Team & Players

Rubick God YapzOr

English Version Below

Rubick God YapzOr ရဲ့အကြောင်း

Team Secret ရဲ့ Position 4 ကစားသမားဖြစ်သူ YapzOr ရဲ့ နာမည်အရင်းတော့ Yazied Jaradat ဖြစ်ပါတယ်။

သူ့ကို ၁၉၉၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့ကမွေးဖွားခဲ့တာမလို့ ၂၈ နှစ်ပဲရှိပါသေးတယ်။

သူဟာ Miracle နဲ့နိင်ငံတူ ဂျော်ဒန်နိင်ငံသားတစ်ဦးဖြစ်ပါတယ်။

သူ Pro Scene ကိုမဝင်ရောက်ခင်က Amman မှာရှိတဲ့ Cafe ဆိုင်လေးမှာ Miracle နဲ့ နောက်ထပ်ဂျော်ဒန်က Pro Player ၁ ယောက်ဖြစ်တဲ့ Hook ဆိုတဲ့တယောက်နဲ့အတူ Dota ကစားလေ့ရှိပါတယ်။

Liquipedia မှာဖော်ပြထားတဲ့ သူ့ရဲ့ Signature Hero ၃ ကောင်ကတော့ Rubick, ET နဲ့ Mirana တို့ဖြစ်ပါတယ်။

သူ့ရဲ့ Rubick က ဘယ်လောက်စွမ်းသလဲဆိုရင် Team Secret ရဲ့ပွဲတော်တော်များများမှာ 1st ban ဘန်းခံရတာများသလို တကယ်လို့ မဘန်းခဲ့ရင်တော့ နည်းစနစ်ပါရဂူ Puppey က First Pick ယူလေ့ရှိပါတယ်။

အမြဲတီထွင်ဆန်းသစ်နေတဲ့ Puppey က ဟီးရိုးတစ်ကောင်ထဲကို အခါခါ Pick ရတာသဘောမကျတဲ့သူဖြစ်ပေမယ့် YapzOr ရဲ့ဟီးရိုးတွေဖြစ်တဲ့ Rubick နဲ့ ET ကိုတော့ ရတာနဲ့အမြဲတမ်းယူထားလေ့ရှိပါတယ်။

YapzOr ရဲ့ ET ဘယ်လောက်ကောင်းတယ်ဆိုတာကို Liquid နဲ့ကစားခဲ့တဲ့ DreamLeague Major Grand Finals မှာ အားလုံးပဲမြင်တွေ့ခဲ့ကြမှာပါ။

သူ့ရဲ့တတိယမြောက် Signature hero Mirana ကိုတော့ သိပ်ဘဝင်မကျမိပါဘူး။

Mirana ရဲ့နေရာမှာ Earthshaker ကို ပိုပြီးဖြစ်သင့်တယ်လို့တော့ ယူဆမိပါတယ်။

သူ့ရဲ့ Earthshaker က GH တို့ FY တို့လောက်မကောင်းပေးမယ့် သူအထွာနဲ့သူ သူလည်းဆရာတစ်ပါးပါပဲ။

ဒါက Mirana ဆိုတဲ့ဟီးရိုးကို သဘောမကျတဲ့ ကျွန်တော့်တစ်ဦးထဲအမြင်လည်းဖြစ်နိင်ပါတယ်။

YapzOr ရဲ့ကစားသမားဘ၀ Total Earning က $2,288,602 ဖြစ်ပါတယ်။

သူ့ရဲ့ Biography ကိုကြည့်ကြည့်တဲ့အခါမှာ အံ့အားသင့်စရာတစ်ခုက သူ့အနေနဲ့ Dota 2 scene ကို ၂၀၁၂ ခုနှစ်ကတည်းက ဝင်ရောက်ခဲ့တဲ့သူ ဖြစ်နေခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၆ ခုနှစ်မရောက်ခင်အထိ သူ့အနေနဲ့ Semi Pro နဲ့ Low Tier ကအသင်းတွေမှာပဲ ကစားခဲ့ပါတယ်။

ဒါပေမဲ့ SyndereN ဦးဆောင်တဲ့ No Diggity( နောက်ပိုင်း Escape Gaming ဖြစ်လာခဲ့)ကိုရောက်ရှိခဲ့ချိန်ကစလို့ YapzOr ရဲ့ကစားသမားဘဝဟာ တဆစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။

