Gaming Knowledge

Some tips about MMR Reset

English Version Below

MMR Reset အကြောင်း သိကောင်းစရာအချို့

MMR ဆိုတာက Dota 2 ကိုအတိုင်းအတာ ၁ ခုလောက်အထိတန်ဖိုးထားတဲ့သူတိုင်းအတွက် အရေးပါအရာရောက်တဲ့အရာ ၁ ခုပါ။

(ကျွန်တော်ဆို MMR ဆိုတာ ကိုယ့်ရဲ့ဂုဏ်သိက္ခာလို့ပါခံယူထားသူပါ)

ဘာလို့လည်းဆိုတော့ MMR ပေါ်မူတည်ပြီး Dota Player ၁ ယောက်ရဲ့ Skill Level ကို သတ်မှတ်ကြတာကြောင့်ပါ။

အဲ့ဒီမှာ ကျွန်တော်လို ကိုယ့်ကိုယ်ပိုင် MMR အစစ်အမှန်ကိုတန်ဖိုးထားတဲ့သူတွေနဲ့ MMR များရင်ပြီးရော ဘယ်နည်းနဲ့ပဲများများဆိုတဲ့လူတွေဆိုပြီး ၂ မျိုးခွဲလို့ရပါတယ်။

MMR များရင်ပြီးရောဆိုတဲ့သူတွေက MMR ကို တကယ်တန်ဖိုးထားတဲ့သူတွေဖြစ်ဖို့ခဲယဉ်းပြီး သူတို့ရဲ့အဓိကရည်ရွယ်ချက်က သူတို့သူငယ်ချင်းတွေနဲ့ ဆန့်ကျင့်ဘက်လိင်တွေရှေ့မှာ ကြွားဝါဖို့ပါပဲ။

အဲ့တော့အကောင့်ဝယ်တာတွေ၊ Boost လုပ်တာတွေလုပ်ဖြစ်ပြီး MMR စနစ်ကြီးကိုဖျက်ဆီးကြပါလေရော။

သူတို့ကြောင့် ကိုယ်တွေလို ကိုယ့် MMR ကို ဂုဏ်သိက္ခာ ၁ ခုလိုအလေးထားတဲ့သူတွေက အကြီးအကျယ်ဒုက္ခရောက်ရပါတယ်။

ဒါပေမယ့်လည်း အခုအခါမှာတော့ အဲ့ဒါကိုအနည်းငယ်ကုစားနိင်မှာလေးလာပါပြီ။

ဟုတ်ပါတယ်။

MMR Reset ပါ။

MMR Recalibration က သိတဲ့အတိုင်းပဲ TBD ၁၀ ပွဲပြန်ကစားရတာပါ။

အဲ့ ၁၀ ပွဲမှာ MMR အများကြီးတက်သွားတာလည်း ဖြစ်နိင်သလို အများကြီးကျသွားတာလည်းဖြစ်နိင်ပါတယ်။

ရှိရင်းစွဲ MMR ကနေသိပ်မပြောင်းလဲသွားတာလည်းရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၁၀ ပွဲထဲနဲ့ MMR ၅၀၀ – ၁၀၀၀ လောက်ထိပြောင်းလဲသွားနိင်တဲ့အခွင့်အရေးဖြစ်လို့ ကံစမ်းမဲနဲ့ဆင်တူတာတော့ အမှန်ပါပဲ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က 7.31 Patch ထွက်ရှိခဲ့ပါတယ်။

Patch အသစ်နဲ့အတူပါဝင်လာခဲ့တာကတော့ Player တွေသစ်ကုလားအုတ်လည်ပင်းလောက်ဖြစ်အောင်စောင့်ခဲ့ရတဲ့ MMR Reset ပဲဖြစ်ပါတယ်။

ပုံမှန်ဆို ၆ လ ၁ ခါလောက် Reset လုပ်ခဲ့ပေမယ့် အခုတခေါက်ကတော့ Covid ကြောင့် ၂ နှစ်နီးပါးအကြာမှ Reset လုပ်ခဲ့တာပါ။

ဒါ့ကြောင့်လူတော်တော်များများကလည်း အခုကစလို့ MMR Reset ဟာ Patch အသစ် ၁ ခုထွက်မှသာ ၁ ခါလုပ်တော့မှာဖြစ်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။

