News

Stockholm Major 2022 Day 1 Recap

Stockholm Major 2022 Day 1 ကိုပြန်လည်ခံစားခြင်း

ကိုယ်တွေနှစ်နဲ့ချီပြီးစောင့်ခဲ့ရတဲ့ LAN ပြိုင်ပွဲကတော့ ESL One Stockholm Major 2022 နဲ့အတူ ပြန်လည်နိုးထလာခဲ့ပါပြီ။

ဒီမေဂျာကိုတော့ ဆွီဒင်နိင်ငံမှာ မေလ ၁၂ ရက်နေ့ကနေစတင်ပြီး Region အသီးသီးကအသင်း ၁၄ သင်းနဲ့အတူ စတင်ယှဉ်ပြိုင်နေပြီး Day 1 ပြီးဆုံးခဲ့ပြီလည်းဖြစ်ပါတယ်။

Day 1 ကတော့ စိတ်လှုပ်ရှားစရာရသအပြည့်ကို ပေးစွမ်းခဲ့ပြီး ကိုယ်တွေမခံစားရတာကြာပြီဖြစ်တဲ့ LAN အရသာကို ပြန်လည်ခံစားခွင့်ပေးခဲ့တယ်လို့ဆိုနိင်ပါတယ်။

ပါဝင်ကစားနေတဲ့အသင်းတွေက သူတို့ရဲ့ Flexibility ကိုပြသနိင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး Day 1 မှာတင် ဟီးရိုးအကောင် ၇၀ ဝန်းကျင်လောက် အသုံးပြုခဲ့ကြပါတယ်။

Day 1 ပွဲစဉ်တွေအပြီးမှာ Group A မှာ OG ကဦးဆောင်နေသလို Group B မှာတော့ Thunder Awaken က ဦးဆောင်နေပါတယ်။

ဘာတွေဘယ်လိုဖြစ်ခဲ့လည်းဆိုတာကို ၁ ချက်လောက်ကြည့်ရအောင်လား။

Group A

Group A ရဲ့အနေအထားကို ၁ ခွန်းထဲပြောရရင်တော့ လက်ဝါးစောင်းထက်နေတဲ့ OG နဲ့ Storm Spirit နဲ့ကြမ်းတိုက်နေတဲ့ EG လို့ပဲပြောရပါမယ်။

OG မှာ အသင်းခေါင်းဆောင် Misha က ဗီဇာပြသနာတွေကြောင့် မေဂျာမပါလာပါဘူး။

ဒါ့ကြောင့် အနားယူနေတဲ့ 2 Times TI Champion ကြီး Ceb က ကလေးတွေနဲ့အတူ Position 5 ဝင်ကစားပေးနေရပါတယ်။

ဒါပေမယ့်လည်း ဒါက OG ရဲ့စွမ်းဆောင်ရည်ကောင်းတွေကိုမြင်ရဖို့အတွက် အဟန့်အတားတော့မဖြစ်ခဲ့ပါဘူး။

Beastcoast ကို ၂ – ၀ နဲ့ခပ်လွယ်လွယ်ပဲအနိင်ရခဲ့သလို လက်ရှိ SEA Giant ဖြစ်တဲ့ BOOM နဲ့မှာလည်း Game 1 ကိုအရှုံးပေးခဲ့ရပေမယ့် Game 2 မှာပုံစံကောင်းတွေနဲ့ ပြန်အနိင်ယူနိင်ခဲ့ပါတယ်။

သူတို့ရဲ့ Draft ရော ကစားပုံတွေရောက တော်တော်လေးစိတ်ကျေနပ်စရာကောင်းပါတယ်။

EG ကတော့ ရိုးရိုးသားသားပြောရရင် သူတို့ Roster နဲ့ယှဉ်လိုက်ရင် သူတို့လက်စွမ်းက ရပ်ကွက်အဆင့်ပဲရှိပါတယ်။

ဒါက တကောင်ထဲပြေးရတဲ့ NA မှာပဲအိမ်ကျယ်လုပ်နေရာကနေ အိမ်ကျယ်တောင်မလုပ်နိင်တော့တဲ့အနေအထားထိရောက်ပြီးမှ မနည်းပြန်ဆွဲတင်ထားရတဲ့ EG ရဲ့ International အဆင့်ပြိုင်ပွဲ ပွဲဦးထွက်ပါ။

လူစာရင်းအရ Big Name တွေအများကြီးပါပေမယ့် အခြေအနေအရပ်ရပ်ကြောင့် EG ကို သူတို့ Hardcore Fan တွေကိုယ်တိုင်က သိပ်အများကြီးတော့ နဂိုထဲကမမျှော်လင့်ထားခဲ့ကြပါဘူး။