Escape Gaming နဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေကိုပြနိင်ခဲ့ပြီး EPICENTER ကို Qualify ဖြစ်ခဲ့သလို DreamLeague Season 5 မှာလည်း Grand Finals ကို ရောက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့အကြီးမားဆုံးအောင်မြင်မှုကတော့ TI6 ကို Wild Card ကနေတစ်ဆင့်ဝင်ရောက်ခွင့်ရခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အရမ်းကြပ်တည်းလှတဲ့ Group Stage ကြောင့် သေမင်းတမန် Lower Bracket Round 1 ကို ရောက်ရှိသွားခဲ့ပြီး Fnatic ကိုရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ စောစောစီးစီးပဲထွက်ခဲ့ရပါတယ်။

အသင်းအနေနဲ့ စိတ်ပျက်ဖွယ်ဖြစ်ပေမယ့် YapzOr ကတော့ ဒီ TI မှာ နာမည်ကောင်းတွေရယူနိင်ခဲ့လို့ သူ့ဟာနဲ့သူအောင်မြင်ခဲ့တယ်လို့တော့ ပြောလို့ရပါတယ်။

TI6 အပြီးမှာတော့ Escape Gaming အနေနဲ့ TI မတိုင်ခင်ကစွမ်းဆောင်ရည်တွေကို ပြသနိင်ခြင်းမရှိတော့ပဲနဲ့
Qualifier တွေကို တောက်လျှောက်ကျရှုံးခဲ့ပြီး LAN ပြိုင်ပွဲတစ်ခုမှ ဝင်ရောက်ခွင့်မရခဲ့ပါဘူး။

ဒါကြောင့်မလို့ YapzOr အနေနဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ Escape Gaming ကနေ ထွက်ခွာလာခဲ့ပါတယ်။

ဒါပေမယ့် ၃ ရက်အကြာမှာပဲ FATA-. 343, Forev နဲ့ Feero တို့နဲ့အတူ B)ears ကို တည်ထောင်ခဲ့ပါတယ်။

ဒီအသင်းဟာ Qualifier တွေမှာ စွမ်းဆောင်ရည်ကောင်းတွေကိုပြနိင်ခဲ့ပေမယ့် DAC 2017 နဲ့ Kiev Major တို့ကိုတော့ ဝင်ရောက်ခွင့်မရခဲ့ပါဘူး။

ဒါကြောင့်မလို့ တည်ထောင်ပြီးလအနည်းငယ်မှာပဲ Disband ပြန်လုပ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မေလ ၄ ရက်နေ့မှာတော့ YapzOr ဟာ Team Secret ကို ရောက်ရှိခဲ့ပါတော့တယ်။

သူ့ကို pieliedie နေရာမှာ အစားထိုးဖို့အတွက် Puppey က ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

Team Secret မှာ YapzOr အနေနဲ့ Escape Gaming မှာ အတူကစားခဲ့တဲ့ Khezu နဲ့ ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါတယ်။

YapzOr ရဲ့ပူးပေါင်းမှုနဲ့အတူ Secret ရဲ့ရလဒ်တွေက တောက်လျှောက်ကောင်းခဲ့ပြီး EPICENTER 2017 နဲ့ DreamLeague Season 7 တို့မှာ တတိယရခဲ့သလို The Summit 7 မှာလည်း ဒုတိယရခဲ့ပါတယ်။

TI7 ကိုလည်း Qualifiers ကနေစကစားခဲ့ရပေမယ့် အလွယ်တကူပဲအောင်မြင်ခဲ့ပါတယ်။

အုပ်စုအဆင့်မှာ စွမ်းဆောင်ရည်ကောင်းတစ်ချို့ကိုပြသနိင်ခဲ့ပေမယ့် Upper Bracket နဲ့တော့ဝေးခဲ့ပြီး ချန်ပီယံဖြစ်လာမယ့် Team Liquid ကိုရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရလို့ 9-12th place ပဲ ရရှိခဲ့ပါတယ်။

TI7 အပြီးမှာတော့ Team Secret ဟာ European qualifier scene ကိုအုပ်စိုးနိင်ခဲ့ပြီး Valve ရဲ့ Dota Pro Circuit အသစ်ရဲ့ ပထမဆုံး Major နဲ့ Minor ၆ ခုဆက်တိုက်ကိုဝင်ရောက်ခွင့်ရခဲ့ပါတယ်။

