့ရပါတယ်။

ဒါ့ကြောင့် ပွဲစဉ်ဇယားတွေက ကြပ်ညပ်ကုန်ပြီး Third Party Event တွေအတွက် အချိန်သိပ်မရှိတော့ပါဘူး။

TI10 အပြီးမှာ ကျင်းပပြုလုပ်နိင်ခဲ့တဲ့ DPC မဟုတ်တဲ့ Third Party Event ၇ ခုသာရှိပြီး အဲ့ဒါတွေကတော့ ဒီပြိုင်ပွဲလေးတွေပါ။

GAMERS GALAXY: Invitational Series Dubai 2022
Mar 02 – 06, 2022
BTS Pro Series Season 10: Southeast Asia
Feb 06 – Mar 06, 2022
BTS Pro Series Season 10: Americas
Feb 05 – Mar 06, 2022
OGA Dota PIT Season 6: China
Feb 22 – 28, 2022
Intel World Open Beijing
Jan 19 – 22, 2022
Huya Winter Invitational 2021
Dec 23 – 31, 2021
OGA Dota PIT Season 5:
အဲ့လိုတွေဖြစ်ခဲ့တာ ဘာကြောင့်လဲ?

DPC စနစ်ပြောင်းလဲမှု

2017 နွေရာသီမှာ Valve က မူလလက်ဟောင်းမေဂျာစနစ်ကိုဖျက်သိမ်းပြီး DPC စနစ်ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။

အဲ့နောက်မှာတော့ Valve ကပဲ Third Party Event တွေကိုစပွန်ဆာပေးဖို့ Host တွေကိုရွေးချယ်ပေးခဲ့ပြီး ဆုကြေးတွေပိုမိုများပြားစေလာဖို့အတွက်ပါ။

2020 အရောက်မှာတော့ Regional League တွေကိုထည့်သွင်းဖို့အတွက် ရှိရင်းစွဲ DPC စနစ်ကိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပါတယ်။

စနစ်သစ်အရ Tournament Organizer ၇ ခုက Major တွေသာမကပဲ ၆ ပတ်စီကြာမြင့်မယ့် DPC League တွေကိုလည်း Host လုပ်ခွင့်ရခဲ့ကြပါတယ်။

အဲ့ဒါက ဘာတွေကိုဖြစ်စေခဲ့လဲ?

အဲ့လိုတွေပြောင်းလဲမတိုင်ခင်မှာ Organizer တွေက ကိုယ်ကျင်းပတဲ့ပြိုင်ပွဲကို လူစိတ်ဝင်စားအောင်၊ အသင်းကြီးတွေဝင်ကစားအောင် အမျိုးမျိုးတီထွင်ကြံဆခဲ့ရတာကြောင့် ပိုမိုကောင်းမွန်တဲ့ပြိုင်ပွဲတွေကိုကျင်းပနိင်ခဲ့ပြီး DPC Event မဟုတ်သည့်တိုင် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲတွေကို ဖန်တီးပေးနိင်ခဲ့ပါတယ်။

အခုအခါမှာတော့ ၆ ပတ်အထိကြာမြင့်တဲ့ DPC Regional League တွေကို Host လုပ်ပေးရတာကြောင့် သူတို့ရဲ့ ၁ နှစ်တာကုန်ကျစရိတ်က ယခင်ကထက် ၃ ဆလောက်အထိကုန်ကျခဲ့တယ်လို့သိရပါတယ်။

ဒါ့ကြောင့် Third Party Event တွေအတွက် ဘတ်ဂျက်သိပ်မထုတ်နိင်ကြတော့ဖြစ်နိင်ပါတယ်။

TI Qualifier တွေကို DPC League တွေနဲ့ ၁ နှစ်လုံးလုပ်ပေးနေရသလိုဖြစ်နေခြင်း

DPC Regional League တွေရဲ့ရည်ရွယ်ချက်က ၁ ခုထဲပါ။

Major တွေကိုဘယ်အသင်းတွေသွားမလဲဆိုတာရွေးထုတ်ပေးပြီး အဲ့ဒီမေဂျာသွားခွင့်ရအသင်းတွေကလည်း TI ဝင်ခွင့်အတွက် DPC Point တွေအများဆုံးရလေ့ရှိပါတယ်။

အဲ့တော့ ၁ နှစ်လုံးကစားရတဲ့ DPC Regional League တွေက TI Qualifier ကျင်းပပေးနေသလိုပဲဖြစ်နေပါတယ်။

အဲ့တော့အသင်းတွေအားလုံးကလည်း TI သွားခွင့်ရဖို့အတွက် ဒီ League တွေကိုပဲ အာရုံစိုက်ကစားကြပါတော့တယ်။

