News

Some Dota 2 Pro Player Voices on New Patch

English Version

New Patch အပေါ် Pro Player တို့ရဲ့စကားသံအချို့

Dota 2 7.31 Patch ဟာ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ဆီရောက်လာတော့မှာပါ။

တိတိကျကျပြောရရင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာပါ။

ကိုယ်တွေ Dota 2 အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် Update အကြီးမရှိခဲ့တာ ကာလ ၁ ခုထိရှိခဲ့ပါပြီ။

ဒါ့ကြောင့် ဒီ Meta ဒီ Hero တွေကြီးပဲ ပတ်ကစားနေခဲ့ရတာလည်း တော်တော်ကြာပါပြီ။

အဲ့ဒါကိုထုတ်ခဲ့တဲ့ Balance Update လေးတွေကလည်း ဘာမှမလုပ်ပေးနိင်ခဲ့ပါဘူး။

အဲ့တော့ တနေ့တနေ့ Pro Scene မှာရော Public ပွဲတွေမှာပါ ဒီအကောင်တွေကြီးပဲမြင်နေရတာကလည်း တော်တော်စိတ်ပျက်ဖို့ကောင်းခဲ့တာပါ။

တခါလာလည်း Bara + Grim တခါလာလည်း QoP ဆိုတာကြီးက Dota ရဲ့အနှစ်သာရကိုလျော့ကျသလိုခံစားရပါတယ်။

ဒါပေမယ့်ကံကောင်းတာက အဲ့ဒါတွေအကုန်လုံးက လာမယ့်ရက်ပိုင်းအတွင်းမှာပဲအဆုံးသတ်တော့မှာပါ။

Patch အသစ်လာတော့မှာဖြစ်လို့ပါ။

အဲ့ဒီ 7.31 Patch အသစ်မှာ Pro Player တွေက ဘာတွေမျှော်လင့်ထားလဲဆိုတာကို ပြောထားတာတချို့ရှိပါတယ်။

ရသလောက်စုစည်းပေးလိုက်ပါတယ်။

Ori

VG ရဲ့သက်တော်ရှည် Mid Player ဖြစ်ခဲ့ပြီး လက်ရှိမှာ Burning ရဲ့ Aster မှာကစားနေတဲ့ Ori ကတော့ တကယ်လို့သူသာပြောင်းလဲခွင့်ရှိမယ်ဆိုရင် Water Rune တွေကို 7.31 မှာ ဖယ်ရှားစေချင်နေတာပါ။

သူ့လိုပဲ Topson လည်းပြောခဲ့ဖူးပြီး Water Rune တွေက ကိုယ်ကအသာရနေရင်တောင် Balance ပြန်ဖြစ်အောင်လုပ်ပေးနိင်လို့ဖြစ်မယ်ထင်ပါတယ်။

Mira

လက်ရှိ TI10 ချန်ပီယံအသင်းဖြစ်တဲ့ Team Spirit ရဲ့ Position 4 ဖြစ်သူ Mira ကလည်း လာမယ့် Patch မှာ ဘာတွေကိုမျှော်လင့်ထားလဲဆိုတာကိုပြောပြခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ Marci ကို နည်းနည်း Nerf စေချင်ပါတယ်။

Marci ကို ကျွန်တော် Position 4 အနေနဲ့ ကစားချင်ပေမယ့် သူကလက်ရှိမှာကြမ်းလွန်းနေပါတယ်။

တကယ်လို့ Marci သာ Balance Hero ဖြစ်လာရင် ကစားရတာတော်တော်ပျော်ဖို့ကောင်းတဲ့ဟီးရိုးဖြစ်လာမှာပါ။

နောက်ပြီးတော့ Tinker နဲ့ Techies ကိုလည်း Dota 2 ထဲမှာမရှိစေချင်တော့ပါဘူး။

တဖက်အသင်းက Tinker ပါတဲ့ပွဲတွေကိုကစားရတာ ကျွန်တော်အရမ်းပင်ပန်းနေပါပြီ”

(Mira က Techies ကိုဘာလို့မရှိစေချင်လည်းဆိုတာမပြောသွားပေမယ့် Techies က Tinker ထက်ပိုဆိုးလို့ဆိုတာ နားလည်ကြမယ်ထင်ပါတယ်)

AME

လက်ရှိတရုတ်မှာအကောင်းဆုံးအသင်းဖြစ်သလို ပူပူနွေးနွေး CN Regional Finals ချန်ပီယံအသင်းဖြစ်တဲ့ LGD ရဲ့ Carry Player AME ရဲ့ Patch အသစ်အပေါ်ထားတဲ့မျှော်လင့်ချက်တွေကတော့ နည်းနည်းထူးဆန်းပါတယ်။

