Team & Players

Resolut1on

အောက်မှာမြန်မာလိုပါတယ်နော်

Resolut1on

I first learned about Reso in Empire.

I did not know him directly because a friend at the shop I was playing with was very crazy about him.

That was the era with EE, Singsing and C9.

And at that time, I Heard alot about Dendi, s4 and 430.

Resolut1on, which is not neutral there, did not take it seriously.

Although I watched Empire matches, I did not like Reso very much.

Just a Normal Mid Laner from a Pro Team For me.

But I Started to like him after TI6 Where He Reached Grand Finals with Digital Chaos.

It’s true that the W33 was carrying the team, but Reso also did it.

That’s why they reached the Grand Finals.

Resolut1on’s real name is Роман Фомінок in Ukrainian.

If it is Romanized, it is Roman Fominok.

He was born on September 2, 1996 and is only 25 years old.

He can play well with both Mid and Carry.

But his three signature heroes are Carry Luna, Faceless Void and Slark.

His style of play is very precise and he can play well in both Mid and Carry, so his individual skills are impeccable.

His career total earnings are $ 1,480,045.

Before he became a pro, he approached ALWAYSWANNAFLY, who was then a well-known player at the LAN Cafe, and asked him to teach him.

Reso became ALWAYSWANNAFLY’s waterboy because he said he would teach him if he brought drinks while he was playing public games.

Reso began his professional career on March 14, 2013 at iCCup.

After five months of playing, the club became known as Terrible Terrible Damage due to the loss of sponsors.

Virtus Pro signed him 13 days after the club was renamed due to his outstanding performances.

VP already had a powerful Mid Player God (G) at the time, so Reso had to switch to the Carry Role instead of the Mid Role he was playing.

However, he played at VP for just over a month and left early in the StarLadder StarSeries Season 7 race, after which the VP and Reso parted ways.

After leaving VP, he played for Rox.KIS for more than two weeks, where he would play for two years and reach the Empire that would brighten him up.

With Empire, Reso was successful, finishing second in StarLadder StarSeries Season 9.

He won the Excellent Moscow Cup and Dota Champions League Season 3.

As a result, despite being invited to TI4, it was a disappointment to return from the group stage.

However, after TI4, Excellent Moscow Cup 2, StarLadder StarSeries Season 11; Join DOTA MLG Pro League Season 1 and Dota 2 Champions League Season 5 and runner-up in the MarsTV Dota 2 League 2015 Spring.

As a result, he received a direct invitation to TI5, but remained in the bottom half.

Even after TI5, Premier Events like The Frankfurt Major and The Shanghai Major were not even qualified.

So after losing access to the Shanghai Major, Reso left the Empire where he played for two years, the CIS Region, and went to Digital Chaos in North America.

The early days of Reso DC were not pretty.

He did not achieve much and He failed in some qualifiers.

After failing the Qualifier for EPICENTER 2016, the whole DC team was changed except Reso.

Returnees include Misery, Moo and w33 who being kicked out of Secret, and Saksa from Mama’s Boys.

That’s why Reso switched to Carry and w33 played mid.

With this change of roster, DC has not fared well at Premier Events.

That’s why TI6 had to start from the Qualifiers and qualify, but was considered an early relegation team.

However, in the group stage, the playoffs started 11-3 with the Upper Bracket.

Despite losing to defending champions Wings, they were relegated to the Lower Bracket, beating LGD, TNC, EHOME, Fnatic, EG and the rest of the team.

However, they lost 3-1 and finished second.

But it was also a milestone for the DC team Members, which was abandoned by other teams.

After TI6, Reso won the Boston Major Upper Half and the ESL One Genting 2017 Championship.

According to the world law of rising and falling, DC falls in time.

In StarLadder i-League StarSeries Season 3, the bottom half was formed, and Sunsfan, the co-founder of DC, resigned, leaving Reso to form the Thunderbirds.

He joined the Kiev Major as a Thunerbirds but lost to EG in the Main Event and was eliminated.

They then qualified for EPICENTER 2017 and were contracted by Planet Odd.

But in the main event, they did not pass group stage.

They were also denied access to TI7.

That’s why they had to disband after finishing second in DreamLeague Season 7.

