Team & Players

Team Secret

English Version Below

လျှို့ဝှက်သောအသင်း (သို့မဟုတ်) Team Secret

Team Secret ကိုတော့ TI4 အပြီးမှာ Na’Vi က ကစားသမားနှစ်ယောက်၊ Fnatic က ကစားသမားနှစ်ယောက်နဲ့ Alliance က ကစားသမားတစ်ယောက်တို့နဲ့ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

အဲ့ဒီကစားသမားတွေကတော့ Puppey, Kuroky, Fly, nOtail နဲ့ s4 တို့ပဲဖြစ်ပါတယ်။

Puppey တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပြီး သူ့အနေနဲ့ Na’Vi ကနေထွက်ခွာပြီးတဲ့နောက်မှာ
သူစုဆောင်းထားခဲ့တဲ့ဆုကြေးတွေနဲ့ တည်ထောင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဒါကြောင့်မလို့ ဒီအသင်းဟာ Puppey ရဲ့ သွေးတွေ၊ ချွေးတွေနဲ့ ဖွဲ့စည်းထားတယ်လို့တောင်
ပြောလို့ရပါတယ်။

Team Secret ရဲ့ Total Earning က $15,240,459 ဖြစ်ပါတယ်။

အသင်းကိုတည်ထောင်ပြီးတာနဲ့ ပြိုင်ပွဲတစ်ခုမှတောင် မကစားရသေးခင်အချိန်မှာပဲ
အသင်းမှာပါဝင်တဲ့ကစားသမားတွေရဲ့ပုံရိပ်တွေကြောင့် အသင်းရဲ့ပုံရိပ်က
အရမ်းကိုကြီးနေခဲ့ပါပြီ။

TI ချန်ပီယံအသင်းသားနှစ်ဦးဖြစ်တဲ့ Puppey နဲ့ s4 တို့ပါဝင်သလို Na’Vi မှာ Support
ပဲကစားခဲ့ပေမဲ့ Dota 1 ခေတ်ထဲကဘက်စုံထူးချွန်တယ်လို့ နာမည်ကြီးတဲ့ Kuroky Carry ကစားမှာဖြစ်တဲ့အပြင် nOtail နဲ့ Fly တို့ကလည်း ခေသူတွေမဟုတ်တာကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ အသင်းတည်ထောင်ပြီးသိပ်မကြာခင်မှာပဲ nOtail နဲ့ Fly တို့ထွက်ခွာသွားပြီး
Arteezy နဲ့ Zai တို့ ပြန်ဝင်လာခဲ့ပါတယ်။

Team Secret အနေနဲ့ လူစာရင်းအသစ်နဲ့အတူ စိတ်ပျက်ဖွယ်ရာရလဒ်အနည်းငယ်နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ LAN ပြိုင်ပွဲတွေမှာ ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ပြီး TI5 ကို ပရိသတ်အားလုံးရဲ့ ချန်ပီယံဖြစ်ဖို့အတွက် ရေပန်းအစားဆုံးအဖြစ်သတ်မှတ်ခံရတဲ့အသင်းအနေနဲ့ တက်ရောက်နိင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း စောစောစီးစီးပဲ Virtus.Pro ရဲ့လက်ချက်နဲ့ TI5 ကနေ စိတ်ပျက်ဖွယ်ရာထွက်ခွာခဲ့ရပါတယ်။

TI5 အပြီးမှာတော့ အသင်းကနေ Founder Puppey ကလွဲလို့ ကျန်တဲ့ကစားသမားတွေ
အကုန်လုံး ထွက်ခွာသွားခဲ့ပြီး အသင်းကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

အသစ်ဝင်ရောက်လာတဲ့သူတွေကတော့ EE, MiSeRy, pieliedie နဲ့ Public Star W33
တို့ပဲ ဖြစ်ပါတော့တယ်။

အသင်းလူစာရင်းအသစ်နဲ့အတူ Team Secret ဟာ Frankfurt Major မတိုင်ခင်မှာ
ကျင်းပခဲ့တဲ့ LAN ပြိုင်ပွဲတွေမှာ အမြောက်အမြားအနိင်ရခဲ့ပြီး Frankfurt Major မှာလည်း Grand Final ကိုတက်ရောက်နိင်ခဲ့ပါတယ်။

