Team & Players

SF God YaphetS

အောက်မှာမြန်မာလိုပါတယ်နော်

SF God YaphetS

Even those who have only heard of Little Dota know that Yaphet$ means SF Pro.

That’s how famous his Shadow Fiend is.

The most notable was the WDC 2010 victory over YamateH in the 1v1 SF same hero.

In addition, WC3 Dota changed SF’s nickname to YaphetS.

His SF’s Amazing Skills on display at the event made him a hero to everyone involved with Dota, including me.

His real name is 严 严 骏.

Romanized by Bu Yanjun.

So it goes without saying that he is a Chinese citizen.

He was born on March 8, 1990 and is now 31 years old.

His other ID is pis.

Unlike other players’ IDs, his pis ID is very popular.

Mainly because of his self-titled movie video, Perfect is Shit.

It’s on my Facebook page.

The link is here.

There’s also a great SF Replay he played during the Dota 2 era

YaphetS is a well-known pubstar Even before Perfect is Shit Video.

He started his professional career on January 7, 2010 with CityHunter.

However, he played for almost six months before moving to Nirvana on 5 June.

Notably, YaphetS was playing Dota 1 with CityHunter while also playing Dota 2 with TongFu.

Similarly, when he moved from CityHunter to Nirvana in Dota 1, he also moved to VG in Dota 2 at the same time.

But after more than six months in Nirvana, he no longer has a Dota 1 record.

In a replay I watched as a kid, I saw YaphetS playing ZSMJ’s LGD with Team DK in Dota 1.

It seems to be stand-in.

His three signature heroes are Invoker, Storm Spirit, and SF, who are said to have never played better than him.

His career total earnings are only $ 3000, which is not commensurate with his reputation.

Where did he get that $ 3,000? On November 25, 2013, he played with TongFu in the Nexon Invitational Super Match.

This is his second time playing with TongFu, after which he left TongFu and remained inactive for almost a year and a half.

It then reappeared on April 4, 2015 with Immortal Magneto Gaming.

The team also includes Paparazi, who will later become a top player.

Paparazi’s name was changed from Yuno at that time.

Two such teachers were involved, but to no avail.

So, five months later, I moved to Team FanTuan.

However, after only three months at Team FanTuan, YaphetS retired for three months due to an arm injury after losing The Frankfurt 2015 Qualifier.

It was later revealed that this was false news, and YaphetS has been focusing on streaming ever since.

After four months of 2017, they reappeared with LGD Legend ZSMJ, and the two of them competed in a Tier 3 tournament VPGame Challenge League Season 3 with a team called stronger, and did not even cross the group.

In that tournament, YaphetS’s SF was allowed to see two matches and lost both matches.

In July 2019, he made a temporary stand-in with For The Dream, winning the Tier 3 Asian Masters League S3 and TI9 CN Open Qualifier # 2 without much success.

According to Liquipedia, he has a daughter who was born on February 4, 2019.

This is all about SF God YaphetS.

Burmese Version

ကမ္ဘာ့အကောင်းဆုံး SF Player YaphetS ရဲ့အကြောင်း

YaphetS လို့ပြောလိုက်တာနဲ့ SF Pro ဖြစ်တယ်ဆိုတာကို Dota နဲ့ပတ်သတ်ပြီး ကြားဖူးနားဝလောက်ပဲရှိတဲ့သူတွေတောင် သိကြပါတယ်။

အဲ့လောက်အထိ သူ့ရဲ့ Shadow Fiend က နာမည်ကြီးပါတယ်။

အဓိက နာမည်ကြီးခဲ့တာကတော့ WDC 2010 မှာ YamateH ကို 1v1 SF same hero မှာ အနိင်ယူခဲ့တဲ့ပွဲမှာပါ။

ဒါ့အပြင် WC3 Dota မှာလည်း SF ရဲ့ Nick name ကို YaphetS လို့ ပြောင်းလဲပေးခဲ့ပါတယ်။

