News

Valve Announces TI11 Schedule & 7.31d Release Date

TI11 ကျင်းပမည့်ရက်နှင့် 7.31d Patch ထွက်မည့်ရက်များကြေငြာ

TI11 ကို ၂၀၂၂ အောက်တိုဘာလမှာ စင်ကာပူနိင်ငံမှာကျင်းပမယ်ဆိုတာ ပြီးခဲ့တဲ့ ၁ ပတ်လောက်ထဲက အားလုံးသိပြီးသားပါ။

ဒါပေမယ့် တကယ့် Schedule အတိအကျထွက်လာတဲ့အချိန်မှာတော့ နည်းနည်းတော့ အံ့အားသင့်ဖို့ကောင်းခဲ့ပါတယ်။

အကြောင်းအရင်းကတော့ TI11 ကျင်းပမယ့် Format က ပြီးခဲ့တဲ့ TI တွေနဲ့တော်တော်လေးကွဲပြားနေလို့ပါ။

TI11 ကိုစင်ကာပူမှာကျင်းပမှာဖြစ်တာကြောင့် TI11 ဟာ SEA မှာကျင်းပခဲ့သမျှ Esports Event တွေထဲမှာ အကြီးကျယ်အခမ်းနားဆုံး Event ကြီးလည်းဖြစ်လာဖို့ရှိနေတာပါ။

ပြီးခဲ့တဲ့ TI တွေမှာ Group Stage ၄ ရက်ကျင်းပခဲ့ပြီး Playoff တွေမကစားခင် ၁ ရက် Break ယူခဲ့ပါတယ်။

Playoff ကိုအဂါၤနေ့တွေမှာ စကျင်းပလေ့ရှိပြီး Grand Finals ကို Sunday မှာကစားစေခဲ့တာကြောင့် Playoff ကို ၆ ရက်ဆက်တိုက်ကစားစေတဲ့ပုံစံဖြစ်ပါတယ်။

ဒါ့ကြောင့် TI ကျင်းပချိန်က စုစုပေါင်း ၁၁ ရက်သာ ကြာမြင့်ခဲ့ပါတယ်။

ဒါပေမယ့် TI11 ကိုတော့ ကျင်းပချိန် ၄ ပတ်အထိအသုံးပြုသွားဖွယ်ရှိနေပါတယ်။

2022 အောက်တိုဘာလ ၁ လလုံးကို TI11 ကျင်းပဖို့အတွက်အသုံးပြုသွားမှာပါ။

Valve ရဲ့ထုတ်ပြန်ကြေငြာချက်အရ TI11 ကို အဆင့် ၄ ဆင့်အထိခွဲဝေပြီး ကျင်းပသွားမှာဖြစ်ပြီး အသင်းပေါင်း ၃၀ အထိပါဝင်မှာပါ။

ပုံမှန်ဆို Qualifier တွေက TI Event နဲ့သက်သက်စီဖြစ်ပေမယ့် TI11 မှာတော့ Last Chance Qualifier က Event ရဲ့တစိတ်တဒေသအနေနဲ့ပါဝင်သွားမှာပါ။

အောက်တိုဘာလ ၈ ရက်နေ့မှာ Last Chance Qualifier ကိုစတင်ကျင်းပမှာဖြစ်ပြီး Region အသီးသီးက Regional Qualifier တွေမှာ အဆင့် ၂ နဲ့ ၃ ရခဲ့တဲ့အသင်းတွေကစားရမှာဖြစ်ပြီး ၁၀ သင်းထဲက ၂ သင်းသာ TI11 Group Stage ကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Group Stage မှာ အသင်း ၂၀ ဟာ အောက်တိုဘာလ ၁၅ ရက်ကနေ ၁၈ ရက်နေ့အထိ Playoff အဆင့်တက်ရေးအတွက်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

Last Chance Qualifier နဲ့ Group Stage တွေက ကိုယ့်ဟိုတယ်ခန်းထဲကနေပဲကိုယ်ဆော့ရမှာဖြစ်ပေမယ့် Playoff အဆင့်ကနေစပြီးတော့ LAN လိုမျိုး ကစားရမှာပါ။

ဒါပေမယ့် Venue တော့တူမှာမဟုတ်ပါဘူး။

နောက်ဆုံး ၂ ရက်ကလွဲလို့ကျန်တဲ့ Playoff ပွဲအားလုံးကို SunTec Singapore Venue မှာကစားရမှာဖြစ်ပါတယ်။

TI11 ရဲ့နောက်ဆုံးရက်တွေဖြစ်တဲ့ အောက်တိုဘာ ၂၉ နဲ့ ၃၀ တို့မှာတော့ Indoor Stadium မှာကျင်းပသွားမှာပါ။

TI11 နဲ့ပတ်သက်တဲ့အချိန်ဇယားတွေနဲ့အတူထွက်လာခဲ့တာကတော့ 7.31d Update သတင်းပါပဲ။

Valve ရဲ့ကြေငြာချက်အရ လာမယ့်ဇွန်လ ၈ နေ့မှာ 7.31d Update ထွက်လာမှာဖြစ်ပါတယ်။

ထူးခြားတာကတော့ 7.31d က New Patch ကြီးမဟုတ်ပဲ Balance Patch ပဲဖြစ်ပေမယ့် Update Size ကို Larger Than Normal လို့ပြောထားတာကြောင့် TI11 Battle Pass ပါတူတူပါလာဖို့လည်း ရာခိုင်နှုန်းများနေပါတယ်။

ထပ်သိရရင် ထပ်တင်ပေးပါ့မယ်။

Leave a Reply

Your email address will not be published.