News

Stockholm Major Main Event Day 1 Recap

Stockholm Major Main Event Day 1 Recap

လက်ရှိကျင်းပနေတဲ့ Stockholm Major ရဲ့ Main Event Day 1 မှာတော့ Upper Bracket Round 1 ပွဲတွေပဲ ကစားခဲ့ကြပြီး Group Stage ပွဲတွေထက် ပိုမိုအကြိတ်အနယ်ရှိခဲ့ကြပါတယ်။

Playoff အဆင့်တွေက Group Stage ပွဲတွေထက် ဆုကြေးငွေရော၊ DPC ပေးအပ်မှုပါ ၁ ဆင့်မြင့်သွားတိုင်း တော်တော်ကွာခြားသွားတာဖြစ်လို့ ရေကုန်ရေခန်းနီးပါးတွေ စကစားကြပါပြီ။

Upper Bracket Round 1 ပွဲစဉ်တွေအပြီးမှာတော့ Tundra, Thunder Awaken, TSM နဲ့ Gladiators တို့ နောက် ၁ ဆင့်ကို တက်ရောက်သွားနိင်ခဲ့ပါတယ်။

Tundra Vs Team Spirit

Game 1 ကတော့ Tundra ဘက်က Lycan – Snapfire Combo က ကမ္ဘာ့ချန်ပီယံတွေကို တပွဲလုံးဒုက္ခပေးသွားခဲ့ပါတယ်။

အထူးသဖြင့် Laning Stage မှာဖြစ်ပြီး Team Spirit ရဲ့ Safe Lane က လုံး၀ Fail သွားခဲ့ပါတယ်။

Lycan Wolf တွေကို Snapfire ရဲ့ Cookie နဲ့တွဲတွဲသုံးတဲ့ Combo က ကမ္ဘာ့ချန်ပီယံ Carry Yatoro ကို ၁၀ မိနစ်အတွင်းမှာ ၂ ခေါက်သေစေခဲ့ပါတယ်။

ဒါ့ကြောင့် Roshan Timing ကိုမှီပြီးကစားရမယ့် Team Spirit Lineup က လုံးဝပျက်စီးသွားခဲ့ပြီး Late Game မှာလည်း Tundra ရဲ့ Naga ကိုဘယ်လိုမှယှဉ်မဆော့နိင်လို့ ၃၃ မိနစ်နဲ့အရှုံးပေးခဲ့ရပါတယ်။

Game 2 မှာလည်း Game 1 မှာ Mid Fail ခဲ့တဲ့ ဂျပန်ကြီးက ထပ် Fail ရုံတင်မကပဲ အလှူကြီးတွေပါပေးခဲ့လို့ Yatoro တယောက် ကျွဲရုန်း၊ နွားရုန်းပါ ရုန်းပေးခဲ့ရပါတယ်။

Team Spirit ကံကောင်းခဲ့တာက Tundra ဘက်ကဟီးရိုးအနေအထားက Main Core တွေကို Doom မထည့်နိင်ရင် ဘာမှသိပ်လုပ်လို့မရတဲ့အနေအထားကြောင့် Team Spirit က Grim + Doom Combo ကိုထိန်းချုပ်သွားနိင်ချိန်မှာတော့ Comeback နိင်ခဲ့ပါတယ်။

Game 3 မှာလည်း ဂျပန်ကြီးက Fail မြဲမြဲနေတဲ့အချိန်မှာလည်း Tundra ဘက်က Nine ရဲ့ KOTL က ၃ ယောက်စာလောက်ကို တယောက်ထဲဆော့ပြသွားခဲ့ပါတယ်။

Team Spirit အနေနဲ့ ဒီ Game 3 မှာ သူတို့ရဲ့အတွေ့အကြုံတွေနဲ့ ရသလောက်ခံဆော့ပြသွားပေမယ့် ပွဲစပြီးသိပ်မကြာခင်ထဲက ပွဲကိုထိန်းချုပ်ခံလိုက်ရတာကြောင့် ပြန်တော့မလာနိင်ခဲ့တော့ပါဘူး။

BetBoom Vs Thunder Awaken

လက်ရည်ချင်းသိပ်မကွာတဲ့ဒုတိယတန်းစားအသင်း ၂ သင်းတွေ့ကြတဲ့ဒီပွဲမှာကတော့ အဓိက Highlight လုပ်ပြစရာလေး ၁ ခုပဲရှိခဲ့ပါတယ်။

