Team & Players

The Legendary Captain xiao8

အောက်မှာမြန်မာလိုပါတယ်နော်

The Legendary Captain xiao8

Xiao8’s real name is Zhang Ning.

He was born on November 14, 1989 and is now 32 years old.

He has played the roles of Offlane, Support and Mid.

More important than that is his leadership skills.

You can see how important his leadership skills are when he left Newbee for a break after TI4, Newbee failed miserably.

He is also known as Director 8.

He used his ID as xiao8 because xiao1 to 7 was already used by others.

He married Chinese model Jie Zhao, whom he met at a Chinese game show.

The two officially announced their divorce after being separated for an extended period.

His three signature heroes are Doom, Prophet and Beastmaster.

His career total earning is $1,271,078.

Xiao8 began his professional career in September 2010 with Yao, DD, Li and SJQ.

In early 2011, xiao8 played for the Catastrophic Cruel Memories with Zhou, Ferrari_430, and DDC.

After some success, they moved to IG.

However, in TI1, they lost to MYM and got only 5-6th place.

After losing to Tyloo at the 2011 World Cyber ​​Games, xiao8 and ddc moved to LGD.

In LGD, xiao8 played Offlaner on TI2, but played Mid after TI2 until he left for Newbee in 2014.

He finished third in TI2 and also champion in the G-1 champions League Season 4.

There have been some other successes, but not big ones.

On February 23, 2014, xiao8 left for Newbee to create the Chinese Dream Team.

In Newbee, Hao, KingJ, ZSMJ and Mu joined xiao8.

So xiao8 played Support, but when ZSMJ and KingJ left and Banana and Sansheng returned, he played Offlane.

In TI4, they were almost relegated from the group stage and went on to win the title.

After TI4, xiao8 left Newbee and rested for a while.

About five months later, another Chinese Dream Team, Big God, was created with xiao8, Burning, rOtk, LaNm and iceice.

With Big God, he got for the fourth place at DAC 2015, but due to instability in the roster, the team was disbaned and xiao8 returned to LGD on March 8.

Xiao8’s LGD return tour lasted about a year and six months, with the TI5 finishing third and finished fourth in The Manila Major 2016 and 9-12th place in TI6.

Therefore, on September 17, 2016, he moved to LFY, the other team under LGD.

Xiao8’s success with LFY was a 5th-8th place finish in The Boston Major 2016.

He then played for Newbee Boss from January 10, 2017 to January 2, 2018, and for five months at Big God 2.0, but without much success.

That’s why he entered the coaching world on April 25, 2018 and coached EHOME.

With his coaching career, EHOME won the WESG 2018 China Finals and the Bucharest Major.

However, they did not win any competitions until the end of 2019, so they parted ways with EHOME Went to LGD.

According to records, xiao8 arrived to LGD on September 16, 2020, but has not coached EHOME in official competitions since the MDL Chengdu Major, which was played in November 2019.

One month after coaching LGD, he helped LGD to win Tier 2 Tournament, the China Dota2 Pro Cup Season 1.

But almost two months later, in Season 2, he only finished fourth.

In 2021, he finished fourth in the China DPC Season 1, but finished third in the Singapore Major.

Similarly, in DPC Season 2, he was ‘second’, but on WePlay AniMajor, xiao8 was the champion.

He then finished fourth in the i-League 2021 Season 1, played before TI10, but missed out on the title in TI10 with 2nd place.

During his time in charge of LGD, Xiao8 played as a player in OGA Dota PIT Season 5: China, ESL One Fall 2021 and OGA Dota PIT Invitational, winning two OGA titles and finishing second in ESL One Fall 2021.

At the moment, xiao8 is still coaching LGD, and they are trying to challenge to become the TI champion again in TI11 with same roster.

Xiao8 has also worked as a Broadcasts Talent, and his tournaments and roles are as follows:

Burmese Version

Newbee ကို TI4 ယူပေးခဲ့တဲ့ Legendary Captain xiao8 ရဲ့အကြောင်း

Xiao8 ရဲ့နာမည်အရင်းကတော့ Zhang Ning ဖြစ်ပါတယ်။

သူ့ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာမွေးဖွားခဲ့တာကြောင့် အခုဆိုရင် ၃၂ နှစ်ရှိနေပြီဖြစ်ပါတယ်။

သူဟာ Offlane, Support, Mid စတဲ့ Role တွေကိုကစားခဲ့ဖူးသူဖြစ်ပါတယ်။

အဲ့ဒါထက်အရေးကြီးတာက သူ့ရဲ့ Leadership စွမ်းရည်ဖြစ်ပါတယ်။

သူ့ရဲ့ခေါင်းဆောင်နိင်မှုစွမ်းရည်က ဘယ်လောက်အထိအရေးပါခဲ့လဲဆိုတာကို TI4 အပြီး xiao8 ခဏနားယူဖို့အတွက် Newbee ကနေထွက်သွားတာနဲ့ Newbee ချက်ခြင်းကျဆင်းသွားခဲ့တာကို ကြည့်ရင်းနဲ့တွေ့နိင်ပါတယ်။

