News

Some Fun Facts about ESL Stockholm Major 2022

ESL One Stockholm Major 2022 ရဲ့ Fun Fact တချို့

ESL One Stockholm Major 2022 ကတော့ OG ရဲ့ချန်ပီယံဖြစ်မှုနဲ့အတူ ပြီးဆုံးသွားခဲ့တာ ၁ ပတ်လောက်ရှိပါပြီ။

ဒီမေဂျာက 2021-20222 DPC Season ရဲ့ပထမဆုံးမေဂျာဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် ၂ နှစ်လောက်ကြာမှပထမဆုံးပြန်မြင်ခွင့်ရတဲ့ LAN Major လည်းဖြစ်ပါတယ်။

ဒီလိုမျိုးအကြာကြီးစောင့်ခဲ့ရတာနဲ့တန်အောင်လည်း Stockholm Major က ရင်ခုန်စိတ်လှုပ်ရှားဖွယ်ပွဲစဉ်တွေ၊ ဖျော်ဖြေမှုအပြည့်ပေးနိင်တဲ့ပွဲစဉ်တွေနဲ့ ပရိတ်သတ်တွေကို စိတ်ကျေနပ်မှုပေးနိင်ခဲ့ပါတယ်။

ဒါ့ကြောင့် ဒီပြိုင်ပွဲမှာတွေ့ခဲ့ရတဲ့စိတ်ဝင်စားဖွယ်အချက်အလက်တချို့ကို စုစည်းပြီးတော့ ဖော်ပြပေးလိုက်ပါတယ်။

မြင်နေကြသူတွေကြီးပဲမဟုတ်တော့ခြင်း

ဒီမေဂျာမှာ အသင်းသစ်တွေရော၊ ကစားသမားသစ်တွေရောကို အများကြီးမြင်တွေ့ခွင့်ရခဲ့ပါတယ်။

ကစားသမားသစ်တွေထဲမှာကိုမှ တော်တော်လေးငယ်ရွယ်ပြီးအတွေ့အကြုံမရှိသူတွေအများအပြားပါဝင်ပြီး Major လိုအဆင့်ပြိုင်ပွဲကို ပထမဆုံးအကြိမ်ကစားခွင့်ရသူတွေလည်း ထုထည်အပြည့်ပါပဲ။

ဒီပြိုင်ပွဲဟာ Valve ကကြီးမှူးကျင်းပတဲ့ Event ထဲမှာပထမဆုံးအချိန်အဖြစ် Upper Bracket Finals မှာ EG, OG, Team Secret, Nigma နဲ့ Liquid တို့မပါဝင်တဲ့ပြိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒါ့ကြောင့် Puppey, Kuroky, Arteezy နဲ့ Notail တို့မပါဝင်တဲ့ပြိုင်ပွဲအဖြစ်လည်း အလိုလိုစာရင်းပေါက်ခဲ့ပါတယ်။

Secret ရော Nigma ပါ Qualify မဖြစ်တဲ့ဒီပြိုင်ပွဲမှာ(Nigma ဆို Division II ပါဆင်းသွားရ) EG လည်း Group Stage ကပဲထွက်ခဲ့ရသလို Liquid လည်း သိပ်ကြာကြာတော့မခံသွားခဲ့ပါဘူး။

ဒတ်ချ်တွေအတွက်ဂုဏ်ယူစရာပြိုင်ပွဲ

ဒီမေဂျာမှာ Covid ပြသနာတွေထပ်ဖြစ်နေတဲ့ CN Region ၁ ခုလုံးမပါဝင်ခဲ့ပေမယ့် နိင်ငံပေါင်း ၂၅ နိင်ငံက Player တွေပါဝင်ခဲ့တာဖြစ်လို့ တကမ္ဘာလုံးကိုကိုယ်စားပြုတဲ့ပြိုင်ပွဲ ၁ ခုဖြစ်ခဲ့တယ်လို့တော့ ဆိုနိင်ပါတယ်။

Gaiman Gladiator ရဲ့ Position 5 ဖြစ်သူ Seleri အတွက်က ဒီပြိုင်ပွဲဟာ အများကြီးအရေးပါခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၈ နှစ်တာအတွင်းမှာ Valve=sponsored Event ကိုပထမဆုံးအကြိမ်တက်ရောက်ခွင့်ရခဲ့တဲ့ ဒတ်ချ်ကစားသမားဖြစ်ခဲ့လို့ပါ။

