Team & Players

Tactical God Puppey

English Version Below

ပြိုင်ဘက်ကင်းနည်းဗျူဟာပါရဂူ Puppey ရဲ့အကြောင်း

(Realman – Puppey ဟာ ကျွန်တော့်ရဲ့ Favourite Player ဖြစ်သလို ကျွန်တော်ရဲ့စံပြပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။
ဒါကြောင့်မလို့ သူ့ကိုဘက်လိုက်ပြီး ရေးသလိုဖြစ်သွားရင်လည်း တောင်းပန်ပါတယ်ခင်ဗျာ)

Team Secret ရဲ့ Founder လည်းဖြစ်သလို အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ Position 5 ကစားသမား Puppey ရဲ့နာမည်အရင်းတော့ Clement Ivanov ဖြစ်ပါတယ်။

သူ့ကို ၁၉၉၀ ပြည့်နှစ် မတ်လ ၆ ရက်နေ့မှာမွေးဖွားခဲ့တာကြောင့် အခုဆိုရင် ၃၂ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။

သူဟာ အက်စ်တိုးနီးယားနိင်ငံသားဖြစ်ပါတယ်။

သူ့ရဲ့ Signature Hero သုံးကောင်ကတော့ အထူးတလည်ပြောနေစရာမလိုတဲ့ Chen ၊ သမင်မနဲ့ Boundary Hunter တို့ဖြစ်ပါတယ်။

အဲ့ဟီးရိုးတွေကို အခြားပရိုတွေတော်တော်များများ အသုံးပြုခြင်းမရှိတော့တဲ့အချိန်မှာတောင်မှ Puppey က Play style အသစ်တွေ၊ Item Build အသစ်တွေ၊ နည်းဗျူဟာအသစ်တွေနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်အောင် ကစားပြနေဆဲဖြစ်ပါတယ်။

သူ့ရဲ့ကစားသမားဘ၀ Total Earning က $3,621,387 ဖြစ်ပါတယ်။

သူ့ရဲ့ Biography ကိုမပြောခင်မှာ အားလုံးသတိထားမိကြတဲ့ သူ့ရဲ့စရိုက်ကို ပြောပြချင်ပါတယ်။

သူက Respect Ban တွေကို အရမ်းမုန်းတီးတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်ဖက်အသင်းက ကစားသမားတွေရဲ့ အကောင်းဆုံးဟီးရိုးတွေကို ဘန်းလေ့မရှိပါဘူး။

ဒါဟာရန်သူကို အားနည်းအောင်လုပ်ပြီးမှ အနိင်မယူချင်ပဲနဲ့ ရန်သူရဲ့အားအကောင်းဆုံးအချိန်မှာမှာမှ အနိင်ယူချင်တဲ့ သူ့ရဲ့မာနဖြစ်ပြီး ဒါဟာ သူကျွန်တော့်ရဲ့ Idol ဖြစ်နေရတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သူ့ရဲ့အသင်းသားတွေကို အုပ်ချုပ်တဲ့ပုံစံပါ။

သူဟာ Absolute Obedience ကိုပဲ လိုချင်တဲ့သူပါ။

သူပြောတာကို တစ်သွေမတိမ်းလိုက်နာနိင်(ချင်)တဲ့သူတွေကိုပဲ သဘောကျပါတယ်။

သူသေဆိုသေ ရှင်ဆိုရှင်ဖြစ်နေရမှာဖြစ်ပြီး အထွန့်တက်ခဲ့ရင်တော့ သူ့ဒေါသနဲ့တွေ့ပါပြီ။

W33, EE တို့နဲ့အဆင်မပြေခဲ့တာကလည်း သူ့ရဲ့ဒီလိုမျိုးအုပ်ချုပ်ပုံတွေကို မခံနိင်ကြလို့ပါ။

