News

Virtus.Pro Allegedly Threatened With Disqualification From Gamers Galaxy Tournament

ရုရှားဆန့်ကျင်ကြောင်းစာမထုတ်ရင် ဒူဘိုင်းပွဲကနေအထုတ်ခံရမယ်လို့ ချိန်းခြောက်ခံခဲ့ရတဲ့ Virtus Pro

ဒီနေ့ညနေ ၃ နာရီခွဲမှာ စတင်တော့မယ့် GAMERS GALAXY: Invitational Series Dubai 2022 ပြိုင်ပွဲဝင် ၁၀ သင်းထဲမှာ Virtus Pro ဟာ ၁ သင်းအပါအဝင်ဖြစ်ပါတယ်။

VP ဟာ CIS Region ကဖြစ်ပြီး ရုရှားနိင်ငံမှာအခြေစိုက်တဲ့ Esports Org ၁ ခုလည်းဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ရုရှား – ယူကရိန်းအရေးအခင်းမှာ ယူကရိန်းကိုမတရားကျူးကျော်စစ်ကိုဆင်နွဲနေတဲ့ရုရှားနိင်ငံကို ဘောလုံးလောကကနေလုံးဝကျဉ်လိုက်သလို တခြားအားကစားနည်းတွေ၊ နယ်ပယ်တွေကနေလည်း ဝိုင်းကျဉ်ခဲ့/ကျဉ်နေဆဲဖြစ်ပါတယ်။

အဲ့ဒါက ကိုယ့်တွေ Esports ကိုလည်းကူးစက်လာပြီး ရုရှားမုန်းတီးရေးတွေက စတင်အသက်ဝင်နေပြီလည်းဖြစ်ပါတယ်။

ဒါပေမယ့် Virtus Pro ကတော့ အခုအချိန်ထိ ရုရှားဆန့်ကျင့်ရေး Statement ၁ ခု ၁ လေမှမထုတ်ထားသလို ထောက်ခံတာလည်းမလုပ်ထားပါဘူး။

ဒါ့ကြောင့်မကြာခင်နာရီပိုင်းအတွင်းမှာပဲစတင်တော့မယ့် ဒူဘိုင်းကပြိုင်ပွဲကနေထုတ်ပယ်ခံရမယ်ဆိုတဲ့ချိန်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

အဲ့ဒီချိန်းခြောက်မှုတွေကိုပြုလုပ်ခဲ့သူတွေကတော့ တခြားသူမဟုတ်ပါဘူး။

အဲ့ပြိုင်ပွဲရဲ့ Organizer တွေကိုယ်တိုင်ပဲဖြစ်ပါတယ်။

VP ရော VP ရဲ့ Parent Company ဖြစ်တဲ့ ESforce Holding ပါ ရှရှားက ယူကရိန်းအပေါ်ကျူးကျော်မှုကို ဘာ Statement မှမထုတ်ထားတဲ့အတွက် Virtus Pro Dota 2 အသင်းသားတွေ ဒူဘိုင်းမြေကိုရောက်တာနဲ့ Organizer တွေရဲ့ ရာဇသံအပေးခံခဲ့ရတာပါ။

“မင်းတို့အသင်း ယူကရိန်းအရေးနဲ့ပတ်သက်ပြီး Public Statement ထုတ်ရင်ထုတ်

မထုတ်ရင် မင်းတို့ပြိုင်ပွဲကနေ အထုတ်ခံရမယ်”ဆိုပြီး ဒဲ့ဖြဲခဲ့တာပါ။

Virtus Pro ရဲ့အဆိုအရ ပြိုင်ပွဲ Organizer တွေက တကယ်လို့ Statement မထုတ်ဖူးဆိုရင် အသင်းကကစားသမားတွေ Covid ပြသနာရှိနေတာကြောင့် ပြိုင်ပွဲကစားဖို့မဖြစ်နိင်ဖူးလို့ကြေငြာခံရမယ်ဆိုပြီး ချိန်းခြောက်ခဲ့တယ်လို့လည်းသိရပါတယ်။