Although Planet Odd was not allowed to enter TI7, Reso was able to stand-in to his former club Empire due to Chappie’s visa problems, and in his own way he helped the Empire into the Top 8.

After leaving Planet Odd, Reso was not without a team for a long time, and on September 1, 2017, Ana took over the vacant mid position for OG.

However, Reso was fired from the OG six months later due to a lack of success in the OG.

The only significant success at Reso OG was the MDL Macau.

After leaving OG, Reso made a stand-in appearance at DAC 2018 for Effect.

It was a 13-14th place.

Then he came to VGJ.Storm on May 12, 2018.

With VGJ.Storm, Reso demonstrated incredible performance, winning the GESC: Thailand Dota 2 Minor and finishing second in the MDL Changsha Major.

TI8 had to start from the Open Qualifiers according to the rules, but was able to attend the main event without any problems.

In the Group Stage, they got 12-4 in Group B, but lost to defending champions OG and then they won 2-0 to Winstrike, but lost again to Secret 2-0.

After TI8, Sneyking was replaced by the Universe, the organization changed, and it was renamed Forward Gaming.

However, with no success, he played for only six months and moved to J. Storm.

With J. Storm, he had no success other than winning the Midas Mode 2 – Americas Championship.

So, six months later, he joined his former club, Virtus Pro.

On his return trip with the VP, Reso switched to Offlane, a role he had never played in his professional career.

Major tournaments are held due to team situation. Due to Covid, he did not play much and won some Tier 2 tournaments.

After this role change, Reso was able to show some great talent, but his playing career faded a lot and he reached a middle team like HR.

However, fans remember him for his performances on the TI Main Stage and chose him to play in the TI10 All Star Match.

The End of His Career is near now.

However, resolution that once entertained Dota 2 fans with his skill is one of the most memorable players in Dota history.

Resolut1on Statistics

Burmese Version

တည်ငြိမ်တိကျတဲ့ ကစားဟန်ကိုပိုင်ဆိုင်ထားတဲ့ Resolut1on ရဲ့အကြောင်း

Reso ကို ကျွန်တော်စသိခဲ့တာ Empire မှာပါ။

တိုက်ရိုက်သိခဲ့တာမဟုတ်ပဲ ကျွန်တော်ကစားတဲ့ဆိုင်က သူငယ်ချင်းတစ်ယောက်က သူ့ကိုအရမ်း Crazy ဖြစ်လွန်းလို့ပါ။

အဲ့ဒီအချိန်က EE တို့ Singsing တို့ C9 နဲ့အတူ ခေတ်ထနေချိန်ပါ။

နောက်ပြီးတော့ အဲ့ဒီအချိန်မှာက Dendi တို့၊ s4 တို့၊ 430 တို့နာမည်တွေကို မကြားချင်အဆုံးပါ။

အဲ့မှာ ကြားနေကြမဟုတ်တဲ့ Resolut1on ဆိုတော့ သိပ်ပြီးအလေးတော့ မထားခဲ့မိပါဘူး။

Empire ပွဲတွေကို ကြည့်ဖြစ်ခဲ့ပေမယ့်လည်း Reso ကို အဲ့လောက်ကြီး Favor မပေးခဲ့ပါဘူး။

ဒီအတိုင်းပဲ သာမန်ပရိုအသင်းတစ်သင်းက Mid Laner လို့ပဲ တွေးခဲ့ပါတယ်။

ဒါပေမယ့် ဘယ်မှာသူ့ကိုစကြိုက်လည်းဆိုတော့ W33 နဲ့အတူ ကျောက်ထခဲ့တဲ့ TI6 Digital Chaos နဲ့မှာပါ။

W33 ဒိုင်ခံ Carry ပေးခဲ့တာမှန်ပေမယ့် Reso ကလည်း တကယ်တာဝန်ကျေခဲ့ပါတယ်။

ဒါကြောင့်လည်း သူတို့ Grand Finals ထိရောက်ခဲ့တာပါ။

Resolut1on ရဲ့ နာမည်အရင်းက ယူကရိန်းလိုဆိုရင် Роман Фомінок ဖြစ်ပါတယ်။

အဲ့ဒါကို Romanized လုပ်လိုက်ရင်တော့ Roman Fominok ဖြစ်ပါတယ်။

သူ့ကို ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာမွေးဖွားခဲ့တာကြောင့် အခုမှ ၂၅ နှစ်သာ ရှိပါသေးတယ်။