ဒါပေမယ့် Grand Final မှာတော့ OG နဲ့တွေ့ဆုံခဲ့ပြီး ၃ – ၁ ဆိုတဲ့ရလဒ်နဲ့ မရှုမလှရှုံးနိမ့်ခဲ့ပါတယ်။

အဲ့ဒီမေဂျာအပြီးမှာ ကစားခဲ့တဲ့ပြိုင်ပွဲတွေမှာလည်း စိတ်ပျက်စရာရလဒ်တချို့နဲ့အနည်းငယ်ကြုံတွေ့ခဲ့ပေမဲ့ Shanghai Major မှာတော့ Grand Final ကိုထပ်မံတက်ရောက်နိင်ခဲ့ပြီး ဒီတစ်ခါမှာတော့ Team Liquid ကိုအနိင်ယူကာချန်ပီယံဖြစ်ခဲ့ပြီး Team Secret Org ရဲ့ပထမဆုံး Major Title ကို ရယူနိင်ခဲ့ပါတယ်။

Major ပြိုင်ပွဲအပြီးမှာတော့ w33 နဲ့ MiSeRy ကို Arteezy နဲ့ Universe တို့နဲ့အစားထိုးခဲ့ပါတယ်။

EG ရော Secret ပါ အောက်ဆုံးအဆင့်မှာ ကြမ်းတိုက်ခဲ့ရတဲ့ The Manila Major 2016
အပြီးမှာတော့ Universe က EG ကို ပြန်သွားခဲ့ပါတယ်။

Universe ရဲ့နေရာကို BuLba က အစားထိုးခဲ့ပါတယ်။

ဒီလူစာရင်းနဲ့ TI6 Open Qualifiers ကို ဝင်ရောက်ခဲ့သလို Aui_2000 ကိုလည်းအရန်အဖြစ် ထည့်သွင်းထားခဲ့ပါတယ်။

TI6 မှာလည်း ကြမ်းထပ်တိုက်ရပြီးတဲ့နောက်မှာတော့ Bulba, Arteezy နဲ့ EE တို့ရဲ့နေရာကို MP, MidOne, Forev တို့နဲ့ အစားထိုးခဲ့ပါတယ်။

Forev အနေနဲ့ Secret မှာ နှစ်လပဲကစားခဲ့ပြီး အသင်းကနေထွက်ခွာသွားခဲ့လို့ KheZu ကို ရာသီကုန်အထိ ခေါ်ယူအသုံးပြုခဲ့ရပါတယ်။

ဘယ်မေဂျာမှာမှ အောင်မြင်မှုမရခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလအရောက်မှာတော့ pieliedie ကို YapzOr နဲ့ အစားထိုးခဲ့ပါတော့တယ်။

ဒါကြောင့်မလို့ Puppey အနေနဲ့ Position 5 ကို ပြောင်းလဲကစားခဲ့ပါတယ်။

ဒီလူအပြောင်းအလဲကြောင့် Secret ရဲ့ရလဒ်တွေ တိုးတက်လာခဲ့ပေမယ့်လည်း ဘာအောင်မြင်မှုမှမရခဲ့တာကြောင့် Ti7 ကို Qualifiers ကနေ ဝင်ကစားခဲ့ရပါတယ်။

ဒီလိုမျိုးအဆင့်ဆင့်ကျော်ဖြတ်ပြီးမှ TI7 ကို ဝင်ခွင့်ရခဲ့ပေမယ့် ချန်ပီယံဖြစ်လာမယ့် Liquid ကိုရှုံးနိမ့်ပြီးတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဒီလိုမျိုး TI7 ကနေ ထွက်ခွာခဲ့ရပေမယ့် ကျန်တဲ့ TI တွေနဲ့မတူပဲ Puppey အတွက်ဖြေသာစရာတစ်ခုတော့ ရှိခဲ့ပါတယ်။

