News

Some emotional voices from the post-match interview between BOOM and Dyrachyo

English Version Below

BOOM နဲ့ Dyrachyo တို့ရဲ့ ပွဲပြီးအင်တာဗျူးမှ ခံစားချက်စကားသံတချို့

မနေ့ကကစားခဲ့တဲ့ WEU Regional Finals Grand Finals မှာ အောက်အသင်းလို့ပြောနိင်တဲ့ Gaimin Gladiators က ၃ – ၁ ဆိုတဲ့ရလဒ်နဲ့ချန်ပီယံဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာပြုလုပ်ခဲ့တဲ့ post-match winner’s interview မှာတော့ GG ရဲ့ Mid Player BOOM နဲ့ Carry Player dyrachyo တို့ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ WEU မှာအကောင်းဆုံးအသင်းဖြစ်လာတဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောပြသွားခဲ့ပါတယ်။

Dyrachyo က သူတို့အောင်မြင်မှုအတွက်ပျော်ရွှင်တယ်လို့ပြောခဲ့ပေမယ့် BOOM ကတော့ အဲ့လိုမဟုတ်ပါဘူး။

BOOM က သူတို့ရဲ့အောင်မြင်မှုက တခြား Region ကအသင်းတွေနဲ့ယှဉ်ပြိုင်ခဲ့ရခြင်းမရှိတဲ့အတွက် ဘာမှမဟုတ်သေးဘူးလို့ ပြောသွားခဲ့တာပါ။

Gladiators အနေနဲ့ Grand Finals မှာ အကောင်းဆုံး Performance တွေကိုပြသနိင်ခဲ့ပြီး သူတို့ထက်အဆမတန်အင်အားကြီးသလို ပြိုင်ဘက်အသင်းတိုင်းကို ၂ – ၀ နဲ့အနိင်ယူချေမှုန်းပြလာခဲ့တဲ့အတွက် ဗိုလ်စွဲမယ်လို့ Favor ပေးခံခဲ့ရတဲ့ Team Liquid ကို ၃ – ၁ ဆိုတဲ့ရလဒ်နဲ့ပါ အနိင်ယူပြခဲ့တာဖြစ်ပါတယ်။

အဲ့လိုမျိုးအသင်းအပြင် Tundra နဲ့ OG တို့လိုမျိုး WEU မှာ အသင်းသစ်ဖြစ်တဲ့သူတို့အသင်းထက်အင်အားပိုကြီးတဲ့အသင်းတွေကို အနိင်ရခဲ့တာက တကယ်စိတ်ကျေနပ်စရာပါ။

ဒါပေမယ့် BOOM ကတော့ ဒီဟာကဘာမှမဟုတ်သေးပဲ LAN မှာ တခြား Region ကအသင်းတွေနဲ့ကစားချင်သေးကြောင်းကို အခုလိုပဲပြောပြသွားခဲ့ပါတယ်။

“ဒါကဘာမှကိုမဟုတ်ပါဘူး။

ကျွန်တော်တို့က EU(WEU) မှာလက်ရှိအကောင်းဆုံးဆိုတာမှန်ပါတယ်။

ဒါပေမယ့် တကမ္ဘာလုံးကအကောင်းဆုံးအသင်းတွေပါဝင်တဲ့ LAN ပြိုင်ပွဲတွေမှာ ၁ ခုခုမလုပ်ပြနိင်သေးသရွေ့ ကျွန်တော်တို့ဘာကောင်မှမဟုတ်သေးပါဘူး။

ကျွန်တော့်အနေနဲ့ ကျွန်တော့်ဘဝတလျှောက်လုံးမှာ LAN ပြိုင်ပွဲ ၁ ခါမှမကစားဖူးသေးပါဘူး။

ဒါ့ကြောင့်တခြား Region ကအသင်းတွေနဲ့လည်း မကစားဖူးသေးပါဘူး။

EU ကအသင်းတွေနဲ့ပဲ ပတ်ကစားနေရတာ ၂ နှစ်တောင်ရှိနေပါပြီ။

ကျွန်တော်ပျင်းလာပါပြီ။”

BOOM အနေနဲ့ GG Liquid ကိုအနိင်ရခဲ့တဲ့ Grand Finals Series ရဲ့ Game 3 နဲ့ 4 မှာ Storm Spirit နဲ့ တော်တော်ကောင်းခဲ့တာဖြစ်ပါတယ်။

IO ရဲ့အကူအညီနဲ့ ကျားကိုအတောင်ပံတပ်ထားတဲ့သူ့ရဲ့ Storm Spirit ဟာ ၂ ပွဲပေါင်း Kill 30 ထိရခဲ့ပြီး Gladiators ကို ချန်ပီယံဖြစ်စေခဲ့တာဖြစ်ပါတယ်။

