News

Tundra Kicked Fata

English Version Below

Fata Tundra မှွ Kick ခံရ

TI10 အပြီးမှာ လက်စွမ်းတွေထက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ Regional Finals မှာတော့ ကျရှုံးခဲ့တဲ့ Tundra Esports ကတော့ သူတို့အသင်းခေါင်းဆောင် Fata ကို အသင်းကနေဖယ်ရှားလိုက်ပြီပဲဖြစ်ပါတယ်။

အဲ့ဒီကြေငြာချက်ကို Tundra ရဲ့ Official Twitter မှာကြေငြာခဲ့တာဖြစ်ပြီး အဲ့လိုမျိုးသူတို့ရဲ့အသင်းခေါင်းဆောင်ကိုဖယ်ရှားခဲ့ရတာက ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး အသင်းပိုမိုကောင်းမွန်လာဖို့အတွက် လုပ်ခဲ့ရကြောင်းပါဝင်ခဲ့ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ Tundra ရဲ့ Tweet မတိုင်ခင် မိနစ်ပိုင်းအလိုထဲက Fata က သူ့ရဲ့ Twitter မှာ သူအသင်းကနေ Kick ခံရပြီဖြစ်ကြောင်း တင်ထားခဲ့တာပါ။

Fata ကပဲသူ့ရဲ့နောက်ထပ် Tweet မှာ ဒီဆုံးဖြတ်ချက်က Org နဲ့မဆိုင်ပဲ အသင်းကကစားသမားတွေရဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ အခုသူ့နေရာကိုအစားထိုးမယ့်ကစားသမားတွေကိုနေရာပေးဖို့အတွက် အသင်းကတခြားကစားသမားတွေကိုဖယ်ရှားဖို့ကြိုးစားခဲ့သေးပြီး သူလက်မခံခဲ့ကြောင်းကိုလည်းပြောခဲ့ပါတယ်။

ဒါ့ကြောင့်အခုလိုသူ Kick ခံရတဲ့အတွက် ဘာပြောရမှန်းမသိအောင်ဖြစ်ရကြောင်း၊ သူ့အနေနဲ့ အကောင်းဆုံးမဖြစ်ခဲ့ရင်တောင် အသင်းတိုးတက်ဖို့အတွက် အတတ်နိင်ဆုံးကြိုးစားပေးခဲ့ကြောင်းတွေကိုလည်း ထည့်ပြောသွားခဲ့တာပါ။

ဒါ့ကြောင့်အခြေအနေကိုကြည့်လိုက်ရင် Internal Conflict တွေကြောင့်လို့ပဲယူဆရပါတယ်။

Fata အနေနဲ့ mudgolems ဆိုတဲ့အသင်းနာမည်နဲ့ 2020 စက်တင်ဘာကစကစားခဲ့ပြီး နောက်မှသူ့ရဲ့ဦးဆောင်လမ်းပြမှုတွေကြောင့် အောင်မြင်မှုတချို့ကိုရယူနိင်ခဲ့ပြီး Tundra Esports က 2021 ဇန်နဝါရီလမှာခေါ်ယူခဲ့တာပါ။

Fata အနေနဲ့ အသင်းကို WEU Region မှာ Tier 1 အသင်းဖြစ်လာအောင် တထစ်ချင်းဖြေးဖြေးချင်းတည်ဆောက်ယူခဲ့ပြီး TI10 ကိုလည်း နောက်ဆုံးအဆင့်ရောက်မှကပ်လွဲခဲ့ရတာဖြစ်ပါတယ်။

ဒါ့ကြောင့်အခုလိုမျိုးသူတည်ဆောင်ခဲ့တဲ့အသင်းက Player တွေက သူ့ကိုပြန် Kick လိုက်တယ်ဆိုတာက တော်တော်လေးခံစားရခက်မယ့်အနေအထားပါ။

OG နဲ့ 2 Times TI ချန်ပီယံရယူထားတဲ့ Ceb ကလည်း အခု Fata ကိစ္စက Dota 2 သမိုင်းမှာ အဆိုးရွားဆုံး Roster ပြောင်းလဲမှုလို့ပြောခဲ့သလို Dota 2 Community က လူတော်တော်များများကလည်း ဒီကိစ္စကလုံးဝမဖြစ်သင့်ဘူးလို့ ဝေဖန်နေကြတာပါ။

