Gaming Knowledge

Topson, who climbed from the bottom to the top in 2018

အောက်မှာမြန်မာလိုပါတယ်နော်

Topson, who climbed from the bottom to the top in 2018

One of the biggest stories of 2018 is OG, the unimpressive TI8 champion.

When all People thought they were going to be out of TI8, they became champions without even coming down the Upper Bracket.

Topson, a Finnish man who dragged OG with Ana without knowing where OG suddenly came from, played a key role.

Topson entered the eSports world’s Pro Scene in late 2017 with SFTe-sports team featuring Illidian.

SFTe-Sports even managed to win OG, but due to internal problems, all players left the organization and changed their name to No Rats.

Unfortunately, less than a month after the formation of No Rats, Topson was left out of the squad.

But it wasn’t too long before Topson joined the Finnish team that would make him shine.

Topson, along with other Finnish players, competed in WESG 2017 Europe.

The WESG competition is considered a lesser-known competition by the Dota 2 Community.

However, Topson did well in that competition and qualified for WESG 2017 in China.

After WESG, they decided to form a team called 5 Anchors No Mid.

However, the team was not so successful, so Topson left the club and started streaming on his Twitch.

While Topson is slowly growing in popularity in European Server, OG, on the other hand, is slowly becoming more and more fragmented.

At the end of May 2018, when both Fly and s4 left, both OG and Notail went crazy.

Qualifiers for the TI8 also had to compete desperately for the two vacancies as they were about to play.

The two returning players are Ana and Topson.

Following the announcement of Topson on the roster, many eSports websites have criticized Topson’s Mid Position as OG’s weakest position.

TI8 is Topson’s first major competition.

All the teams in the Qualifiers were easily eliminated and the main event was calmly attended.

At the group stage, the likes of Liquid, EG, LGD, Mineski, and Fnatic were relegated to Group A, leaving OG and Topson in the next round.

However, after playing hard, he was able to take the next step from the Upper Bracket.

In the Upper Bracket, VGJ.Storm, EG and LGD were eliminated By OG and Topson and the Grand Finals were reached.

It was relocated near TI.

The recall is a brilliant result for OG, a completely new face for the Pro Scene.

In the Grand Finals, they beat LGD 3-2.

It was also Topson’s first TI title and Major Trophy.

In 2018, there will be other exciting events and moments, but the Cinderella story of Topson and OG was one of the most incredible.

Similarly, in 2019, TI is the second success in history.

He also won the title, and in TI10 he failed to retain the title, but retired as a Legend.

Now that he has a daughter, he will spend more time with his family and it will be difficult for Topson, who has achieved the highest levels of success, to return to the competitive scene.

But for many years to come, as long as Dota 2 exists, we have to talk about Topson, who retired as a legend in a short period of time from noone.

Burmese Version

၂၀၁၈ ခုနှစ်မှာ အောက်ခြေကနေ ထိပ်ဆုံးကိုတက်နိင်ခဲ့တဲ့ Topson

၂၀၁၈ ခုနှစ်ရဲ့ အကြီးမားဆုံးပုံပြင်တွေထဲမှာ ဘယ်သူမှအထင်မကြီးခဲ့တဲ့ OG TI8 ချန်ပီယံဖြစ်ခဲ့တာ ပါဝင်ပါတယ်။

သူတို့ကို အားလုံးကပြုတ်တော့မယ် ပြုတ်တော့မယ် ပြုတ်တော့မယ်လို့ တွေးနေတဲ့အချိန်မှာ သူတို့က Upper Bracket ကနေတောင်မဆင်းခဲ့ပဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အဲ့လိုမျိုး OG စွမ်းဆောင်နိင်ခဲ့အကြောင်းတွေထဲမှာ ရုတ်တရက် ဘယ်ကနေ ဘယ်လို ထွက်လာမှန်းမသိပဲနဲ့ OG ကို Ana နဲ့အတူ ဆွဲတင်ပေးခဲ့တဲ့ ဖင်လန်နိင်ငံသားလေး Topson ကလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

