News

The Integrity of 2021-2022 DPC & TI

English Version Below

မေးခွန်းထုတ်ဖို့ကောင်းလာတဲ့ 2021-2022 DPC, TI တို့ရဲ့လားရာ

ပြိုင်ဆိုင်မှုပြင်းထန်တာတွေ၊ ကျားကုတ်ကျားခဲကစားပုံတွေ၊ ပြောင်မြောက်တဲ့တီထွင်ဖန်တီးကစားပုံတွေ၊ Secret Pocket Strategy စတာတွေက Esports ပြိုင်ပွဲတွေကို စိတ်လှုပ်ရှားစွာကြည့်ရှုအားပေးစေတဲ့ အကြောင်းတရားတွေဖြစ်ကြပါတယ်။

Esports ပြိုင်ပွဲတွေရဲ့အသက်က အနိင်ရဖို့၊ အကောင်းဆုံးဖြစ်ဖို့ဦးတည်ပြီးတော့ ကစားကြတဲ့ခံယူချက်ဖြစ်ပါတယ်။

အဲ့လိုခံယူချက်တွေမရှိဘူးဆိုရင် Esports ပြိုင်ပွဲတွေက ဘာတန်ဖိုးမှမရှိတော့ဘူးလို့တောင် ပြောလို့ရပါတယ်။

ဒါ့ကြောင့် Esports ပြိုင်ပွဲတွေကို အမြဲစိတ်လှုပ်ရှားဖို့ကောင်းနေအောင်ထိန်းသိမ်းဖို့က Player တွေသာမက ပွဲကြည့်ပရိတ်သတ်ပေါ်မှာပါ တာဝန်ရှိပါတယ်။

တကယ်လို့ အဲ့ဒီ ၂ ခုလုံးက သူ့တာဝန်သူကျေနေပေမယ့် ပြိုင်ပွဲရဲ့အနှစ်သာရတွေက ပျောက်ဆုံးသွားမယ်ဆိုရင်ရော ?

အဲ့ဒါကိုတော့ ဒီ ၂၀၂၁-၂၀၂၂ မှာ Dota 2 ပရိတ်သတ်တွေနဲ့ ကစားသမားတွေက နဖူးတွေ့ဒူးတွေ့ကြုံတွေ့ရဖို့ရှိနေပါတယ်။

ဘာကြောင့်များလဲဆိုတာကို ၁ ချက်ကြည့်ရအောင်လား။

(၁) First Major ကိုဖျက်သိမ်းပြီး Regional Finals တွေနဲ့ အစားထိုးခဲ့ခြင်း

လွန်ခဲ့တဲ့ ၃ လက Dota 2 Game Developer Valve ကနေပြီး 2021-2022 DPC Season ရဲ့ First Major ကို Covid အကြောင်းပြချက်တွေနဲ့ ဖျက်သိမ်းကြောင်းကြေငြာခဲ့ပါတယ်။

အဲ့လိုဖျက်သိမ်းခဲ့ရာမှာတော့ Dota 2 Community ရဲ့ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

အကြောင်းကတော့ ဘာ Communication မှ ကောင်းကောင်းမွန်မွန်မလုပ်ခဲ့ပဲ Valve က လုပ်ချင်သလိုလုပ်ခဲ့လို့ပါ။

အဲ့နောက်မှာတော့ Valve ကချွေးသိပ်တဲ့အနေနဲ့ Region အသီးသီးမှာ Regional Finals ဆိုတဲ့ Major မဟုတ်တဲ့ Major ပြိုင်ပွဲလေးတွေကို ဖေဖော်ဝါရီလထဲမှာကျင်းပပေးခဲ့ပါတယ်။

အဲ့ဒီကနေပြီး Region ၁ ခုကိုဆုကြေးဒေါ်လာ ၁ သိန်းနဲ့ DPC Point လေးတွေပေးခဲ့လို့ Community ရဲ့ဝေဖန်သံတွေကို အနည်းငယ်ရပ်တန့်နိင်ခဲ့ပါတယ်။

(၂) DPC EEU Tour 2 ကိုရွေ့ဆိုင်းလိုက်ခြင်း

ပြီးခဲ့တဲ့မတ်လမှာတော့ EEU ရဲ့ Tournament Org ဖြစ်တဲ့ Epicenter က ယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် EEU Spring Tour ကို ရက်အကန့်အသတ်မရှိရွေ့ဆိုင်းကြောင်း ကြေငြာလိုက်ပါတယ်။