အဲ့ဒါကတော့ BetBoom က Daxak ရဲ့ Masterclass Rat Dota ပဲဖြစ်ပါတယ်။

BB က ၃ ပွဲစလုံး Nature’s Prophet ကို Carry အဖြစ်အသုံးပြုခဲ့ပြီး ဒီဟီးရိုးနဲ့သူတို့ဘယ်လောက်ထိလုပ်ပြနိင်လဲဆိုတာကို ပြသခဲ့ပါတယ်။

ဒါဆို Thunder က ဘာလို့ NP ကို ၃ ပွဲလုံးမဘန်းခဲ့တာလဲ။

အကြောင်းကတော့ Daxak ရဲ့ပိုကြောက်ဖို့ကောင်းတဲ့ Visage ကိုဘန်းခဲ့ရလို့ပါ။

NP ကို Counter ဖို့တော့ သေချာလေးပြင်ဆင်လာခဲ့ပြီး Right Click Damage အတွက် Carry TA နဲ့ Snapfire, Pugna တို့လို AoE Magic Damage ကောင်းကောင်းထွက်တဲ့ Support တွေနဲ့ Rat Dota ကို တားဆီးဖို့ကြိုးစားခဲ့ပါတယ်။

ဒါ့ကြောင့်လည်း BB တို့အခက်ကြုံခဲ့ရပြီး Game 2 ၁ ပွဲသာ အနိင်ရခဲ့ပါတယ်။

အဲ့ဒီ Game 2 မှာလည်း Thunder ကပဲပွဲကိုအသာရအောင်ကစားနိင်ခဲ့ပြီး Storm Spirit Mid နဲ့ Support Windranger တို့လို Direct Counter တွေကိုအသုံးပြုခဲ့ပြီး 40-17 Score ကိုရယူနိင်ခဲ့ပါတယ်။

ဒါပေမယ့် Kill တွေက NP ကိုတားဆီးဖို့တော့မလုံလောက်ခဲ့ပါဘူး။

အခွင့်အရေးလေးနည်းနည်းရတာနဲ့ Rat Dota ကိုအကောင်အထည်ဖော်နိင်စွမ်းရှိတဲ့ NP က မိနစ် ၃၀ ဝန်းကျင်လောက်မှာ Thunder ရဲ့ Core တွေကို သတ်ပြီး Mid Mega ကိုရယူခဲ့ပါတယ်။

နောက် ၁၀ မိနစ်ဝန်းကျင်လောက်အကြာမှာတော့ Thunder တို့ Roshan သတ်နေချိန်မှာ Throne ကိုပါ Rat နိင်ခဲ့ပါတော့တယ်။

အဆုံးအဖြတ်ဖြစ်တဲ့ Game 3 မှာလည်း BB က DP ကိုပါထပ်ဖြည့်ပြီး Pushing Power ကိုအားကောင်းအောင်လုပ်ခဲ့ပေမယ့် Carry TA ကို Support Pugna, Offlane Kunkka, Mid Batrider တို့နဲ့ထောက်ထားတဲ့ Lineup ကိုတော့ မဖြိုခွင်းနိင်ခဲ့ပါဘူး။

ဒါ့ကြောင့် Lower Bracket ကိုဆင်းပေးလိုက်ရပါတော့တယ်။

OG Vs TSM

ဒီပြိုင်ပွဲမှာအဆိုးဝါးဆုံးလက်စွမ်းတွေနဲ့ EG Group Stage မှာကျန်ရစ်ခဲ့ပြီးနောက်မှာတော့ NA ရဲ့ဂုဏ်ကိုဆောင်ဖို့က TSM ရဲ့ပခုံးပေါ်ကို ရောက်လာပါတယ်။

မယူပေမယ့်အလိုလိုရောက်လာတဲ့တာဝန်ကို TSM က OG ကို ၂ – ၀ နဲ့အနိင်ကစားပြပြီး အကောင်းဆုံးလုပ်ဆောင်နိင်ခဲ့ပါတယ်။

Game 1 ကတော့ တော်တော်လေးအပြန်အလှန်ရှိခဲ့ပြီး ပွဲချိန် ၁ နာရီနီးပါးအထိကြာမြင့်ခဲ့ပါတယ်။

