News

Skiter Admitted Tundra Played like Heralds in Stockholm Major

Tundra ဘာလို့ Stockholm Major ကနေ Herald တွေလိုကစားပြီးထွက်ခဲ့ရတာလည်းဆိုတာကိုပြောပြလိုက်တဲ့ Skiter

ပြီးခဲ့တဲ့ ESL One Stockholm Major 2022 မှာ Tundra က အငြင်းပွားဖွယ်မရှိလူကြိုက်အများဆုံးအသင်းပါ။

အဲ့လိုကြိုက်ရအောင်လည်း Tundra ရဲ့ပြိုင်ပွဲမတိုင်ခင်မှာပြသခဲ့တဲ့လက်စွမ်းတွေရော၊ Group Stage မှာပြသခဲ့တဲ့လက်စွမ်းတွေက ပြိုင်ဘက်ကင်းခဲ့ပါတယ်။

Playoff အဆင့်မှာလည်း လက်စွမ်းတွေပြနိင်ခဲ့ပေမယ့် Live Audience တွေနဲ့ကစားရတဲ့ပွဲတွေမှာတော့ ၂ ပွဲဆက်တိုက်ရှုံးနိမ့်ပြီးတော့ ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။

ဒီလိုမျိုးရုတ်တရက်ကြီး ပြောင်းလဲသွားရတဲ့အကြောင်းတွေကို Skiter က DPC Tour 3 အဖွင့်ပွဲအပြီးမှာပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောပြခဲ့ပါတယ်။

Skiter ရဲ့အဆိုအရ သူတို့အသင်းဟာ Stockholm Major 2022 ရဲ့အချိန်ကာလအပိုင်းအခြားတော်တော်များများမှာ သက်တောင့်သက်သာဖြစ်ခဲ့ပေမယ့် Live Crowd Pressure နဲ့ကစားရချိန်မှာတော့ သူတို့ဟာ Herald တွေလိုမျိုးကစားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ပရိတ်တွေရှေ့မှာမကစားရခင်အထိ Performance ကောင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကစားနိင်ခဲ့ပါတယ်။

ဒါပေမယ့် Live Crowd ရှေ့ရောက်တဲ့အခါမှာ Tundra ၁ သင်းလုံးက Herald တွေစုထားတဲ့အသင်းလိုဖြစ်သွားခဲ့ပါတယ်။

ကျွန်တော်တို့အဲ့လိုမျိုး Live Audience ရဲ့ Pressure ဒဏ်ကိုမခံနိင်တာကို ပြုပြင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေပါတယ်။”

Tundra အနေနဲ့ Group Stage မှာ ၁၁ ပွဲနိင်ပြီး ၁ ပွဲပဲရှုံးခဲ့တာကြောင့် အုပ်စုပထမနဲ့ နောက် ၁ ဆင့်ကိုတက်နိင်ခဲ့ပါတယ်။

Upper Bracket Round 1 နဲ့ Round 2 တို့မှာလည်း တူညီတဲ့ Performance တွေကိုပြနိင်ခဲ့တာကြောင့် Upper Bracket Final မှာ သက်တောင့်သက်သာနဲ့ ထိုင်စောင့်နေနိင်ခဲ့ပါတယ်။

TSM နဲ့ကစားရတဲ့ Upper Bracket Final က Tundra တို့အတွက် ဒီမေဂျာမှာ ပထမဆုံး Live Audience နဲ့ကစားရတဲ့ပွဲဖြစ်ပြီး 2-1 နဲ့အရေးနိမ့်ခဲ့ပါတယ်။

Lower Bracket Finals မှာလည်း OG ကို ၂ – ၀ နဲ့ထပ်ရှုံးခဲ့လို့ တတိယနေရာနဲ့ပဲကျေနပ်ခဲ့ရပါတယ်။

TSM နဲ့ OG တို့ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေမှာ တဖက်အသင်းကပိုကောင်းခဲ့တာမှန်ပေမယ့် Tundra တို့ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ပွဲတွေကနဲ့ယှဉ်ရင် တော်တော်ဆိုးဝါးတဲ့ Performance တွေကိုပဲပြနိင်ခဲ့ကြတာပါ။

ဒါ့ကြောင့် Skiter က လက်ရှိအချိန်မှာ Tundra အတွက် Focus ထားရမယ့်အရေးအကြီးဆုံးကိစ္စက Live Crowd ရဲ့ Pressure ဒဏ်ကိုခံနိင်ဖို့ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

“ကျွန်တော်တို့အစထဲက ဒီလိုမျိုး Live Crowd ရဲ့ဖိအားတွေဒဏ်ကိုခံနိင်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။

ဒါပေမယ့် မလုံလောက်ခဲ့ပါဘူး။

ဒါကမေဂျာဖြစ်နေတာကြောင့်ပါ။

လက်ရှိမှာတော့ Hero Pool ပိုကျယ်လာအောင် Pubs တွေကစားရင်းနဲ့ မေဂျာမှာဖြစ်ခဲ့သလိုမျိုးထပ်မဖြစ်ရအောင် လေ့ကျင့်နေပါတယ်။”

ပြီးခဲ့တဲ့ Meta မှာ Tundra အနေနဲ့ Meta ကိုအသုံးအချနိင်ခဲ့ဆုံးအသင်းဖြစ်တယ်လို့ပြောရင်မမှားနိင်ပါဘူး။

ဘယ်လိုအနေအထားမျိုးမှာ ဘယ်လို Draft မျိုးနဲ့ကစားရလဲဆိုတာကို နားလည်နိင်စွမ်းအရမ်းမြင့်မားခဲ့ပြီး အသင်းတော်တော်များများကို အလဲထိုးနိင်ခဲ့ပါတယ်။

လက်ရှိ 7.31d မှာရော အလားတူလုပ်ပြနိင်ဦးမလဲဆိုတာကို စောင့်ကြည့်သွားရပါမယ်ခင်ဗျာ။

Skiter ကတော့

“ Live Crowd ကိုသာဖယ်ပေးပါ။

ဒါဆိုဘာ Hero တွေနဲ့ဘယ်လိုပဲဆော့ဆော့ Tundra အတွက် Easy TI ပါ”လို့ ဟာသလုပ်ပြောကြားထားပါတယ်။

Tundra ရဲ့လာမယ့် DPC Tour 3 ပွဲစဉ်ကတော့ ပူပူနွေးနွေးမေဂျာချန်ပီယံ OG ဖြစ်လို့ New Patch မှာ ပြန်အလဲထိုးပြနိင်မလားဆိုတာ…..

Leave a Reply

Your email address will not be published.