Blog
Crd Lifestyle_Myanmar
Dmo_aung
Ref- Brightside
Unicode
RS ကို Public မချပြချင်တဲ့ ယောက်ကျားလေးတွေရဲ့ စိတ်ခံစားချက်များ
ယောက်ျားလေး တော်တော်များများက သူတို့ရဲ့ RS ကို Public ချမပြ ချင်တာ ဘာကြောင့်လဲဆိုတဲ့ အချက်အလက်များ
ယောက်ျားလေး တွေဟာ သူတို့ရဲ့ ချစ်ရေးချစ်ရာအကြောင်းတွေကို အစပိုင်းမှာ လျို့ဝှက်ထားတတ်ကြပါတယ် ။ ဒါဟာ ဘာကြောင့်လဲ ဆိုတဲ့ အချက်အလက် အနည်းကို ဖော်ပြပေးလိုက်ပါတယ် ။
၁ ။ နှစ်ဦးသားကြား အရှုပ်တွေ ဝင်လာမှာကို မလိုလားခြင်း
ယောက်ျားလေးတွေ အများစုဟာ အခြားသူတွေရဲ့ ဝေဖန်မှု ၊ ထင်မြင်ချက် များကြောင့် သူတို့ရဲ့ ချစ်ခရီးလမ်းကို အနှောင့်အယှက် ဖြစ်မှာကို မလိုလားကြပါဘူး ။ သူတို့နှစ်ဦးကို အနှောင့် အယှက်ဖြစ်စေမယ့် မေးခွန်းတွေ မေးလာတာ မျိုးကိုလည်း မကြိုက်နှစ်သက်ကြပါဘူး ။ ဒါကြောင့်မို့ ချစ်သူ စဖြစ်ခါစအခြေအနေမျိုးမှာ မလိုလား အပ်တဲ့ မေးခွန်းတွေနဲ့ အနှောင့်အယှက်ဖြစ်စရာတွေကို မလိုလားတာ ကြောင့်မို့ မိတ်ဆွေသူငယ်ချင်း တွေကိုတောင် အသိမပေးဘဲ လျို့ဝှက်ထားခြင်း ဖြစ်ပါတယ် ။ အချင်းချင်း ဆေးထိုးမှာကို ကြောက်လို့လည်း ပါပါတယ် ။
၂ ။ မိသားစုက ကြားဝင်နှောင့်ယှက်မှာကို စိုးရိမ်ခြင်း
အချို့သော မိဘတွေဟာ မျိုးရိုးစဉ်ဆက် အရ မာနတွေ၊ သဘောထားတွေ အများနဲ့မတူတာမျိုးရှိတတ်ကြပါတယ်။ ဒီအချက်အလက်တွေဟာ ချစ်သူနှစ်ဦးသားအတွက် တကယ့်ကို ကျော်ဖြတ်ဖို့ခက်ခဲတဲ့ တံတိုင်းကြီး ဖြစ်စေပါတယ် ။ အခြေအနေအတိုင်းအတာတခုကို မရောက်ခင်အထိ နှစ်ဦးသားမိဘတွေမသိတာက ပိုပြီးအဆင်ပြေနိုင်တယ်လို့ လက်ခံယုံကြည်ထားတာကြောင့်မို့ သူတို့ရဲ့ အချစ်ရေးကို လျို့ဝှက်ထားခြင်းဖြစ်ပါတယ် ။
၃။ ခိုးကြောင်ခိုးဝှက် တွေ့ဆုံရတာမျိုးက ပိုပြီးစိတ်လှုပ်ရှားမှုဖြစ်စေတယ်လို့ ခံစားမိခြင်း
ယောက်ျားလေးတွေရဲ့ ကြောင်တောင်တောင် အတွေးမျိုးလို့ပြောလို့ရပါတယ်။ လူအများမသိအောင်၊ ပတ်ဝန်းကျင်က မရိပ်မိအောင် နှစ်ဦးသားခိုးကြောင်ခိုးဝှက် တွေ့ဆုံရတာမျိုးက ပိုပြီး ပျော်စရာကောင်းတယ်လို့ ထင်မှတ်ပြီး သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်ကို ကွက်ကျော်ရိုက်လိုက်ရတာမျိုးက ပိုပြီးစိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတယ်လို့ ထင်မှတ်တဲ့အတွက်ဘဲဖြစ်ပါတယ် ။