MidOne ကတော့ ချွင်းချက်ဖြစ်ပြီး Puppey က သူ့ကိုတော့ လွတ်လပ်ခွင့်တွေပေးခဲ့ပါတယ်။

ဒါပေမဲ့ ဟီးရိုးရွေးချယ်မှုအပိုင်းမှာသာဖြစ်ပြီး အသင်းလိုက်ကစားရွေ့လျားမှုတွေ၊ Item Build တွေမှာတော့ MidOne က Puppey ပြောတဲ့အတိုင်းပဲ လိုက်နာခဲ့ရပါတယ်။

သူ့ရဲ့ Ember ကို Buckler နဲ့ကစားတာကလည်း Puppey ရဲ့ အစီအမံတွေထဲက တစ်ခုပါ။

Puppey ရဲ့ Biography ကိုပြောမယ်ဆိုရင် သူဟာ Dota သမိုင်းမှာ အကောင်းဆုံး Captain ဖြစ်တယ်ဆိုတာကို ချန်ထားခဲ့လို့မရနိင်ပါဘူး။

ပြီးတော့ သူဟာအရေးကြီးတဲ့ပွဲတွေကို ကစားနေရင်းနဲ့တောင်မှ စမ်းသပ်မှုတွေကို ပြုလုပ်ဖို့အတွက် ဝန်မလေးတဲ့သူတစ်ယောက်ပါ။

ရှုံးနိမ့်ခဲ့ရင်တောင်မှ သူ Knowledge တစ်ခုခုရခဲ့ရင် ကျေနပ်နိင်တဲ့လူစားမျိုးပါ။

နောက်ထပ် Puppey ရဲ့လူသိနည်းတဲ့ Mindset တစ်ခုရှိပါတယ်။

သူဟာ ကစားသမားတစ်ယောက်အနေနဲ့ ဘယ် Role/Position မှာပဲကစားရကစားရ ကောင်းကောင်းကစားနိင်ရမှာဖြစ်ပြီး နိင်ပွဲရဖို့ကိုပဲ အာရုံစိုက်သင့်တယ်လို့ ခံယူထားသူပါ။

Puppey က “ ကစားသမားတွေအနေနဲ့ Carry တွေ Support တွေ Ganker တွေဆိုတာကို မေ့ထားသင့်ပါတယ်။ ဒါတွေက ဘာမှအရေးမပါပါဘူး။ တကယ်လို့ ခင်ဗျားတို့အနေနဲ့ ပွဲတစ်ပွဲကိုနိင်ချင်တယ်ဆိုရင် ဟီးရိုးတိုင်းကိုကစားနိင်ရမှာဖြစ်ပါတယ်။ ကိုယ်ကစားချင်တဲ့/ကစားနေကြဟီးရိုးကို မကစားရလို့ ကလေးတစ်ယောက်လိုမျိုးငိုကြွေးမနေသင့်ပါဘူး” လို့ လူသိရှင်ကြား ပြောခဲ့ဖူးပါတယ်။

သူရဲ့အင်္ဂလိပ်ဘာသာစကားကို ကောင်းကောင်းကျွမ်းကျင်မှုက ဥရောပမှာရှိတဲ့ အသင်းတော်တော်များများမှာ ကစားဖို့အတွက် အလွန်အထောက်အကူဖြစ်ခဲ့ပြီး ပေါင်းသင်းဆက်ဆံရေးမှာ ဝင်ဆန့်စေခဲ့ပါတယ်။

သူဟာဂီတမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပြီး သူ့အသက် ၅ နှစ်ကတည်းက သံပြိုင်တေးဆိုသူအုပ်စုတစ်စုမှ ပါဝင်ခဲ့ပြီး ၁၂ နှစ်ကြာ သီဆိုခဲ့ပါတယ်။

သူ့ရဲ့အိပ်မက်က သူ့ကိုယ်ပိုင်သံပြိုင်တေးဆိုအဖွဲ့ကို တည်ထောင်ဖို့ပါတဲ့။

သူ Dota လောကကို ဝင်ရောက်ခဲ့ပုံကတော့ အခြားကစားသမားတွေလိုပဲ Public Games တွေကို ကစားရင်းနဲ့ပါ။