Seleri နဲ့ GG တို့ဟာ ဒီပြိုင်ပွဲမှာ စတုတ္ထရယူနိင်ခဲ့လို့ ဂုဏ်မငယ်ခဲ့ပါဘူး။

ဒတ်ချ်ကစားသမားတွေထဲမှာ Seleri မတိုင်ခင်နောက်ဆုံးထွန်းပေါက်ခဲ့တာကတော့ Singsing ဖြစ်ပြီး 2014 ခုနှစ်တုန်းက Cloud 9 နဲ့အတူ TI4 ကိုဝင်ကစားခွင့်ရပြီး 6th Place ရခဲ့တာပဲဖြစ်ပါတယ်။

Position စုံသွားခဲ့တဲ့ Jabz

Pro Player တော်တော်များများက Role ၁ ခုထဲကိုပဲ စွဲစွဲမြဲမြဲကစားလေ့ရှိပါတယ်။

ဥပမာအနေနဲ့ Dendi ဆို သူ့ရဲ့ကစားသမားဘဝအစထဲကနေ နေဝင်တဲ့အချိန်အထိ Mid ၁ ခုထဲပဲစွဲစွဲမြဲမြဲကစားခဲ့ပါတယ်။

ဒါပေမယ့်လည်း Role ပြောင်းကစားတဲ့ကစားသမားတွေလည်း ရှားတော့မရှားပါဘူး။

Core ကနေ Core ၊ Core ကနေ Support ၊ Support ကနေ Core ၊ Support ကနေ Support ကို အသင်းလိုအပ်ချက်အရဖြစ်စေ ကစားသမားကိုယ်တိုင်ကပြောင်းလဲချင်လို့ဖြစ်စေ ပြောင်းလဲကစားကြလေ့ရှိပါတယ်။

ဒါပေမယ့် Jabz လိုမျိုး ရှိသမျှ Position အကုန်ဆော့တဲ့ကစားသမားကတော့ တော်တော်ရှားပါတယ်။

မှတ်တမ်းတွေအရဆို Jabz မတိုင်ခင်မှာ ၁ ယောက်ပဲရှိပြီး Misery ဖြစ်ပါတယ်။

Misery အနေနဲ့ TI1 မှာ Position 1, TI2 မှာ Mid, Frankfurt Major မှာ Offlane, TI4 မှာ Position 4 နဲ့ TI3 နဲ့ TI5 တို့မှာ Position 5 ကစားပြီး စံချိန်တင်ထားခဲ့တာပါ။

၂၀၁၅ နောက်ပိုင်းဘယ်သူမှမလုပ်တော့တဲ့ဟာကို Jabz က ၂၀၂၂ မှာထပ်လုပ်ပြခဲ့ပါတယ်။

South America Region ရဲ့တောက်ပလာမှု

SA Region လို့ပြောလိုက်ရင် ကိုယ်တွေ Dota 2 Community ကလူတွေက အားအနည်းဆုံး Region အဖြစ်အလွယ်တကူပဲသတ်မှတ်လေ့ရှိပါတယ်။

တကယ်လည်းမှန်ခဲ့ပါတယ်။

SA Region ရဲ့ Playstyle တွေက တခြား Region တွေထက်စာရင်အားနည်းမှုတွေရှိသလို စပွန်ဆာကောင်းတွေလည်း သူတို့မှာ ရှားပါးပါတယ်။

ဒါပေမယ့် Stockholm Major 2022 မှာ SA အသင်းတွေပြသခဲ့တဲ့လက်စွမ်းတွေအရ အဲ့လိုပြောဖို့ခက်သွားပါပြီ။

ဒီလိုမျိုးတောက်ပဖို့အတွက် SA တို့အနေနဲ့ နှစ်ပေါင်းများစွာကြိုးစားရုန်းကန်ခဲ့ရပြီး TI ဝင်ခွင့်ရဖို့တောင် တော်တော်ကြာခဲ့ပါတယ်။

2021 မှာတော့ SA အသင်းတွေ TI10 ကစားခွင့်ရခဲ့ပါတယ်။

ဒီမေဂျာမှာလည်း TI11 အတွက် SA အသင်းတွေအဆင်သင့်ဖြစ်နေပြီဆိုတာကို Beastcoast နဲ့ Thunder Awaken တို့က ၂ သင်းလုံး Top 6 ဝင်ပြပြီး သံချောင်းခေါက်သံပေးခဲ့ပါတယ်။

ဒါ့အပြင် SA Player တွေက ဘယ်လောက်ထိကောင်းနေပြီလဲဆိုတာကို SA အသင်းမှာမဟုတ်ပေမယ့် NA အသင်း TSM နဲ့အတူ Grand Finals ထိရောက်ခဲ့တဲ့ Timado ကပြသခဲ့ပါသေးတယ်။

NA တွေလည်း မခေကြောင်းဆက်ပြနိင်ခဲ့တဲ့ပြိုင်ပွဲ

NA Dota 2 Scene ကလည်း SA Region လောက်အခြေအနေမဆိုးရင်တောင်မှ ဘယ်သူသိပ်စောက်ဖက်လုပ်နေမယ့် Scene တော့မဟုတ်ပါဘူး။

