News

The first Dota 2 Tournament with Crowd in two years will be seen in May

English Version Below

၂ နှစ်အတွင်းပထမဆုံးပရိတ်သတ်ပါတဲ့ Dota 2 ပြိုင်ပွဲကိုမေလတွင်မြင်ရမည်

ESL One ကတော့ မေလမှာကျင်းပမယ့် ESL One Stockholm Major မှာ Live Spectator တွေပါဝင်မယ်လို့ တရားဝင်ကြေငြာလိုက်ပါတယ်။

ပြိုင်ပွဲကျင်းပမယ့်နေ့တိုင်းတော့မဟုတ်ပဲ နောက်ဆုံး ၃ ရက်ဖြစ်တဲ့မေလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့ထိပဲလို့လည်းဆိုပါတယ်။

အဲ့တော့ Playoff အဆင့်ကနေ ပရိတ်သတ်တွေစကြည့်ခွင့်ရမယ့်သဘောပါပဲ။

Playoff အဆင့်ကိုတော့ ပြီးခဲ့တဲ့နှစ်က TI10 ပြိုင်ပွဲကျင်းပခွင့်မရလိုက်တဲ့ Avicii Arena နားက Hovet Arena မှာကျင်းပပြုလုပ်မယ်လို့လည်းသိရပါတယ်။

Stockholm Major ကိုတော့ ၁၈ သင်းပါဝင်ကစားခွင့်ရရှိသွားမှာဖြစ်ပြီး Spring Tour က Regional League က Result တွေအရ ပါဝင်ခွင့်ရသွားကြမှာပါ။

WEU နဲ့ China Region တွေက ၄ သင်းစီ၊ SEA, EEU တို့က ၃ သင်းစီနဲ့ NA, SA တို့က ၂ သင်းစီပါဝင်လာမှာပါ။

Major ဖြစ်တာကြောင့် ဆုကြေးဒေါ်လာ ၅ သိန်းနဲ့ DPC Point 3530 အထိပေးသွားမှာဖြစ်လို့ တကယ့်ကိုမက်လောက်စရာပါပဲ။

ကစားမယ့် Format ကတော့ ၉ သင်းစီ Group ၂ ခုခွဲကစားသွားမှာဖြစ်ပြီး Bo2 ပတ်လည်ပါ။

ထိပ်ဆုံး ၄ သင်းစီက Upper Bracket ရောက်မှာဖြစ်ပြီး အဆင့် ၅ နဲ့ ၆ ကအသင်းတွေကတော့ Lower Bracket ပါ။

ဒါ့ကြောင့်အဆင့် ၇၊ ၈၊ ၉ တွေကတော့အုပ်စုကနေပြုတ်မယ့်အနေအထားမှာရှိနေပါတယ်။

Hovert Arena ကြီးမှာကိုယ်တိုင်ကိုယ်ကျဝင်ကြည့်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ လာမယ့်ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထဲက လက်မှတ်တွေစဝယ်နိင်မှာဖြစ်ပါတယ်။

ESL One Official Website မှာ ရောင်းချပေးသွားမှာပါ။

တရက်ကို 32$ လောက်ကျသင့်မှာဖြစ်ပြီး ၃ ရက်လုံးစာလက်မှတ်ကတော့ 97$ ပါ။

3 Day Premium လက်မှတ်လည်းရှိပြီး အဲ့ဒါကတော့ 215$ အထိကျသင့်မှာပါ။

Premium Ticket မှာတော့ Stage ရှေ့တည့်တည့်ကထိုင်ခုံ၊ Exclusive Premium Badge အပြင် Exclusive လက်ဆောင်ပစ္စည်းတွေပါဝင်ပါတယ်။

ESL One အနေနဲ့ ပြီးခဲ့တဲ့ 2020 က ပထမဆုံးမေဂျာကို Host လုပ်ခွင့်ရခဲ့ပေမယ့် Covid ကြောင့် ဖျက်သိမ်းခဲ့ရတာပါ။

ESL One Los Angeles Major က ဆက်တိုက်ဖျက်သိမ်းရမယ် Dota 2 Tournaments တွေရဲ့အစဖြစ်ခဲ့ပြီး TI10 ကိုလည်း အစကပွဲကြည့်ပရိသတ်တွေပါဝင်ကြည့်လို့ရအောင် နေရာပါထပ်ပြောင်းပြီးစီစဉ်ခဲ့ပေမယ့် ကံမကောင်းစွာပဲ ပရိတ်သတ်တွေဝင်ခွင့်မရခဲ့ပါဘူး။

ဒါ့ကြောင့် 2020 ဇန်နဝါရီမှာကျင်းပခဲ့တဲ့ DreamLeague Season 13 Major ပြီးထဲက ဘယ် LAN Event ကိုမှ ပရိတ်သတ်တွေဝင်ခွင့်မရတော့တာပါ။

Singapore Major, WePlay Animajor 2021 စတာတွေအပြင် TI10 ထိပါပရိတ်သတ်တွေမကြည့်ရတော့တာပါ။

ဒါ့ကြောင့် တခုခုကြီးကြီးမားမားအပြောင်းအလဲမဖြစ်ခဲ့ဘူးဆိုရင် ESL One Stockholm Major က ၂ နှစ်အတွင်းမှာ ပရိတ်သတ်တွေပါဝင်ခွင့်ရတဲ့ပထမဆုံးမေဂျာဖြစ်လာဖို့လည်းရှိနေပါတယ်ခင်ဗျာ။

English Version

The first Dota 2 Tournament with Crowd in two years will be seen in May

ESL One has officially announced that Live Spectators will be included in the ESL One Stockholm Major in May

Only last three days from May 20 to 22, not every day.

That means fans will be able to watch from the Playoff stage.

The playoffs will be held at the Hovet Arena near the Avicii Arena, which was not allowed to host TI10 last year.

The Stockholm Major will feature 18 teams, base on the Spring Tour Regional League results.

WEU and China Region have 4 slots each, SEA and EEU will have three teams each and the NA and SA will have two teams each.

Being a Major will give you up to $500,000 in rewards and up to DPC Point 3530, which is really attractive.

The format of the game will be divided into two groups of 9 teams and Bo2 round robin.

The top four teams will be in the Upper Bracket, while the teams in the 5th and 6th will be in the Lower Bracket.

So 7, 8 and 9 will be eliminated from the group stage.

Tickets will be available for purchase on February 17.

Available on ESL One Official Website.

It costs about $ 32 a day and a three-day ticket costs $ 97.

There is also a 3 Day Premium ticket, which can cost up to $ 215.

In the Premium Ticket, there is a seat directly in front of the stage, includes Exclusive Premium Badge and Exclusive Gifts.

ESL One was allowed to host the first major in 2020, but was canceled due to Covid.

ESL One Los Angeles Major was the start of a series of Dota 2 tournaments to be canceled, and the TI10 was initially rescheduled to accommodate spectators, but unfortunately did not get in.

As a result, fans will not be able to attend any of the LAN Events after the DreamLeague Season 13 Major held in January 2020.

Singapore Major, WePlay Animajor 2021, and even TI10.

So if nothing major changes, the ESL One Stockholm Major could be the first major audience in two years.

Leave a Reply

Your email address will not be published.