AME က Update အသစ်မှာ Mid Lane ကိုပါ မရှိစေချင်တော့တာပါ။

AME က

” ကျွန်တော့်အနေနဲ့ Icefrog ကို Mid Lane ကိုဖြုတ်ပေးစေချင်ပါတယ်။

Mid မှာ ဟီးရိုး ၆ ကောင်လောက်ချနေကြတဲ့မြင်ကွင်းတွေကို မမြင်ချင်တော့ပါဘူး။

ဒါ့အပြင် ကျွန်တော်တို့ Game ထဲမှာ Forest Line လေးကိုလည်းထည့်ပေးစေချင်ပါတယ်။

Roshan ကိုလည်း အလယ်တည့်တည့်ကိုရွေ့ပြီးတော့ Roshan Respawn Time ကိုလည်း အချိန် ၁ ခုသတ်သတ်မှတ်မှတ်လေးလုပ်ပေးစေချင်ပါတယ်”လို့ ပြောသွားခဲ့တာပါ။

Nikobaby

Alliance ရဲ့လယ်ထွန်စက်ကြီး Niko ကတော့ အင်တာဗျူး ၁ ခုမှာ Alliance ရဲ့အကြောင်းပြောရင်းနဲ့ Patch အသစ်အကြောင်းကိုလည်း နည်းနည်းပြောသွားတာပါ။

“ကျွန်တော်တို့အသင်းအနေနဲ့ လူစာရင်းအသစ်အတွက်ပြင်ဆင်နေတုန်းပါ။

ကျွန်တော်ကတော့ Carry နေရာမှာ ဆက်ရှိသွားမှာပါ။

Patch အသစ်မှာ သူတို့ဘာပြောင်းလဲလည်းဆိုတာ ကျွန်တော်ဂရုမစိုက်ပါဘူး။

မြေပုံကိုပဲပြောင်းပြောင်း Roshan တည်နေရာကိုပဲရွေ့ရွေ့ လုပ်ချင်တာလုပ်ပါစေ။

သူတို့ဘာလုပ်လုပ် ကျွန်တော်ကတော့ လိုက်ရောညီထွေဖြစ်အောင်ကစားမှာဖြစ်လို့ပါ”

အပေါ်မှာဖော်ပြခဲ့တာတွေကတော့ Patch အသစ်အပေါ်ကိုထားတဲ့ Pro တွေရဲ့စကားသံလေးတချို့ပါ။

ဘဒိုတို့ရောဘာတွေမျှော်လင့်ထားလဲဆိုတာကို Comment မှာပြောခဲ့ကြပါဦး

English Version

Some Dota 2 Pro Player Voices on New Patch

The Dota 2 7.31 patch will be coming to us soon.

Specifically, on February 23rd.

Dota 2 has not had a major update for some time.

That’s why this Meta has been playing around only with these heroes for a long time.

The Balance Updates that released it did nothing.

So it’s very frustrating to see these heroes every day in both Pro Scene and pubs.

Sometimes Bara + Grim, sometimes QoP feels like the essence of Dota is missing.

But fortunately, it will all end in the coming days.

Because a new patch is coming.

The new 7.31 patch has some specs about what Pro players expect.

I collected as many as I could.

Ori

Ori, a longtime VG longtime Mid Player and currently playing for Burning’s Aster, wants Water Rune removed at 7.31 if he has the right to change.

Like Topson once said, I think Water Rune can help you balance even if you have the lower hand.

Mira

Position 4 of Team Spirit, the current TI10 champions, also spoke about what to expect in the upcoming patch.

“I want Marci to be a little nerf.

I want to play Marci as Position 4, but she is too strong at the moment.

If Marci were to become a Balance Hero, it would be a lot of fun to play.

And I don’t want Tinker and Techies to be in Dota 2 anymore.

“I’m tired of playing against Tinker.”

(Mira doesn’t say why he doesn’t want Techies, but I think you understand that Techies is worsen than Tinker.)

AME

Expectations for the new patch for LGD’s Carry Player AME, currently the best team in China and CN Regional Finals champions, are a bit strange.

AME does not want the new update to include Mid Lane anymore.

AME said

“I want Icefrog to remove the mid.

I don’t want to see 6 heroes fighting in the mid lane.

We also need to add a forest line to the game, as well as move Roshan to the center and add an accurate timer for his respawn.”

Nikobaby

In an interview, the Alliance’s Niko talked a little bit about the Alliance and the new patch.

“We’re still in the [matchmaking] process.

That’s all I can say.

I stay on carry.

They can change the map, Roshan’s spawn location… It doesn’t really matter what they charge, I’ll adapt to it anyway.”

Here are Some Dota 2 Pro Player Voices on New Patch

One thought on “Some Dota 2 Pro Player Voices on New Patch

Leave a Reply

Your email address will not be published.