Team & Players

Shoot Arrow Hit Arrow Singsing

အောက်မှာမြန်မာလိုပါတယ်နော်

Shoot Arrow Hit Arrow Singsing

SingSing was once one of the brightest stars in the Dota world.

SingSing is a pioneer for beginners of the Dota 2 era, although New Dota 2 players may not have heard of his name lately.

Because of His unique style of pla even after he retires, people still long for him because of the item builds and the words that will touch the hearts of the audience.
(I still remember playing Rubick with Phase Boot, Eul like Singsing and I still remember being insulted for not playing with Arcane)

To date, He has more than 590,000 followers and over 62 million total views in Twitch, making him one of the most popular Dota 2 streamers.

His real name is WehSing Yuen.

He was born on June 19, 1991 and is now 31 years old.

He is a Dutch citizen.

Its IDs are SingSing, WehSing and beaverknight.

He has always been obsessed with the Mid Lane and even played for Rubick in the Mid.

His three signature heroes are Mirana which make him known as the Shoot Arrow Hit Arrow, Kunkka and Tiny.

His total earnings are $ 220,729.

Before playing Dota 2, SingSing played StarCraft II, HoN and Dota 1.

While playing HoN, he used his real name, WehSing, as his ID.

SingSing has been streaming since the days of Dota 2 Beta, and due to its quirky streaming style, it quickly gained the attention of fans and became one of the most viewed streamers.

In December 2011, mousesports signed SingSing and his teammates, who play for EBIN.

They quickly settled down with the new Org and won two events hosted by The GD Studio.

After making some Roster changes, Singsing tried to compete TI2 in the Western Qualifiers, finishing third.

However, due to visa problems of MUFC, SingSing and Squad competed World Elite Tournament in a life-and-death match, winning TI’s final entry.

After TI2, SingSing was expected to stay at mousesports, but in October 2012, he moved to The GD B-Team, which will sponsor the StarLadder Finals.

However, it was renamed Team Zero after the competition, as it was initially said it would only sponsor that event.

The GD B-Team finished third in StarLadder StarSeries Season 3, and Team Zero finished fourth in another Tier 1 competition, RaidCall Dota 2 League Season 1.

But less than two weeks later, SingSing left Team Zero and formed its own team, QPAD Dragons (later renamed Red Pandas) on December 31st.

Along with Singsing, Wagamama, who will be another Famous Streamer, also joined the team.

However, with no success, he moved to Kaipi, where he had previously played stand-in, after TI3.

Kaipi was Picked Up by RattleSnake, an international team, and changed its name to RattleSnake.int.

The team was later renamed Speed ​​Gaming and became better known than the previous name (I’ll know Singsing at that time).

Four months later, due to a dispute with the team manager, the entire team left Speed ​​Gaming to join Cloud9.

With Speed ​​Gaming winning the Tier 3 E-Sports Prime Dota 2 Cup, the Tier 1 MLG Championship Columbus also beat Team DK, the largest All-Star team at that time with 2-1 in the Grand Finals.

With no success with Cloud9, on August 13, 2014, SingSing left Cloud9 to join the newly formed team, Team Tinker.

Team Tinker has some great players, but it has not been very successful.

As a result, SingSing left Team Tinker in February 2015 after disappointing results in the i-League.

He went to another new team, Burden United.

Burden United disbanded after failing TI5 qualifier.

As a result, SingSing returned to his former team Kaipi on March 14, 2016.

Following the failure of the Boston Major Qualifier, SingSing announced his retirement in an interview on October 28, 2016.

Although retired from the Pro Scene, he continues to stream since he started playing Dota 2 and is still partnering with Cloud9, which has had a partnership agreement since January 2016.

However, in 2017, a team called BeanBoys competed in the Kiev Major Qualifier and Reached the Closed Qualifier, but did not qualify.

He also played for Team Netherland in WESG 2017 but was unsuccessful.

However, on June 23, 2018, he won the Tier 2 with The Bamboeziers at the Dutch Dota Championships 2018, and on September 29, 2019, he won the Tier 2 with Sir Sadim’s Stunners in Tier 2, Midas Mode 2 – Europe.

After that, there was no record of Singsing playing in the Competitive Scene.

In short, Singsing was not very successful in the competitive scene, but in terms of personality and Playstyle, He is also a popular figure that he will be called a Dota 2 Legend.

Below is a list of some of his highlight videos.