ဒါကတော့ သူ့ရဲ့ BFF Kuroky TI ဆုကို ရယူနိင်ခဲ့ခြင်းပါပဲ။

မျက်ရည်တွေနဲ့ TI ဆုကိုရယူနေတဲ့ Kuroky ကိုသွားပြီးတော့ဂုဏ်ပြုပေးခဲ့တဲ့ Liquid နဲ့ပတ်သက်တဲ့သူမဟုတ်တဲ့ ပထမဆုံးသောသူက Puppey ဖြစ်ပါတယ်။

TI7 အၿပီး စက္TI7 အပြီး စက်တင်ဘာလအရောက်မှာတော့ KheZu နဲ့ MP တို့ရဲ့နေရာကို Ace နဲ့ FATA- တို့နဲ့အစားထိုးခဲ့ပါတယ်။

၂၀၁၇ – ၂၀၁၈ ရာသီမှာလည်း ရာသီအစပိုင်းမှာ DreamLeague မှာ Liquid ကို ၃ – ၀ နဲ့ အနိင်ရခဲ့တဲ့အထိ အစွမ်းထက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ စွမ်းဆောင်ရည်တွေတစ်ဖြေးဖြေးနဲ့ ကျဆင်းလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ရာသီအစပိုင်းကရယူထားတဲ့ DPC တွေကြောင့် TI8 ကိုတော့ Direct Invite ရခဲ့ပါတယ်။

ဒါပေမဲ့ Upper Bracket Round 1 မှာပဲ EG ကို ၂ – ၀ နဲ့ရှုံးနိမ့်ခဲ့လို့ Lower Bracket Round 4 မှာလည်း မနှစ်ကရှုံးနိမ့်ခဲ့တဲ့ Liquid ကိုပဲ ထပ်မံရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြန်ပါတယ်။

လူတွေတောက်လျှောက်ပြောင်းခဲ့တဲ့ Team Secret တို့ TI8 အပြီးမှာလည်းထပ်ပြောင်းခဲ့ပြန်ပြီး Ace နဲ့ FATA- ရဲ့နေရာမှာ Nisha နဲ့ Zai တို့နဲ့ အစားထိုးခဲ့ပြန်ပါတယ်။

တကျော့ပြန် Zai နဲ့ မျက်နှာသစ်ကစားသမား Nisha တို့နဲ့အတူ KL Major မှာဒုတိယဆုအထိရယူနိင်ခဲ့သလို 2018 ရဲ့လက်ကျန်အချိန်မှာ ပြိုင်ပွဲ ၄ ခုနဲ့ Changqing Major Qualifier တို့ကိုဝင်ကစားခဲ့ရာမှာတော့ ပြိုင်ပွဲ ၂ ခုမှာချန်ပီယံဖြစ်ခဲ့သလို Major ကိုလည်း Qualify ဖြစ်ခဲ့ပါတယ်။

2019 ကိုလည်း Chongqing Major ချန်ပီယံဆုနဲ့အဖွင့်လှပြီးနောက်မှာတော့ DreamLeague Season 11 မှာပဲ စတုတ္ထရခဲ့ပြီး MDL Disneyland Paris Major, ESL One Birmingham 2019 တို့မှာလည်း ချန်ပီယံဆုတွေကို ဆက်တိုက်ရယူနိင်ခဲ့ပါတယ်။

EPICENTER Major 2019 မှာလည်း Qualifier မှာပထမနေရာနဲ့ Qualify အစောဆုံးဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲမှာတော့ 9-12th နေရာပဲရခဲ့လို့ အဲ့ဒီအချိန်က Secret ရဲ့အနေအထားနဲ့ဆို ကျရှုံးခဲ့တဲ့ပြိုင်ပွဲ ၁ ခုဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၁ နှစ်လုံးစာခြုံကြည့်မယ်ဆိုရင်တော့ Secret တော်တော်လေးလွှမ်းမိုးနိင်ခဲ့တဲ့နှစ်လို့ပြောခဲ့ရမှာဖြစ်ပြီး မေဂျာ ၃ ခုမှာ ၁ ခုချန်ပီယံ၊ နောက် ၁ ခုမှာဒုတိယရခဲ့ပြီး ၁ ခုမှာသာကျရှုံးခဲ့လို့ပါ။