သူ့ဟာ Mid ရော Carry ပါ ကောင်းကောင်းကစားနိင်သူ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ Signature Hero သုံးကောင်ကတော့ Carry တွေဖြစ်တဲ့ Luna, Faceless Void နဲ့ Slark တို့ဖြစ်ပါတယ်။

သူ့ရဲ့ကစားဟန်က တိကျသေချာလွန်းပြီး Mid ရော Carry ပါကောင်းကောင်းဆော့နိင်သူဖြစ်တာကြောင့် Individual Skill ပိုင်းကတော့ အပြစ်ပြောစရာကို မရှိပါဘူး။

သူ့ရဲ့ကစားသမားဘ၀ Total Earning ကတော့ $1,480,045 ဖြစ်ပါတယ်။

သူ Pro မဖြစ်ခင်မှာ အဲ့အချိန်မှာနာမည်ကြီးကစားသမားဖြစ်နေပြီဖြစ်တဲ့ ALWAYSWANNAFLY ကို LAN Cafe မှာချဉ်းကပ်ခဲ့ပြီး သူ့ကိုသင်ကြားပြသပေးဖို့တောင်းဆိုခဲ့ပါတယ်။

ALWAYSWANNAFLY က သူ Public Game တွေကစားနေတုန်း သောက်စရာတွေယူလာပေးရင်သင်ပေးမယ်လို့ပြောခဲ့တာကြောင့် Reso ဟာ ALWAYSWANNAFLY ရဲ့ waterboy လေးလုပ်ခဲ့ရပါတယ်။

Reso ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၃ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ iCCup ဆိုတဲ့အသင်းမှာ စတင်ခဲ့ပါတယ်။

သူ ၅ လလောက်ကစားအပြီးမှာတော့ စပွန်ဆာမရှိတော့တာကြောင့် အသင်းနာမည်က Terrible Terrible Damage ဖြစ်သွားခဲ့ပါတယ်။

သူ့ရဲ့ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်းနာမည်ပြောင်းပြီးလို့ ၁၃ ရက်အကြာမှာပဲ အသင်းကြီးတစ်သင်းဖြစ်တဲ့ Virtus Pro က ခေါ်ယူခဲ့ပါတယ်။

VP မှာ အဲ့ဒီအချိန်က သြဇာကြီးမားတဲ့ Mid Player God(G) ရှိနေပြီဖြစ်တာကြောင့် Reso ဟာ သူကစားနေကြ Mid Role မဟုတ်ပဲ Carry Role ကို ပြောင်းလဲကစားခဲ့ရပါတယ်။

ဒါပေမယ့် VP မှာ ၁ လကျော်ကျော်လေးပဲကစားခဲ့ပြီး StarLadder StarSeries Season 7 ပြိုင်ပွဲမှာ အစောကြီးထွက်ခွာရအပြီးမှာတော့ VP နဲ့ Reso တို့ လမ်းခွဲစကားဆိုခဲ့ကြပါတယ်။

VP ကနေထွက်လာအပြီးမှာ Rox.KIS မှာ ၂ ပတ်ကျော်လောက်ကစားခဲ့ပြီး သူ ၂ နှစ်လောက်ကစားမှာဖြစ်သလို သူ့ကိုလည်းအရောင်တင်ပေးမယ့် Empire ကို ရောက်ရှိခဲ့ပါတော့တယ်။

Empire နဲ့အတူ Reso ဟာ အောင်မြင်မှုတွေရယူနိင်ခဲ့ပြီး StarLadder StarSeries Season 9 မှာ ဒုတိယနဲ့ Excellent Moscow Cup နဲ့ Dota Champions League Season 3 တို့မှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဒါကြောင့်မလို့ TI4 ကို ဖိတ်ခေါ်ခြင်းခံခဲ့ရပေမယ့်လည်း စိတ်ပျက်ဖွယ်ရာအဖြစ် အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။