တကယ်လို့ Statement မထုတ်ချင်ဖူးဆိုရင်လည်း အသင်းဂျာစီတွေနဲ့ကစားခွင့်ရမှာမဟုတ်သလို အသင်း Brand ကိုလည်း ဖော်ပြခွင့်လည်းရှိမှာမဟုတ်ဖူးလို့ထပ်ပြောခဲ့ပေမယ့် VP က အဲ့ဒါကိုလည်းပယ်ချခဲ့တယ်လို့သိရပါတယ်။

VP က ဒီချိန်းခြောက်မှုတွေက ပြိုင်ပွဲရဲ့ Organizer တွေဖြစ်တဲ့ WePlay Esports ကို သူတို့ရဲ့ဌာနချုပ်ဖြစ်တဲ့ WePlay Holding ကနေညွှန်ကြားနေတယ်လို့လည်းပြောခဲ့ပါတယ်။

WePlay Holding က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရုရှားပါတနာတွေအားလုံးနဲ့ လမ်းခွဲခဲ့သလို ယူကရိန်းအတွက်လည်း Fundraising တွေလုပ်ပေးနေတာပါ။

အဲ့လိုချိန်းခြောက်ခံရပြီးနောက်မှာ Virtus Pro ကလည်း တန်ပြန်ကြေငြာချက်တွေထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် ဒီဟာတွေက GAMERS GALAXY ကို ကြီးမှူးကျင်းပတဲ့ WePlay ကို ယူကရိန်းသားတွေက အဲ့လိုမလုပ်ပေးဖူးဆိုရင် ပြိုင်ပွဲကိုဖျက်စီးမယ်လို့ ဖိအားပေးပြီးလုပ်ခိုင်းနေတာပါ။

အခုပြိုင်ပွဲက CIS မှာဖြစ်နေတဲ့ကိစ္စတွေနဲ့လုံးလုံးမပတ်သက်တဲ့ Neutral နေရာဖြစ်တဲ့ UAE မှာကျင်းပမှာပါ။

ကျွန်တော်တို့အနေနဲ့ ယူကရိန်းကစစ်ပွဲမှမဟုတ်ပါဘူး။

ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ယူဂိုစလားဗီးယားစတဲ့ ဘယ်နေရာမှာဖြစ်တဲ့စစ်ပွဲမှန်သမျှကို အားပေးထောက်ခံသွားမှာမဟုတ်ပါဘူး။

ဒါပေမယ့် တစုံတယောက်ကို အတင်းဖိအားပေးပြီး တဖက်ထဲကိုရပ်တည်ခိုင်းတာက ငြိမ်းချမ်းရေးထက် အမုန်းတရားတွေကိုပဲ ပိုများလာပါစေလိမ့်မယ်” လို့ထုတ်ပြန်ထားပါတယ်။

ထပ်ပြီးတော့ VP က သူတို့အဖွဲ့အစည်းအနေနဲ့ Player တွေသာမက တခြားဝန်ထမ်းတွေကိုပါ သူတို့ရဲ့ Personnel အမြင်တွေကိုပိတ်ပင်ခဲ့ခြင်းမရှိဘူးလို့လည်း ပြောခဲ့ပါတယ်။

သူတို့ Statement ရဲ့အဆုံးမှာတော့ VP ဟာ သူတို့အနေနဲ့ အခုလိုဖိအားပေးမှုကို လက်ခံသွားမဟုတ်ကြောင်း၊ သင့်တော်တယ်လို့ထင်တာတွေကိုပဲ Public Statement ထုတ်သွားမှာဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

ဒူဘိုင်းကပြိုင်ပွဲမှာ VP အပြင် Team Spirit ကလည်း ရုရှားအခြေစိုက်အသင်းအနေနဲ့ပါဝင်ခဲ့ပေမယ့် Team Spirit က စစ်ပွဲစတဲ့နေ့ထဲက စစ်ပွဲနဲ့အကြမ်းဖက်မှုတွေကိုဆန့်ကျင်တဲ့စာကို ထုတ်ထားခဲ့လို့ ဘာပြသနာမှအရှာမခံရတာပါ။

VP ကနေအခုလိုခေါင်းမာလိုက်တဲ့အတွက် နောက်ဆက်တွဲပြသနာတွေတသီကြီးရင်ဆိုင်သွားရဖို့လည်းရှိနေပါတယ်။

ထပ်သိရရင် ထပ်တင်ပေးပါ့မယ်။

Leave a Reply

Your email address will not be published.