သူ့အနေနဲ့ ၂၀၀၇ ခုနှစ်နွေရာသီမှာ Xero Skill(XsK) ဆိုတဲ့အသင်းကို ဝင်ရောက်ခဲ့ပါတယ်။

ဒါဟာသူ့ရဲ့ ပရိုကစားသမားဘ၀ ပထမဆုံးအသင်းဖြစ်ပါတယ်။

ဒီအသင်းမှာ Puppey အပါအဝင်ကစားသမားတွေအားလုံးက Skill ကောင်းပေမယ့် နာမည်တော့မကြီးကြပါဘူး။

ဒီအသင်းရဲ့အကြီးမားဆုံးအောင်မြင်မှုက ESL Major Series မှာ တတိယရခဲ့တာဖြစ်ပြီး အဲ့ပြိုင်ပွဲမှာ Puppey ကို ပရိုတွေက စတင်လေးစားသတိထားမိလာကြပါတယ်။

၂၀၀၈ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှာတော့ XsK ကိုဖျက်သိမ်းခဲ့ပြီး ဒါဟာ MYM PriDe #8 မှာ ကျရှုံးခဲ့ပြီးနောက်မှာ အသင်းဖော်တွေအချင်းချင်း နားလည်မှုတွေလွဲမှားခဲ့လို့ပါလို့ Puppey က ပြောခဲ့ပါတယ်။

ခဏလောက်အသင်းလက်မဲ့ဖြစ်အပြီးမှာတော့ Puppey ဟာ DreamHack Summer 2009 ကို Mouz ရဲ့ Stand-in ကစားသမားအနေနဲ့တက်ရောက်ခဲ့ပြီး ဒါဟာနာမည်ကျော် Puppey – Kuroky Bromance ရဲ့ အစလည်းဖြစ်ပါတယ်။

ဇွန်လ ၇ ရက်နေ့မှာတော့ Puppey နဲ့ Kuroky တို့ဟာ joLiE ရဲ့ဦးဆောင်မှုအောက်မှာ KingSurf ရဲ့စပွန်ဆာပေးခြင်းကိုခံရပြီး Ks.int ဆိုတဲ့နာမည်အောက်မှာ ကစားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ဇူလိုင်လအရောက်မှာတော့ Kingsurf နဲ့စာချုပ်ဖျက်သိမ်းပြီး စပွန်ဆာအသစ်ဖြစ်တဲ့ Razer.CGC ဆိုတဲ့နာမည်နဲ့ ကစားခဲ့ပါတယ်။

လူစာရင်းတွေကလည်း တောက်လျှောက်ပြောင်းလဲခဲ့ပါတယ်။

ဒါပေမဲ့ Puppey နဲ့ Kuroky ကတော့ မခွဲအတူပါပဲ။

ဒီလိုပဲ ပြိုင်ပွဲတွေကစားနေရင်း ၂၀၀၉ ခုနှစ်အောက်တိုဘာအရောက်မှာတော့ နောက်ထပ်နာမည်သစ်ဖြစ်တဲ့ AEON.int နဲ့ပြောင်းကစားခဲ့ပြီး အဲ့ဒီအချိန်မှာ အသင်းရဲ့အနေအထားကလည်း လှုပ်ခတ်လာခဲ့ပါတယ်။

MYM မှာကစားဖို့အတွက် Kuroky ထွက်ခွာသွားသလို Puppey ကလည်း တစ်ခြားအသင်းတွေအတွက် Stand-in တောက်လျှောက်ဝင်ကစားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Puppey အနေနဲ့ Skillful Player အချို့ကိုခေါ်ယူပြီးတော့ အသင်းသစ်ကို တည်ထောင်ခဲ့ပါတယ်။

အဲ့ဒီအသင်းနာမည်ကတော့ Bens Friendly Buddies ဖြစ်ပါတယ်။

MYM ကို Farm4Fame ပြိုင်ပွဲမှာအနိင်ရခဲ့ပြီးတဲ့နောက်မှာတော့ Puppey တို့အသင်းဟာ မတရားနာမည်ကြီးလာခဲ့ပါတယ်။