ဒါပေမယ့် TI4 အပြီးမှာ Excellent Moscow Cup 2 ၊ StarLadder StarSeries Season 11 ၊ joinDOTA MLG Pro League Season 1 နဲ့ Dota 2 Champions League Season 5 မှာ ချန်ပီယံဖြစ်ခဲ့သလို MarsTV Dota 2 League 2015 Spring မှာလည်း ဒုတိယ ရခဲ့ပါတယ်။

အဲ့လိုအောင်မြင်မှုတွေကြောင့် TI5 ကိုလည်း Direct Invite ရခဲ့ပြန်ပေမယ့် Bottom Half မှာပဲ ရပ်တည်နိင်ခဲ့ပြန်ပါတယ်။

TI5 အပြီးမှာလည်း The Frankfurt Major နဲ့ The Shanghai Major တို့လိုမျိုး Premier Event တွေကို Qualify တောင်မဖြစ်ခဲ့ပါဘူး။

ဒါကြောင့်မလို့ Shanghai Major ကို ဝင်ရောက်ခွင့်ဆုံးရှုံးပြီးတဲ့နောက်မှာတော့ Reso ဟာ သူနှစ်နှစ်လောက်ကစားခဲ့တဲ့ Empire ကို စွန့်ခွာခဲ့သလို CIS Region ကိုလည်း စွန့်ခွာကာ North America က Digital Chaos ကို သွားရောက်ခဲ့ပါတော့တယ်။

Reso ရဲ့ DC အစပိုင်းနေ့ရက်တွေကတော့ မလှပခဲ့ပါဘူး။

ဘာအောင်မြင်မှုကိုမှ လောက်လောက်လားလားမရယူနိင်ခဲ့သလို တစ်ချို့ Qualifier တွေမှာလည်း ကျရှုံးခဲ့ပါတယ်။

EPICENTER 2016 ကို Qualifier မအောင်မြင်ပြီးနောက်မှာတော့ Reso ကလွဲရင် DC တစ်သင်းလုံးကို လူပြောင်းခဲ့ပါတယ်။

ပြန်ရောက်လာခဲ့တဲ့သူတွေကတော့ Moo, Secret ကနေ ကန်ထုတ်ခံလိုက်ရတဲ့ Misery နဲ့ w33 တို့နဲ့ Mama’s Boys ကနေရောက်လာတဲ့ Saksa တို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ Reso ဟာ Carry ပြောင်းကစားခဲ့ပြီး w33 ကို mid ပေးဆော့ခဲ့ပါတယ်။

ဒီလူစာရင်းအပြောင်းအလဲနဲ့လည်း DC ဟာ Premier Event တွေမှာ အခြေအနေမကောင်းခဲ့ပါဘူး။

ဒါကြောင့်မလို့ TI6 ကိုလည်း Qualifiers ကနေ စကစားခဲ့ရပြီး Qualify ဖြစ်ခဲ့ပေမယ့် စောစောပြုတ်မယ့်အသင်းလို့ပဲ သတ်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ပြိုင်ပွဲအုပ်စုအဆင့်မှာ 11 – 3 ဆိုတဲ့ရလဒ်နဲ့ Playoff ကို Upper Bracket ကနေ စကစားခဲ့ရသလို ချန်ပီယံဖြစ်လာမယ့် Wings ကိုရှုံးနိမ့်ခဲ့လို့ အောက်ဆင်းခဲ့ရပေမယ့် Lower Bracket မှာ LGD, TNC, EHOME, Fnatic, EG စတဲ့အသင်းကြီးတွေကို တောက်လျှောက်အနိင်ယူပြီး Wings နဲ့ မကျေပွဲနွဲနိင်ခဲ့ပါတယ်။

ဒါပေမယ့် ၃ – ၁ နဲ့ ထပ်ရှုံးခဲ့လို့ ဒုတိယပဲရခဲ့ပါတယ်။

ဒါပေမယ့် ဒါဟာ မျက်နှာမွဲ DC အတွက် ဂုဏ်မငယ်ခဲ့ပဲ တခြားအသင်းတွေရဲ့ စွန့်ပစ်ခံဖြစ်ခဲ့တဲ့ DC အသင်းသားတွေအတွက်လည်း သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။

TI6 အပြီးမှာလည်း Reso တို့ဟာ Boston Major မှာ Upper Half မှာရပ်တည်နိင်ခဲ့သလို ESL One Genting 2017 မှာလည်း ချန်ပီယံဖြစ်ခဲ့ပါသေးတယ်။

