News

Some Famous People views on the new patch

English Version Below

Patch အသစ်အပေါ်နာမည်ကျော်တို့ရဲ့အမြင်တချို့

ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ရှိခဲ့တဲ့ 7.31 Patch မှာတော့ အပြောင်းအလဲတွေအများကြီးလုပ်ထားတာပါ။

မဖတ်ရသေးတဲ့သူတွေအောက်က Link တွေမှာသွားဖတ်လို့ရပါတယ်။

General – 7.31 Change Log: General – Real Gaming Myanmar

Items – 7.31 Update Change Log: Items – Real Gaming Myanmar

Heroes – 7.31 Change Log: Heroes – Real Gaming Myanmar

ဒီ Patch မှာ Dota 2 ရဲ့ 123th ကောင်မြောက်ဟီးရိုးဖြစ်တဲ့ Primal Beast ကိုမိတ်ဆက်ခဲ့သလို မြေပုံနဲ့ Economy ပြောင်းလဲမှုအသေးစားလေးတွေလုပ်ခဲ့သလို Neutral Creep တွေကိုလည်း တော်တော်လေးပြောင်းလဲထားပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့ Patch ကဟီးရိုးတွေကိုလည်း Buff သင့်တာ Buff ပြီး Nerf သင့်တာတွေ Nerf ထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ Update က ကာလ ၁ ခုအကြာမှထွက်ရှိလာခဲ့တာဖြစ်လို့ Dota 2 Community က အရမ်းကိုမျှော်လင့်နေခဲ့ကြတာပါ။

အခု Update က အပြင်ပန်းကြည့်ရင်တော့ တော်တော်ကောင်းတဲ့ပြောင်းလဲမှုတွေကိုလုပ်ထားတာဖြစ်ပေမယ့် အတွင်းပိုင်းမှာတော့လိုအပ်ချက်တွေရှိနေသေးတာဖြစ်ပါတယ်။

အဲ့ဒီအပေါ်ကို Dota 2 Community က နာမည်ကျော်တွေဘယ်လိုတွေပြောထားကြတယ်ဆိုတာကို ၁ ချက်ကြည့်ရအောင်။

Cr1t

EG ရဲ့ Position 4 ဖြစ်သူ Cr1t က သူ့ရဲ့ Livestream မှာ အခုပြောင်းလဲမှုတွေက မလုံလောက်သေးကြောင်းနဲ့ ဒီထက်ပိုကောင်းသင့်ကြောင်းကို ပြောသွားပါတယ်။

ဒါပေမယ့်လည်း Cr1t က

” ဆိုးတော့မဆိုးပါဘူး။

ဒီအပြောင်းအလဲတွေက Competitive ပွဲတွေကို ရည်ရွယ်ပြီးတော့ ပြောင်းလဲထားတာတော့မဟုတ်ပါဘူး။

ဒါက သာမန်ကစားသမားတွေအတွက်ပဲရည်ရွယ်ပြီးတော့လုပ်ပေးထားတာပါ။

ဒါ့ကြောင့်အခုအပြောင်းအလဲတွေက Competitive ကပွဲတွေကိုတော့ ဘာသက်ရောက်မှုမှရှိမှာမဟုတ်ပါဘူး” လို့ ထပ်ပြောသွားခဲ့ပါတယ်။

Fly

Talon Esports နဲ့လမ်းခွဲထားပြီး အသင်းလက်မဲ့ဖြစ်နေတဲ့နာမည်ကျော်ကစားသမား ၁ ဦးဖြစ်တဲ့ Fly ကတော့ နောက်ထပ်လူပုံစံမဟုတ်တဲ့ Hero အသစ်ဖြစ်တဲ့ Primal Beast အတွက်ကျေနပ်နေပြီး New Patch ကအပြောင်းအလဲတွေအတွက်တော့ သိပ်ရင်မခုန်မိဘူးလို့ Twitter မှာပြောထားပါတယ်။

Quinn(CCnC)

Quinn ကတော့ Water Rune တွေနဲ့ Mid က Small Camp လေးတွေကို Nerf ထားတဲ့ Patch အသစ်ကိုထုတ်ပေးဖို့တောင်းဆိုထားတာဖြစ်ပါတယ်။

အခု Patch ရဲ့အပြောင်းအလဲတွေက သေးငယ်လွန်းပြီး ဘာမှမထိရောက်ဖူးလို့လည်းဝေဖန်ထားတာပါ။