ဒါကြောင့်မလို့ Blight ဆိုတဲ့အဖွဲ့အစည်းက ၂၀၁၀ ဖေဖော်ဝါရီမှာ Puppey တို့ကိုစပွန်ဆာပေးခဲ့ပြီး
အသင်းနာမည်ကိုလည်း Nirvana.int လို့ ပြောင်းလဲခဲ့ပါတယ်။

ဥရောပနဲ့ အမေရိကန်တို့ရဲ့ အချိန်ခြားနားမှုပြသနာက အသင်းရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို လူသိများလာဖို့အတွက် အကြီးမားဆုံးအဟန့်အတားဖြစ်ခဲ့ပါတယ်။

Puppey အမေရိကန်ဗီဇာမရခဲ့ပြီးနောက်မှာတော့ Nirvana အနေနဲ့ Roster အသစ်ကိုဖန်တီးခဲ့ပြီး အဲ့ဒါကတော့ Nirvana.ru ဖြစ်ပါတယ်။
ဒီလိုမျိုးနှစ်သင်းခွဲလိုက်တာက အဖွဲ့အစည်းအတွင်းမှာ ပြသနာတွေအကြီးအကျယ်ဖြစ်စေခဲ့ပြီး အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ခဲ့ကာ နောက်ဆုံး Puppey အနေနဲ့ Nirvana ကနေ ထွက်ခွာလာခဲ့ပါတော့တယ်။

Puppey အနေနဲ့ New World Order ဆိုတဲ့အသင်းကို ထူထောင်ပြီးကစားခဲ့ပေမဲ့ စပွန်ဆာမရှိတာကြောင့် ငွေရေးကြေးရေးအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ပြိုင်ပွဲကြီးတွေကို ကစားနိင်ခဲ့ခြင်းတော့မရှိပါဘူး။

၂၀၁၁ ဇန်နဝါရီလ ၂၃ ရက်နေ့အရောက်မှာတော့ GG.net ကနေ NWO ကို စာချုပ်ချုပ်ဆိုခဲ့ပြီး စပွန်ဆာပေးခဲ့ပါတယ်။

ဒါပေမဲ့ ဇွန်လ ၁၇ ရက်နေ့မှာတော့ Puppey အနေနဲ့ GG.net ကိုစွန့်ခွာခဲ့ပြီး Na’VI ကို ရောက်ရှိခဲ့ပါတော့တယ်။

GG.net ကို Puppey စွန့်ခွာခဲ့ရတဲ့အကြောင်းရင်းကတော့ Lan ပြိုင်ပွဲတွေကို ကစားခွင့်မရခဲ့လို့ဖြစ်ပါတယ်။

Na’Vi မှာလက်တွဲခဲ့ရတဲ့ Puppey ရဲ့အသင်းဖော်တွေကတော့ ArtStyle, Dendi, LighTofHeaveN နဲ့ XBOCT တို့ပဲဖြစ်ပါတယ်။

Na’Vi နဲ့အတူ Dota 1 ပြိုင်ပွဲတွေဖြစ်တဲ့ ICS#8, ASUS OPEN Summer 2011 တို့ကစားခဲ့ပြီး ပြိုင်ပွဲနှစ်ခုစလုံးမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အဲ့နောက်မှာတော့ Dota 2 ကိုကူးပြောင်းခဲ့ပြီး ပထမဆုံးကစားတဲ့ပြိုင်ပွဲဖြစ်တဲ့ TI1 မှာလည်း ချန်ပီယံဖြစ်ခဲ့ပြီး ဒေါ်လာ ၁.၆ သန်းကို ရယူနိင်ခဲ့ပါတယ်။

Na’Vi နဲ့အတူ ၂၀၁၁ ကနေ ၂၀၁၃ အထိအောင်မြင်မှုတွေ အမြောက်အမြားရယူနိင်ခဲ့ပြီး TI2 နဲ့ TI3 မှာလည်း ဗိုလ်လုပွဲတွေကို တက်ရောက်နိင်ခဲ့ပါတယ်။