Burmese Version

Shoot Arrow Hit Arrow လို့ နာမည်ကြီးခဲ့သူ SingSing ရဲ့အကြောင်း

SingSing ဆိုတာ တစ်ချိန်က Dota လောကမှာ ဘုန်းမီးနေလတောက်ပခဲ့သူတွေထဲက တစ်ယောက်ပါ။

အခုနောက်ပိုင်းမှ Dota 2 ကို စကစားသူတွေအနေနဲ့ သူ့နာမည်ကို ကြားဖူးနားဝလောက်ပဲ ရှိတော့မှာဖြစ်ပေမယ့် Dota 2 ခေတ်ဦးထဲက ကစားလာသူတွေအတွက်တော့ SingSing က ရှေ့ဆောင်လမ်းပြတစ်ယောက်ပါပဲ။

သူ့ရဲ့ထူးခြားတဲ့ ကစားဟန်၊ Item Build တွေနဲ့ ပရိသတ်ရင်ကိုထိစေမယ့် စကားလေးတွေကြောင့် သူအနားယူပြီးတာတောင်မှ သူ့ကို တမ်းတနေကြဆဲဖြစ်ပါတယ်။

(SingSing Rubick ကို Phase Boot, Eul နဲ့ ကစားတာကိုကြည့်ပြီးတော့ ပုံမှန်ကစားနေကြ Arcane နဲ့မဆော့ပဲ သူ့လိုလိုက်ဆော့မိလို့ ရစရာမရှိအောင် အဆဲခံရဖူးတာကို အခုထိမှတ်မိသေးတယ်)

အခုအချိန်ထိလည်း သူ့ပရိသတ်သတ်အင်အားကမသေးပဲ Twitch မှာ Follower ပေါင်း 590000 ကျော်နဲ့ Total View ပေါင်း ၆၂ သန်းကျော်ရှိတာကြောင့် Poupular အဖြစ်ဆုံး Dota 2 Streamer တွေထဲက ၁ ယောက်ပါ။

သူ့ရဲ့ နာမည်အရင်းကတော့ WehSing Yuen ပါ။

သူဟာ ၁၉၉၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် အခုဆိုရင် ၃၁ နှစ် ရှိပါပြီ။

သူဟာ နယ်သာလန်နိင်ငံသားဖြစ်ပါတယ်။

သူ့ရဲ့ ID တွေကတော့ SingSing, WehSing နဲ့ beaverknight တို့ဖြစ်ပါတယ်။

သူဟာ Mid Lane တစ်မျိုးထဲကိုပဲ စွဲစွဲမြဲမြဲကစားခဲ့သူဖြစ်ပြီး Rubick ကိုတောင် Mid ပဲ ကစားသူဖြစ်ပါတယ်။(အသင်းလိုအပ်ချက်အရ Role Change ပေးရတာတော့ ရှိကောင်းရှိပါလိမ့်မယ်)

သူ့ရဲ့ Signature Hero သုံးကောင်ကတော့ သူ့ကို Shoot Arrow Hit Arrow လို့နာမည်ကြီးစေတဲ့ Mirana, Kunkka နဲ့ Tiny တို့ ဖြစ်ပါတယ်။

သူ့ရဲ့ Total Earning ကတော့ $220,729 ဖြစ်ပါတယ်။

SingSing ဟာ Dota 2 မကစားခင်မှာ StarCraft II, HoN နဲ့ Dota 1 တို့ကို ကစားခဲ့ပါတယ်။

HoN ကစားစဉ်မှာတော့ သူ့ရဲ့နာမည်အရင်းဖြစ်တဲ့ WehSing ကို သူ့ရဲ့ ID အနေနဲ့အသုံးပြုပြီးကစားခဲ့ပါတယ်။

SingSing ဟာ Dota 2 Beta ပဲရှိစဉ်ကတည်းက Streaming လုပ်ခဲ့သူဖြစ်ပြီး သူ့ရဲ့နောက်ပြောင်ကျီစဉ်တတ်တဲ့ Streaming Style ကြောင့် အချိန်တိုအတွင်းမှာပဲ ပရိသတ်တွေရဲ့ သတိပြုမှုကိုရရှိပြီးတော့ Viewer အများဆုံး Streamer တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ မှာတော့ EBIN ဆိုတဲ့ မထင်မရှားအသင်းမှာ ကစားနေတဲ့ SingSing နဲ့ သူ့အသင်းဖော်တွေကို mousesports ကနေ စာချုပ်ချုပ်ခဲ့ပါတယ်။

Org အသစ်နဲ့ လျှင်လျှင်မြန်မြန်ပဲအထိုင်ကျခဲ့ပြီး The GD Studio ကနေ host လုပ်ခဲ့တဲ့ Event နှစ်ခုမှာ အနိင်ရ ဗိုလ်စွဲနိင်ခဲ့ပါတယ်။

