Guest

Sett (The Boss Sett)

Sett (The Boss Sett)

LOL Wild Rift မှာ January 26 ကမှအသစ်ထွက်ထားတဲ့ Champion ပါ။

Pc Version မှာလူကြိုက်များတဲ့ Champ ထဲတကောင်အပါအဝင်ဖြစ်တာမို့ Newbie တွေအနေနဲ့
Wild Rift မှာဆော့ချင်သူတွေအတွက် Rune, Ability, Lane, Item အကြောင်းလေး နည်းနည်း Guide လုပ်ပေးပါမယ်။

ကစားနိုင်တဲ့ Lane – Baron(Recommended) , Mid.

Role – Fighter

Difficulty – Low

Rune

CONQUEROR – Brutal – Adaptive Carapace – Sweet Tooth.

1.CONQUEROR

Main Rune အနေနဲ႔ CONQUEROR သာ Sett အတွက်အကောင်းဆုံးဖြစ်ပါတယ်။

CONQUEROR Rune ဟာ Basic Attack (သို့မဟုတ်) Ability Damage နဲ့ Enemy Champion (Only) ထိတိုင်း Stack တခုစီတက်မှာပါ။

Max Stack က ငါးခုအထိတက်မှာဖြစ်ပီး Stack တခုစီတိုင်းဟာ AD(Attack Damage) 4 – 12 ( Level အရ ) ဒါမှမဟုတ်ရင် AP (Ability Power) 3 -9 (Level အရ) ကိုယ့် Champion အတွက် 6 Second ကြာပေါင်းနေမှာဖြစ်ပါတယ်။

Max Stack ဖြစ်နေတဲ့အချိန်မှာ Enemy Champion အပေါ်ကို 7% Adaptive Damage ထပ်ဆောင်းထိမှာပါ။

(Adaptive Damage ဆိုတာက သင်ယူထားတဲ့ Champion ပေါ်မူတည်ပီး AD ဆို AD ၊ AP ဆို AP ထိမယ်လို့ပြောချင်တာပါ။
အလွယ်နည်းနဲ့ Wild Rift မှာမှတ်ထားရရင် လိမ္မော်ရောင် Damage ဆိုရင် AD ပါ။
အပြာရောင် Damage ဆိုရင် AP ပါ။
အဖြူရောင်ကတော့ True Damage ပါ)

Sett လို Melee champ နဲ့ Ability သုံးရင် Stack ပြည့်လွယ်တာမို့ ဒီ Rune က ရွေးချယ်ဖို့အကောင်းဆုံးပါပဲ။

2.Brutal

Sett ဟာ AD base Champ ဖြစ်တာမို့ ဒီ Rune ကနေ 7 AD Bonus ရပါမယ် ။

3.Adaptive Carapace

Sett ဟာ Fighter (Melee) Champ ဖြစ်တာမို့ ဒီ Bonus Max HP(Health Power) ပေးတဲ့ Rune ကသုံးရတာတန်ပါတယ်။

HP 50% အောက်ရောက်ခဲ့ရင်လဲ Defence Bonus အပိုရဦးမှာပါ ။

4.Sweet Tooth

ဒီ Rune ယူထားရင် Honey Fruit Healing 25% အပိုနဲ့ Honey Fruit တလုံးစီအတွက် Extra Gold 20 ရမှာပါ ။

Summoner Spells

1.Flash

ကိုယ့် Champion ကို Short Distance (400 cast range) ကို Teleport လို့ရတဲ့ spell က sett အတွက် Escape, Chase လိုသလို သုံးလို့ရတာမို့ ယူကိုယူသင့်တဲ့ Spell တခုပါ။

CD ကတော့ 150s ပါ။

2.Ignite

Enemy Champ ကို 70-410 (Level အလိုက်) 5second ကြာ DPS( Damage Per Second ) သက်ရောက်စေမှာပါ ။

Ignite ရဲ့တော်တော်များများမသိကြတဲ့အချက်က ကိုယ်သုံးလိုက်တဲ့ Enemy Champ ကို 5s ကြာ Vision ရနေမှာပါ။