NA ကိုလှောင်ထားတဲ့ Meme တွေ၊ ဟာသာတွေဆိုတာကလည်း မမြင်ချင်အဆုံးပါပဲ။

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ NA က ဟာသလုပ်ခံနေရသလို Weak တော့ဖြစ်မနေဘူးဆိုတာကို အချက်အလက်တွေကပြသနေပါတယ်။

အကြောင်းကတော့ NA အသင်းတွေအနေနဲ့နောက်ဆုံးမေဂျာ ၄ ကြိမ်ဆက်တိုက် Grand Finals အထိတက်ရောက်နိင်ခဲ့လို့ပဲဖြစ်ပါတယ်။

ESL One Stockholm Major 2022: TSM
WePlay AniMajor 2021: EG
One Esports Singapore Major 2021: EG
DreamLeague Season 13 Leipzig Major 2020: EG

Ceeeeeeeeeb

Dota 2 အသိုင်းအဝိုင်းကဖြစ်ပြီးတော့ Ceb ဆိုတဲ့နာမည်မကြားဖူးဘူးဆိုရင်တော့ တကယ်တောသားပါပဲ။

အဲ့လိုမျိုးလောက်ထိပြောနိင်လောက်ရအောင်လည်း Ceb က OG Fan တွေသာမကပဲ Dota 2 Community ကလူတိုင်းရဲ့နှလုံးသားကို သိမ်းပိုက်ထားနိင်စွမ်းရှိပါတယ်။

Ceb အနေနဲ့ Dota 2 Pro Scene ကို 2011 ထဲကဝင်ရောက်ခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ကစားသမားဘဝအစပိုင်းရော အလယ်ပိုင်းပါသိပ်တောက်ပခဲ့ခြင်းမရှိပါဘူး။

ဒါ့ကြောင့် Active Player အဖြစ်တောင်သိပ်မရှိတော့ပဲ တဖြေးဖြေးမှေးမှိန်လာခဲ့ပါတယ်။

ဒါပေမယ့် ကံပါရင်ဘယ်သူမှတားလို့မရဘူးဆိုတဲ့အတိုင်းပဲ Ceb တောက်ပမယ့်နေ့တွေကလည်းရောက်လာခဲ့ပါတယ်။

2016 ခုနှစ်မှာ OG ကို Coach အနေနဲ့စတာဝန်ယူခဲ့ပြီး Frankfurt, Manila, Boston, Kyiv Major တွေမှာ ချန်ပီယံဖြစ်အောင်ကူညီပေးနိင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် TI8 မစခင်မှာတော့ ကစားသမားအပြောင်းအလဲမုန်တိုင်းနဲ့ကြုံတွေ့ခဲ့ရလို့ ဘတ်လပိုင်လိုက်သွားတဲ့ OG နဲ့ Notail တို့ကိုကူညီဖို့အတွက် ကစားသမားအဖြစ်ဝင်ရောက်ခဲ့ပါတယ်။

အဲ့နောက်မှာတော့ TI8 နဲ့ TI9 တို့မှာ သမိုင်းဝင်အောင်မြင်မှုအဖြစ် TI ချန်ပီယံဆုကို ၂ ကြိမ်ဆက်ရယူနိင်ခဲ့ပြီး ကစားသမားဘဝကနေအောင်မြင်စွာအနားယူနိင်ခဲ့ပါတယ်။

အဲ့နောက်မှာလည်း Misha ရဲ့ဗီဇာပြသနာကြောင့် Stockholm Major 2022 ကို Player အနေနဲ့ တကျော့ပြန်ဝင်ကစားပြီး ချန်ပီယံထပ်ဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် Ceeeeeeeeeeeeeb ဆိုတာကိုမသိတဲ့ Dota 2 Community ကလူဆိုတာ တောသားလို့ပြောတာပါ။

လက်ရှိအချိန်မှာတော့ DPC 2021-2022 Season ရဲ့ Last Tour ဖြစ်တဲ့ Tour 3 Summer Tour ကိုမစတင်ခင်မှာ ခဏလောက် Break ယူထားကြပါတယ်။

Tour 3 က လာမယ့်ဇွန်လ ၆ ရက်နေ့မှာစမှာပါ။

ဒီရာသီရဲ့နောက်ဆုံးမေဂျာဖြစ်တဲ့ Arlington Major ကို အမေရိကန်နိင်ငံ Texas မှာ သြဂုတ်လ ၄ ရက်နေ့ကနေ ၁၄ ရက်နေ့မှာကျင်းပြသွားမှာဖြစ်ပြီး TI11 ကိုတော့ အောက်တိုဘာလမှာ စင်ကာပူနိင်ငံမှာကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.