News

Tickles & QC Got Sponsors

အောက်မှာမြန်မာလိုပါတယ်နော်

Tickles & QC Got Sponsors

Team Tickles finished second on the DPC Tour 1 in 2021-2022, making it a success as a new team.

So Gladiators, a Canadian Esports Org, signed them.

This is a new step for Gladiators, the first to feature the Dota 2 scene.

They have already won a place in Card Games, Fighting Games and Warcraft 3.

Alexander Cuccovilo, Co-Founder and Vice President of Gladiators Said

“We are very excited to get into the Dota 2 scene.

It is something we as an organization have always wanted to do as we have always been big fans of the space.

Finally being able to get involved shows the organization is serious this year on working with Tier 1 Talent and competing against the very best in the industry.

We look forward to showing you all what we have to offer.

See you at the DPC Western European Regional Finals!”

Team Tickles was formed after TI10, based on BOOM and Seleri with coach ImmortalFaith from Viking.gg.

With the three newcomers, the new team quickly settled in, winning five of their seven matches on the DPC Tour 1.

In D2CL Season 6, they defeated Na’Vi 3-2 to become champions and a week later they also first place at the Ulti Arena.

So it’s no surprise that good sponsors are coming to a team with so much potential.

Gladiators is meeting Team Tundra at the upcoming Regional Finals.

The current Quincy Crew was founded on August 29, 2018, currently surpassing Giant EG in NA.

But until recently, they have not received any sponsors.

But now it can be said that they got a sponsor.

Undying, one of their main rivals in the NA Region got sponsor from TSM, and they soon found a sponsor as well.

Their first partner is Interactive Gaming Group, a digital group.

It would be more accurate to say that IGG is not a sponsor but a partner to find sponsors.

But The CEO of IGG, Cristina Niculae, hopes that 2022 will be the perfect year for them to partner with Quincy Crew.

They also took notice of QC’s achievement in the Upper Division DPC NA 2021, and finally decided to become one of the team’s sponsors.

But IGG will also be looking for more sponsors in the NA Region for QC.

This is good news for QC, which has no sponsors as much as good skills, but it also looks like a double-edged sword.

Because of the bad news from their big partner IGG.

Shortly after the news are out that QC had partnered with IGG, some threads on Reddit criticized IGG as the worst gambling sponsor in the Dota 2 scene.

Some of their betting features include not only tournaments but also games played by streamers, so it’s worrying what will happen behind the scenes.

Therefore, KBBQDotA, the manager of QC, immediately said that IGG was just looking for a sponsor for them.

It has been clarified that there will be only intermediaries with sponsors and no direct sponsorship.

However, be careful when betting on QC matches.

Burmese Version

Tickles နှင့် QC တို့ Sponsor များရရှိ

Team Tickles အနေနဲ့ 2021-2022 DPC Tour 1 မှာ ဒုတိယရခဲ့လို့ အသင်းသစ်တသင်းအနေနဲ့ အောင်မြင်ခဲ့တယ်လို့ ဆိုနိင်ပါတယ်။

ဒါ့ကြောင့် ကနေဒါ Esports Org ၁ ခုဖြစ်တဲ့ Gladiators က စာချုပ်ချုပ်ခေါ်ယူလိုက်ပါတယ်။

ဒါက Gladiators အတွက် စာမျက်နှာသစ် ၁ ခုဖြစ်ပြီး Dota 2 Scene ကို ပထမဆုံးခြေချခြင်းဖြစ်ပါတယ်။

သူတို့အနေနဲ့ Card Games, Fighting Games တွေနဲ့ Warcraft 3 တွေမှာတော့ နေရာ ၁ ခုရထားပြီးတဲ့ Org ပါ။

Gladiators ရဲ့ Co – Founder ဖြစ်ပြီး ဒုဥက္ကဌလည်းဖြစ်သူ Alexander Cuccovilo က

“ကျွန်တော်တို့အနေနဲ့ Dota 2 Scene ကိုဝင်ရောက်ခွင့်ရတဲ့အတွက် အရမ်းပဲစိတ်လှုပ်ရှားမိပါတယ်။

ဒါက ကျွန်တော်တို့ Organization အမြဲတမ်းလုပ်ချင်ခဲ့တဲ့အရာပါ။

နောက်ဆုံးမှာတော့လုပ်နိင်ခဲ့ပြီး အဲ့ဒါက ကျွန်တော်တို့ Org အနေနဲ့ ဒီနှစ်မှာ Tier 1 Talent တွေနဲ့ Dota 2 Industry ထဲမှာ အကောင်းဆုံးဖြစ်လာဖို့ ဘယ်လောက်ထိအာရုံစိုက်ထားတယ်ဆိုတာကို ပြသလိုက်တာပါ။

ဒါ့ကြောင့်ကျွန်တော်တို့လုပ်ပေးနိင်တာမှန်သမျှကို လုပ်ပေးသွားပါ့မယ်။

DPC Western European Regional Finals မှာတွေ့ကြမယ်”လို့ ပြောကြားခဲ့ပါတယ်။

Team Tickles အနေနဲ့ TI10 အပြီးမှဖွဲ့စည်းခဲ့တာဖြစ်ပြီး Viking.gg က BOOM နဲ့ Seleri ကို နည်းပြဖြစ်သူ ImmortalFaith နဲ့အခြေပြုပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ရောက်လာတဲ့ကစားသမား ၃ ယောက်နဲ့ အသင်းသစ်ကအလျှင်အမြန်ပဲအထိုင်ကျခဲ့ပြီး DPC Tour မှာ ၇ ပွဲကစားခဲ့ရာမှာ ၅ ပွဲထိအနိင်ရခဲ့ပါတယ်။