ဒါ့ကြောင့် TI9 ကို Fan Favorittes တွေထဲက ၁ သင်းအနေနဲ့ဝင်ရောက်နိင်ခဲ့ပြီး Group Stage မှာလက်စွမ်းပြနိင်ခဲ့ပေမယ့် Playoff မှာတော့ Upper Bracket Round 1 ထဲက EG ကိုရှုံးပြီး Lower ဆင်းခဲ့ရပါတယ်။

Lower မှာလည်း Mineski ကို အသည်းအသန်ကစားပြီးမှ ၂ – ၁ နဲ့နိင်ခဲ့သလို Infamous နဲ့ VG တို့ကို ၂ – ၀ တွေနဲ့ကျော်ဖြတ်နိင်ခဲ့ပေမယ့် TI7 နဲ့ TI8 ၂ ခုလုံးမှာအရှုံးပေးခဲ့ရတဲ့ Liquid ကို ၃ နှစ်ဆက်အရှုံးထပ်ပေးခဲ့ရလို့ စတုတ္ထပဲရခဲ့ပြန်ပါတယ်။

ဒါ့ကြောင့် TI9 အပြီးမှာတော့ MidOne ကို Active Roster ကနေဖယ်ရှားခဲ့ပြီး နိုဝင်ဘာလ ၄ ရက်နေ့မှာ MATUMBAMAN နဲ့အစားထိုးခဲ့ပါတယ်။

ဒါပေမယ့် MidOne နဲ့ Secret ရဲ့ရေစက်က ချက်ခြင်းမကုန်သေးပဲ ONE Esports Dota 2 World Pro Invitational Singapore ပြိုင်ပွဲမှာ YapzOr အစား Stand-in ဝင်ကစားခဲ့ပါသေးတယ်။

အောင်မြင်မှုတော့မရခဲ့ပဲ 5-6th Place နဲ့သာအဆုံးသတ်ခဲ့ပါတယ်။

ဒါပေမယ့် MidOne နဲ့ဇာတ်လမ်းအဆုံးသတ်ပြီး လူအင်အားအပြည့်နဲ့ပြန်ကစားတဲ့ Dream League Season 13 Major မှာတော့ချန်ပီယံဆုကိုရယူနိင်ခဲ့သလို WePlay! Dota 2 Tug of War: Mad Moon မှာလည်း ဒုတိယရခဲ့ပါတယ်။

အဲ့နောက်မှာတော့ ကိုဗစ်ရဲ့ရိုက်ခတ်မှုတွေကြောင့် LAN ပြိုင်ပွဲတွေမရှိတော့ပဲ Online Tournament ပဲဖြစ်သွားခဲ့ပါတော့တယ်။

Secret အနေနဲ့ အဲ့ကာလမှာတော့ Major ကနေ Online Tour ဖြစ်သွားတဲ့ ESL One Los Angeles 2020 ကလွဲရင် ပြိုင်ပွဲ ၈ ခုဆက်မှာဗိုလ်စွဲခဲ့သလို Grand Finals ပွဲစဉ်အားလုံးကိုလည်း 3 – 0 တွေနဲ့ချည်းအနိင်ယူခဲ့လို့ Secret ကြီးစိုးတဲ့ကာလလို့ ဘယ်သူမှမငြင်းနိင်အောင်သတ်မှတ်နိင်ခဲ့ပါတယ်။

Secret ရဲ့အဲ့ဒီစံချိန်ကောင်းကတော့ ESL One Germany 2020 မှာရပ်တန့်သွားခဲ့ပြီး စတုတ္တပဲရခဲ့ပါတယ်။

2020 ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ EPIC League Season 2 Division 1 မှာလည်း Qualifier ထဲကသိပ်အခြေအနေမကောင်းခဲ့သလို ပြိုင်ပွဲမှာလည်း 5-6th နေရာမှာသာရပ်တည်နိင်ခဲ့ပါတယ်။