Carry ဖြစ်သူ dyrachyo ကတော့ WEU ရဲ့အကောင်းဆုံးအသင်းဖြစ်လာခြင်းအပေါ်ကို “ကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့လို့ အရမ်းပျော်နေပါတယ်”လို့ ၁ ခွန်းပဲပြောသွားခဲ့တာဖြစ်ပါတယ်။

တခြားငယ်ရွယ်တဲ့ရုရှား Player တွေအတိုင်းပဲ Dota ကစားနေရရင်ကို ပျော်နေတဲ့ပုံပါ။

ဒီအောင်မြင်မှုကို ဘယ်လိုအောင်ပွဲခံမှာလဲလို့မေးခဲ့ရာမှာလည်း Public ပွဲတွေကစားရင်းပဲအောင်ပွဲခံမယ်လို့ ပြန်ဖြေသွားခဲ့တာပါ။

Dyrachyo ရဲ့အဖြေကို BOOM ကရယ်မောပြီး သူကတော့ ၁ ပတ်လောက်ဂိမ်းဆော့ဖြစ်မှာမဟုတ်ပဲ သူ့သူငယ်ချင်းတွေနဲ့လျှောက်လည်မယ်လို့ပြောသွားခဲ့ပါတယ်။

ဒီ Regional Finals တွေမစခင်က ကျွန်တော်သုံးသပ်ခဲ့တဲ့အတိုင်းပဲ Team Tickles က TI10 ပြီးမှစဖွဲ့ခဲ့တာဖြစ်ပေမယ့် အလားအလာတွေအများကြီးရှိလို့ Grand Finals တနေရာစာတော့ သေချာတယ်လို့ပြောခဲ့တာပါ။

သူတို့က ချန်ပီယံပါဖြစ်သွားတာကတော့ ပိုပြီးထူးရှယ်ဖြစ်သွားတာပေါ့။

ဒီ ၃ – ၄ လအတွင်းမှာကိုပဲ သူတို့ရဲ့လက်စွမ်းတိုးတက်လာမှုက တကယ်အံအားသင့်စရာပါ။

အဲ့လိုမျိုး Potential တွေရှိလို့လည်း Gladiators က စာချုပ်ချုပ်ခဲ့ပြီး အဲ့လိုယုံကြည်မှုနဲ့လည်း ထိုက်တန်အောင် Regional Finals မှာလုပ်ပြနိင်ခဲ့ပါတယ်။

အဲ့လိုအောင်မြင်မှုကို ကောင်းကောင်းကစားပြနိင်ခဲ့တဲ့ Player တွေအပြင် နောက်ကွယ်ကနေထိန်းကျောင်းပေးနေတဲ့ Coach ဖြစ်သူ Immortal Faith ရဲ့ အရေးပါအရာရောက်မှုကလည်း မေ့ထားလို့မရပါဘူးခင်ဗျာ။

English Version

Some emotional voices from the post-match interview between BOOM and Dyrachyo

The Gaimin Gladiators won the WEU Regional Finals Grand Finals 3-1 yesterday.

In a post-match winner’s interview after the match, GG’s Mid Player BOOM and Carry Player dyrachyo expressed their feelings about becoming the best team in the fiercely competitive WEU.

Dyrachyo said they were happy with their success, but BOOM was not.

BOOM said their success was nothing as they did not have to compete with teams from other regions.

Gladiators did their best in the Grand Finals, beating everyone favourite Team Liquid 3-1 to win the title.

It’s really satisfying to see GG beat teams like Tundra and OG which are stronger teams than their new team at WEU.

But BOOM has said that this is nothing but that he still wants to play with teams from other regions on the LAN.

“It doesn’t mean much.

It just means that we are the best team in EU right now but until we prove ourselves at an international LAN or something, you know, where the teams from the whole earth play.

You know, I was never on a LAN in my life actually.

I never played against teams from other regions.

I am playing against EU teams only for two years already.

Kinda boring,”

BOOM was pretty good with Storm Spirit in Game 3 and 4 of the Grand Finals Series, which beat Liquid.

With the help of the IO, his Storm Spirit gained 30 Kill total in two matches, making Gladiators the champion.

Carry dyrachyo commented on becoming best teams in WEU: “I am happy that we win. That’s all.”

Like other young Russian players, he seems to enjoy playing Dota.

When asked how he would celebrate this victory, he replied that “just playing some pubs.”

BOOM laughed at Dyrachyo’s answer and said he would not be playing pubs for a week but would be hanging out with his friends.

As I considered before these Regional Finals, Team Tickles was formed after TI10, but with a lot of potential, the Grand Finals are definitely in place.

It’s even more amazing that they became champions.

In just three or four months, their skills have grown exponentially.

With such potential, Gladiators signed a contract and they were able to perform well at the Regional Finals to earn that trust.

The role of Immortal Faith, the coach behind the scenes, is not to be missed.

Leave a Reply

Your email address will not be published.