သူတို့ Mid Player တွေအနေနဲ့ Water Rune ကိုပြောင်းလဲပေးဖို့ကိုတောင်းဆိုလာတာ ၂ နှစ်လောက်ရှိပြီဖြစ်ပြီး အခုထိဘာမှမလုပ်ပေးလို့ စိတ်ညစ်နေရတယ်လို့လည်းပြောထားပါတယ်။

Topson

OG နဲ့ TI ၂ ခါဆက်ယူခဲ့ပြီး အခုချိန်မှာမိန်းမနားပဲကပ်နေတဲ့သခင်ကြီး Topson ကလည်း Techies ရဲ့အပြောင်းအလဲကလွဲပြီး Hero အပြောင်းအလဲတွေက သုံးစားမရဘူးလို့ သူ့ရဲ့ Livestream မှာပြောသွားခဲ့ပါတယ်။

ဒါ့အပြင် Item အသစ်တွေအကုန်လုံးကလည်း အမှိုက်တွေလို့ပြောသွားခဲ့ပါတယ်။

Gorgc

နာမည်ကျော် Streamer ၁ ယောက်ဖြစ်တဲ့ Gorgc ကလည်း Valve အနေနဲ့ အချိန် ၁ ခုထိကြာနေပြီဖြစ်တဲ့ Courier Bug ကိုအခုထိမပြင်သေးတဲ့အတွက် တော်တော်လေးစိတ်ပျက်နေပါတယ်။

အဲ့ Bug ကဘာလဲဆိုတော့ Courier ကို ကိုယ့်ဟီးရိုးဆီ Item ပို့ခိုင်းရင် ကိုယ့်ဟီးရိုးဆီလာပို့ရမယ့်အစား အဲ့လိုလာပို့ခိုင်းခဲ့တဲ့နေရာကိုပဲရောက်သွားပြီး ရပ်နေတာပါ။

ပြန်တွေးကြည့်မှ အဲ့ Bug မျိုး ကိုယ်လည်းဖြစ်ဖူးပါတယ်။

အစကတော့ ကိုယ်မှားနှိပ်တယ်ပဲထင်နေတာ။

Ephey

နာမည်ကျော် Dota 2 Analyst ဖြစ်တဲ့ Ephey ကတော့ တိုတိုတုတ်တုတ်ပဲ Update မှာ ဘာ Map Change မှလုပ်မထားဘူးလို့ပြောထားတာပါ။

Dendi

Dendi ကတော့ စစ်ပွဲတွေကြားထဲမှာ သူ့ Pudge ပါ Nerf ခံရလို့ လောင်နေပါတယ်။

SirActionSlacks

နာမည်ကျော် Content Creator ၁ ယောက်ဖြစ်တဲ့ SirActionSlacks ကလည်း Techies ရဲ့ Rework ကို တော်တော်လေးစိတ်ပျက်မိကြောင်းကို Detail ပြောသွားခဲ့ပါတယ်။

သူ့ရဲ့အဆိုအရ Techies ဟာ အခုအချိန်မှာ Community ထဲကလူတော်တော်များများကိုပျော်ရွှင်စေမှာဖြစ်ပေမယ့် သူ့လိုမျိုး Techies ရဲ့ အားလုံးနဲ့ကွဲထွက်နေတဲ့ပုံစံကိုသဘောကျတဲ့သူတွေအတွက်တော့ မရှိတော့သလိုခံစားရကြောင်းကို ရင်နာစွာနဲ့ပြောထားတာပါ။

Lyrical

နာမည်ကျော် Dota 2 Commentator ၁ ယောက်ဖြစ်တဲ့ Lyrical ကတော့ သူအရမ်းကြိုက်တဲ့ Darkseer က အခုဆို Hero Creep Unit တွေကို Ion Shell တင်လို့ရပြီဖြစ်လို့ Visage လိုကောင်မျိုးနဲ့တွဲရင် တော်တော်ကြမ်းမယ့် Combo ဖြစ်ကြောင်းကို ဝမ်းသာစွာနဲ့ Tweet ထားတာပါ။

PPD

TI Winner ဟောင်း ၁ ယောက်ဖြစ်တဲ့ PPD ကတော့ Techies ကိုပွဲတိုင်းမြင်ရတဲ့အတွက် Annoy ဖြစ်နေပုံပါပဲ။

Purge

Purge ကတော့ Update က သတ်မှတ်ထားတဲ့ 23 Feb မှာပဲ ထွက်ရှိခဲ့လို့ ဝမ်းသာနေပါတယ်။

Update အသစ်မှာ Bug တွေအများကြီးရှိနေပေမယ့် Purge ကတော့ ထွက်ရမယ့်နေ့မှာမထွက်လာတာနဲ့စာရင် Bug တွေပါတာက ပြသနာမဟုတ်ဖူးလို့ ယူဆနေတာပါ။