တူညီတဲ့အသင်းတွေပဲ ခဏခဏကစားနေတာက ရလဒ်ပိုင်းတွေကိုပိုမိုမှန်းဆရလွယ်လာပြီး ပြိုင်ပွဲရဲ့အနှစ်သာရကလည်း လျော့ကျလာပါတယ်။

Third Party Event တွေမှာဆိုရင်တော့ Invite လုပ်တဲ့အသင်းတွေက မတူညီကြလို့ အသစ်အဆန်းတွေကို ပိုမိုမြင်တွေ့ခွင့်ရပါတယ်။

ဒါပေမယ့် TI သွားဖို့ကပိုအရေးကြီးတာကြောင့် DPC ကိုပဲ ပိုအာရုံစိုက်ကြပါတော့တယ်။

ယူကရိန်းစစ်ပွဲ

EEU DPC 2021-2022 Season Spring Tour ကို EPICENTER က Host လုပ်ဖို့စီစဉ်ထားခဲ့ပေမယ့် Valve ရဲ့ဆုံးဖြတ်ချက်နဲ့အတူ ရပ်ဆိုင်းခဲ့ရပါတယ်။

ယူကရိန်းစစ်ပွဲကြောင့်ဆိုပေမယ့် Valve ရဲ့ဆုံးဖြတ်ချက်အရ EEU Region ကအသင်းတွေရော Organizer တွေပါ ဘာပြိုင်ပွဲမှကျင်းပခွင့်မရှိတော့ပါဘူး။

Online Tour တွေအပါအဝင်ဖြစ်ပါတယ်။

မပြီးဆုံးနိင်သေးသော Covid Issue များ

ပြီးခဲ့တဲ့ဇန်နဝါရီလမှာ Valve က 2021-2022 DPC ရဲ့ ပထမမေဂျာကိုဖျက်သိမ်းကြောင်းကြေငြာခဲ့ပါတယ်။

အကြောင်းအရင်းကတော့ အခုထိဒုက္ခပေးလို့မဆုံးနိင်သေးတဲ့ Covid ကြောင့်ပါ။

အဲ့ဒီမေဂျာအစား Regional Finals တွေကို Online စနစ်နဲ့ပြန်လုပ်ပေးခဲ့ပေမယ့်လည်း ဒီ Region ထဲကအသင်းတွေအချင်းချင်းပဲပြန်ကစားရတာဖြစ်လို့ Major နဲ့အရသာကတော့ မိုးနဲ့မြေပဲဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်က Covid ကြောင့်ပဲ CN DPC League ကို ၂ ပတ်ရပ်နားကြောင်း ကြေငြာခဲ့ပါတယ်။

အစက ၈ ရက်နေ့ထိပဲဖြစ်ပေမယ့် ၁၂ ရက်နေ့ထိထပ်တိုးထားပြီး ၁၂ ရက်နေ့မှာလည်း ပြန်ကျင်းပနိင်မလားဆိုတာ တပ်အပ်မပြောနိင်သေးပါဘူး။

ဘာကမှားနေတာလဲ?

သေချာတာ ၁ ခုကတော့ ငွေရေးကြေးရေးက အဓိကနေရာမှာရှိနေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ငွေကြေးအင်အားစိုက်ထုတ်နိင်မှုမရှိတော့တဲ့အခါမှာ Third Party Event တွေကိုဘယ်သူမှမလုပ်ပေးနိင်တော့ပါဘူး။

လုပ်ပေးနိင်တဲ့ Event လေးတွေကလည်း ဝင်ငွေရရှိမှုနည်းပါးတာကြောင့် အသင်းကြီးတွေက လက်ရှောင်ကြတာများမှာပါ။

Nigma လုပ်ခဲ့တဲ့ပွဲမှာအသင်းကြီးများသွားတာက ဆုကြေးများခဲ့လို့ဆိုတာက ငြင်းမရတဲ့အချက် ၁ ခုပါ။

ဘယ်လိုပဲဖြစ်ဖြစ် Third Party Event တွေရှားပါးလာတာက Dota 2 ရဲ့အနာဂတ်ကို အနည်းနဲ့အများတော့ ထိခိုက်လာနိင်ပါတယ်။

ပုံစံခွက်ကြီးလိုဖြစ်နေတဲ့ DPC တွေမှာပဲ အသင်းတွေက မလိုအပ်ပဲအချိန်တွေအများကြီးပေးပြီး ဒီအသင်းနဲ့ ဒီအသင်းတွေပဲကစားနေရတာကြောင့်ဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.