ဒါပေမဲ့ TI4 မှာတော့ ကျရှုံးခဲ့ပြီး Puppey လည်း ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာထွက်လာခဲ့ပြီး Kuroky, Fly, nOtail နဲ့ s4 တို့နဲ့အတူ ၂၇ ရက်နေ့မှာတော့ Team Secret ကို တည်ထောင်ခဲ့ပါတော့တယ်။

Team Secret နဲ့အတူအခြားအောင်မြင်မှုတွေအများအပြားရယူနိင်ခဲ့ပေမဲ့ TI ဆုနဲ့တော့ဝေးနေဆဲဖြစ်သလို လူစာရင်းအပြောင်းအလဲကလည်း အရမ်းများခဲ့ပါတယ်။

TI8 အပြီးမှာလည်း လူထပ်ပြောင်းခဲ့ပြီး ရာသီသစ်ကိုတိုက်ပွဲဝင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း 2019 နဲ့ 2020 တို့မှာ LAN ပြိုင်ပွဲတွေနဲ့ Online Tour ပေါင်းများစွာမှာချန်ပီယံဖြစ်ခဲ့ပေမယ့် Puppey အလိုချင်ဆုံး TI ချန်ပီယံဆုကိုတော့ ရယူနိင်ခြင်းမရှိသေးပါဘူး။

နည်းဗျူဟာပိုင်းနဲ့ပတ်သတ်ရင် ဆရာတစ်ဆူဖြစ်တဲ့ Puppey ရဲ့အကြောင်းကတော့ ဒါအကုန်ပဲဖြစ်ပါတယ်။
အောက်မှာတော့ သူ့ရဲ့ထူးခြားချက်တွေကို ဖော်ပြပေးထားပါတယ်။

Puppey ဟာ TI တိုင်းကိုကစားထားတဲ့ ၁ ဦးထဲသောကစားသမားအဖြစ် မှတ်တမ်းဝင်နေပါတယ်။

Puppey ဟာ Valve ရဲ့ Event နှစ်ခုမှာ ပထမဆုံးဗိုလ်စွဲထားသူအဖြစ် TI1 နဲ့ Shanghai Major တို့မှာဗိုလ်စွဲပြီးတော့ စံချိန်တင်ထားပါတယ်။

Puppey ဟာ Miracle နဲ့ s4 တို့နဲ့အတူ Valve မေဂျာနှစ်ခုနဲ့ TI ကိုရယူထားသူအဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။

Puppey ဟာ မေဂျာလေးခုနဲ့ TI ၃ခုတို့ရဲ့ ဗိုလ်လုပွဲတွေကို ကစားထားသူဖြစ်ပြီး ဒီမှတ်တမ်းကို ဘယ်သူမှလိုက်မှီခြင်း မရှိသေးပါဘူး။

ဒါကတော့ Puppey ရရှိခဲ့ဖူးတဲ့ တဦးချင်းဆုတံဆိပ်တွေပါ။

English Version

Tactical God Puppey

(Realman – Puppey is my favorite player and one of my role models.
I apologize for any inconvenience this may have caused)

Puppey, the founder and captain of Team Secret and Position 5 captain, is originally named Clement Ivanov.

He was born on March 6, 1990, and is now 32 years old.

He is an Estonian citizen.

His three signature heroes are Chen, who doesn’t need much talking; Echantress and Boundary Hunter.

Even when most of the other pros are no longer used these heroes, Puppey has come up with a new style of play and new item builds and still playing with exciting new tactics.

His career total earnings are $ 3,621,387.

Before I talk about his biography, let me tell you about his character that everyone noticed.

He hates Respect Ban very much and does not like to ban the best heroes of the opposing team.

It’s his pride that he does not want to defeat the enemy when they are weak and only when the enemy is at his strongest, which is one of the reasons why he is my idol.

Another is the way he governs his team.

He just wants Absolute Obedience.

He only like people who can follow what he says.

What’s not working with the W33 or EE is that it can not tolerate this kind of governance.

MidOne was the exception, and Puppey gave him freedom.

However, it is only in the selection of the heroes. and MidOne followed Puppey’s advice about how the team moves and in the item builds.

