News

Skem Reveals About BOOM’s Secret to Success

English Version Below

BOOM အခုလိုအောင်မြင်လာတဲ့လျှို့ဝှက်ချက်ကိုပြောပြလာတဲ့ Skem

BOOM Esports အနေနဲ့ ပြီးသွားတာရက်ပိုင်းပဲရှိသေးတဲ့ Gamers Galaxy: Dota 2 Invitational Series Dubai 2022 ပြိုင်ပွဲရဲ့ Day 4 မှာ All Stars အသင်း Team Secret ကိုရော TI10 ချန်ပီယံ Team Spirit ကိုပါဖြုတ်ချပြီးတော့ Lower Bracket Finals ကို တက်ရောက်နိင်ခဲ့ပါတယ်။

အဲ့လိုဖြတ်သန်းမှုတလျှောက်မှာ သူတို့ရဲ့ Drafting တွေနဲ့ ပြိုင်ဘက်ကိုတဖက်သတ်အသာစီးယူပြီးကစားတဲ့ကစားဟန်တွေဟာ ပရိတ်သတ်တွေရဲ့နှလုံးသားတွေကို ဖမ်းစားနိင်ခဲ့ပါတယ်။

သူတို့အဲ့လိုလုပ်နိင်ခဲ့ရတဲ့လျှို့ဝှက်ချက်ကို အသင်းခေါင်းဆောင် Skem က post-match winner အင်တာဗျူးမှာပြောပြခဲ့ပါတယ်။

Skem က သူကအသင်းခေါင်းဆောင်ဖြစ်ပေမယ့် Game Decision တွေကိုတော့ အသင်းသားတွေက သူ့အပိုင်းနဲ့သူပဲချမှတ်ချတယ်လို့ ပြောပါတယ်။

ဒါပေမယ့် Drafting မှာတော့ Coach ဖြစ်သူ Mushi ကပဲ Ultimate Decision ကိုချတယ်လို့လည်း ဆက်ပြောသွားပါတယ်။

SEA DPC 2021-2022 Tour 1 နဲ့ SEA Regional Finals တို့မှာချန်ပီယံဖြစ်ခဲ့တဲ့အသင်းပီပီ ဒူဘိုင်းမှာပြုလုပ်ခဲ့တဲ့ပြိုင်ပွဲမှာလည်း ပုံစံကောင်းတွေကို ဆက်လက်ပြသနိင်ခဲ့ပါတယ်။

Skem က သူ့အနေနဲ့ အသင်းခေါင်းဆောင်ဖြစ်ချင်နေတာကြာပြီဖြစ်ကြောင်းနဲ့ ပွဲထဲမှာတော့ Tims နဲ့ Yopaj တို့ကသာ ဆုံးဖြတ်ချက်တွေချလေ့ရှိကြောင်းကို အခုလိုပြောပြသွားခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ဒီအသင်းမှာ Postion 5/အသင်းခေါင်းဆောင်ဖြစ်ချင်နေတာကြာပါပြီ။

ဒါပေမယ့်ပြောရမယ်ဆိုရင် ကျွန်တော်တို့အသင်းမှာ အသင်းခေါင်းဆောင်စစ်စစ်ရယ်လို့တော့မရှိပါဘူး။

In Game မှာဆို ကျွန်တော်နဲ့ Tims က အစပိုင်းတော့ ဦးဆောင်မှုပေးပေမယ့် နောက်ပိုင်းတော့ Core တွေကပဲ ဦးဆောင်သွားတာထင်ပါတယ်။

ကျွန်တော်ရယ် Yopaj ရယ် Tims ရယ်က Early Game နဲ့ Mid Game တွေမှာ ဦးဆောင်လေ့ရှိပါတယ်။

အထူးသဖြင့် Early Game မှာနိင်နေတယ်ဆိုရင်တော့ Yopaj ကပဲဦးဆောင်သွားတာပါ”

Skem က Player တွေက in game မှာအဲ့လိုမျိုးအတူတကွပူးပေါင်းဆောင်ရွက်ပြီး နိင်ပွဲရဖို့ကိုအာရုံစိုက်နေတဲ့အချိန်မှာ Coach ဖြစ်သူ Mushi ကို Drafting ကိစ္စအ၀၀ကို လွှဲအပ်ထားတယ်လို့ဆက်ပြောပြခဲ့ပါတယ်။

“Mushi က ကျွန်တော်တို့ဘာကစားချင်လဲအရင်မေးပါတယ်။

ဒါပေမယ့် ဘာယူမလဲဆိုတာကတော့ သူပဲဆုံးဖြတ်တာပါ”

BOOM အနေနဲ့ Draft တွေမှာ အသာစီးရအောင်လုပ်နိင်ခဲ့သလို Lane တွေမှာလည်း ကစားသမားတွေအတွက်သက်တောင့်သက်သာဖြစ်တဲ့ဟီးရိုးတွေကိုရွေးချယ်နိင်ခဲ့လို့ Laning Stage မှာ အသာစီးရတဲ့ပွဲတွေများခဲ့ပါတယ်။

အဲ့နောက်မှာလည်း Individual Skill တွေနဲ့ ပြီးပြည့်စုံတဲ့ Game Play တွေကိုပြသနိင်ခဲ့ပြီး ချန်ပီယံဆုကိုရယူနိင်ခဲ့ပါတယ်။

Skem ပြောသွားတဲ့ထဲမှာ သူတို့အောင်မြင်နေရတဲ့အကြောင်းအရင်းဆိုပြီး အတိအကျမပါပေမယ့် သူပြောသွားတဲ့အကုန်လုံးက ၁ ခုထဲကိုပဲ ဦးတည်နေပါတယ်။

အဲ့ဒါကတော့ “စည်းလုံးညီညာအောင်ကြောင်းဖြာ”ပါပဲ။

English Version

Skem Reveals About BOOM’s Secret to Success

BOOM Esports defeated the All Stars team Secret and TI10 champion Team Spirit on Day 4 of Gamers Galaxy: Dota 2 Invitational Series Dubai 2022 and advanced to the Lower Bracket Finals.

Throughout the tournament, their drafting and one-sided gameplay captured the hearts of the audience.

In a post-match winner interview, captain Skem revealed the secret to their success.

Skem says he is the captain, but the game decisions are made by all team members.

But in drafting, Mushi, the coach, made the ultimate decision.

The team, which won the SEA DPC 2021-2022 Tour 1 and the SEA Regional Finals, continued to show good form in Dubai.

Skem said he had long wanted to be captain and that only Tims and Yopaj would make decisions during the match.

“It was already a long time ago that I wanted to be a position five/captain but for this team, we really don’t have a real captain.
Just in-game, me and Tims call on early and mid, and maybe the cores later on.
I, Tims, Japoy control the early and mid shot calls.
Especially when we are winning early, Japoy calls.”

Skem added that while the players were working together to focus on winning the game together in-game, they handed over the whole drafting to Coach Mushi.

“And Mushi does the draft.
Mushi asks us about what heroes but he is still the last person to choose what we gonna play,”

BOOM was able to gain the upper hand in the drafts, as well as select heroes that were more comfortable for the players in the lanes, leading to more wins on the Laning Stage.

After that, they were able to show off their complete game play with individual skills and win the championship.

What Skem said was not exactly why they were successful, but everything he said was focused on one thing.

It is the “Unity is Strength!”

Leave a Reply

Your email address will not be published.