HP Regen /Lifesteal 60% လျှော့ပေးတာက လူသိများတာမို့ ထည့်မပြောတော့ပါဘူး။

ဒီ Spell ဟာ ကိုယ့် Sett က Aggressive ဆော့ချင်တာတို့ HP Regen/Life Steal များတဲ့ Champ နဲ့ယှဉ်ထိန်းချင်တာတို့ဆို ဦးစားပေးရွေးချယ်သင့်ပါတယ်။

CD ကတော့ 90s ပါ။

တခြား Summoner Spell တွေကျန်သေးပေမယ့် Sett ရဲ့ Ability မှာ Shield တက်တာမျိုးတွေပါတာမို့ Barrier လို Spell ကတော့ အခြေအနေအရသာရွေးသင့်ပါတယ်။

Exhaust, Heal, Ghost လိုမျိုး Spell တွေကတော့ Baron, Mid Laner တွေအတွက် ဦးစားပေးရွေးချယ်နေဖို့မလိုပါဘူး။

Sett’s Abilities

Passive – PIT GRIT

Sett ရဲ့ Basic Attack ပေါ်မှာမူတည်မှာပါ။

Sett ရဲ့ညာဘက် Basic Attack Damage ဟာ ဘယ်ဘက် Basic Attack Damage ထက် Damage ပိုများပီး Attack Speed ပိုမြန်ပါမယ်။

Pit Grit ရဲ့ နောက် Passive တခုက Sett ရဲ့ Missing Health ပေါ်မူတည်ပီး Health Regen ရမှာပါ။

Ability 1- KNUCKLE DOWN

Sett ရဲ့ Ability 1 ဟာ Sett အတွက် Basic Attack ကို နှစ်ကြိမ်စာ Buff ပေးမှာပါ။

Buff မှာ enemy ရဲ့ Max health ပေါ်မူတည်ပီး Sett အတွက် Additional Damage Bonus ရမှာဖြစ်ပါတယ်။

ဒါ့အပြင် Sett ဟာ Enemy ဘက်ဦးတည်ပီး ရွှေ့နေခဲ့ရင် Movement Speed Bonus 30% ကို 1.5s ကြာရရှိနေမှာဖြစ်ပါတယ်။

Cooldown Duration ကတော့ 9.5s ပါ။

Ability 2-HAYMAKER

HAYMAKER မှာ Grit ဆိုတဲ့ Passive ပါပါတယ်။

Sett အပေါ်ကျရောက်လာသမျှ Damage ကို GRIT Energy ဆိုပီး ပြောင်းလဲစုဆောင်းမှာဖြစ်ပါတယ် ။(Grit ကို Sett ရဲ့ Hp Bar [Green Bar] အောက်မှာ Grey bar အနေနဲ႔ပြသထားပါတယ်)

Sett စုဆောင်းထားတဲ့ Grit Energy ဟာ Ability 2 ကို အသုံးပြုတဲ့အချိန် Sett အတွက် Shield ကာပေးမှာဖြစ်ပါတယ်။

Haymaker ဟာ AOE Ability ဖြစ်ပီး အသုံးပြုတဲ့အချိန် center မှာရှိနေတဲ့ Enemy Champion တွေအတွက် True Damage သက်ရောက်မှာဖြစ်ပါတယ်။

Center မှာမရှိတဲ့ Enemy Champion ကတော့ Physical Damage သာသက်ရောက်မှာပါ။

ဒီ Ability ဟာ Monster တွေအတွက် Maximum Damage 200 သာသက်ရောက်မှာဖြစ်ပါတယ်။

Cooldown Duration ကတော့ 16s ပါ။

Ability 3- FACEBREAKER

Facebreaker ကိုအသုံးပြုတဲ့အချိန်မှာ Sett ဟာ Enemy တွေကို သူ့ဆီကို ဆွဲစုမှာဖြစ်ပါတယ်။(Facebreaker ဟာကန့်လန့်ဖြတ် AOE Ability တခုဖြစ်ပီး အရှေ့နဲ့အနောက် သို့မဟုတ် တောင်နဲ့မြောက်သာ အသုံးပြုလို့ရမှာဖြစ်ပါတယ်)

