News

Scandals behind Team Orca and Team Apex

English Version Below

Team Orca နဲ့ Team Apex တို့ရဲ့နောက်ကွယ်ကအရှုပ်တော်ပုံများသိရသမျှ

မနေ့က Valve ကနေပြီးတော့ SEA Player 10 ယောက်ကို ထာဝရဘန်းခဲ့ပါတယ်။

အကြောင်းအရင်းကတော့ DPC Qualifier တွေမှာ အကောင့်တွေအများကြီးသုံးပြီး အသင်း ၁ သင်းထဲထက်ပိုကစားခဲ့တာရယ်နဲ့ တခြားပြိုင်ပွဲတွေမှာလုပ်ပွဲတွေကစားခဲ့တာရယ်ကြောင့်ဖြစ်ပါတယ်။

အဲ့ဒီ ၁၀ ယောက်ကတော့ Team Orca(Former Team Ragdoll) နဲ့ Team Apex တို့က ကစားသမားတွေပဲဖြစ်ပါတယ်။

အဲ့ဒီ ၁၀ ယောက်ထဲမှာ Team Orca က vtFaded နဲ့ Ahjit တို့ဟာ ပရိတ်သတ်နဲ့မစိမ်းတဲ့သူတွေဖြစ်ပြီး အနာဂတ်မှာထွန်းတောက်လာမယ့်လူငယ်ကြယ်ပွင့်တွေလို့ သတ်မှတ်ထားခြင်းခံရသူတွေဖြစ်ပါတယ်။

သူတို့ ၂ ယောက်အနေနဲ့ လက်ရှိမှာ Team Orca(Former Team Ragdoll) အတွက်ကစားပေးနေပြီး အရင်ထဲက နာမည်ကြီးအသင်းတွေမှာကစားခဲ့ဖူးပြီး နာမည်ကောင်းတွေလည်းရခဲ့သူတွေပါ။

vtFaded ဆို SEA Player ဖြစ်ပေမယ့် TI ကိုတော့ Team Chaos နဲ့ကစားခဲ့ဖူးပြီး EHOME, Team SMG နဲ့ Cluod9 အတွက်လည်း ကစားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ 12k MMR ကိုရောက်ရှိခဲ့တဲ့လူနည်းစုထဲမှာလည်းပါဝင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် TI10 အပြီးမှာတော့ 2022 DPC မှာဝင်ကစားခွင့်ရဖို့အတွက် Open Qualifier တွေကနေကစားခဲ့ရတာပါ။

ဒါပေမယ့်လက်စွမ်းပြနိင်ခဲ့ပြီး Division I ကိုတက်ရောက်ဖို့အတွက် အနီးစပ်ဆုံးအနေအထားထိရောက်ခဲ့ပေမယ့် Tiebreaker Match မှာ Nigma Galaxy SEA ကိုရှုံးနိမ့်ခဲ့လို့ Division II မှာပဲဆက်နေခဲ့ရပါတယ်။

အဲ့လိုမျိုးလက်စွမ်းကောင်းတွေကိုပြသနိင်ခဲ့တာကြောင့် Tour II မှာ Division I ကိုတက်နိင်မယ့်အသင်းလို့ မျှော်လင့်ခံခဲ့ရပါတယ်။

ဒါပေမယ့်အခုအချိန်မှာ အရာအားလုံးက Team Orca အတွက် အမှောင်ထုကြီးပဲဖြစ်သွားခဲ့ပါပြီ။

ဘာကြောင့်လဲဆိုတော့ ၁ သင်းလုံးထာဝရဘန်းခံလိုက်ပြီဖြစ်လို့ပါ။

သူတို့အမှုက ၁ ခု ၂ ခုမကပဲ အတွဲလိုက်ပါ။

SEA DPC ကို Host လုပ်တဲ့ Beyond the Summit ရဲ့ကြေငြာချက်အရ VtFaded တို့ရဲ့ Team Orca ဟာ Team Apex က Player တွေရဲ့အကောင့်တွေကိုအသုံးပြုပြီးတော့ ပြီးခဲ့တဲ့အပတ်မှာကစားခဲ့တဲ့ Division II Open Qualifer ပွဲတွေကိုကစားပေးခဲ့တယ်ဆိုတာကို သက်သေအခိုင်အမာနဲ့တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ထပ်မံစစ်ဆေးချက်တွေအရ Team Orca ကစားသမားတွေက BTS Pro Series တွေနဲ့ တခြား Third Party Tournament တွေမှာလုပ်ပွဲတွေကစားခဲ့တယ်လို့လည်းသိရပါတယ်။

ဒါ့ကြောင့် Valve က Team Orca ကစားသမားတွေရော Team Apex ကစားသမားတွေကိုပါ Lifetime Ban လိုက်ပြီပဲဖြစ်ပါတယ်။

အဲ့လိုမျိုး Valve ရဲ့ကြေငြာချက်ထုတ်အပြီး နာရီအနည်းငယ်အကြာမှာတော့ vtFaded က ဖြေရှင်းချက် ၁ ချို့ကို သူ့ရဲ့ Twitter Account မှာ တင်ခဲ့ပါတယ်။

အဲ့ဒါကတော့ သူရဲ့ Team Orca က Player တချို့က Account Sharing လုပ်ခဲ့တာမှန်ပေမယ့် လုပ်ပွဲကစားခဲ့တယ်ဆိုတာကတော့ လုံးဝမဟုတ်ကြောင်းကို ဖြေရှင်းခဲ့ပါတယ်။

ဒါ့အပြင် vtFaded က သူ့အနေနဲ့ Account Sharing ကိစ္စမှာရော သူ့အနေနဲ့လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိဘူးလို့လည်းပြောထားခဲ့ပါတယ်။

