News

Team Spirit Share Their Dreams For The Future

အောက်မှာမြန်မာလိုပါတယ်နော်

Team Spirit Share Their Dreams For The Future

For everyone involved with Dota, winning the title at The International (TI) is a dream come true.

Especially for professional players.

At TI, winning a championship is considered a successful career.

Most of them continue to play lightly after winning TIs, even if they do not take a break or retire.

But even after winning the TI Championship, there are many players who do not give up and want to face the new challenges again.

This includes players from Team Spirit, who recently won TI10 championship.

In an interview with Red Bull, Team Spirit players revealed that their Dota 2 career’s TI10 is still a long way to go.

They want to be champions in many more competitions.

Team Spirit coach Silent said it is not easy to get to the top, but it is harder to maintain the top status.

Team Spirit’s Carry Yataro says winning the TI10 is their biggest achievement, but they still want more trophies and another TI.

“When you start playing esports professionally, your biggest goal is to win TI.

But that doesn’t mean that once you win, your life ends there.

We want to play Dota.

We just love the game.

So we want to win as many tournaments as we can.

It would be cool to compete and win TI again.”

(Yataro has jokingly said before that he will retire after receiving TI three times)

Mid Player TORONTOTOKYO also spoke in echoes with Yataro, saying that although their squad had TI10, they would not stop trying and would still want to be crowned in many more tournaments.

Due to the current Dota 2 Competitive Ecosystem, it all depends on TI.

As such the award is a large sum of money as well as a great deal of fame.

Offlaner Collapse said: “Even lifting Aegis, it was hard to believe it was real,”

As Silent said, Maintaining success is harder than to achieve success.

As the best Dota 2 team in the world Currently, Team Spirit. has a responsibility to continue to show their power.

Team Spirit, made up of a bunch of young people, not including veterans, surprised everyone at the 2020-2021 DPC Run.

In the TI10, they started playing in the Regional Qualifiers and continued their career from Lower Bracket Round 2 until they became champions.

Even after TI10, they proved at the 2021-2022 DPC Tour 1 East Europe that they were never just dark horses, and did not lose a single Bo2 Series.

In addition, in OG Dota PIT Season 5, They competed against many good teams from East Europe and West Europe and took second place.

In those competitions, Team Spirit’s skill was very consistent and deserved the admiration of all.

Team Spirit will be competing in the upcoming Regional Finals and will face PuckChamp, VP and HR, which they won at DPC.

As long as those teams don’t show miracles, Team Spirit will be the champion again in this online tournament.

Burmese Version

သူတို့ရဲ့အနာဂတ်အိပ်မက်တွေကိုပြောပြလိုက်တဲ့ Team Spirit

Dota နဲ့ပတ်သက်တဲ့သူတိုင်းအတွက် The International(TI)မှာချန်ပီယံဖြစ်ဖို့ကအိပ်မက်ကြီး ၁ ခုပါ။

အထူးသဖြင့် Professional Player တွေအတွက်ပါ။

TI မှာချန်ပီယံဆုရမှ ကစားသမားဘဝအောင်မြင်ပြီးမြောက်တယ်လို့ ခံယူတတ်ကြပါတယ်။

အများစုကလည်း TI ရပြီးရင် အနားယူရင်ယူ မယူရင်တောင်မှ နှစ်ပေါင်းများစွာမြှပ်နှစ်ထားခဲ့တဲ့သံယောဇဉ်တွေကြောင့်သာ ပေါ့ပေါ့ပါးပါးဆက်ကစားလေ့ရှိကြပါတယ်။

ဒါပေမယ့် TI ချန်ပီယံဆုရပြီးတာတောင်မှ ကြိုးစားမှုကိုမရပ်တန့်လိုက်ပဲ စိန်ခေါ်မှုအတွက်ကိုထပ်ရင်ဆိုင်လိုကြတဲ့ Player တွေလည်းမရှားပါဘူး။

အဲ့ဒီထဲမှာ ပူပူနွေးနွေး TI10 ချန်ပီယံဆုကိုရယူထားသူတွေဖြစ်တဲ့ Team Spirit က Player တွေလည်းပါဝင်နေပါတယ်။

Red Bull နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးအစီအစဉ်မှာတော့ Team Spirit Player တွေက သူတို့ရဲ့ Dota 2 ကစားသမားဘဝတွေက TI10 ရပြီးပေမယ့်လည်း ပြီးဆုံးဖို့အဝေးကြီးလိုနေသေးကြောင်းကို ပြောပြသွားခဲ့ပါတယ်။

သူတို့အနေနဲ့ နောက်ထပ်ပြိုင်ပွဲပေါင်းများစွာမှာ ချန်ပီယံဖြစ်ချင်နေကြသေးတာပါ။

Team Spirit ရဲ့ Coach ဖြစ်သူ Silent က ထိပ်ဆုံးရောက်ဖို့ကမလွယ်ဘူးဆိုပေမယ့် ရထားတဲ့နေရာကိုထိန်းသိမ်းဖို့က ပိုမိုခက်ခဲကြောင်းကိုလည်း ပြောခဲ့ပါတယ်။

Team Spirit ရဲ့ Carry Yataro ကလည်း TI10 ကိုရခဲ့တာက သူတို့ရဲ့အကြီးမားဆုံးအောင်မြင်မှုဖြစ်တယ်ဆိုတာမှန်ပေမယ့် နောက်ထပ်ဆုဖလားတွေအများကြီးရယူချင်သေးသလို TI နောက် ၁ ခုလည်းလိုချင်နေသေးကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။