Purge က Valve အနေနဲ့ Update ဘယ်နေ့မှာဖြစ်မလဲဆိုတာကို အတိအကျကြေငြာထားခဲ့တာကြောင့် Patch အသစ်ကိုမြန်မြန်ထုတ်ဖို့တွန်းအားတွေဖြစ်စေခဲ့တယ်လို့လည်းဆိုပါတယ်။

Community ရဲ့အသံကို ပမာဏ ၁ ခုအထိနားထောင်ပြီးတဲ့နောက်မှာ Positive ထက် Negative အမြင်တွေကပိုများနေခဲ့တာကို တွေ့ရမှာပါ။

ဒါပေမယ့်လည်း ထွက်တာရက်ပိုင်းပဲရှိသေးတဲ့အပြင် Competitive ပွဲတွေလည်းမလာသေးလို့ ပြင်ဆင်ဖို့အချိန်တော့ရှိနေပါသေးတယ်။

ဘဒိုတို့အမြင်လေးတွေလည်း Comment မှာပြောခဲ့ကြပါလား။

English Version

Some Famous People views on the new patch

The 7.31 patch that was released a few days ago has a lot of changes.

If you haven’t read it yet, you can read it at the links below.

General – 7.31 Change Log: General – Real Gaming Myanmar

Items – 7.31 Update Change Log: Items – Real Gaming Myanmar

Heroes – 7.31 Change Log: Heroes – Real Gaming Myanmar

The patch introduces Dota 2’s 123rd hero, the Primal Beast, and makes minor map and economic changes, as well as major Neutral Creep changes.

In addition, the heroes of the previous patch should buff and nerf what should be buffed and nerfed.

However, the Dota 2 community has been waiting for this update for some time.

This update makes some nice changes on the outside, but there are still some internal requirements.

Let’s take a look at what Famous People from the Dota 2 Community have to say about that.

Cr1t

EG’s Position 4 Cr1t says in his livestream that the changes are not enough and should be better.

But Cr1t- added

“But it’s fine, it’s not a bad patch, I think.
It’s not really targeted for competitive which I think is not great.
It’s pretty much targeted for the general average player.
All the changes are not going to change much in competitive,”.

Fly

Fly, who has parted ways with Talon Esports and free agent, said on Twitter that he was pleased with the new nonhumanoid hero, Primal Beast, and he was not thrilled with changes.

Quinn (CCnC)

Quinn has called for the release of a new patch that nerfed Water Runes and Mid Small Camp.

The patch changes have been criticized as too small and underwhelmed.

Mid Laners have been asking to change the Water Rune for two years and are still frustrated that nothing has been done.

Topson

Topson, who is 2 times TI champion and currently with his family, said on his Livestream that hero changes are underwhelming except for Techies.

He also said that all new items are trash.

Gorgc

Gorgc, a well-known streamer, is also frustrated that Valve has not yet fixed the Courier Bug, which has been around for some time.

The bug is that if you ask the courier to send an item to your hero, instead of sending it to your hero, it will end up at the place where you were asked to send it.

That Bug also happened to me.

At first, I thought I had made a mistake.

Ephey

Well-known Dota 2 analyst Ephey has said briefly that no map changes have been made in the update.

Dendi

Dendi, meanwhile, is upset due to his Pudge Nerf in the midst of the war.

SirActionSlacks

SirActionSlacks, a well-known content creator, also detailed the techies’ rework.

He said that while reworked techies may be making a lot of people happy in the community right now, it’s a pain in the ass for people like him who like Techies’s all-encompassing style.

Lyrical

Lyrical, a well-known Dota 2 commentator, tweeted that his favorite, Darkseer, is now able to put Ion Shells on Hero Creep Units, which would be a strong combo with something like Visage.

PPD

PPD, a former TI winner, seems to be Annoy because he sees Techies every game.

Purge

Purge said he was happy the patch arrived on time – on 23rd Feb.

Despite the general outcry about the bugs in the patch, Purge said that he personally found it better to have it on a set date with bugs rather than wait for it indefinitely.

According to him, a promised date encourages Valve to complete the patch faster.

After listening to the voices of the community to a certain extent, you will find that there are more negative views than positive ones.

However, it has only been a few days since the release and there is still time to prepare as there are no competitive events yet.

Did you share your thoughts in the comments?

Leave a Reply

Your email address will not be published.