ပထမဆုံး Major နှစ်ခုဖြစ်တဲ့ ESL One Hamburg နဲ့ DreamLeague Season 8 တို့မှာ ဒုတိယနဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဒါဟာ YapzOr အနေနဲ့ သူ့ရဲ့ကစားသမားဘဝမှာ DreamLeague ကို သုံးကြိမ်ဝင်ရောက်ခွင့်ရခဲ့ရာမှာ ပထမဆုံးအကြိမ်အဖြစ် အောင်ပွဲခံနိင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ဟာလည်း YapzOr နဲ့ Secret တို့နှစ်ဖြစ်ခဲ့ပြီးတော့ Captains Draft 4.0 ကို အနိင်ရခဲ့ပြီး ဒါဟာသူတို့ရဲ့ ဒုတိယမြောက် LAN Victory လည်းဖြစ်ပါတယ်။
ဒီလိုနဲ့ ရာသီတစ်လျှောက်လုံးစွမ်းဆောင်ရည်ကောင်းတွေပြနိင်ခဲ့ပေမယ့် ရာသီနှောင်းပိုင်းမှာတော့ စွမ်းဆောင်ရည်တွေကျဆင်းခဲ့ပြီး TI8 မှာလည်း မနှစ်ကရှုံးနိမ့်ခဲ့တဲ့ Liquid ကိုပဲထပ်မံရှုံးနိမ့်ကာ ကျရှုံးခဲ့ပြန်ပါတယ်။

အဲ့လိုမျိုး TI တွေမှာဆက်တိုက်ကျရှုံးနေပေမယ့် YapzOr နဲ့ Secret တို့ဟာ ကြိုးစားအားထုတ်မှုကို လျှော့ချခဲ့ခြင်းမရှိပါဘူး။

ဒါ့ကြောင့်လည်း ၂၀၁၉ ခုနှစ်မှာလည်း ပြိုင်ပွဲ ၇ ခုကစားခဲ့ရာမှာ TI9 နဲ့ DreamLeague Season 11 တို့မှာစတုတ္ထနဲ့ EPICENTER Major 2019 မှာကျရှုံးခဲ့တာကလွဲရင် ကျန်တဲ့ပြိုင်ပွဲအားလုံးမှာဗိုလ်စွဲနိင်ခဲ့ပါတယ်။

TI9 မှာလည်း Liquid လက်ချက်နဲ့ပဲ ထပ်ထွက်ခဲ့ရတာပါ။

အဲ့နောက်မှာလည်း 2020 ကို DreamLeague Season 13 ချန်ပီယံဆုနဲ့စဖွင့်နိင်ခဲ့ပေမယ့် ကိုဗစ်နှိပ်စက်တာကြောင့် LAN ပြိုင်ပွဲတွေမရှိတော့ပဲ Online Tournament ကာလဖြစ်သွားခဲ့ပါတယ်။

အဲ့ကာလမှာလည်း YapzOr တို့က လုံးဝလွှမ်းမိုးနိင်ခဲ့ပြီး ပြိုင်ပွဲ ၈ ခုဆက်တိုက်မှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ကိုဗစ်ကြောင့် TI10 ကိုရွေ့ဆိုင်းခဲ့ရပြီး 2021 ကိုရောက်လာခဲ့ပါတယ်။

2021 မှာလည်း ပြိုင်ပွဲတွေသိပ်အများကြီးမဆော့ခဲ့ကြပဲ TI10 မတိုင်ခင်မှာ DPC ၂ ခု Major ၂ ခုနဲ့ ESL One Summer 2021 တို့ပဲကစားခဲ့ကြပါတယ်။

Singapore Major မှာစတုတ္ထရခဲ့လို့မဆိုးဘူးဆိုနိင်ပေမယ့် WePlay AniMajor မှာတော့ ကျရှုံးခဲ့ပါတယ်။

ဒါပေမယ့်လည်း TI10 မှာတော့ Team Secret အတွက်ရော YapzOr အတွက်ပါအမြင့်မားဆုံးလို့ခေါ်နိင်တဲ့ တတိယရခဲ့ပါတယ်။

YapzOr Rubick ရဲ့ Aggressive Playstyle က သူ့ကိုလက်ရှိ Active ဖြစ်နေတဲ့ ကမ္ဘာ့အကောင်းဆုံး Position 4 Player တွေထဲမှာ ပါဝင်စေတာဖြစ်ပါတယ်။

ဒါ့အပြင်သူဟာ သူ့ရဲ့ Greedy Playstyle နဲ့ သူ့ရဲ့ Core တွေဆီက KS လုပ်လေ့ရှိတဲ့ကစားဟန်တွေကြောင့် ရန်သူ့ဘက်က Core တွေထက် Net Worth ပိုများနေတတ်ပါတယ်။

ဘယ်လောက်ပဲအသင်းနိမ့်ပါးနေပါစေ သူ့ဆီကလုပ်ကွက်တွေကတော့ ဆက်တိုက်ထွက်နေတတ်တဲ့ YapzOr တစ်ယောက်ပိုအောင်မြင်ပါစေလို့ ဆုတောင်းရင်း …

English Version

Rubick God YapzOr

YapzOr, Position 4 of Team Secret’s real name is Yazied Jaradat.