TBD ၁၀ ပွဲဆော့ပြီး MMR များများထွက်အောင် ဘယ်လိုဆော့ရမလဲဆိုတာကို တတ်နိင်သမျှအကြံပြုရမယ်ဆိုရင်တော့ အဲ့ ၁၀ ပွဲမှာ ပွဲရှုံးရင်တောင် ကိုယ့်လက်ကချွန်ထွက်နေအောင်ကစားပါ။

ဒါက Core မှမဟုတ်ပါဘူး။

Support တွေလည်း Support အလျှောက်တာဝန်ကျေအောင် ဆော့နိင်တာလည်းပါဝင်ပါတယ်။

အဲ့ဒါကိုဘာလို့ပြောတာလည်းဆိုတော့ အရင့်အရင် MMR Reset တွေမှာ ၁၀ ပွဲလုံးရှုံးတာတောင် လက်စွမ်းကောင်းတွေကိုပြသနိင်ခဲ့လို့ MMR မကျတဲ့အပြင် အများကြီးတက်သွားတဲ့သာဓကတွေရှိခဲ့လို့ပါ။

ဒါ့ကြောင့် လက်ရှိမှာ ဆေးတွေကြောင့် Low Rank ရောက်နေရရင် စိတ်ဓာတ်မကျပါနဲ့။

အကောင်းဆုံးလက်စွမ်းတွေနဲ့ MMR Reset လုပ်ပြီး MMR တွေကိုပြန်ရယူလိုက်ပါ။

ကျွန်တော်ရေးထားတဲ့ MMR တက်ရေး Guide လေးတွေက ဘဒိုတို့ကိုအတိုင်းအတာ ၁ ခုအထိအကူအညီပေးနိင်မယ်လို့မျှော်လင့်ပါတယ်။

အောက်မှာ Link တွေချပေးထားမယ်နော်။

Herald တစ်ယောက်ကိုပေးခဲ့တဲ့ Purge ရဲ့ MMR တက်ရေးအကြံပေးစကားများ >>> Purge’s Advice to Herald Player to Improve MMR – Real Gaming Myanmar

MMR တက်ဖို့အတွက် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးအချက်(၅)ချက် >>> 5 Secrets to Gain MMR – Real Gaming Myanmar

အားလုံးပဲ MMR တွေ တက်ကြပါစေဗျာ။

English Version

Some tips about MMR Reset

MMR is an important part of everyone who values ​​Dota 2 to some degree.

(I also consider MMR to be my dignity)

This is because the skill level of a Dota player is determined based on MMR.

There are two types of people, like me, who value their own real MMR and those who only care to have a lot of MMR in anyways.

People who only care to have a lot of MMR are less likely to really appreciate MMR, and their main goal is to flex in front of their friends and the opposite sex.

So, buying an account or Boosting MMR is destroying MMR system.

Because of them, people like us who value our MMR as a dignity suffer greatly.

But now it’s a bit of a cure-all.

Yes.

MMR Reset.

As MMR Recalibration knows, 10 TBD games have to be played again.

In those 10 matches, MMR may have increased or decreased a lot.

There is not much change from the existing MMR too.

However, it is like a lottery, as it is an opportunity to change 500-1000 MMR in 10 matches.

The 7.31 patch was released on February 24th.

What comes with the new patch is the MMR Reset that players have been waiting for very long time.

Normally it was reset every 6 months, but this time it was reset almost two years later due to Covid.

Therefore, many people are speculating that from now on, MMR Reset will only be done once a new patch is released.

If you have any suggestions on how to get more MMR after playing 10 TBD games, then keep your skills sharp even if you lose those 10 matches.

This is not only by playing Cores.

Support also includes playing to fulfill responsibilities.

This is because the previous MMR Resets showed good performances can help you to increase a lot even after losing all 10 matches, and there was evidence that the MMR did not decrease and increased a lot.

So, if you are currently in the low rank due to toxic players, do not be discouraged.

Reset MMR with best skills and get MMR back.

I hope the MMR training guides I have written can help you to some extent.

Below are the links.

Purge’s Advice to Herald Player to Improve MMR >>> Purge’s Advice to Herald Player to Improve MMR – Real Gaming Myanmar

5 Secrets to Gain MMR >>>5 Secrets to Gain MMR – Real Gaming Myanmar

Lets go to higher MMR!.

Leave a Reply

Your email address will not be published.