2021 ကိုတော့ DreamLegaue Season 14 DPC EU Upper Division မှာ 1st ရပြီးအဖွင့်လှခဲ့ပေမယ့် Singapore Major မှာတော့ စတုတ္ထပဲရခဲ့ပါတယ်။

2021 DPC Season 2 မှာတော့ အခြေအနေပိုဆိုးသွားခဲ့ပြီး Region အတွင်းမှာ 4th နဲ့ Major သွားခဲ့ရပြီး Major မှာလည်း 16th နေရာမှာပဲ အရှက်တကွဲနဲ့ရပ်တည်ခဲ့ရပါတယ်။

ဒါ့အပြင် TI မတိုင်ခင်ဝင်ကစားတဲ့ ESL One Summer 2021 မှာလည်း 9 – 12th သာရခဲ့လို့ Secret ခေတ်ကုန်ပြီလားလို့တောင် ပြောခဲ့ကြပါတယ်။

လွန်ခဲ့တဲ့နှစ်တွေမှာ TI မတိုင်ခင်ပြိုင်ပွဲတွေမှာ ပြိုင်ဘက်ကင်းမင်းမူခဲ့တာတောင်မှ TI မှာပုံစံပျက်သွားလေ့ရှိတဲ့ Secret ရဲ့အစဉ်အလာကြောင့် Secret ပရိတ်သတ်တွေအနေနဲ့ TI10 မှာ သူတို့အသင်းကို မျှော်လင့်ချက်သိပ်မထားခဲ့ကြပါဘူး။

ပရိတ်သတ်တွေစိတ်ပူခဲ့တဲ့အတိုင်းပဲ TI10 Group Stage ပွဲတွေမှာ Secret ရဲ့ရလဒ်တွေကသိပ်မကောင်းခဲ့ပဲ Upper Bracket ကို ပွတ်ကာသီကာလေးပဲရောက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Puppey က သိပ်အရေးမကြီးတဲ့ပွဲတွေမှာအားသိပ်မထည့်ထားတာလို့ဖြေရှင်းခဲ့ပြီး သူ့ရဲ့စကားအတိုင်းပဲ Playoff အဆင့်မှာတော့ Secret က ပထမဆုံးအကြိမ်အဖြစ် Upper Bracket Finals ထိတက်ရောက်နိင်ခဲ့ပါတယ်။

ဒါပေမယ့် LGD ကို ၂ – ၀ နဲ့ ရလဒ်ပိုင်းအရရော၊ လက်စွမ်းအရပါပြတ်ပြတ်သားသားရှုံးနိမ့်ခဲ့ပြီး Lower ဆင်းခဲ့ရသလို LB Finals မှာလည်း ချန်ပီယံဖြစ်လာမယ့် Team Spirits ကို ၁ ပွဲအရင်နိင်ပြီးမှ ပြန်ရှုံးခဲ့လို့ တတိယနေရာနဲ့ပဲကျေနပ်ခဲ့ရပါတယ်။

Puppey အနေနဲ့ Na’Vi နဲ့ TI ဆုကို TI1 မှာရယူပြီးကတည်းကအနားတောင်မသီနိင်ခဲ့တာကြာပြီဖြစ်ပါတယ်။

ဒါကြောင့်မလို့ လူတွေတောက်လျှောက်လဲလှယ်ခဲ့ပြီးတော့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

Secret နုဲ့ အခုအချိန်ထိ TI ကိုအခုအချိန်ထိမရယူနိင်သေးပေမယ့် ၁ နှစ်ထပ် ၁ နှစ်တိုးတက်လာပြီး ဗိုလ်လုပွဲနဲ့အနီးစပ်ဆုံးအနေအထားကိုရောက်လာပြီဖြစ်ပါတယ်။

ဒါ့ေကြောင့် TI10 အပြီးမှာလည်း လူစာရင်းအပြောင်းအလဲတွေထပ်လုပ်ထားပြီး Matu နဲ့ Zai နေရာမှာ Sumail နဲ့ iceiceice တို့ကိုခေါါ်ယူအားဖြည့်ထားပါတယ်။

ဒီနှစ်မှာလည်း သူ့အနေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး Puppey အနေနဲ့သူ့ဆန္ဒတွေအမြန်ဆုံးပြည့်ဝပါစေလို့ သူ့ပရိသတ်တစ်ယောက်အနေနဲ့ရောDota ကစားသမားတစ်ယောက်အနေနဲ့ပါ ဆုတောင်းပေးလိုက်ရပါတယ်ဗျာ။

English Version

Team Secret

Team Secret was founded on 27th August 2014.