Topson ဟာ eSports လောကရဲ့ Pro Scene ကို ၂၀၁၇ နှစ်ကုန်ပိုင်းမှ ဝင်ရောက်ခဲ့သူဖြစ်ပြီး နာမည်ကျော်ကစားသမားတစ်ဦးဖြစ်တဲ့ Illidian ပါဝင်တဲ့အသင်း SFTe-sports နဲ့ပါ။

SFTe-Sports အနေနဲ့ OG ကို အနိင်ရခဲ့တဲ့အထိ စွမ်းဆောင်ပြနိင်ခဲ့ပေမယ့် အသင်းတွင်းပြသနာတွေကြောင့် ကစားသမားတွေအားလုံး Organization ကနေထွက်ခွာပြီးတော့ No Rats ဆိုတဲ့ နာမည်နဲ့ ပြောင်းလဲကစားခဲ့ရပါတယ်။

ကံမကောင်းစွာနဲ့ပဲ No Rats ဟာလည်း ဖွဲ့ပြီးလို့တစ်လမပြည့်ခင်မှာပဲ အစိတ်စိတ်အမွှာမွှာကွဲခဲ့လို့ Topson ဟာလည်း အသင်းလက်မဲ့ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် သိပ်အကြာကြီးတော့မဟုတ်ခဲ့ပဲ Topson ဟာ သူ့ကိုတောက်ပလာစေမယ့် ဖင်လန်အသင်း ကို သွားရောက်ပူးပေါင်းခဲ့ပါတယ်။

အခြားဖင်လန်ကစားသမားတွေနဲ့အတူ Topson ဟာ WESG 2017 Europe ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

WESG ပြိုင်ပွဲဟာ Dota 2 Community ကနေပြီးတော့ နာမည်သိပ်မရှိတဲ့ ပြိုင်ပွဲတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် Topson တို့ဟာ အဲ့ဒီပြိုင်ပွဲမှာ လက်စွမ်းပြနိင်ခဲ့ပြီး တရုတ်မှာကျင်းပမယ့် WESG 2017 ပြိုင်ပွဲကို သွားရောက်ခွင့်ရယူနိင်ခဲ့ပါတယ်။

WESG အပြီးမှာတော့ သူတို့ဟာ 5 Anchors No Mid ဆိုတဲ့အသင်းကို ဖွဲစည်းပြီးကစားဖို့အတွက် ဆုံးဖြတ်လိုက်ကြပါတော့တယ်။

ဒါပေမယ့် ဒီအသင်းဟာ အဲ့လောက်ကြီးအောင်မြင်မှုမရခဲ့လို့ Topson ဟာ အသင်းကနေထွက်ခွာပြီးတော့ သူ့ရဲ့ Twitch မှာ Streaming ပဲ လုပ်နေခဲ့ပါတယ်။

Topson European Server မှာ တဖြေးဖြေးနဲ့ နာမည်ကြီးသထက်ကြီးလာနေတဲ့အချိန်မှာ တစ်ဖက်မှာ OG ကတော့ တဖြေးဖြေးနဲ့ စုတ်ပြတ်သထက် စုတ်ပြတ်လာနေပါတယ်။

၂၀၁၈ မေလကုန်ခါနီးမှာ Fly နဲ့ s4 တို့နှစ်ယောက်လုံး ထွက်ခွာသွားချိန်မှာတော့ OG ရော၊ Notail ပါ အရူးမီးဝိုင်းခဲ့ပါတော့တယ်။

TI8 အတွက် Qualifier တွေကလည်း ကစားရတော့မယ့်အချိန်မှာ လစ်လပ်နေတဲ့နှစ်နေရာအတွက် အသည်းအသန်လူရှာခဲ့ရပါတယ်။

ပြန်ရလာတဲ့ ကစားသမားနှစ်ယောက်ကတော့ Ana နဲ့ Topson တို့ပဲ ဖြစ်ပါတော့တယ်။

Topson ကို အသင်းလူစာရင်းမှာပါဝင်ကြောင်း ကြေငြာပြီးတာနဲ့ eSports Website တော်တော်များများမှာ Topson ရဲ့ Mid Position ကို OG ရဲ့ အားအနည်းဆုံးနေရာအဖြစ် ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။