အဲ့ဒီပွဲမှာပြသခဲ့တဲ့ သူ့ SF ရဲ့ Amazing Skill တွေကြောင့် ကျွန်တော်အပါအဝင် Dota နဲ့ပတ်သတ်တဲ့သူတိုင်းရဲ့ သူရဲကောင်းဖြစ်ခဲ့ပါတယ်။

သူ့ရဲ့နာမည်အရင်းကတော့ 卜严骏 ဖြစ်ပါတယ်။

Romanized လုပ်လိုက်ရင်တော့ Bu Yanjun ဖြစ်ပါတယ်။

ဒါကြောင့် သူဟာတရုတ်နိင်ငံသားဆိုတာကို အထူးပြောဖို့မလိုတော့ပါဘူး။

သူ့ကို ၁၉၉၀ ခုနှစ် မတ်လ ၈ ရက်နေ့မှာမွေးဖွားခဲ့တာကြောင့် အခုဆိုရင် 31 နှစ်ရှိပြီ ဖြစ်ပါတယ်။

သူ့ရဲ့အခြား ID ကတော့ pis ဖြစ်ပါတယ်။

တစ်ခြား Player တွေရဲ့ ID ကွဲတွေနဲ့မတူပဲ သူ့ရဲ့ pis ဆိုတဲ့ ID ကလည်း အလွန်နာမည်ကြီးပါတယ်။

အဓိက ကတော့ သူ့ရဲ့ self-titled movie ဖြစ်တဲ့ Perfect is Shit ဆိုတဲ့ ဗီဒီယိုကြောင့်ပါ။

ကျွန်တော့် Page ထဲမှာရှိပါတယ်။

Link ကတော့ ဒီမှာပါ။

Dota 2 ခေတ်မှာ သူကစားပြထားတဲ့ အလန်းစား SF Replay လည်း ရှိပါတယ်။

YaphetS ဟာ Perfect is Shit Video နဲ့ နာမည်မကြီးခင်ထဲက နာမည်ရှိပြီးသား pubstar တစ်ဦးဖြစ်ပါတယ်။

သူဟာ ပရိုကစားသမားဘဝကို ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ CityHunter ဆိုတဲ့အသင်းနဲ့အတူ စတင်ခဲ့ပါတယ်။

ဒါပေမယ့် ၆ လ နီးပါးပဲကစားခဲ့ပြီး ဇွန်လ ၅ ရက်နေ့အရောက်မှာတော့ Nirvana ကို ပြောင်းရွေ့ခဲ့ပါတယ်။

ထူးခြားတာတစ်ခုက YaphetS ဟာ CityHunter အသင်းနဲ့အတူ Dota 1 မှာကစားနေစဉ်မှာပဲ TongFu နဲ့အတူ Dota 2 မှာလည်း ကစားနေတာဖြစ်ပါတယ်။

အဲ့လိုပဲ သူ Dota 1 မှာ CityHunter ကနေ Nirvana ကိုပြောင်းရွှေ့ခဲ့တဲ့အချိန်မှာ Dota 2 မှာလည်း VG ကို တစ်ပြိုင်နက်ထဲ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် Nirvana မှာ ၆ လကျော်လောက်ကစားပြီးနောက်မှာတော့ သူ Dota 1 ကစားတဲ့ Record မရှိတော့ပါဘူး။

ကျွန်တော်ငယ်ရွယ်စဉ်ကကြည့်ခဲ့ဖူးတဲ့ Replay တစ်ခုမှာတော့ YaphetS ဟာ Dota 1 မှာ Team DK နဲ့အတူ ZSMJ ရဲ့ LGD နဲ့ကစားတာကိုတော့ မြင်ဖူးပါတယ်။

Stand-in ပဲ ဖြစ်ဟန်တူပါတယ်။

သူ့ရဲ့ Signature Hero သုံးကောင်ကတော့ Invoker, Storm Spirit နဲ့ အခုအချိန်အထိ သူ့ကစားတာထက် ပိုကောင်းအောင် ဘယ်သူမှမကစားနိင်သေးဘူးလို့ပြောကြတဲ့ SF တို့ပဲ ဖြစ်ပါတယ်။

သူ့ရဲ့ကစားသမားဘ၀ Total Earning ကတော့ သူ့ဂုဏ်ဒြပ်နဲ့မလိုက်အောင်ပဲ $3000 သာ ရှိပါတယ်။