“Esports/Dota 2 ကို Professional အနေနဲ့စကစားတယ်ဆိုတာနဲ့ TI ချန်ပီယံဖြစ်ဖို့က အကြီးမားဆုံးအိပ်မက်ပါပဲ။

ဒါပေမယ့်အဲ့ဒါဖြစ်ပြီးတာနဲ့ အားလုံးပြီးသွားတာတော့မဟုတ်ပါဘူး။

ကျွန်တော်တို့က Dota ကိုဆက်ကစားချင်ပါတယ်။

ဒီဂိမ်းကိုအရမ်းချစ်ပါတယ်။

ဒါ့ကြောင့်ကစားသမျှပြိုင်ပွဲတိုင်းမှာချန်ပီယံဖြစ်ချင်ပါတယ်။

TI ကိုပါထပ်နိင်မယ်ဆိုရင်တော့ ရှယ်ပဲပေါ့ဗျာ”

(Yataro က TI 3 ကြိမ်ရပြီးမှ အနားယူမယ်လို့လည်း ဟာသအနေနဲ့အရင်ကပြောဖူးပါတယ်)

Mid Player ဖြစ်သူ TORONTOTOKYO ကလည်း Yataro နဲ့တလေသံထဲထွက်ခဲ့ပြီး သူတို့ Squad က TI10 ရပြီးပေမယ့် ကြိုးစားမှုတွေကိုရပ်တည့်သွားမှာမဟုတ်ပဲ နောက်ထပ်ပြိုင်ပွဲပေါင်းများစွာမှာ သရဖူဆောင်းချင်သေးတယ်လို့ပြောခဲ့ပါတယ်။

လက်ရှိ Dota 2 Competitive Ecosystem အရ အားလုံးက TI ပေါ်မှာပဲ မူတည်နေတာဖြစ်ပါတယ်။

TI ကပေးမယ့် မက်လောက်စရာငွေကြေးတွေအပြင် ကမ္ဘာ့ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကလည်း ဒီလိုဖြစ်နေစေခဲ့တာပါ။

Offlaner ဖြစ်သူ Collapse ကလည်း “ကျွန်တော်တို့ TI10 မှာ Aegis ကိုကိုင်မြှောက်နိင်ခဲ့တယ်ဆိုတာကို အခုထိယုံရခက်နေဆဲပါ”လို့ပြောခဲ့ပါတယ်။

Silent ပြောခဲ့သလိုပဲ အောင်မြင်ဖို့ထက် အောင်မြင်မှုကိုထိန်းသိမ်းဖို့က ပိုခက်ပါတယ်။

လက်ရှိကမ္ဘာ့အကောင်းဆုံး Dota 2 အသင်းအနေနဲ့ Team Spirit မှာ သူတို့ရဲ့အစွမ်းတွေကိုဆက်လက်ပြသဖို့ တာဝန်ရှိနေတာဖြစ်ပါတယ်။

ဝါရင့်တွေမပါဝင်ပဲ လူငယ်တွေတသိုက်နဲ့ပဲစုဖွဲ့ထားတဲ့ Team Spirit ဟာ 2020-2021 DPC Run မှာ အားလုံးကိုအံ့သြမှင်သက်မိအောင်လုပ်ပြခဲ့တာဖြစ်ပါတယ်။

TI10 မှာလည်း သူတို့အနေနဲ့ Regional Qualifiers ကနေစကစားခဲ့ရသလို Lower Bracket Round 2 ကနေချန်ပီယံဖြစ်တဲ့အထိ တောက်လျှောက်လက်စွမ်းပြခဲ့ပြီးမှ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

TI10 အပြီးမှာလည်း သူတို့ဟာ ကောက်ရိုးမီးမဟုတ်ဖူးဆိုတာကို 2021-2022 DPC Tour 1 East Europe မှာသက်သေပြခဲ့ပြီး Bo2 Series ၁ ခုမှမရှုံးခဲ့ပါဘူး။

ဒါ့အပြင် OG Dota PIT Season 5 မှာလည်း East Europe နဲ့ West Europe ကအသင်းကောင်းများစွာနဲ့ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယနေရာကိုရယူနိင်ခဲ့ပါတယ်။

အဲ့ဒီပြိုင်ပွဲတွေမှာ Team Spirit ရဲ့လက်စွမ်းက အလွန်တည်ငြိမ်ခဲ့လို့ အားလုံးရဲ့အထင်ကြီးလေးစားမှုတွေကို ထိုက်ထိုက်တန်တန်ရယူနိင်ခဲ့ပါတယ်။

Team Spirit အနေနဲ့ လာမယ့် Regional Finals မှာပါဝင်ယှဉ်ပြိုင်သွားဦးမှာဖြစ်ပြီး သူတို့ DPC မှာအနိင်ယူထားတဲ့ PuckChamp, VP, HR တို့နဲ့တွေ့ဆုံမှာပါ။

အဲ့အသင်းတွေက မှော်ဆန်တဲ့ကစားပုံတွေမပြနိင်သရွေ့ အဲ့ဒီ Online Tournament မှာ Team Spirit ပဲချန်ပီယံထပ်ဖြစ်သွားမယ့်အနေအထားဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.