လူအပြောင်းအလဲတစ်ချို့ ပြုလုပ်ပြီးချိန်မှာတော့ TI2 ကို Western Qualifiers ကနေဝင်ပြိုင်ဖို့ ကြိုးစားခဲ့ပြီး တတိယနေရာသာ ရယူနိင်ခဲ့ပါတယ်။

ဒါပေမယ့် ဗီဇာပြသနာတွေရှိခဲ့တဲ့ MUFC ကြောင့် SingSing တို့ World Elite နဲ့ အသက်လုပွဲကစားခဲ့ရပြီး အနိင်ရခဲ့လို့ TI နောက်ဆုံးဝင်ခွင့်တစ်နေရာစာကို အမိအရ ဖမ်းဆုတ်နိင်ခဲ့ပါတယ်။

TI2 အပြီးမှာတော့ SingSing အနေနဲ့ mousesports မှာ ဆက်နေမယ်လို့ ထင်ခဲ့ကြပေမယ့် ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာတော့ StarLadder Finals ကို စပွန်ဆာနဲ့ ပို့ပေးမယ့် The GD B-Team ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် ဒီပြိုင်ပွဲတစ်ခုထဲကိုပဲ စပွန်ဆာပေးသွားမယ်လို့ အစကထဲက ပြောထားတာကြောင့် အဲ့ပြိုင်ပွဲအပြီးမှာ Team Zero လို့ နာမည်ပြောင်းခဲ့ပါတယ်။

The GD B-Team နဲ့ StarLadder StarSeries Season 3 မှာတတိယရခဲ့သလို Team Zero နဲ့မှာလည်း နောက်ထပ် Tier 1 ပြိုင်ပွဲ ၁ ခုပဲဖြစ်တဲ့ RaidCall Dota 2 League Season 1 တို့မှာ စတုတ္ထရခဲ့ပါတယ်၊

ဒါပေမယ့် နှစ်ပတ်မပြည့်ခင်မှာပဲ SingSing ဟာ Team Zero ကနေထွက်ခွာခဲ့ပြီးတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာတော့ ကိုယ်ပိုင်အသင်း QPAD Dragons(နောက်ပိုင်း Red Pandas နာမည်ပြောင်းခဲ့) ကို တည်ထောင်ခဲ့ပါတယ်။

အဲ့အသင်းမှာတော့ Singsing နဲ့အတူ အခြားနာမည်ကျော် Streamer ၁ ဦးဖြစ်လာမယ့် Wagamama လည်းပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်ဘာအောင်မြင်မှုမှမရခဲ့တာကြောင့် TI3 အပြီးမှာပဲ သူအရင်က Stand-in ကစားဖူးတဲ့ Kaipi ကို ပြောင်းရွှေ့ခဲ့ပါတယ်။

Kaipi ဟာ အင်တာနေရှယ်အသင်းတစ်သင်းဖြစ်တဲ့ RattleSnake ရဲ့တော်ကောက်ခြင်းကို ခံခဲ့ရပြီး အသင်းနာမည်ကိုလည်း RattleSnake.int လို့ ပြောင်းလဲခဲ့ပါတယ်။

နောက်ပိုင်းမှာ အသင်းနာမည်ကို Speed Gaming လို့ပြောင်းလဲခဲ့ပြီး အရင်နာမည်ထက် လူသိများခဲ့ပါတယ်။(ကျွန်တော် Singsing တို့ကိုစသိတာ အဲ့အချိန်ဖြစ်မယ်)

၄ လအကြာမှာပဲအသင်းမန်နေဂျာနဲ့ ပြသနာဖြစ်ခဲ့တာကြောင့် တစ်သင်းလုံး Speed Gaming ကနေထွက်ပြီးတော့ Cloud9 နဲ့ ပူးပေါင်းခဲ့ပါတော့တယ်။

Speed Gaming နဲ့မှာ Tier 3 ပြိုင်ပွဲဖြစ်တဲ့ E-Sports Prime Dota 2 Cup မှာဗိုလ်စွဲနိင်ခဲ့သလို Tier 1 ပြိုင်ပွဲဖြစ်တဲ့ MLG Championship Columbus မှာလည်း အဲ့ကာလာက အင်အာအကြီးဆုံး All Star အသင်းလို့ပြောနိင်တဲ့ Team DK ကို Grand Finals မှာ 2-1 နဲ့အနိင်ယူဗိုလ်စွဲခဲ့ပါတယ်။

Cloud9 နဲ့မှာတော့ ဘာအောင်မြင်မှုမှမရခဲ့တာကြောင့်၂၀၁၄ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာတော့ SingSing ဟာ Cloud9 ကို စွန့်ခွာပြီးတော့ အသစ်တည်ထောင်ထားတဲ့အသင်းဖြစ်တဲ့ Team Tinker ကို ပူးပေါင်းခဲ့ပြန်ပါတယ်။