အခုဖြစ်ရပ်က vtFaded အတွက် Valve နဲ့ပထမဆုံးအကြိမ်ပြသနာတက်တာတော့မဟုတ်ပါဘူး။

2021 April တုန်းကလည်း DPC Registration Rule တွေအရ Valve Event တွေမှာပါဝင်ခွင့်ပိတ်ပင်ခံခဲ့ရပေမယ့်လည်း TI10 အပြီးမှာတော့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Ban Issue က SEA ကိုရိုက်ခတ်ခဲ့တာကလည်း ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။

2014 အောက်တိုဘာမှာ SEA Competitive Scene က MSI နဲ့ Mineski အသင်းတို့က ကစားသမား ၈ ယောက်ဟာ လုပ်ပွဲကစားခဲ့တယ်လို့ဝန်ခံခဲ့ရပြီး ရာသက်ပန်ဘန်းခံခဲ့ရပါတယ်။

သူတို့နဲ့အတူ အဲ့ကာလက SEA မှာအထွန်းတောက်ဆုံးလို့ခေါ်နိင်မယ့် Arrow Gaming က ddz အပြင် Arrow Gaming Org ၁ ခုလုံးပါဘန်းခံခဲ့ရတာပါ။

ဒါပေမယ့်လည်း Team Orca ကစားသမားတွေအတွက်တော့ မျှော်လင့်ချက်ငွေ့ငွေ့လေးတော့ ရှိနေပါသေးတယ်။

အဲ့ဒါကတော့ Valve ဆီကို သူတို့အနေနဲ့ စွပ်စွဲချက်တွေနဲ့ ကင်းရှင်းကြောင်းကို သက်သေခိုင်ခိုင်မာမာပြနိင်ရင် ပြစ်ဒဏ်ကနေကင်းလွတ်နိင်သေးတာဖြစ်ပါတယ်။

အရင်ကလည်း အဲ့ဒီလိုမျိုးပြန်လည်ကင်းလွတ်ခွင့်တွေပေးခဲ့တဲ့သာဓကတွေရှိပြီး NA 2021 DPC Season 2: Lower Division က Wind and Rain အသင်းနဲ့ Pecado Squad Gaming တို့ကို လုပ်ပွဲကြောင့်ရာသက်ပန်ဘန်းခဲ့တာကနေ Wind and Rain က Szabo666 နဲ့ Steelborco တို့နဲ့ Picado Squad Gaming က P1 တို့ကို မပါဝင်ခြင်းသက်သေခိုင်လုံတာကြောင့် ပြန်လွှတ်ပေးခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ်လောလောဆယ်မှာတော့ ဒီကိစ္စက SEA သာမက Dota 2 Community ၁ ခုလုံးကိုပါ တော်တော်လေးရိုက်ခတ်စေတဲ့ကိစ္စဖြစ်နေတာပါ။

ထပ်သိရရင် ထပ်တင်ပေးပါ့မယ်။

English Version

Scandals behind Team Orca and Team Apex

Yesterday, 10 SEA players were permanently banned from Valve.

The reason is that they used more than one account and played more than one team in DPC Qualifiers, and did match-fixing in other competitions.

They are players from Team Orca (Former Team Ragdoll) and Team Apex.

Team Orca’s vtFaded and Ahjit are no strangers to the community and are considered to be the rising stars of the future.

They are currently playing for Team Orca (Former Team Ragdoll) and have played for some of the biggest esports orgs in the world.

Although vtFaded is an SEA player, he has played for TI with Team Chaos, as well as for EHOME, Team SMG and Cluod9.

He was also one of the few people to reach 12k MMR last year.

But after TI10, they had to play in the Open Qualifiers to qualify for 2021-2022 DPC.

However, he managed to stay close to qualifying for Division I, but lost to Nigma Galaxy SEA in the Tiebreaker Match and remained in Division II.

With such a display of talent, they were expected to reach Division I in Tour II.

But now everything is dark for Team Orca.

Because the whole team has been banned forever.

According to a statement from Beyond the Summit, which hosts SEA DPC, VtFaded’s Team Orca has been able to prove that they played last week’s Division II Open Qualifiers using Team Apex players’ accounts.

According to further investigation, Team Orca players did match-fixing in the BTS Pro Series and other third party tournaments.

As a result, Valve has banned Lifetime players from both Team Orca and Team Apex players.

Hours after Valve made the announcement, vtFaded posted some solutions on his Twitter account.

It’s true that some of his Team Orca players were sharing accounts, but that they didnot do any match-fixing at all.

VtFaded also stated that he had no involvement in both.

This is not the first time vtFaded has had problems with Valve.

In April 2021, he was banned from participating in valve events because of violating the DPC Registration Rules, but was released after TI10.

This is not the first time the Ban Issue has hit the SEA.

In October 2014, eight players from MSI and Mineski on the SEA Competitvie Scene confessed to the match and were banned for life time.

With them, ddz, arguably the brightest in the SEA at the time, was also being banned, along with the entire Arrow Gaming Org.

But for Team Orca players, there is still a glimmer of hope.

That is, they could still be acquitted if they could prove to the Valve that they were innocent.

In the past, there have been similar exemptions, with NA 2021 DPC Season 2: Lower Division banning the Wind and Rain team and Pecado Squad Gaming for life time, and releasing Szabo666 and Steelborco from Wind and Rain and Picado Squad Gaming’s P1.

However, for the time being, this issue is affecting not only the SEA but also the entire Dota 2 community.

I will post more if I know more.

Leave a Reply

Your email address will not be published.