ဒါ့အပြင် D2CL Season 6 မှာလည်း Na’Vi ကို ၃-၂ နဲ့အနိင်ယူပြီးချန်ပီယံဖြစ်ထားသလို နောက် ၁ ပတ်အကြာမှာလည်း Ulti Arena မှာ ပထမရခဲ့ပါတယ်။

ဒါ့ကြောင့်ဒီလိုမျိုးအလားအလာကောင်းတွေများစွာရှိနေတဲ့အသင်းကို စပွန်ဆာကောင်းတွေရောက်လာတာက အံအားသင့်စရာတော့မရှိပါဘူး။

Gladiators အနေနဲ့ လာမယ့် Regional Finals မှာ Team Tundra နဲ့တွေ့ဆုံနေပါတယ်။

လက်ရှိ NA မှာ Giant EG ထက်တောင်လက်ဝါးစောင်းထက်ပြနေတဲ့ Quincy Crew ကို 2018 သြဂုတ်လ ၂၉ ရက်နေ့မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကအထိ ဘာစပွန်ဆာမှမရခဲ့ပါဘူး။

ဒါပေမယ့်အခုတော့ စပွန်ဆာရခဲ့ပြီလို့ ဆိုနိင်ပါတယ်။

QC အနေနဲ့ သူတို့ရဲ့ NA Region ကအဓိကပြိုင်ဘက်အသင်း ၁ သင်းဖြစ်တဲ့ Undying ကို TSM က စပွန်ဆာပေးပြီးသိပ်မကြာခင်မှာပဲ သူတို့လည်းစပွန်ဆာရှာတွေ့ခဲ့တာပါ။

သူတို့ရဲ့ First Partner ကတော့ Digital Group ၁ ခုဖြစ်တဲ့ Interactive Gaming Group ပါ။

IGG က စပွန်ဆာတော့မဟုတ်သေးပဲ စပွန်ဆာရှာပေးမယ့်သူတွေလို့ပြောရင် ပိုမှန်မှာပါ။

ဒါပေမယ့်လည်း IGG ရဲ့ CEO ဖြစ်သူ Cristina Niculae က 2022 ဟာ သူတို့အနေနဲ့ QC နဲ့ Partner လုပ်ဖို့အကောင်းဆုံးနှစ်ဖြစ်ကြောင်း၊ QC ရဲ့ 2021 NA Uppder Division ကအောင်မြင်မှုတွေကို သတိပြုမိတဲ့အတွက် QC ရဲ့ Sponsor တွေထဲက ၁ ခုဖြစ်လာဖို့ဆုံးဖြတ်ခဲ့ကြောင်းပြောခဲ့တာဖြစ်လို့ သူတို့လည်းစပွန်ဆာတော့ပေးမယ့်သဘောပါပဲ။

ဒါပေမယ့် IGG က QC အတွက် NA Region က တခြားစပွန်ဆာပေါင်းများစွာကိုလည်း ရှာဖွေပေးသွားမယ့်သဘောပါ။

ဒါကလက်စွမ်းတွေကောင်းနေသလောက် စပွန်ဆာမရှိခဲ့တဲ့ QC အတွက်သတင်းကောင်းဖြစ်ပေမယ့် အစွန်း ၂ ဖက်ရှိတဲ့ဓားလိုလည်းဖြစ်နေပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ Partner ကြီး IGG ရဲ့ မကောင်းသတင်းတွေကြောင့်ပါ။

QC IGG နဲ့လက်တွဲလိုက်ပြီဆိုတဲ့သတင်းထွက်ပြီးပြီးချင်းမှာပဲ Reddit က တချို့ Thread တွေက IGG ဟာ Dota 2 Scene က အဆိုးရွားဆုံးလောင်းကစားစပွန်ဆာဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

သူတို့ရဲ့ Betting Feature ၁ ချို့က ပြိုင်ပွဲတွေသာမကပဲ Streamer တွေကစားပြတဲ့ Game တွေတောင်ပါဝင်နေလို့ နောက်ကွယ်မှာဘယ်လိုတွေကြိုးကိုင်ထားမလဲဆိုတာ စိတ်ပူစရာပါ။

ဒါ့ကြောင့် QC ရဲ့မန်နေဂျာဖြစ်သူ KBBQDotA ကချက်ခြင်းဆိုသလိုပဲ IGG က သူတို့ကိုစပွန်ဆာရှာပေးရုံပဲဖြစ်ကြောင်း၊ စပွန်ဆာတွေနဲ့ကြားခံသဘောမျိုးပဲ ချိတ်ဆက်ပေးမှာဖြစ်ပြီး တိုက်ရိုက်စပွန်ဆာပေးမှာမဟုတ်ကြောင်းကို ရှင်းလင်းခဲ့ရပါတယ်။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် နောက်ကွယ်ကလက်မည်းကြီးတွေကတော့ရှိတာတော့မှာဖြစ်လို့ QC ပွဲတွေ Bet ရင် သတိသာထားကြပါဗျာ။

Leave a Reply

Your email address will not be published.