News

Sumail Claimed Miracle – Invoker Combo is Best

Invoker ရဲ့အကောင်းဆုံးအတွဲအဖက်ကစားသမားဟာ Miracle ဖြစ်တယ်လို့ဝန်ခံလိုက်တဲ့ Sumail

Dota 2 Player တွေမှာ Signature Hero အသီးသီးရှိတတ်ကြပါတယ်။

ပိုပြီးတော့ထူးချွန်သွားတဲ့အခါ အဲ့ဟီးရိုး ၁ ကောင်မြင်တိုင်း သူ့ကိုပါတွဲပြီးမြင်လာတတ်တဲ့အထိဖြစ်သွားတတ်ပါတယ်။

သိပ်မကြာခင်ကပြုလုပ်ခဲ့တဲ့ Live Stream ၁ ခုမှာ Team Secret ရဲ့ Carry Player ဖြစ်တဲ့ Sumail နဲ့ နာမည်ကျော် Streamer ၁ ယောက်ဖြစ်တဲ့ Gorgc တို့ဟာ ဒီအကြောင်းကိုဆွေးနွေးခဲ့ကြပြီး Sumail က Invoker နဲ့အကောင်းဆုံးအတွဲအဖက်ဖြစ်တဲ့ Player က Miracle ဖြစ်တယ်လို့ပြောလိုက်ပါတယ်။

Sumail က Miracle ဟာ သူ့အချိန်တုန်းက ထိပ်ဆုံးအဆင့်မှာရှိခဲ့ပြီး သူ့ရဲ့Invoker ကို ၂ နှစ်လောက်အတွင်းမှာ ဘယ်သူမှမယှဉ်နိင်ခဲ့ဘူးလို့ တလေးတစားချီးကျူးခဲ့တာပါ။

အဲ့နောက်မှာလည်း Sumail နဲ့ Gorgc တို့ဟာ တခြား Player တွေရဲ့အကောင်းဆုံးအချိန်တွေအကြောင်းကိုလည်း ဆက်လက်ဆွေးနွေးသွားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ မေလ ၁၅ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ Twitch Livestream မှာ Gorgc က Miracle ဟာ သူအတောက်ပဆုံးအချိန်တုန်းက သူ့ Invoker က အကောင်းဆုံးဖြစ်တယ်လို့စပြောခဲ့ပါတယ်။

အဲ့ဒါကို Sumail က Invoker နဲ့ Miracle အတွဲအဖက်က အကောင်းဆုံးဖြစ်ပြီး အဲ့ဒီ ၂ နှစ်လောက်အတွင်းမှာ ဘယ်သူမှမယှဉ်နိင်ခဲ့ဖူးလို့ ထောက်ခံခဲ့ပါတယ်။

Sumail က ဆက်လက်ပြီးတော့ လက်ရှိ CIS Rejects အသင်းမှာကစားနေတဲ့ RAMZES666 က ထာဝရအကောင်းဆုံး Carry Player ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

Sumail ကသူ့ရဲ့ပြောကြားချက်ကို Surprise ဖြစ်သွားတဲ့ Gorgc ကို အခုလိုမျိုးရှင်းပြခဲ့ပါတယ်။

“RAMZES ရဲ့ Peak Form က တခြားဘယ်ကစားသမားထက်မဆို ပိုပြီးတော့ ထွန်းတောက်ခဲ့တာပါ။

သူကတကယ့်ကိုကောင်းလွန်းခဲ့တာပါ”

Sumail ကအဲ့လိုပြောတဲ့အချိန်မှာ Gorgc က Twitch Chat က Highest Carry Peak က ဘယ်သူလဲဆိုတဲ့မေးခွန်းကို “Miracle တော့မဟုတ်တာသေချာပါတယ်။ Miracle အကောင်းဆုံးကစားနိင်ခဲ့တာက Mid မှာပါ။ Safe Lane မှာမဟုတ်ပါဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။

