News

SEA တိုက်ကွက်နဲ့မှောက်သွားတဲ့ Secret

SEA တိုက်ကွက်နဲ့မှောက်သွားတဲ့ Secret

ပြီးခဲ့တဲ့ DPC Tour 1 မှာရော ဒီပြိုင်ပွဲမှာ လက်အရမ်းစွာနေတဲ့ BOOM ဟာ ဒီပွဲမှာလည်း SEA တိုက်ကွက်တွေနဲ့ကစားပြီး All Stars Team Secret ကို အမှောက်သိပ်ခဲ့ပါတယ်။

Silence is Power!

Secret ရဲ့ Game 1 Draft က တကယ်ကောင်းမွန်ခဲ့ပေမယ့် သူတို့ရဲ့ Core ၃ ကောင်လုံးက Silence ကြောက်တဲ့ Hero တွေဖြစ်နေတဲ့အချိန်မှာ BOOM ရဲ့ Last Pick Carry က Riki ဖြစ်နေခဲ့တာကြောင့် ကစားရအရမ်းခက်ပါတယ်။

BOOM ဘက်ကလည်း Secret ရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူဖို့အတွက် Riki ရော DP ပါရှိပြီးတဲ့အပြင် Kunkka ကပါ Orchid နဲ့ကစားခဲ့ပြီး Sumail ကိုရော Nisha ကိုပါShut Down ချဖို့ပြင်ဆင်ခဲ့ပါတယ်။

Laning Stage မှာတော့ Secret တို့အခြေအနေမဆိုးခဲ့ပဲ အားသာချက်ရခဲ့တယ်လို့တောင်ပြောနိင်ပါတယ်။

ဒါပေမယ့် BOOM က SEA အသင်းပီပီခပ်စောစောပဲ လိုက်ချခဲ့ပါတယ်။

သူတို့ရဲ့ Kunkka နဲ့ Pango ကို အနောက်က Mirana က Follow Up လုပ်ပေးတဲ့ Combo တွေက အလုပ်တော်တော်ဖြစ်ခဲ့ပြီး Escape ကောင်းပါတယ်ဆိုတဲ့ Secret Hero တွေတန်းစီမှောက်ခဲ့ပါတယ်။

BOOM ရဲ့ Carry ဖြစ်တဲ့ Riki ကလည်း Early Online ဖြစ်နိင်တဲ့အတွက် Item လိုတဲ့ Ember က Feeder ကြီးလုံးလုံးဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် Sumail ကိုပဲအားကိုးခဲ့ရပြီးတော့ Sumail ကလည်း သူ့ Signature နဲ့ အကောင်းဆုံးလက်စွမ်းတွေကို ပြသနိင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲချိန်ကြာလာတာနဲ့အမျှပုတ်လာတဲ့ iceiceice ကြောင့်ရော၊ Item တွေတက်လာပေမယ့် အမှားတွေတောက်လျှောက်လုပ်ပြီး Solo Kill တွေလုပ်ခံခဲ့ရတဲ့ Nisha ကြောင့်ရော ပွဲနိင်အောင်တော့ မစွမ်းဆောင်ပေးနိင်ခဲ့ပါဘူး။

ဒီပွဲမှာ BOOM ရဲ့ Combo တွေ၊ Ganking တွေက တော်တော်ကောင်းခဲ့ပြီး Secret တို့ဘာမှလုပ်မရခဲ့ပါဘူး။

Sumail ရဲ့တကိုယ်တော်အစွမ်းတွေကြောင့် ပွဲချိန်ကမိနစ် ၆၀ ထိရောက်ခဲ့ပေမယ့် iceiceice နဲ့ Nisha တို့ပုံမှန်လက်စွမ်းအောက်ရောက်နေတာကြောင့် အရှုံးပေးခဲ့ရပါတယ်။

Puppey တကွက်ပြလို့ ပြိုင်ပွဲကပါထွက်ခဲ့ရ

ဒီပွဲကတော့ နည်းစနစ်ပါရဂူ Puppey တယောက် Draft အစမ်းလွန်သွားတဲ့ပွဲလို့ပြောရမှာပါ။

Lina ကို Kunkka နဲ့ထိန်းရင်နိမ့်မှာစိုးလို့ Offlane ပို့ခဲ့ပြီး Mars ကို Mid ကစားစေခဲ့ပါတယ်။

ရလဒ်ကတော့ iceiceice လည်း ရေခဲရေပါဖြစ်ခဲ့ရပြီး အသင်းဖွဲ့စည်းပုံပါ လုံးဝပျက်သွားခဲ့ပါတယ်။

Sumail ကလည်း Mars ကြီးနဲ့ ဘာမှကိုမလုပ်ပေးခဲ့တော့ပဲ Position 4 ဘဝပါဖြစ်သွားခဲ့တာပါ။

Nisha AM ကတော့ ရတဲ့ Space မှာ တတ်နိင်သမျှ ချသင့်ချ၊ Farm သင့် Farm လုပ်ခဲ့ပေမယ့် တဖက်က PA က မတရား Fat နေလို့ ဘယ်လိုမှကို လိုက်ဆော့ပေးလို့မရပါဘူး။

PA အဲ့လို Fat သွားရတဲ့အကြောင်းအရင်းက ပထမပွဲက BOOM ဘက်ကဒုက္ခကောင်းကောင်းပေခဲ့တဲ့ Kunkka နဲ့ DP ကို ထပ်ယူခွင့်ပေးခဲ့လို့လည်း ပါပါတယ်။

အဲ့တော့ပွဲက ၁၀ မိနစ်လောက်ထဲက ပြီးသလိုဖြစ်သွားပြီး BOOM နဲ့ 4v5 တောင် ရေကြီးနေတဲ့ Secret တို့ Fat နေတဲ့ PA ပါ Join ပြီးနောက်မှာတော့ တောက်လျှောက်ပြိုဆင်းသွားခဲ့ပြီး 24 မိနစ်မှာပဲ ဒီပြိုင်ပွဲကို လက်ပြခဲ့ရပါတော့တယ်။

ဒီပွဲကိုအနိင်ရခဲ့တဲ့ BOOM ကတော့ နောက်တဆင့်မှာ ကမ္ဘာ့ချန်ပီယံ Team Spirit နဲ့ ရင်ဆိုင်သွားရမှာလည်းဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.