After Underperformed in TI4, Puppey Left Na’Vi Where He Played Since to Dota 1 to Create Team Secret.

Alongside Him, His Best Friend Kuroky, Swedish Star TI3 Winner s4, Fly & Notail Duo From Fnatic Who also Underperformed in TI4.

Puppey Created Team Secret with His Earnings through his career.

So You can say Team Secret is Filling with Puppey’s Sweat and Blood.

Team Secret’s Total Earning is $15,240,459 Now.

Even Though They Hadn’t Played any game in any Tournaments, Team Secret’s Reputation was already Skyrocket Due to Its Rosters.

Puppey and s4 were TI Winners Already, Kuroky was very famous Since Dota 1, Fly & Notail Duo were also Big Names.

But After Not That Long, Notail and Fly Left Team Secret and Arteezy and Zai were replacements.

After Some Rough Starts, Team Secret overwhelmed Many LAN Tournaments and They Were Fan Favourites in TI5.

But They were beaten badly by Virtus Pro and They Were Out of the Tournament.

After TI5. Only Founder Puppey Left in Team Secret.

Puppey Recircuited the New Team Members.

They Were EternalEnvy, MiSeRy, pieliedie and Public Star w33.ha!

With New Team Members, Team Secret Dominated Many LAN Tournaments Before Frankfurt Major. 

Even Though They Made it to Grand Finals, They Lost OG by 3 – 1 in Major.

They Still Underperformed in Many Tournaments after Frankfurt Major but They Won The Shanghai Major by beating Team Liquid 3-1.

It was their First Major Title for Team Secret Organization.

After That due to Some Internal Problems, They Replaced w33 and MiSeRy with Arteezy and Universe.

Their Lineup is Seriously Strong and Can even be called best in that time.

But Their Results and Performance in Manila Major 2016 are unbelievably disappointing and Universe Went Back to EG which also the same fate with Secret in Major.

BuLba Replaced Universe Position.

They Went to TI6 Open Qualifiers with that Lineup and Had Aui_2000 as Their Substitute.

But They Performed terribly at TI6.

So They Parted away with BuLba, Arteezy and EE.

MP, MidOne and Forev Came to rescue Them.

But Forev Only Played 2 Months in Secret and Left.

That is why Had to call Khezu until the end of the season.

But No achievements.

So Puppey Replaced Pieliedie with YapzOr and Changed his role to Position 5.

.This Change Improved Some Results but Not That Had Impact.

So Team Secret Had to Undergo Qualifiers to play TI7.

They Tried Step by Step and Made it to TI7, But Lost to Team Liquid.

But this defeat was not that bad for Puppey Because His Best Friend Kuroky Won TI7

Kuroky Wasn’t in Na’Vi When Puppey Won TI1.

That is why The International Title was Lacked in Kuroky’s Career.

After Team Liquid Won TI7, The One Who Embraced Tearful Kuroky Who was not related with Team Liquid was Puppey!.

After TI7, Khezu and MP were replaced by Ace and FATA in September.

In 2017-2018, Team Secret Dominated the Scene.

They Even Won DreamLeague by Beating Team Liquid 3 – 0.

But After That, Their Performance Dropped and They Barely Qualified TI8 Thanks to DPC Points They Collected earlier.

But Defeat Followed Team Secret.

They Lost EG in Upper Round 1 and Being Beaten By Team Liquid Again Lower Bracket Round 4.

As Usual, Team Secret Changed Roster Again.

They Kicked Ace and FATA and Called Their Old Teammate Zai and New Comer Nisha.