Team Tinker မှာ နာမည်ကြီးကစားသမားတွေပါဝင်ပေမယ့် ဘာအောင်မြင်မှုမှတော့ ကြီးကြီးမားမားမရခဲ့ပါဘူး။

ဒါ့ကြောင့် i-League မှာ စိတ်ပျက်ဖွယ်ရလဒ်တွေ ထွက်ပေါ်ပြီးနောက်မှာတော့ SingSing ဟာ ၂၀၁၅ ဖေဖော်ဝါရီလမှာတော့ Team Tinker ကို စွန့်ခွာခဲ့ပြန်ပါတယ်။

သူသွားခဲ့တာကတော့ နောက်ထပ်အသင်းသစ်တစ်သင်းဖြစ်တဲ့ Burden United ပါ။

TI5 ကို Qualifier မအောင်မြင်ခဲ့အပြီးမှာတော့ Burden United ဟာ Disband လုပ်ခဲ့ပါတယ်။

ဒါကြောင့်မလို့ အသင်းလက်မဲ့ဖြစ်သွားတဲ့ SingSing ဟာ သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ Kaipi ကို ၂၀၁၆ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ ပြန်သွားခဲ့ပါတယ်။

Boston Major ကို Qualifier မအောင်မြင်ပြီးနောက်မှာတော့ SingSing ဟာ 2016 ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အင်တာဗျူးမှာ အနားယူပြီလို့ ကြေငြာခဲ့ပါတော့တယ်။

ဒါပေမယ့် 2017 အတွင်းမှာ BeanBoys ဆိုတဲ့အသင်းနဲ့ Kiev Major Qualifier ဝင်ပြိုင်ခဲ့ပြီး Closed Qualifier ထိရောက်ခဲ့ပေမယ့် Qualify တော့မဖြစ်ခဲ့ပါဘူး။

Team Netherland နဲ့လည်း WESG 2017 ကိုဝင်ကစားပေးခဲ့သေးပေမယ့်လည်း အောင်မြင်မှုတော့မရခဲ့ပါဘူး။

ဒါပေမယ့်လည်း 2018 ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာတော့ The Bamboeziers ဆိုတဲ့အသင်းနဲ့ Tier 2 ပြိုုင်ပွဲ Dutch Dota Championships 2018 မှာချန်ပီယံဖြစ်ခဲ့သလို 2019 ခုနှစ်စက်တင်ဘာလ ၂၉ ရက်နေ့မှာလည်း Sir Sadim’s Stunners ဆိုတဲ့အသင်းနဲ့ Tier 2 ပြိုင်ပွဲ ၁ ခုဖြစ်တဲ့ Midas Mode 2 – Europe မှာချန်ပီယံဖြစ်ခဲ့ပါတယ်။

အဲ့နောက်ပိုင်းတော့ Singsing Competitive Scene မှာကစားထားတဲ့ Record တော့မရှိတော့ပါဘူး။

Kaipi နောက်ပိုင်းကစားခဲ့တဲ့အသင်းတွေက ခဏတာဘော်ဒါတွေနဲ့ Stan-in အပျော်ဝင်ဆော့တာလောက်ပဲဖြစ်မယ်ထင်ပါတယ်။

Pro Scene ကနေ အနားယူခဲ့ပေမယ့် သူ Dota 2 ကို စတင်ကစားခဲ့စဉ်ကတည်းကလုပ်ခဲ့တဲ့ Streaming ကို ဆက်လက်လုပ်ဆောင်နေပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာကတည်းက Partnership စာချုပ်ချုပ်ထားတဲ့ Cloud9 နဲ့ အခုအချိန်အထိ လက်တွဲထားဆဲဖြစ်ပါတယ်။

အချုပ်ပြောရရင် Singsing ဟာ Competitive Scene မှာသိပ်မအောင်မြင်ခဲ့ပေမယ့် Personality ပိုင်းအရရော၊ Playstyle ပိုင်းမှာပါ လူကြိုက်မတရားများခဲ့တဲ့သူဖြစ်တာကြောင့် သူ့ကို Dota 2 Legend ၁ ယောက်လို့ပြောမယ်ဆို ငြင်းမယ့်သူရှားပါလိမ့်မယ်။

အောက်မှာတော့ သူ့ရဲ့ Highlight Video လေးတွေကိုတတ်နိင်သမျှရှာပြီးတော့ တန်းစီထည့်ပေးထားပါတယ်။

Leave a Reply

Your email address will not be published.