Ability အသုံးပြုချိန်အတွင်း နှစ်ဖက်စလုံးမှာ Enemy ပါလာခဲ့ရင် Enemy တွေကို 1s Stun သက်ရောက်စေမှာဖြစ်ပီး တဖက်တည်းသာပါခဲ့ရင် Slow Duration 0.5s သာသက်ရောက်စေမှာပါ။

Cooldown Duration 14s ပါ။

Ultimate Ability – The SHOW STOPPER

လွယ်လွယ်ပြောရရင် ကိုင်ပေါက်တာပါ။

Sett ဟာ Enemy Champion တကောင်ကို ကိုင်ပေါက်မှာဖြစ်ပီး မြေပေါ်ပြန်ကျတဲ့နေရာမှာတော့ AOE Damage ထိမှာဖြစ်ပါတယ်။

ဒီ Ability ရဲ့ထူးခြားချက်က Sett ဟာဝေးဝေးကိုကိုင်ပေါက်လေ Enemy ကိုသက်ရောက်မယ့် Damage နည်းလေဆိုတာကိုသတိထားစေချင်ပါတယ်။

Cooldown Duration ကတော့ 80s ပါ။

ဦးစားပေး Upgrade လုပ်သင့်တဲ့ Ability တွေကတော့ Ability1>Ability2>Ability3 နဲ့ Ultimate ကတော့ ရရင်ရသလို Upgrade သင့်ပါတယ်။

ကျွန်တော် Damage တွေထည့်မတွက်သွားပြတာက Item နဲ့ ပွဲအခြေအနေပေါ်မူတည်တာမို့ Damage ကတော့ ပုံသေမထွက်လို့ပါ။

Sett’s Item

ဒီနေရာမှာကျနော်က Sett အတွက် Basic Item (Sett အတွက်မဖြစ်မနေလိုအပ်တဲ့) သုံးကွက်လောက်ကိုသာ Suggest လုပ်ပေးသွားမှာပါ။

ဘာလို့လဲဆိုတပွဲနဲ့တပွဲဟာအခြေအနေမတူသလို Item ကိုပုံသေဆက်ဖို့မလိုအပ်လို့ပါ။

ကဲ ဒါဆိုကျနော်တို့ Sett အတွက် လိုအပ်မယ့် Item အကြောင်းလေးကို စလိုက်ရအောင်။

1.Black Cleaver(3000 Gold)

ဒီ Item ဟာ Armor Reduction နဲ့ Movement Speed ကို Stack နဲ့ပေးတာမို့ Basic Attack ကိုအားထားရတဲ့ Sett လို Champ အတှကျ လိုကိုလိုအပျတဲ့ Item ပါ။ (Bonus Damageနဲ့ Flat Movement Speed ကို Maximum 5 Stack နဲ့အတူ Duration 6S ရမှာပါ)

3000 Gold သာရှိတဲ့ Black Cleaver ရဲ့ Attribute အနေနဲ႔ကတော့

+350 Health
+40 Attack Damage
+25 Ability Haste ကိုရရှိမှာပဲဖြစ်ပါတယ်။

Sett လို Melee Champ အတွက် Health Power, Attack Damage နဲ့ Movement Speed အပြင် CD Reduction ကိုရရှိတာမို႔ ဒီ 3000 Gold သာပေးရတဲ့ Item က တန်ကိုတန်ပီး First item အနေနဲ့ ဝယ်ကိုဝယ်သင့်တဲ့ Item ပါ။
(Ability Haste ဆိုတာက Champion တွေ Ability Cooldown Duration ကို လျှော့ချပေးတဲ့သဘောပါ။ Ability Haste ဟာ 40% maximum ပဲ Count ပါတယ်။)

2.Blade Of The Ruined King(Gold 3100)

ဒီ Item ဟာ Attack Speed 35% နဲ့ AD 20 အပြင် Physical Vamp 10% ရရှိမှာမို့ Sett လို Champ မှာ ဝယ်ယူအသုံးပြုဖို့ တန်ကိုတန်ပါတယ်။