၄ ။ သူ့ ကိုယ်သူ စိတ်ပိုင်းမဖြတ်နိုင်သေးခြင်း
ခံစားချက်တွေနဲ့ ပတ်သတ်ရင် ယောက်ျားလေးတော်တော်များများက သူတို့ကိုယ်သူတို့ ဇဝေဇဝါဖြစ်တတ်ကြပါတယ်။ သူတို့ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို သူတို့ဘာသာမခံစားမိသေးဘဲ သူတို့ရဲ့ relationships တခုကို လူအများကြားချမပြချင်သေးတဲ့ စိတ်ကြောင့်လည်း လျို့ဝှက်ထားတတ်ကြခြင်းဖြစ်ပါတယ် ။
၅ ။ သူငယ်ချင်း တွေရဲ့ ကြားဝင် နှောင့်ယှက်မှု
အရင်တုန်းက သူငယ်ချင်းဖြစ်ခဲ့ပေမယ့် နှစ်ဦးသားခံစားချက်တွေက သူငယ်ချင်းထက်ပိုပြီး ချစ်သူဖြစ်လာခဲ့တဲ့ စုံတွဲတွေဟာ သူတို့နှစ်ဦးချစ်သူဖြစ်နေတာကို အဖွဲ့အတွင်းက အခြားသောသူများသိသွားပါက သူတို့နှစ်ဦးရဲ့ဆက်ဆံရေးနဲ့ အဖွဲ့အတွင်းက ဆက်ဆံရေးတွေကြား မလိုလားအပ်တဲ့ အနေအထားတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်တတ်တဲ့အတွက်ကြောင့်မို့ ချစ်သူဖြစ်တဲ့အကြောင်းကို လျို့ဝှက်ထားခြင်းဖြစ်ပါတယ် ။
၆ ။ ရည်းစားဟောင်းနဲ့ လမ်းခွဲ ပြီးတာ မကြာသေးတာမို့
ရည်းစားဟောင်းနဲ့ ပတ်သတ်ခဲ့သမျှတွေဟာ အခုလက်ရှိချစ်သူအသစ်ကို မထိခိုက်စေချင်တာမို့( ဒါမှမဟုတ် ) သူ့ကို မျက်နှာများတယ်လို့ အထင်အမြင်လွဲမှားသွားမှာ စိုးရိမ်တာမို့ လက်ရှိအနေအထားကို လျို့ဝှက်ထားခြင်းဖြစ်ပါတယ် ။
၇ ။ အဖွဲ့ထဲက သူငယ်ချင်း တယောက်ရဲ့ ခံစားချက်တွေကြောင့်
ဒီလိုမျိုးအခြေအနေတွေက သူငယ်ချင်းအဖွဲ့တွေကြားမှာ ဖြစ်တတ်ကြပါတယ်။ ကိုယ့်အပေါ်ခံစားချက်ရှိတဲ့ သူငယ်ချင်းတယောက် ဒါမှမဟုတ် ကိုယ့်ရဲ့ချစ်သူကို ကိုယ့်လိုဘဲချစ်မိနေတဲ့သူငယ်ချင်းတယောက်ကြောင့် သူတို့ရဲ့ ချစ်ရေးချစ်ရာကို လျို့ဝှက်ထားခြင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဖွင့်ဟပြောဆိုလိုက်ပါက တပါးသူရဲ့ ခံစားချက်တွေကို ချိုးနှိမ်လိုက်သလိုဖြစ်သွားစေနိုင်တာကို စိုးရိမ်ကြောက်လန့်မိတဲ့အတွက်ကြောင့်ဘဲဖြစ်ပါတယ် ။