အဲ့ဒီ $3000 ကို ဘယ်မှာရခဲ့လဲဆိုတော့ သူ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ TongFu နဲ့အတူကစားခဲ့တဲ့ Nexon Invitational Super Match မှာ ဖြစ်ပါတယ်။

ဒါဟာ သူ TongFu မှာ ဒုတိယအကြိမ်ကစားတာဖြစ်ပြီး အဲ့ဒီပွဲအပြီးမှာ TongFu ကနေထွက်ခွာကာ တစ်နှစ်ခွဲနီးပါးလောက် inactive ဖြစ်ခဲ့ပါတယ်။

အဲ့နောက်မှာတော့ ၂၀၁၅ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ Immortal Magneto Gaming နဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီအသင်းမှာတော့ နောင်တစ်ချိန်မှာ ထိပ်ထိပ်ကြဲကစားသမားဖြစ်လာမယ့် Paparazi လည်းပါဝင်ခဲ့ပါတယ်။

Paparazi ရဲ့အဲ့တုန်းကနာမည်က Yuno ဖြစ်ပြီး နောက်မှပြောင်းလဲခဲ့တာဖြစ်ပါတယ်။
အဲ့လိုမျိုး ဆရာနှစ်ပါးပါဝင်ခဲ့ပေမယ့် ဘာအောင်မြင်မှုမှတော့ မရခဲ့ပါဘူး။

ဒါကြောင့်မလို့ ၅ လအကြာမှာတော့ Team FanTuan ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် Team FanTuan မှာလည်း ၃ လသာကြာမြင့်ခဲ့ပြီး The Frankfurt 2015 Qualifier ကိုကျရှုံးအပြီးမှာ YaphetS ဟာ သူ့ရဲ့လက်မောင်းဒဏ်ရာကြောင့် ၃ လလောက်အနားယူခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒါဟာသတင်းမှားဖြစ်တယ်လို့ထွက်ပေါ်လာခဲ့ပြီး YaphetS ဟာ အဲ့ဒီအချိန်ကစလို့ အခုအချိန်အထိ Streaming ပဲ အဓိကလုပ်တော့တာဖြစ်ပါတယ်။

၂၀၁၇ ၄ လပိုင်းနောက်မှာတော့ LGD Legend ဖြစ်တဲ့ ZSMJ နဲ့အတူခဏပြန်ပေါ်လာခဲ့ပြီး သူတို့ ၂ ယောက်ဟာ Stronger ဆိုတဲ့အသင်းနာမည်နဲ့ Tier 3 ပြိုင်ပွဲ ၁ ခုဖြစ်တဲ့ VPGame Challenge League Season 3 ကိုဝင်ကစားခဲ့ပြီး အုပ်စုတောင်မကျော်ခဲ့ပါဘူး။

အဲ့ပြိုင်ပွဲမှာ YaphetS ရဲ့ SF ကို ၂ ပွဲမြင်ခွင့်ရပြီး ၂ ပွဲလုံးရှုံးနိမ့်ခဲ့ပါတယ်။

2019 ခုနှစ် ၇ လပိုင်းမှာလည်း For The Dream ဆိုတဲ့အသင်းမှာ Stand-in ခဏဝင်ကစားခဲ့ပြီး Tier 3 ပြိုင်ပွဲ ၁ ခုဖြစ်တဲ့ Asian Masters League S3 နဲ့ TI9 CN Open Qualifier #2 တို့ဖြစ်ပြီး ဘာအောင်မြင်မှုမှတော့ မရခဲ့ပါဘူး။

Liquipedia ရဲ့အဆိုအရ သူ့မှာသမီးလေး ၁ ယောက်ရှိပြီး အဲ့သမီးလေးကို 2019 ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာမွေးဖွားခဲ့တယ်လို့သိရပါတယ်။

SF God YaphetS ရဲ့အကြောင်းကတော့ ရှာကြည့်ရသလောက်ဒါအကုန်ပါပဲခင်ဗျာ။

Leave a Reply

Your email address will not be published.