ပွဲချိန် ၄၅ မိနစ်အထိ အပြန်အလှန် Team Fight တွေနဲ့ ဘယ်သူကမှအသာမရခဲ့ပဲ ဘတပြန်ကျားတပြန်ကစားနိင်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲ့ဒီနောက်မှာတော့ ပွဲချိန်ကြာလာတာနဲ့အမျှ TSM က ပွဲကိုအာရုံပိုစူးစိုက်နိင်ခဲ့လို့ အရေးပါတဲ့အခိုက်အတန့်တွေမှာ အခွင့်အရေးယူနိင်ခဲ့ပြီး နိင်ပွဲဆီကိုချဉ်းကပ်သွားနိင်ခဲ့ပါတယ်။

TSM ဘက်က Position 4 Mirana က ပုံမှန် Position 4 တွေထက် Farming ရော Damage ပါထုတ်နိင်ခဲ့ပြီး ဒါကဒီပွဲကို TSM အနိင်ရခဲ့တဲ့ Factor တွေထဲက အရေးပါတဲ့ ၁ ခုဖြစ်ခဲ့ပါတယ်။

OG ရဲ့ 2 Times TI Champion Coach ဖြစ်တဲ့ Notail ကတောင် Moon ရဲ့ Mirana ကို တွေ့ဖူးသမျှ Mirana တွေထဲမှာ အကောင်းဆုံးလို့ချီးကျူးသွားခဲ့ပါတယ်။

Game 2 Draft တွေကတော့ နည်းနည်းထူးဆန်းခဲ့ပါတယ်။

OG ဘက်က Meta Hero မဟုတ်တာကြာနေပြီဖြစ်တဲ့ Earthshaker ကိုပွဲထုတ်ခဲ့သလို TSM ဘက်ကလည်း Silencer ကြီးကိုအသုံးပြုခဲ့ပါတယ်။

Silencer က OG ရဲ့ Bane ကိုထိန်းချုပ်ဖို့အတွက်အသုံးပြုခဲ့တာဖြစ်ပြီး ဒီ Surprise Pick ကပဲ OG ကိုလုံးဝခြေမှုန်းသွားခဲ့ပါတယ်။

Bane ကိုသာမက BKB သုံးပြီးတဲ့ PA ကိုလည်း Mobility ကိုလည်း လုံးဝပျောက်လုနီးပါးဖြစ်သွားအောင် Nightstalker နဲ့ပေါင်းပြီး လုပ်နိင်ခဲ့ပါတယ်။

ဒါ့ကြောင့်လွယ်လွယ်ကူကူနဲ့ပဲ Top 6 ဝင်နိင်ခဲ့ပါပြီ။

Gladiators Vs T1

Day 1 ရဲ့နောက်ဆုံးပွဲဖြစ်တဲ့ GG နဲ့ T1 တို့ရဲ့ပွဲကတော့ စိတ်လှုပ်ရှားဖို့ကောင်းမှုအနည်းဆုံးပွဲဖြစ်ခဲ့ပါတယ်။

၂ ပွဲပေါင်းမှ ပွဲချိန် ၁ နာရီတောင်မကြာခဲ့ပဲ GG က ခပ်လွယ်လွယ်ပဲအနိင်ရခဲ့ပါတယ်။

Game 1 မှာ GG က TI10 အပြီးမှာမေ့လျော့ခံထားရတဲ့ Tiny-Lycan Combo ကိုအသုံးပြုခဲ့ပါတယ်။

Game 2 မှာလည်း Classic Zoo Lineup ကိုအသုံးပြုခဲ့ပြီး Beastmaster နဲ့ သမင်မက ၂၂ မိနစ်မပြည့်ခင်မှာအနိင်ရဖို့လုံလောက်ခဲ့ပါတယ်။

မနေ့ကပွဲမှာအနိင်ရခဲ့တဲ့ ၄ သင်းက ရှုံးနိမ့်ခဲ့တဲ့အသင်းတွေကစားတာကို ထိုင်ကြည့်ရင်း ၁ ရက်အနားရခဲ့ပါတယ်။

Tundra က Thunder နဲ့တွေ့မှာဖြစ်ပြီး TSM ကတော့ GG နဲ့တွေ့မှာဖြစ်ဖြစ်ပါတယ်။

နိင်တဲ့အသင်းတွေကတော့ Top 3 ဝင်သွားမှာပါ။

Leave a Reply

Your email address will not be published.