The New Roster Started Great and They got 2nd Place in KL Major and also won 2 out of 4 Tournaments and qualified for Chongqing Major in the remaining 2018.

Their 2019 Start was also fantastic with the Chongqing Major Trophy.

After Only Standing in 4th Place at DreamLeague Season 11, They won MDL Disneyland Paris Major and ESL One Birmingham 2019 Consecutively.

They Also Qualified Early EPICENTER Major 2019 with 1st Place in Qualifiers, They Only got 9 – 12th place in Main Event.

It Looks Like Failure for them since they were dominating at that time.

But We Could still Say They are best in that period because they Won one, 2nd Place in Another and Only Failed at One out of three Major Tournaments.

That is why they are fan favorites again in TI9.

They did pretty well in Group Stage but lost EG in Upper Bracket Round 1.

Mineski Gave Team Secret Very Hard Time and Fought Until Their Last Breath in Lower Bracket Round 2.

After a Closed Series, Secret Won 2-1 and also Went Through Infamous and VG 2 – 0 in Round 3 and 4.

But Again They Lost Team Liquid Who Sent them home both in TI7 and TI8 in Lower Bracket Round 5.

After TI9, Team Secret Changed Roster Once Again.

They Replaced MidOne with MATUMBAMAN.

But The Connection between Puppey and MidOne Didn’t Seem to end yet.

MidOne Played as Stand-in for ONE Esports Dota 2 World Pro Invitational Singapore for YapzOr.

After Cutting Ties with MidOne, Secret Era Had Begun!.

They Won DreamLeague Season 13 Major and 2nd Place in WePlay! Dota 2 Tug of War: Mad Moon with full Roster.

And Then Covid Crashed Everything.

There was no more LAN Tournaments and Only Online Tournaments Left.

Secret was Unstoppable in that Period.

They Won 8 Consecutive Tournaments with Grand Finals Result 3 – 0 except ESL One Los Angeles 2020 which changed from Major Status to Online Tournament.

But Secret’s Winning Streak ended in ESL Germany 2020 where they only placed 4th.

Secret also Performed in last Tournament of 2020, EPIC League Season 2 Division 1 Which They Only Secured 5-6th Place.

Their 2021 start was not that bad at all.

They were 1st place in 2021 DPC season 1.

But Only 4th place at Singapore Major.

Season 2 was Worse for them where they underperformed in Their Regional with 4th Place and Had Been Disaster in Major where only placed at 16th place.

In addition, They Only Placed 9th-12th Place in ESL One Summer which was last tournament before TI10.

That is why People were saying ‘Team Secret Era is Over”.

Due to Their Poor Performances in Last Tournaments, Team Secret Hardcore Fans Didnot expect that much for Team in TI10.

Fans Worries were not in vain because Secret’s TI10 Group Stage Performances and Results were terrible in which they had to fight until the last minute to secure Upper Bracket Slot.

But Puppey Explained ‘They are not Focus on Unimportant Matches to focus Big Matches”for the Team’s Poor Performance.

We Saw Puppey’s Words Were True After Seeing Team Secret’s Performance in Upper Brackets.

They Drove Away 2 Times TI winner and Fan Favourite OG to Lower Bracket by 2-0 in Round 1, Beat Group A Winner IG by 2-0 in Round 2 and Secured Upper Bracket Finals slot.

But They Lost Horribly to LGD and Dropped to Lower Bracket.

They met with Underdog Team Spirits Which will become Champions.

Team Secret Took a lead the Series by winning game 1.

But Lost Game 2 and 3 and They are out of the Tournament.

Team Secret’s Results in TI are getting better and better by year and they were very close to Grand Finals this year.

Puppey Won TI1 and after that He Never Had Chance to Lift the Aegis again in Last 10 Years.

He Keep Trying and Trying for his 2 Times Dream.

That is why Secret Keep Changing Rosters.

After TI10, Puppey Changed Matu and Zai with Sumail and iceiceice.

So there is no doubt Puppey Will fight for his dream this year as well and I hope Genuinely He will Achieve his goal as Both of His Fan and a Dota Player.

Leave a Reply

Your email address will not be published.