တက်ပြီးရင် ကျတယ်ဆိုတဲ့လောကနိယာမအတိုင်းပဲ DC လည်း ကျချိန်တန်တော့ ကျခဲ့ပါတော့တယ်။

StarLadder i-League StarSeries Season 3 မှာ bottom half မှာပဲ ရပ်တည်နိင်ခဲ့သလို DC ရဲ့ co-founder ဖြစ်သူ Sunsfan အဖွဲ့အစည်းကနေထွက်သွားလို့ Reso တို့လည်း ထွက်ခွာကာ Thunderbirds ဆိုတဲ့အသင်းကို ဖွဲ့စည်းကာ ကစားခဲ့ရပါတယ်။

Thunerbirds အဖြစ်နဲ့ Kiev Major ကိုဝင်ကစားခဲ့ပေမယ့် Main Event ကို EG ကိုရှုံးနိမ့်ပြီးတော့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

အဲ့နောက်မှာတော့ EPICENTER 2017 ကို Qualify ဖြစ်ခဲ့ပြီး Planet Odd က သူတို့ကိုစာချုပ်ချုပ်ခဲ့ပါတယ်။

ဒါပေမယ့် Main Event မှာတော့ အုပ်စုမကျော်ခဲ့ပါဘူး။

သူတို့အနေနဲ့ TI7 ကိုလည်း ဝင်ရောက်ခွင့်မရခဲ့ပါဘူး။

ဒါကြောင့်မလို့ DreamLeague Season 7 မှာ ဒုတိယရအပြီးမှာတော့ Disband လုပ်ခဲ့ရပါတော့တယ်။

TI7 ကို Planet Odd အနေနဲ့ ဝင်ရောက်ခွင့်မရရှိခဲ့ပေမယ့် Reso ကတော့ Chappie ရဲ့ ဗီဇာပြသနာကြောင့် တိုင်ပတ်နေတဲ့ အသင်းဟောင်း Empire မှာ Stand-in ဝင်ကစားခဲ့ပြီး သူ့တစ်ကိုယ်တော်အစွမ်းနဲ့ Empire ကို Top 8 ဝင်အောင် စွမ်းဆောင်ပေးနိင်ခဲ့ပါတယ်။

Planet Odd ကနေထွက်လာအပြီးမှာ Reso အနေနဲ့ အသင်းလက်မဲ့အကြာကြီးမဖြစ်ခဲ့ပဲ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာတော့ Ana ထွက်သွားလို့ လစ်လပ်နေတဲ့ OG ရဲ့ Mid Position ကို တာဝန်ယူခဲ့ပါတယ်။

ဒါပေမယ့် Reso ဟာ OG မှာ သိပ်ပြီးတော့ကီးမကိုက်ခဲ့လို့ အောင်မြင်မှုမရခဲ့ပဲ ၆ လလောက်အကြာမှာတော့ OG ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Reso OG မှာရခဲ့တဲ့ တစ်ခုထဲသော လောက်လောက်လားလားအောင်မြင်မှုကတော့ MDL Macau ပဲ ဖြစ်ပါတယ်။

OG ကနေထွက်လာအပြီးမှာ Reso ဟာ Effect အတွက် DAC 2018 မှာ Stand-in ဝင်ကစားပေးခဲ့ပါတယ်။

အောင်မြင်မှုတော့မရခဲပဲ 13-14th place ကိုပဲ ရရှိခဲ့ပါတယ်။

အဲ့နောက်မှာတော့ ၂၀၁၈ ခုနှစ် မေလ ၁၂ ရက်နေ့မှာ VGJ.Storm ကို ရောက်ရှိခဲ့ပါတော့တယ်။

VGJ.Storm နဲ့အတူ Reso ဟာ မယုံကြည်နိင်လောက်တဲ့ စွမ်းဆောင်ရည်တွေကိုပြသနိင်ခဲ့ပြီး GESC:Thailand Dota 2 Minor မှာချန်ပီယံဖြစ်ခဲ့သလို MDL Changsha Major မှာလည်း ဒုတိယရခဲ့ပါတယ်။