သူ့ကို Director 8 လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

သူ့ ID ကို ဘာလို့ xiao8 လို့အသုံးပြုခဲ့တာလဲဆိုတော့ xiao1 to 7 က အခြားသူတွေအသုံးပြုပြီးကြလို့ဖြစ်ကြောင်း သိရပါတယ်။

သူဟာ Chinese Game Show တစ်ခုမှာတွေ့ခဲ့တဲ့ တရုတ်မော်ဒယ် Jie Zhao နဲ့ လက်ထပ်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ကွာရှင်းပြတ်စဲပြီးခဲ့ကြပြီဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ သူတို့ဟာ အချိန်တစ်ခုအထိတစ်ယောက်နဲ့တစ်ယောက် အချိန်မပေးနိင်ပဲနဲ့ ကွဲကွာနေခဲ့ကြလို့ဖြစ်ပါတယ်။

သူ့ရဲ့ Signature Hero သုံးကောင်ကတော့ Doom, Prophet နဲ့ Beastmaster တို့ဖြစ်ပါတယ်။

သူ့ရဲ့ကစားသမားဘ၀ Total Earning ကတော့ TI Winner ပီပီ $1,271,078 ဖြစ်ပါတယ်။

Xiao8 ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၀ ခုနှစ် စက်တင်ဘာမှာ Yao, DD, Li နဲ့ SJQ တို့နဲ့အတူစတင်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် နှစ်စပိုင်းမှာတော့ xiao8 ဟာ Zhou, Ferrari_430, DDC တို့နဲ့အတူ Catastrophic Cruel Memories ဆိုတဲ့အသင်းမှာ ကစားခဲ့ကြပါတယ်။

အောင်မြင်မှုအချို့ကိုရယူခဲ့အပြီးမှာတော့ IG ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။

ဒါပေမယ့် TI1 မှာတော့ MYM ကိုရှုံးနိမ့်ပြီးတော့ 5-6th place ပဲ ရရှိခဲ့ပါတယ်။

World Cyber Games 2011 မှာ Tyloo ကိုရှုံးနိမ့်အပြီးမှာတော့ xiao8 နဲ့ ddc တို့က LGD ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။

LGD မှာတော့ xiao8 ဟာ TI2 မှာ Offlaner ကစားခဲ့ပေမယ့် TI2 အပြီးကနေ သူ ၂၀၁၄ ခုနှစ် Newbee ကိုမထွက်ခွာခင်အထိ Mid ကစားခဲ့ပါတယ်။

TI2 မှာ တတိယရခဲ့သလို G-1 champions League Season 4 မှာလည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။

အခြားအောင်မြင်မှုတွေလည်း ရရှိခဲ့သေးပေမယ့် ကြီးကြီးမားမားတွေတော့ မဟုတ်ခဲ့ပါဘူး။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာတော့ xiao8 ဟာ Chinese Dream Team ကိုဖန်တီးဖို့အတွက် Newbee ကို ထွက်ခွာခဲ့ပါတော့တယ်။

Newbee မှာတော့ Hao, KingJ, ZSMJ နဲ့ Mu တို့ဟာ xiao8 နဲ့အတူပါဝင်ခဲ့ပါတယ်။

ဒါကြောင့် xiao8 က Support ကစားခဲ့ပေမယ့် ZSMJ နဲ့ KingJ တို့ထွက်ခွာသွားပြီး Banana နဲ့ Sansheng တို့ပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ Offlane ကစားခဲ့ပါတယ်။

TI4 မှာတော့ အုပ်စုကနေပြုတ်မလိုဖြစ်ပြီးမှ နိင်ပွဲတွေတောက်လျှောက်ရယူကာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

TI4 အပြီးမှာတော့ xiao8 ဟာ Newbee ကနေထွက်ခွာပြီးတော့ ခဏအနားယူခဲ့ပါတယ်။

၅ လလောက်အကြာမှာတော့ နောက်ထပ် Chinese Dream Team ဖြစ်တဲ့ Big God ကို Burning, rOtk, LaNm နဲ့ iceice တို့နဲ့အတူ ဖန်တီးခဲ့ပါတယ်။

Big God နဲ့အတူ DAC 2015 မှာ စတုတ္ထရခဲ့တဲ့အထိအောင်မြင်ခဲ့ပေမယ့် လူစာရင်းမတည်ငြိမ်မှုတွေကြောင့် အသင်းကတိုင်တွေပတ်ခဲ့ပြီး xiao8 လည်း မတ်လ ၈ ရက်နေ့မှာတော့ LGD ကိုပြန်သွားခဲ့ပါတော့တယ်။

Xiao8 ရဲ့ LGD တစ်ကျော့ပြန်ခရီးက တစ်နှစ်နဲ့ ၆ လလောက်ကြာမြင်ခဲ့ပြီး TI5 မှာ တတိယ၊ The Manila Major 2016 မှာ စတုတ္ထနဲ့ TI6 မှာ 9-12th place စတာတွေကိုပဲ ရရှိခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာတော့ LGD ရဲ့အသင်းတစ်သင်းပဲဖြစ်တဲ့ LFY ကို ပြောင်းရွှေ့ခဲ့ပါတယ်။