Gorgc ကဆက်လက်ပြီးတော့ တခြား Role တွေရဲ့ Peak အဖြစ်ဆုံးကိုပြောမယ်ဆိုရင်လည်း Miracle ကို Role တိုင်းရဲ့ထိပ်ဆုံးမှာ ထည့်သွားမှာဖြစ်ပြီး Sumail ကိုလည်း ထည့်မှာဖြစ်တယ်လို့ပြောသွားခဲ့ပါတယ်။

“Miracle ရဲ့ Peak လား။

သူက Highest Dota Peak လို့တောင်ပြောနိင်တဲ့ Player ၁ ယောက်ပါ။

သူ့အချိန်တုန်းက အားလုံးထက်ပိုကောင်းခဲ့တာပါ။

မင်းလည်း Miracle လိုပါပဲ။

မင်းရဲ့အကောင်းဆုံးအချိန်တွေမှာလည်း ရူးလောက်အောင်ကောင်းခဲ့တာပါ”

Sumail က အဲ့ဒါကို ဒီလိုပြန်တုံ့ပြန်ခဲ့ပါတယ်။

“Miracle က Mid ရော Safe Lane ပါကောင်းကောင်းကစားနိင်တဲ့ Hybrid Player ပါ။

သူ့ရဲ့ပြိုင်ဘက်တယောက်အနေနဲ့ကြည့်မယ်ဆို ကိုယ်က သူ့ထက်ပိုကောင်းခဲ့ပါတယ်။

တကယ်လို့အဲ့ဒီ List မှာ ကိုယ်မပါဘူးဆိုရင်တော့ Miracle က ကျန်တဲ့ Dota Player အားလုံးထက် ပိုပြီးမြင့်မားတဲ့အဆင့်ကိုရောက်ခဲ့တယ်လို့ ပြောနိင်ပါတယ်”

Miracle နဲ့ Sumail ကို အခုအချိန်အထိ အကောင်းဆုံး Dota Player စာရင်းမှာ ဘယ်သူမှမဖယ်ရှားရဲကြသေးပါဘူး။

ဒါပေမယ့် သူတို့ရဲ့အတောက်ပဆုံးအချိန်တွေကတော့ အသီးသီးကုန်လွန်ခဲ့ကြပြီဖြစ်ပါတယ်။

Miracle ရဲ့အကောင်းဆုံးအချိန်ကတော့ Team Liquid နဲ့အောင်မြင်မှုတွေအမြောက်အမြားရယူနိင်ခဲ့တဲ့ 2017 ကာလတွေဖြစ်ပြီး Sumail ရဲ့အကောင်းဆုံးအချိန်ကတော့ EG နဲ့လျှမ်းလျှမ်းတောက်ခဲ့တဲ့ ၂၀၁၅ ကာလတွေဖြစ်ပါတယ်။

ဒီရာသီမှာတော့ ၂ ယောက်လုံးရဲ့အသင်းတွေက ရလဒ်ကောင်းတွေနဲ့ဝေးကွာနေပါတယ်။

Miracle ဆို Nigma Galaxy နဲ့ Division II အထိပါဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။

Sumail ကတော့ Miracle လောက်အဖြစ်မဆိုးပေမယ့် ဒီရာသီမေဂျာ ၁ ခုမှကစားခွင့်မရသေးသလို လက်ရှိကျင်းပနေတဲ့ Stockholm Major ကိုလည်း ဖန်သားပြင်ပေါ်ကနေသာ ထိုင်ကြည့်နေရတာပါ။

တချိန်ကလူတိုင်းရဲ့ပါးစပ်ဖျားမှာ တသသချီးကျူးခဲ့ရတဲ့ God ၂ ပါးမကြာခင်ပြန်လာနိင်ပါစေလို့ဆုတောင်းရင်း………..

Leave a Reply

Your email address will not be published.