၈ ။ အခြားသူ တွေရဲ့ ထင်မြင်ချက်နဲ့ တကယ်လို့ စွန့်ပစ်ခံရပါက အလှောင်ပြောင်ခံရမှာကို စိုးရိမ်ခြင်း
အချို့သော ယောက်ျားလေးတွေက အခြားသောသူတွေရဲ့ ထင်မြင်ချက်နဲ့ စကားတွေကို ဂရုမစိုက်တတ်ကြပါဘူး။ ဒါကြောင့်မို့ ကိုယ်ရေးကိုယ်တာကိစ္စမျိုးတွေဟာ အခြားသာသူတွေရဲ့ ပြောဆိုနေစရာမျိုးမဖြစ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက လျို့ဝှက်ထားဖို့ဘဲလို့ ခံယူထားတတ်အတွက်ကြောင့်ဘဲဖြစ်ပါတယ်။ နောက်တချက်က အကယ်၍ အဲဒီမိန်းခလေးသည် သူ့ကိုစွန့်ပစ်သွားပါက သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားသွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့်လည်း သူ့ရဲ့ ချစ်ရေးချစ်ရာကိစ္စမျိုးကို လျို့ဝှက်ထားခြင်းဖြစ်ပါတယ် ။
Crd Lifestyle_Myanmar
Dmo_aung
Ref- Brightside
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ရှက် သင့် တာ ကို ရှက်
Blog
ရှက် သင့် တာ ကို ရှက်
ရှက် သင့် တာ ကို ရှက် လော က မှာ လူ တိုင်း ရန် ဖြစ် တတ် တယ် ၊ ပ ညာ ရှိ လို ရန် ဖြစ် တတ် တာ နဲ့ အောက် တန်း ကျ ကျ ရန် ဖြစ် တတ် တာ ကွာ သွား တယ် ၊ လူ တိုင်း အ တင်း ပြော တတ် တယ် ၊ လူ့သ ဘာ ဝ အ ရ တ …
" ကိုယ့် ဘေး က တန် ဖိုး ရှိ တဲ့ လူ "
Blog
” ကိုယ့် ဘေး က တန် ဖိုး ရှိ တဲ့ လူ “
” ကိုယ့် ဘေး က တန် ဖိုး ရှိ တဲ့ လူ “ ရည်း စား တွေ သုံး လေး ယောက် တစ် ပြိုင် တည်း တွဲ တဲ့ ခေတ် မှာ ကိုယ့် တစ် ယောက် တည်း သာ တွဲ တဲ့ သူ ဟာ ကိုယ့် ဘ ဝ အ တွက် အ ဖိုး တန် တဲ့ လူ ပါ ပဲ ၊ တစ် ယောက် ထက် တစ် ယောက် …
ရုတ်တရက် လေဖြတ်ခဲ့ရင် ပြုစုကုသနိုင်မည့် နည်းလမ်း ( သ မား တော် ကြီး ဣ စ္ဆာ သ ယ ဦး မောင် မောင် )
Blog
ရုတ်တရက် လေဖြတ်ခဲ့ရင် ပြုစုကုသနိုင်မည့် နည်းလမ်း ( သ မား တော် ကြီး ဣ စ္ဆာ သ ယ ဦး မောင် မောင် )
ရုတ်တရက် လေဖြတ်ခဲ့ရင် ပြုစုကုသနိုင်မည့် နည်းလမ်း ( သ မား တော် ကြီး ဣ စ္ဆာ သ ယ ဦး မောင် မောင် ) “ ရုတ် တ ရက် လေ ဖြတ် လျှင် ချက် ချင်း အ ကောင်း ပ က တိ ဖြစ် အောင် ပြု စု ကု သ နည်း ” လေ ရော ဂါ သည် အ သက် ( ၄ ၀ ) နှင့် …