Guest

Shadow Fiend – The Soul Eater(or)Collector

အောက်မှာမြန်မာလိုပါတယ်နော်

Shadow Fiend – The Soul Eater(or)Collector

One of the common thoughts of many people is “Where do you go after death?”

You may have asked yourself that question.

There is a similar question in the Dota 2 world.

It is said that a demon named Nevermore lived in a dark, dark underground abyss.

Nevermore is more terrifying than you might think, and often captures the souls of the dead.

Many people say that Nevermore once carried the spirit of a poet.

But nevermore brought thousands and thousands of souls.

Soldiers, young and old, Rich people Poor people, Men Women, children and people of all races and standards.

No soul has ever escaped from Nevermore, so no one can say what Nevermore is like.

As a result, many questions and riddles arose about Nevermore.

Is Nevermore an evil demon in the shape of an eel? Are you constantly consuming one spirit after another? Or was it just for other purposes?

To this day, no one has dared to go to the depths of the underworld where he lives.

If you really want to know the answer, there is only one way.

Dedicate your soul to Nevermore.

If not, just wait for Nevermore to come and capture your soul.

Excerpt: Nevermore is also said to be related to the lord of hell, Lucifer, called Doom.

Nevermore used to say “No, Master, No” every time he was killed in In Game.

Along with Shadow Demon and Doom, Nevermore, the One Of the Demon Lord, can never stop the hunger for souls, and it is possible for him to continue his existence and for his master.

His teacher is believed to be Lucifer, the lord of hell.

LILAM

Shadow Fiend – The Soul Eater(or)Collector

လူတွေရဲ့ အတွေးတွေ မြောက်များစွာထဲမှ တူညီတဲ့အတွေးတစ်ခုဟာ “သေဆုံးပြီးလျှင် ဘယ်အရပ်သို့ ရောက်မလဲ”ဆိုတာပဲ ဖြစ်ပါတယ်။

သင်လည်း ကိုယ့်ကိုယ်ကို ပြန်မေးဖူးမှာပေါ့။

Dota 2 လောကထဲမှာလည်း ဒီလိုမေးခွန်းမျိုးက ရှိနေပါတယ်။

ဟိုးနက်နဲမဲမှောင်လှတဲ့ မြေအောက် အသူရာချောက်ရဲ့ တစ်နေရာမှာ Nevermore လို့ အမည်ရတဲ့ မကောင်းဆိုးဝါး မိစ္ဆာတစ်ကောင် နေထိုင်တယ်လို့ လူတွေရဲ့ ပါးစပ်ဖျားမှာ ရာဇဝင်ပုံပြင်အဖြစ် ပြောဆိုကြလေ့ရှိတယ်။

Nevermore ဟာ ထင်ထားတာထက် ပိုထိတ်လန့်စရာကောင်းပြီး သေဆုံးပြီးသောလူတွေရဲ့ ဝိဉာဏ်အမြောက်အမြားကို လာရောက်ဖမ်းဆီး ယူဆောင်သွားလေ့ရှိတယ်။

လူတွေအတော်များများက Nevermore ဟာ ကဗျာဆရာတစ်ယောက်ရဲ့ ဝိညာဏ်ကို ယူဆောင်သွားဖူးတယ်လို့ ပါးစပ်ရာဇဝင်လုပ် ပြောဆိုကြတယ်။

ဒါပေမယ့် Nevermore မှာ ထောင်နဲ့သောင်းနဲ့ချီပြီး ဝိညာဏ်တွေ ယူဆောင်ခဲ့တာပါ။

ဝိဉာဏ်တွေဖမ်းဆီးရာမှာ ခေတ်ကာလ အသီးသီး ရာစုနှစ်နဲ့ချီပြီး စစ်သား၊လူပျို၊လူအို၊ လူချမ်းသာ၊ လူဆင်းရဲ၊ ယောက်ျား၊ မိန်းမ၊ကလေးနဲ့ လူတန်းစားမရွေး လူမျိုးမရွေးပါဘူး။

ဘယ်ဝိဉာဏ်တစ်ခုတစ်လေမှ Nevermore ဆီကနေ လွတ်မြောက်လာဖူးခြင်း မရှိတာကြောင့် Nevermore ဟာ ဘယ်လိုမျိုးလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ကြပါဘူး။

ဒါကြောင့် မေးခွန်းတွေများစွာနဲ့ ပဟေဠိပေါင်းများစွာဟာ Nevermore နဲ့ပက်သက်ပြီး ပေါ်ပေါက်လာပါတော့တယ်။

Nevermore ဟာ ငါးရှဉ့်လို ပုံသဏ္ဍာန်နဲ့ မကောင်းဆိုးဝါးလား။ ဝိဉာဏ်တွေကို တစ်ခုပြီးတစ်ခု စဉ်ဆက်မပြတ်စားသုံးနေတာလား။ ဒါမှမဟုတ် အခြားရည်ရွယ်ချက်နဲ့များ ဒီအတိုင်းဖမ်းဆီးစုဆောင်းထားတာလား။

ဒီလိုမေးခွန်းများစွာအတွက် အဖြေကိုသိရဖို့ ဘယ်လူစွန့်စားမှလည်း ယနေ့အထိ သူနေထိုင်ရာ ကမ္ဘာမြေအောက် အသူရာချောက်ကမ်းပါးဆီရဲ့ နက်ရှိုင်းသောနေရာသို့ မသွားရောက်ရဲသေးပါဘူး။

သင့်အနေနဲ့ အမှန်တကယ်ပင် အဖြေကိုသိလိုရင်တော့ သိနိုင်မယ့်နည်းတစ်ခုပဲ ရှိပါတယ်။

Nevermore ထံ သင့်ရဲ့စိတ်ဝိဉာဏ်ကို အပ်နှံလိုက်ပါ။

မဟုတ်ရင်လည်း Nevermore က သင့်ဝိဉာဏ်ကို ဆောင်ယူဖမ်းဆီးရန် လာမှာကို စောင့်ဆိုင်းနေရုံပါပဲ။

စာကြွင်း- Nevermore ဟာ ငရဲသခင် Lucifer ခေါ် Doom နဲ့လည်း ဆက်စပ်နေတယ်လို့ဆိုတယ်။

Nevermore ဟာ In Game မှာ အသတ်ခံရတိုင်း No, Master, No… လို့ ရွတ်ဆိုလေ့ရှိပါတယ်။

Shadow Demon, Doom တို့နဲ့အတူ One Of the Demon Lord ဖြစ်တဲ့ Nevermore ဟာ ဝိဉာဏ်တွေအတွက် ဆာလောင်မှုကို ဘယ်တော့မှ မရပ်တန့်နိုင်တဲ့သူဖြစ်ပြီး ဒါဟာသူ့ရဲ့ဖြစ်တည်မှုကို ဆက်လက်ရှင်သန်စေဖို့ဖြစ်နိုင်သလို သူ့ရဲ့ ဆရာသခင်အတွက်လည်း ဖြစ်နိုင်ပါတယ်။

သူ့ရဲ့ဆရာကတော့ ငရဲသခင် Doom ခေါ် Lucifer လို့ ယူဆလို့ရပါတယ်။

LILAM

Leave a Reply

Your email address will not be published.