Tundra အနေနဲ့လက်ရှိမှာ WEU ရဲ့အကောင်းဆုံးအသင်းတွေထဲက ၁ သင်းဖြစ်နေပြီး နောက်ဆုံး ၆ လအတွင်းမှာ ESL One Fall 2021, OGA Dota Pit Season 5 တို့မှာဗိုလ်စွဲထားသလို DPC WEU 2021-2022 Tour 1: Division 1 မှာလည်း တတိယရထားတာဖြစ်ပါတယ်။

Fata အနေနဲ့ 33 နဲ့ 2018 စက်တင်ဘာလထဲက တူတူလက်တွဲခဲ့ပြီး NiP, Alliance နဲ့နောက်ဆုံးသူအသင်းတည်ထောင်တော့လည်း ခေါ်လာခဲ့တာဖြစ်ပါတယ်။

Fata အခုလိုမျိုးထွက်ခွာသွားတာကြောင့် Fata နဲ့ 33 ဟာ နောက်ဆုံး ၃ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်တူတူမရှိတော့မှာလည်းဖြစ်ပါတယ်။

Fata ကသူ့ရဲ့ Tweet နောက် ၁ ခုမှာ သူ့အနေနဲ့လက်တလောမှာ Competitive Scene ကနေခဏ Break ယူသွားမှာဖြစ်ပြီး အစကနေပြန်စဖို့ Energy မရှိသေးလို့ဖြစ်ကြောင်းပြောထားပါတယ်။

သူ့အနေနဲ့ Streaming တွေနဲ့ Music တွေတော့တင်ဖို့ရှိပြီး ဒါကတော့မသေချာသေးဘူးလို့ပြောထားပါတယ်။

Tundra Esports အနေနဲ့ သူတို့ရဲ့အသင်းခေါင်းဆောင်အသစ်ကို မကြာခင်မှာကြေငြာသွားမယ်လို့ပြောထားပြီး Valve ရဲ့ Rule အရ လာမယ့်ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ Roster Lock လုပ်မှာဖြစ်လို့ အဲ့မတိုင်ခင်တော့ဖြစ်လာမှာပါ။

Rumor တွေအရ အဲ့သူက Talon နဲ့လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ Fly ဖြစ်တယ်လို့ပြောနေကြပေမယ့် Fly က NA ကိုပြန်ပြီး TSM(Team Undying) ကို Coach လုပ်မယ်လို့လည်းပြောနေကြပါတယ်။

ထပ်သိရရင် ထပ်တင်ပေးပါ့မယ်။

English Version

Tundra Kicked Fata

Tundra Esports, who failed their last regional finals, have sacked captain Fata.

The announcement was made on Tundra’s official Twitter account, saying that removing the captain was a difficult decision to make for a better team.

Interestingly, minutes before Tundra’s tweet, Fata posted on his Twitter account that he had been kicked by his team.

In his next tweet, Fata said that the decision was made by the team players, not by Org.

He also added that attempts were made to kick other players in the team to make space for the player replacing him, but that he had declined these attempts.

He said “So im not sure what to take from this. Im not perfect but I can honestly say i fought for the constant improvement of this team.”

Therefore, if you look at the situation, it can be clearly assumed that it is due to internal conflicts.

Fata started playing in the name of mudgolems in September 2020 and has since achieved some success thanks to his leadership, which was signed by Tundra Esports in January 2021.

Fata gradually built the team into the Tier 1 team in the WEU Region, and only missed the TI10 in last stage.

Therefore, it is very difficult to feel that the players of the team he founded kicked him back.

Ceb, 2 Times TI champion with OG, said the Fata case was the worst roster change in Dota 2 history, and many in the Dota 2 community were critical that it should not have happened at all.

Tundra is currently one of WEU’s best teams, having won ESL One Fall 2021, OGA Dota Pit Season 5 , and third place in DPC WEU 2021-2022 Tour 1: Division 1 in the last six months.

After playing together since September 2018, first for Ninjas in Pyjamas, then Alliance, and finally Tundra Esports, this will be the first time that Fata will be playing without 33 in more than three years.

In another tweet, Fata said he was currently taking a break from the Competitive Scene and did not have the energy to start over.

He said he would upload streaming and music, but that was not confirmed.

Tundra Esports has said it will announce its new captain soon, and according to Valve’s rules, the roster will be locked on February 27th.

Rumor has it is fly who parted away with Talon Esports and free agent now, but some are saying Fly will return to NA to coach TSM (Team Undying).

I will post more if I know more.

Leave a Reply

Your email address will not be published.