LFY နဲ့အတူ xiao8 ရခဲ့တဲ့ လောက်လောက်လားလားအောင်မြင်မှုကတော့ The Boston Major 2016 မှာ 5-8th place ရခဲ့တာပဲဖြစ်ပါတယ်။

အဲ့နောက်မှာတော့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ကနေ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ Newbee Boss မှာကစားခဲ့သေးသလို Big God 2.0 မှာလည်း ၅ လလောက်သွားကစားခဲ့ပေမယ့် ဘာအောင်မြင်မှုမှတော့ ထူးထူးခြားခြားမရခဲ့ပါဘူး။

ဒါကြောင့်မလို့ သူလည်း ၂၀၁၈ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာတော့ နည်းပြလောကကိုဝင်ရောက်ခဲ့ပြီး EHOME ကိုနည်းပြခဲ့ပါတယ်။

သူ့ရဲ့နည်းပြမှုနဲ့အတူ EHOME ဟာ WESG 2018 China Finals နဲ့ Bucharest Major မှာဗိုလ်စွဲခဲ့ပါတယ်။

ဒါပေမယ့်လည်း 2019 ကုန်တဲ့အထိဘယ်ပြိုင်ပွဲမှာမှအောင်မြင်မှုမရခဲ့တာကြောင့် EHOME နဲ့လမ်းခွဲပြီး LGD ကိုသွားခဲ့ပါတယ်။

မှတ်တမ်းတွေအရ LGD ကို 2020 ခုနှစ်စက်တင်ဘာလ ၁၆ ရက်နေ့မှရောက်ခဲ့တယ်ဆိုပေမယ့် EHOME ကို 2019 ခုနှစ်နိုဝင်ဘာလမှာကစားခဲ့တဲ့ MDL Chengdu Major နောက်ပိုင်းထဲက Official ပြိုင်ပွဲတွေမှာ နည်းပြခြင်းမရှိတော့ပါဘူး။

LGD ကိုစတင်နည်းပြပြီး ၁ လအကြာမှာပဲ Tier 2 ပြိုင်ပွဲ ၁ ခုဖြစ်တဲ့ China Dota2 Pro Cup Season 1 မှာချန်ပီယံဖြစ်အောင်ကူညီပေးနိင်ခဲ့ပါတယ်။

ဒါပေမယ့် ၂ လနီးပါးလောက်အကြာမှာကစားတဲ့ Season 2 မှာတော့ စတုတ္ထပဲရခဲ့ပါတယ်။

2021 မှာလည်း စစကစားတဲ့ China DPC Season 1 မှာ စတုတ္ထပဲရခဲ့ပေမယ့် Singapore Major မှာတော့ တတိယရခဲ့ပါတယ်။

အဲ့လိုပဲ DPC Season 2 မှာ ‘ဒုတိယပဲရခဲ့ပေမယ့် WePlay AniMajor မှာတော့ xiao8 တို့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အဲ့နောက်မှာတော့ TI10 မတိုင်ခင်မှာကစားတဲ့ i-League 2021 Season 1 မှာ စတုတ္ထပဲရခဲ့ပေမယ့် TI10 မှာတော့ ချန်ပီယံဆုနဲ့ တေ့လွဲလေးလွဲခဲ့ပါတယ်။

Xiao8 အနေနဲ့ LGD ကိုနည်းပြနေစဉ်ကာလအတွင်း အသင်းလိုအပ်ချက်အရ OGA Dota PIT Season 5: China, ESL One Fall 2021 နဲ့ OGA Dota PIT Invitational တို့မှာ Player အနေနဲ့ဝင်ကစားပေးခဲ့ပြီး OGA ၂ ခုမှာချန်ပီယံဖြစ်ခဲ့သလို ESL One Fall 2021 မှာလည်း ဒုတိယရခဲ့ပါတယ်။

လက်ရှိမှာလည်း xiao8 ဟာ LGD ကိုပဲဆက်လက်နည်းပြနေပြီး သူတို့တေ့လွဲလေးလွဲခဲ့ရတဲ့ TI ချန်ပီယံကို TI11 မှာထပ်မံစိန်ခေါ်နိင်ဖို့အတွက် လူစာရင်းပါအပြောင်းအလဲမလုပ်ပဲကြိုးစားလျှက်ရှိနေပါတယ်ခင်ဗျာ။

Xiao8 ဟာ Broadcasts Talent အဖြစ်လည်းလုပ်ခဲ့ဖူးပြီး သူလုပ်ခဲ့တဲ့ Tournament တွေနဲ့ Role တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ။

ဦးဆောင်မှုစွမ်းရည်အလွန်ကောင်းတဲ့ xiao8 ရဲ့အကြောင်းကတော့ ဒါအကုန်ပါပဲခင်ဗျာ။

Leave a Reply

Your email address will not be published.