ဒီ BOTRK ကနေပေးမယ် Attribute တွေကတော့

Attack Damage +20
Attack Speed +35% ဖြစ်ပီး
Passive(Thirst) ကတော့ Physical Vamp 10% နဲ့အတူ Enemy Champion ရဲ့ Health ပေါ်မူတည်ပီး Basic Attack မှာ Bonus Dmg ရမှာပါ။

Unique အနေနဲ့ကတော့ Enemy Champion ကို Basic Attack သုံးကြိမ်ပြုလုပ်နိုင်ခဲ့ရင် 30-100 Magic Damage(Level အရ ) အပြင် Enemy Champ ဆီက 25% Movement speed ကို ခိုးယူပီး ကိုယ့် Champ ဆီကို 3S ကြာပေါင်းမှာပါ။

ဒီ Unique ရဲ့ CD ကတော့ 60s ပါ။

3.STERAK’S GAGE(Gold 3000)

3000 Gold သာပေးရပီး Tenacity 30% ပါအပိုရတာမို့ Sett လို ရှေ့ကဝင်ကြမ်းဝင်ရမ်းမယ့် Champ အတွက် မမေ့သင့်တဲ့ Item တကွက်ပါ။

Item ရဲ့ Attribute ကတော့

Health Power +400 ပဲဖြစ်ပါတယ်။

Item ရဲ့ Unique Passive ကတော့ ကိုယ့် Champion HP 35% အောက်ရောက်တာနဲ့ Champ ရဲ့ Size ဟာကြီးသွားမှာဖြစ်ပီး Tenacity 30% ရမှာပဲဖြစ်ပါတယ်။

အဲ့တာအပြင် ကိုယ့် Champion ရဲ့ Max HP ပေါ်မူတည်ပီး 75% Max Hp စာ Shield ကိုရရှိမှာပဲဖြစ်ပါတယ်။
(Tenacity ဆိုတာဟာ ကိုယ့် Champ အပေါ် Enemy ကပေးတဲ့ Stun Duration ကို လျှော့ချပေးမှာပဲ ဖြစ်ပါတယ်။ ဥပမာ 30% Tenacity ရှိရင် 1s စာ Stun နေမယ့်အစား Stun ဟာ 0.7s သာ သက်ရောက်တော့မှာဖြစ်ပါတယ်။)

ကျန်တဲ့ Item နှစ်ကွက်စာကတော့ ကိုယ့်ဆော့ရတဲ့ပွဲနဲ့ ရန်သူရဲ့ အခြေအနေပေါ်မူတည်ပီး ကြည့်ထည့်စေချင်ပါတယ်။

Enemy က AP (Ability Power) ကောင်တွေများနေရင် Magic Resistance ပါတဲ့ Item ဝယ်တာမျိုး၊ AD(Attack Damage) ကောင်များရင် Armor Item ဝယ်တာမျိုးတွေကိုလုပ်စေချင်ပါတယ်။

ကိုယ့် Team မှာ Initiator, Tank တွေမပါခဲ့ရင် Damage Item ချည်းဝယ်တာမျိုးက Baron Laner တွေမလုပ်သင့်ပါဘူး။

Sett ဟာ လွယ်ကူရိုးရှင်းတဲ့ Abilities တွေနဲ့ Champion တကောင်ဖြစ်ပီး Item Built နဲ့ Battle အဝင်အထွက်သာမှန်ခဲ့မယ်ဆိုရင် နိုင်ပွဲဆက်ဖို့ ခက်ခဲမှာမဟုတ်ပါဘူး။
Player တွေအနေနဲ႔ တခြား Champion Guide အကြောင်းတွေ ပိုမိုဖတ်ရှူလိုပါက Website Comments ကနေသော်လည်းကောင်း၊ Facebook Page Comment ကနေသော်လည်းကောင်း၊ Page Messenger ကနေသော်လည်းကောင်း ပေးပို႔တောင်းဆိုနိုင်ပါတယ်။

#XaySayar

One thought on “Sett (The Boss Sett)

Leave a Reply

Your email address will not be published.