TI8 က Topson အတွက် ပထမဆုံးပြိုင်ပွဲကြီး ဖြစ်ပါတယ်။

Qualifiers မှာ တွေ့သမျှအသင်းတိုင်းကို အလွယ်တကူပဲဖြုတ်ချခဲ့ပြီး Main Event ကို အေးအေးဆေးဆေးပဲ တက်ရောက်နိင်ခဲ့ပါတယ်။

အုပ်စုအဆင့်မှာတော့ Liquid, EG, LGD, Mineski, Fnatic စတဲ့ အင်အားအရမ်းကြီးတဲ့အသင်းတွေနဲ့ Group A မှာကျရောက်ခဲ့တာကြောင့် OG နဲ့ Topson တို့ရဲ့ နောက်တစ်ဆင့်တက်ရေးဟာ စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ခက်ခက်ခဲခဲကစားအပြီးမှာ နောက်တစ်ဆင့်ကို Upper Bracket ကနေတောင် တက်နိင်ခဲ့ပါတယ်။

[adinserter block=”8″]

Upper Bracket မှာလည်း VGJ.Storm, EG နဲ့ LGD တို့ကိုဖြုတ်ချပြီး Grand Finals ကို တက်ရောက်နိင်ခဲ့ပါတယ်။

ဒါဟာ TI နီးမှ လူပြောင်းထားတဲ့သလို၊ ပြန်ခေါ်ထားတဲ့လူတစ်ယောက်က Pro Scene အတွက် လုံးဝမျက်နှာသစ်ဖြစ်နေတဲ့ OG အတွက် ပြောင်မြောက်လွန်းတဲ့ရလဒ်ဖြစ်ပါတယ်။

Grand Finals မှာလည်း LGD ကို ၃ – ၂ နဲ့အနိင်ယူခဲ့လို့ OG အတွက်ရော၊ Topson အတွက်ပါ ပထမဆုံးဖြစ်တဲ့ TI ချန်ပီယံဆုကို ရယူနိင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ အခြားစိတ်လှုပ်ရှားစရာအဖြစ်အပျက်တွေ၊ အခိုက်အတံ့တွေရှိခဲ့ပေမယ့်လည်း Topson နဲ့ OG တို့ရဲ့ စင်ဒရဲလားပုံပြင်ကတော့ မယုံနိင်စရာအကောင်းဆုံးအဖြစ်အပျက်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

အဲ့ဒီလိုပဲ 2019 မှာလည်း သမိုင်းမှာဘယ်သူမှမရယူနိင်သေးတဲ့အောင်မြင်မှုဖြစ်တဲ့ TI ၂ ကြိမ်ဆက်ချန်ပီယံဘွဲ့ကိုလည်း ရယူနိင်ခဲ့ပြီး TI10 မှာတော့ချန်ပီယံဆုကိုမထိန်းသိမ်းနိင်ခဲ့ပေမယ့် Legend ၁ ယောက်အနေနဲ့ အနားယူနိင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ သမီးလေးရှိနေပြီဖြစ်တဲ့အတွက် မိသားစုကိုပဲပိုအချိန်ပေးတော့မှာဖြစ်သလို အမြင့်မားဆုံးအောင်မြင်မှုတွေကိုရယူခဲ့ပြီးဖြစ်တဲ့ Topson အနေနဲ့ Competitive Scene ကိုပြန်ဝင်လာဖို့တော့ခက်ပါတယ်။

ဒါပေမယ့်လည်း နောက်နှစ်ပေါင်းများစွာကြာတဲ့အထိရော အဆုံးစွန်ပြောရရင် Dota 2 တည်ရှိနေသမျှကာလပတ်လုံးပါ တချိန်က လူမသိသူမသိ Public ကစားသမားလေးဘဝကနေ အချိန်တိုအတွင်းမှာ Legend ၁ ယောက်အနေနဲ့အနားယူနိင်ခဲ့တဲ့ Topson ရဲ့အကြောင်းကိုတော့တဖွဖွပြောနေကြရဦးမှာပါခင်ဗျာ။

Leave a Reply

Your email address will not be published.