ဒါကဘာကိုဆိုလိုလည်းဆိုတော့ စစ်ပွဲမပွဲမချင်း CIS Region က အသင်းတွေအနေနဲ့ ဘယ် DPC Event ကိုမှဝင်ကစားခွင့်ရမှာမဟုတ်သလို ဘာ DPC, ဘာဆုကြေးတွေကိုမှ ရရှိတော့မှာမဟုတ်ပါဘူး။

(၃) တရုတ် Regional League ကို ရပ်နားထားခြင်း

ပြီးခဲ့တဲ့အပတ်လောက်ကပဲ Tour 2 ကစားနေတဲ့ China Regional League ကို စကစားပြီး ၂ ပတ်အကြာမှာပဲ ရှန်ဟိုင်းတမြို့လုံး Lockdown ချမှုနဲ့အတူ ရပ်နားလိုက်ပါတယ်။

ဒီဧပြီလ ၈ ရက်နေ့မှာ ပြန်စဖို့စီစဉ်ထားပေမယ့် ကိုဗစ်ကြောင့် ပြန်စဖြစ် မစဖြစ်ကိုတော့ ဘယ်သူမှမသိနိင်သေးပါဘူး။

ဒါ့ကြောင့် တရုတ်အသင်းတွေအနေနဲ့ ဒုတိယမေဂျာကိုကစားဖို့ Europe ကို သွားခွင့်ရမရဆိုတာကလည်း သူတို့အတွက် စိန်ခေါ်မှုကြီးတဲ့မေးခွန်း ၁ ခုဖြစ်နေပါတယ်။

(၄) DPC Point တွေရဲ့လားရာ

ပထမမေဂျာကိုဖျက်သိမ်းအပြီးမှာ Valve က ဒီနှစ်ပေးမယ့် DPC Point တွေကို ဒီလိုမျိုးခွဲဝေပေးသွားမှာပါ။

အဲ့ဒီလိုခွဲဝေမှုတွေကနေ ဒီပြသနာတွေဖြစ်လာနိင်ပါတယ်။

(၁) Region တိုင်းမှာ အစက DPC Point ရဖို့လုံးဝမရှိတဲ့အသင်း ၁ သင်း or ၂ သင်းက Major သွားဖို့အခွင့်အရေးရှိလာနိင်မှာကြောင့် Point တွေရလာနိင်။

(၂) အစက ၁၂ သင်းကစားရမယ့်မေဂျာကို ၉ သင်းလောက်ပဲကစားနိင်တော့မှာကြောင့် ရမယ့် DPC Point တွေကို ၉ သင်းပဲခွဲဝေယူရတာဖြစ်လာနိင်။

(၃) မေဂျာမှာ စတုတ္ထပဲရတဲ့အသင်းကရတဲ့ DPC က Region အတွင်းမှာ ပထမရတဲ့အသင်းရတဲ့ DPC ထက်ပိုများနေခြင်း

(၄) အကြောင်းအမျိုးမျိုးကြောင့် အသင်းကြီးတွေမပါနိင်တာကြောင့် အသင်းငယ်တွေကိုအစားထိုးယှဉ်ပြိုင်ခိုင်းရလို့ ပြိုင်ပွဲတွေရဲ့ အဆင့်အတန်းနိမ့်ကျသွားခြင်း။

အခုဒီ Tour 2 မှာဆို ပြသနာအသစ် ၁ ခုပါ ထည့်စဉ်းစားရတော့မှာပါ။

EEU Region ၁ ခုလုံးကမပါဝင်တဲ့အတွက် အဲ့ဒီ Region အတွက်လျာထားတဲ့ DPC Point တွေကို Stockholm Major မှာ ဘယ်လိုတွေပြန်လည်ခွဲဝေသွားမှာလည်းဆိုတဲ့ပြသနာပါပဲ။

TI ရဲ့အဆင့်အတန်းကိုပါထိခိုက်လာနိင်

လာမယ့် TI11 မှာတော့ Region အသီးသီးကအနည်းဆုံးအသင်း ၁၂ သင်းက DPC Point ရရှိထားမှုပေါ်မူတည်ပြီးတော့ Direct Invite တွေရရှိသွားကြမှာပါ။

အဲ့တော့ DPC Regional League မှာ အကြောင်းအမျိုးမျိုးကြောင့် DPC Point တွေမရသင့်ခဲ့ပဲနဲ့ ရခဲ့တဲ့အသင်းတွေက အုတ်ရောရောကျောက်ရောရောနဲ့ TI ထိပါလာနိင်ပါတယ်။

အဲ့ဒါဆိုရင် TI ရဲ့အဆင့်အတန်းနဲ့ ပြိုင်ဆိုင်မှုပြင်းထန်မှုတွေကိုပါ ထိခိုက်လာနိင်ပါတယ်။