TI8 ကိုတော့ စည်းမျဉ်းတွေအရ Open Qualifiers ကနေ စကစားခဲ့ရပေမယ့် Main Event ကို အခက်အခဲမရှိ တက်ရောက်နိင်ခဲ့ပါတယ်။

Group Stage မှာလည်း Group B မှာ ၁၂ – ၄ ဆိုတဲ့ရလဒ်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့ပေမယ့် ချန်ပီယံဖြစ်လာမယ့် OG ကိုရှုံးနိမ့်ပြီးတော့ အောက်ဆင်းခဲ့ရသလို Winstrike ကို ၂ – ၀ နဲ့နိင်ခဲ့ပေမယ့် Secret ကို ၂ – ၀ နဲ့ထပ်ရှုံးခဲ့ရလို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

TI8 အပြီးမှာတော့ Sneyking ရဲ့နေရာမှာ Universe ကိုအစားထိုးခဲ့သလို အဖွဲ့အစည်းလည်း ပြောင်းလဲခဲ့ပြီး Forward Gaming ဆိုတဲ့နာမည်နဲ့ ကစားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘာအောင်မြင်မှုမှမရခဲ့လို့ ၆ လလောက်ပဲကစားပြီး J.Storm ကိုပြောင်းရွှေ့ခဲ့ပါတယ်။

J.Storm နဲ့မှာလည်း Midas Mode 2 – Americas မှာချန်ပီယံဖြစ်ခဲ့တာကလွဲပြီး ဘာမှလောက်လောက်လားလားမအောင်မြင်ခဲ့ပါဘူး။

ဒါ့ကြောင့် ၆ လလောက်အကြာမှာတော့ သူ့ရဲ့အသင်းဟောင်း ၁ သင်းပဲဖြစ်တဲ့ Virtus Pro ကိုရောက်သွားခဲ့ပါတယ်။

VP နဲ့တကျော့ပြန်ခရီးစဉ်မှာတော့ Reso အနေနဲ့ သူ့ရဲ့ Professional ကစားသမားဘဝမှာ ၁ ခါမှမကစားခဲ့ဖူးတဲ့ Role ဖြစ်တဲ့ Offlane ကိုပြောင်းလဲကစားခဲ့ပါတယ်။

ပြိုင်ပွဲကြီးတွေကိုတော့ အသင်းအခြေအနေကြောင့်ရော၊ Covid ကြောင့်ပါသိပ်မကစားခဲ့ရပဲ Tier 2 ပြိုင်ပွဲ ၁ ချို့မှာတော့ ဗိုလ်စွဲနိင်ခဲ့ပါတယ်။

ဒီလို Role ပြောင်းကစားအပြီးမှာ Reso ကလက်စွမ်းကောင်းတချို့ကိုပြသနိင်ခဲ့ပေမယ့် သူ့ရဲ့ကစားသမားဘဝကတော့ တော်တော်လေးမှေးမှိန်သွားပြီး HR လိုမျိုးအလယ်အလတ်အသင်းပါရောက်ရှိသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း တချိန်က TI Main Stage တွေမှာပြသခဲ့ဖူးတဲ့သူ့ရဲ့လက်စွမ်းကောင်းတွေကို ပရိတ်သတ်တွေက အမှတ်ရနေပြီး TI10 All Star Match မှာလည်း သူ့ကိုပါဝင်ကစားဖို့ရွေးချယ်ခဲ့ကြပါတယ်။

ကစားသမားဘဝရဲ့နေဝင်ချိန်ကိုရောက်နေပြီလို့ပြောလို့ရတဲ့ Resolution ကတော့ 2021-2022 DPC Season မှာတော့ အသင်းလက်မဲ့ဖြစ်နေပြီး HR ကနေ ၂၀၂၁ အောက်တိုဘာလ ၁ ရက်နေ့က ထွက်ခွာထားတာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တချိန်က Dota 2 ပရိတ်သတ်တွေကို သူ့ရဲ့လက်စွမ်းကောင်းတွေနဲ့ အသုံးတော်ခံပေးခဲ့တဲ့ Resolution ကတော့ Dota သမိုင်းမှာမေ့ထားလို့မရတဲ့ Player တွေထဲက ၁ ယောက်ဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.