ဒါပေမယ့်ဒီလောက်ထိအခြေအနေဆိုးမယ်လို့လည်း ဘယ်သူမှမထင်ခဲ့ကြပါဘူး။

၂ ပွဲကစား ၂ ပွဲလုံးကို ၂ – ၀ နဲ့ရှုံးခဲ့လို့ ရမှတ်ဗလာနဲ့ Group A မှာကြမ်းတိုက်နေရသလို လက်စွမ်းကလည်း Major လာကစားနေတာနဲ့မတူပဲနဲ့ ရပ်ကွက်ထဲမှာ ဂိမ်းဖိုးရှင်းကြေးလိုက်ဆော့နေတဲ့ပုံတွေပါ။

အဓိကတရားခံကတော့ Storm Spirit မပါရင် Draft မလုပ်တတ်တော့တဲ့ Bulba ကြောင့်ဆိုတာ အငြင်းပွားဖွယ်ရာမရှိပါဘူး။

Group A ရဲ့နောက်ထပ် Remarkable ဖြစ်စရာကတော့ EEU Division II ကနေ Major ထိရောက်လာတဲ့ Winstrike တဖြစ်လဲ BetBoom Team ရဲ့အားရစရာအခြေအနေတွေပါ။

သူတို့ရဲ့ Draft က Hero Pool ကျယ်ပြန့်သလို သူတို့ယူတဲ့ Draft တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်း ကောင်းကောင်းနားလည်ပြီး လိုအပ်သလိုကစားပြနိင်ပါတယ်။

ရလဒ်ကတော့ BOOM ကိုရော Beastcoast ကိုရော သရေကစားပြီး ၂ မှတ်စုဆောင်းထားနိင်လို့ စောင့်ကြည့်သွားရပါမယ်။

Group B

Group A မှာ WEU က မျက်နှာသစ်တွေနဲ့ဖွဲ့စည်းထားတဲ့ OG ကလုပ်ပြနေသလို Group B မှာလည်း WEU က မျက်နှာသစ်အသင်းပဲဖြစ်တဲ့ Gladiators တွေကလည်းလုပ်ပြနေပါတယ်။

ပွဲဦးထွက်ဖြစ်တဲ့ TSM နဲ့ Game 1 မှာရုန်းကန်ခဲ့ရပေမယ့် Game 2 မှာတော့ လုံးဝလွှမ်းမိုးနိင်ခဲ့ပြီး မိနစ် ၃၀ မပြည့်ခင်မှာတင်အနိင်ရခဲ့ပါတယ်။

အဲ့နောက်မှာ SEA က Fnatic ကို ၂ – ၀ နဲ့အပြတ်အုပ်ထားတဲ့ ကမ္ဘာ့ချန်ပီယံ Team Spirit နဲ့တွေ့ခဲ့လို့ အားလုံးကခက်ခဲမယ့်ပွဲလို့ ခန့်မှန်းခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အံ့အားသင့်ဖို့ကောင်းစွာပဲ 2 – 0 နဲ့အနိင်ယူပြခဲ့ပါတယ်။

ဒီရှုံးပွဲက ကမ္ဘာ့ချန်ပီယံတွေအတွက် လတ်တလောမှာ တော်တော်လေးအမှတ်ရနေစေမယ့်ရှုံးပွဲလည်းဖြစ်ပါတယ်။

Mind Games အသင်းရဲ့ ဆွီဒင်ကိုအချိန်မှိမလာနိင်မှုကြောင့် DQ ရထားတဲ့ Thunder Awaken က တပွဲမှမကစားရသေးခင်မှာတင် Group B အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ထိုင်ခွင့်ရခဲ့ပါတယ်။

ဒါပေမယ့် သူတို့က အင်အားနည်းတဲ့ SA Region က လာပေမယ့် ဒီမေဂျာမှာအိမ်ဖြည့်လာလုပ်တာမဟုတ်ဖူးဆိုတာကို Liquid ကို ၂ – ၀ နဲ့အနိင်ယူပြပြီး ပြသခဲ့ပါတယ်။

Game 1 ကတော့ တော်တော်လေးကြည့်ကောင်းခဲ့ပြီး ဘတပြန်ကျားတပြန်တိုက်ပွဲတွေနဲ့ ရသစုံပေးခဲ့ပါတယ်။

3 Lane Mega Comeback ကိုတောင်မြင်တွေ့ခဲ့ရပြီး မိနစ် ၅၀ လောက်မှာ Thunder က အနိင်ရခဲ့ပါတယ်။

Game 2 မှာလည်း သူတို့ယူတဲ့ Draft ရဲ့ Timing ကို ကောင်းကောင်းသိပြီး အချိန်ကိုက်လုပ်စရာရှိတာလုပ်နိင်ခဲ့လို့ Liquid ကို ၃၉ မိနစ်နဲ့အနိင်ရခဲ့ပါတယ်။

Day 1 က စွမ်းဆောင်ရည်တွေအရ နောက်ရက်တွေမှာလည်း ပိုမိုစိတ်လှုပ်ရှားစရာပွဲစဉ်တွေကို ကျိန်းသေမျှော်လင့်လို့ရပြီး EG, Liquid တို့ ဘယ်လိုမျိုးပြန်လာနိင်မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.