ဒါ့အပြင် CIS အသင်းတွေရဲ့အနေအထားကလည်း တကယ်စိုးရိမ်စရာပါ။

အထူးသဖြင့်လက်ရှိချန်ပီယံ Team Spirit ပါ။

Team Spirit အနေနဲ့ အခုပုံစံအတိုင်းဆက်သွားမယ်ဆိုရင် သူတို့ရဲ့ TI ချန်ပီယံဆုကို ကာကွယ်ဖို့အခွင့်အရေးတောင် မရှိလောက်တော့ပါဘူး။

ဒါက သူတို့တနှစ်လုံးပြသခဲ့တဲ့လက်စွမ်းတွေနဲ့ ဘာမှမပတ်သက်ပါဘူး။

CIS Region မှာရှိတဲ့အသင်းဖြစ်နေတာ ၁ ခုထဲကြောင့် TI မှာပါဝင်ခွင့်ကို ဆုံးရှုံးသွားရတော့မှာပါ။

ဒါ့ကြောင့် ဒီ 2021-2022 ကာလမှာ DPC Point တွေပေါ်ပဲမူတည်ပြီးတော့ TI ကိုဝင်ရောက်ခွင့်ဆုံးဖြတ်မယ်ဆိုရင် တချို့အသင်းတွေအတွက် လုံးဝကို တရားမျှတမှုရှိတော့မှာမဟုတ်သလို TI ရဲ့အဆင့်အတန်းကလည်း မြောင်းထဲရောက်ဖို့ရှိနေပါကြောင်း ……….

English Version

The Integrity of 2021-2022 DPC & TI

Intense Competition, Clutch plays, Genius Innovations, Secret Pocket Strategies are the reasons to watch eSports events.

The core of esports competitions is to win; It’s a concept that is played to be the best.

Without it, esports would be worthless.

Therefore, it is the responsibility of not only the players but also the spectators to keep the eSports events exciting.

What if both of them are fulfilling their responsibilities but losing the essence of the competitions?

Dota 2 fans and players will have to face it in 2021-2022.

Let’s take a look at why so many.

(1) The First Major was canceled and replaced with Regional Finals

Three months ago, Dota 2 Game Developer Valve announced the cancellation of the First Major of DPC Season 2021-2022 for Covid reasons.

The cancellation drew strong criticism from the Dota 2 community.

This is because Valve did what it wanted to do without any good communication.

Since then, Valve has been holding regional finals in all regions in February.

From there, DPC Points and $ 100,000 were awarded to each Region, and the community’s criticism was stopped a little.

(2) Postponement of DPC EEU Tour 2

Last March, EEU’s Tournament Org, Epicenter, announced that the EEU Spring Tour could be postponed indefinitely due to the war in Ukraine.

This means that teams from the CIS Region will not be allowed to participate in any DPC Events until the end of the war and will not receive any DPC or prize money.

(3) Suspending the Chinese Regional League

Just two weeks after starting the China Regional League, which was playing Tour 2 last week, the whole of Shanghai was shut down with a lockdown.

It is scheduled to resume on April 8, but no one knows that it will be restarted or not due to covid.

So whether or not Chinese teams can go to Europe to play in the second major is a big challenge for them.

(4) Integrity of DPC Points

Following the cancellation of the first major, Valve will distribute this year’s DPC Points in this way.

These Distributions can lead to these problems.

(1) In each Region, one or two teams that did not earn DPC Points at the beginning will have a chance to advance to the Major, earning Points.

(2) Only 9 teams will be able to play the 12-team major, so only 9 teams will be able to share the DPC Points.

(3) DPC Points for the fourth place team in the major is higher than DPC for the first team in the region.

(4) Due to various reasons, the big teams could not participate and the lower teams were forced to compete instead.

Now, in this Tour 2, we have to consider a new problem.

Since the entire EEU Region is not included, the issue of how to allocate DPC Points for that Region will be redistributed in Stockholm Major.

It can also affect the integrity of TI.

At TI11, at least 12 teams from each region will receive direct invitations, depending on their DPC Points.

In the DPC Regional League, for various reasons, teams that did not receive DPC Points could get to TI.

This can affect the quality and competitiveness of TI.

In addition, the situation of CIS teams is really worrying.

Especially the defending champion Team Spirit.

If Team Spirit continues like this, they will not even have a chance to defend their TI title.

It has nothing to do with what they have been doing all year.

Only the fact that being the team in the CIS Region will lose its right to participate in TI.

Therefore, if the decision to enter TI is based on DPC Points in 2021-2022, it will not be fair to some teams and the integrity of TI will fall into the ditch.

Leave a Reply

Your email address will not be published.