Playing his Ember with a Buckler was one of Puppey’s plans.

When it comes to Puppey’s biography, it is safe to say that he was the best captain in Dota history.

And he’s not burdened with experimenting, even playing important games.

Even if he loses, he is the kind of person who would be satisfied if he gained some knowledge.

There is another lesser-known Puppey Mindset.

He believes that as a player he can play well in any role / position and should focus on winning.

Puppey Once Said “Everyone must forget the words CARRY/SUPPORT/GANKER, this is all rubbish. If you want to be useful, to win the game, you must play on all heroes, instead of crying like a baby when you have to play carry”.

His proficiency in English has greatly helped him to play in many teams in Europe and to have extended his social life.

He is also an accomplished musician and has been a member of a choir since he was five years old, singing for 12 years.

His dream is to form his own choir.

He entered the world of Dota by playing public games like any other player.

He joined Xero Skill (XsK) in the summer of 2007.

This is the first team of his pro career.

All the players on this team, including Puppey, have good skills but not big names at that time.

The team’s biggest achievement was finishing third in the ESL Major Series, in which Puppey began to gain the respect of the pros.

Puppey claimed that XsK was disbanded on April 18, 2008, due to a misunderstanding between teammates after the failure of MYM PriDe # 8.

After a brief hiatus, Puppey attended DreamHack Summer 2009 as Mouz’s stand-in player, marking the beginning of the famous Puppey – Kuroky Bromance.

On June 7, Puppey and Kuroky were co-sponsored by KingSurf under the leadership of joLiE and played under the name Ks.int.

In July 2009, they terminated their contract with Kingsurf and played under a new sponsor, Razer.CGC.

The lineup was constantly changing.

But Puppey and Kuroky were still together.

In October 2009, he switched to a new name, AEON.int, during which time the club’s fortunes shook.

Kuroky left to play for MYM, and Puppey joined the stand-in for other teams.

Eventually, Puppey recruited some skilled players and formed a new team.

The team name is Bens Friendly Buddies.

After defeating MYM in the Farm4Fame competition, Puppey and his team became very famous.

That’s why an Org called Blight sponsored Puppey in February 2010 and the team was renamed to Nirvana.int.

The time difference between Europe and the United States was the biggest obstacle to the team’s prominence.

After Puppey was denied a US visa, Nirvana created a new roster, Nirvana.ru.

That split caused serious problems within the organization, leading to bloodshed and a runny nose, and Puppey eventually left Nirvana.

Puppey started a team called New World Order, but due to lack of sponsors, he ran into financial difficulties and was unable to play in major competitions.

On January 23, 2011, GG.net contracted and sponsored the NWO.

However, on June 17, Puppey left GG.net to join Na’VI.

Puppey left GG.net because he was not allowed to play LAN games.

Puppey’s partners at Na’Vi include ArtStyle, Dendi, LighTofHeaveN and XBOCT.

He played with Na’Vi in Dota 1 tournaments such as ICS # 8 and ASUS OPEN Summer 2011 and won both.

He then switched to Dota 2 and won the first competition, TI1, for $ 1.6 million.

With Na’Vi from 2011 to 2013, he achieved a lot of success and reached the finals in TI2 and TI3.

However, After failed at TI4, and Puppey was released on August 20, 2014, and on October 27th, he formed Team Secret with Kuroky, Fly, nOtail, and s4.

Despite many other achievements with Team Secret, TI championship is still far from over and the lineup changes are huge.

After TI8, he changed people and fought for the new season again.

However, despite winning LAN tournaments and several online tours in 2019 and 2020, Puppey has yet to win the coveted TI Championship.

This is all about Puppey, a tactical master.

Below are some of his Notable Records/

Puppey holds the record for playing every TI.

Puppey became the first winner of two Valve events at TI1 and Shanghai Major.

Puppey is also credited with acquiring TI with two Valve majors along with Miracle and s4.

Puppey has played in the finals of four majors and three TIs, and no one has yet surpassed that record.

These are the individual awards Puppey has won.

Leave a Reply

Your email address will not be published.