He was born on October 17, 1994 and is only 28 years old.

He is a Jordanian citizen like Miracle.

Before he entered the Pro Scene, he used to play Dota with Miracle and another Jordanian pro player, Hook, at a cafe in Amman.

His three signature heroes listed on Liquipedia are Rubick, ET and Mirana.

His Rubick is so powerful that he often gets the 1st ban at most of Team Secret events, and if he doesn’t, Puppey, the technical expert, takes the first pick.

Puppey, who is always innovating, sometimes dislikes picking up a single hero, but always takes YapzOr’s heroes, Rubick and ET.

Everyone has seen how good YapzOr’s ET is in the DreamLeague Major Grand Finals with Liquid.

I am not very fond of his third signature hero, Mirana.

I think Earthshaker should be more in place of Mirana.

His Earthshaker is as good as GH or FY.

This may be my only opinion that I do not like the hero Mirana.

YapzOr’s career total earnings are $ 2,288,602.

One of the surprises of his biography is that he has been on the Dota 2 scene since 2012.

However, until 2016, he only played for the Semi Pro and Low Tier teams.

But YapzOr’s career has changed dramatically since the arrival of SyndereN-led No Diggity (later Escape Gaming).

He performed well with Escape Gaming, qualified for EPICENTER, and reached the Grand Finals in DreamLeague Season 5.

But their biggest success was getting access to the TI6 via the Wild Card.

Due to the tight group stage, they reached lower Bracket Round 1 and lost to Fnatic, leaving TI6 early.

The team was disappointed, but YapzOr was able to make a name for himself in this TI and succeed.

After TI6, Escape Gaming will no longer be able to demonstrate its pre-TI capabilities and
failed Qualifiers miserably and no LAN competition was allowed to play.

That’s why YapzOr left Escape Gaming on December 27, 2016.

But three days later, he founded B) ears with FATA-. 343, Forev and Feero.

The team performed well in the qualifiers, but did not qualify for DAC 2017 and Kiev Major.

So, just a few months after it was founded, they disbanded.

On May 4, 2017, YapzOr arrived Team Secret.

He was brought in by Puppey to replace Pieliedie.

In Team Secret, YapzOr reunites with Khezu, who played together on Escape Gaming.

With YapzOr’s collaboration, Secret’s results have been consistently good, finishing third on EPICENTER 2017 and DreamLeague Season 7 and second on The Summit 7.

They also competed TI7 from Qualifiers, but was easily won.

At the group stage, they did well, but were far from the Upper Bracket and lost to defending champions Team Liquid, leaving only 9-12th place.

After TI7, Team Secret dominated the European qualifier scene, gaining access to Valve’s first major major and six minor series of new Dota Pro circuits.

He finished second ESL One Hamburg and won DreamLeague Season 8.

This is the first time in his career that YapzOr has won the DreamLeague out of three times.

2018 was also the year of YapzOr and Secret, winning Captains Draft 4.0, their second LAN Victory.

He did well throughout the season, but at the end of the season, his performance declined, and lost again to Liquid at TI8 , which he lost last year.

Despite such failures in TIs, YapzOr and Secret did not slow down.

As a result, in 2019 he played in seven tournaments and won all but TI9 and finishing fourth in DreamLeague Season 11 and fail in EPICENTER Major 2019.

They are out of TI9 because of Team Liquid Again.

After that, 2020 started with the DreamLeague Season 13 championship, but due to Covid, there was no LAN competition anymore and the Online Tournament period was started.

During that time, YapzOr and squad completely dominated and won eight consecutive tournaments.

TI10 Postoned to 2021 due to covid.

There weren’t many tournaments in 2021, and before TI10 there were only two DPCs, two majors and ESL One Summer 2021.

It’s not bad at finishing fourth in Singapore Major, but failed at WePlay AniMajor.

However, they finished TI10 with 3rd place which is highest both for Team Secret and YapzOr.

YapzOr Rubick’s Aggressive Playstyle makes him one of the best Position 4 players in the world right now.

In addition, due to its greedy playstyle and KS-style gameplay from its cores, it tends to be more Net Worth than enemy cores.

Praying for the success of YapzOr, who is constantly popping up no matter how the team is in trouble.

Leave a Reply

Your email address will not be published.