News

Resolut1on Told About His SEA Ranked Match Experience

SEA မှာ Ranked ကစားရတဲ့အတွေ့အကြုံကို ဒေါသတကြီးပြောပြခဲ့တဲ့ Resolut1on

SEA က Dota 2 Ranked Match တွေရဲ့အနေအထားကဘယ်လိုမျိုးလဲဆိုတာက အထွေအထူးရှင်းပြနေစရာမလိုလောက်အောင်ကို လူတိုင်းသိပြီးသားပါ။

Rank အလွှာအသီးသီးမှာ ဂဏန်းတွေ၊ Medal တွေသာပြောင်းသွားပေမယ့် မပြောင်းလဲတာကတော့ Toxic ပေါင်းစုံ၊ ဆေးပေါင်းစုံ၊ Cancer ပေါင်းစုံဖြစ်ပါတယ်။

ဒါက SEA မှာ နေ့တိုင်းကစားနေတဲ့ကိုယ်တွေအတွက်က ဘာမှအထူးအဆန်းမဟုတ်တော့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် SEA မှာ တခါတလေမှလာကစားရတဲ့သူတွေအတွက်ကတော့ SEA ဂုဏ်သတင်းတွေကို ကြားဖူးသည့်တိုင်အောင် တော်ရုံမခံစားနိင်ကြပါဘူး။

အဲ့လိုမခံစားနိင်ကြသူတွေထဲမှာ Pro Player တွေလည်းအပါအဝင်ဖြစ်နေတာကတော့ SEA Power ပါပဲ။

သိပ်မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ Live Stream ၁ ခုမှာ EEU ကနာမည်ကျော် Player ၁ ဦးဖြစ်တဲ့ Resolut1on က သူ SEA Region မှာကစားခဲ့စဉ်က ရရှိခဲ့တဲ့အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။

Reso အနေနဲ့ SEA Pubs တွေမှာ ရက်သတ္တပတ်အနည်းငယ်လောက်လာကစားခဲ့တာဖြစ်ပြီး သူကြုံတွေ့ရခဲ့ရတာတွေကတော့ သူ့အတွက်တသက်တာမမေ့နိင်စရာတွေဖြစ်သွားပုံပါပဲ။

SEA Pub တွေရဲ့ပုံမှန်အငွေ့အသက်တွေကို တော်တော်လေး Annoy ဖြစ်သွားခဲ့တာပါ။

Reso ဟာ သူ့ရဲ့မေလ ၂၄ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ Twitch Livestream မှာ ၁ ယောက်က သူ့ရဲ့ SEA မှာကစားရတဲ့အတွေ့အကြုံကိုမေးမြန်းခြင်းခံခဲ့ရတာပါ။

ဖြစ်ချင်တဲ့အဲ့ဒီအချိန်မှာ Reso အနေနဲ့ တော်တော်လေးခက်ခဲတဲ့ပွဲ ၁ ပွဲကို ကစားပြီးချိန်ဖြစ်ပါတယ်။

သူ့ရဲ့ Mid က Tiny က 1-11-6 ဆိုတဲ့အခြေအနေနဲ့ ပွဲသိမ်းခဲ့ပါတယ်။

ဒါ့ကြောင့်တော်တော်လေးလောင်နေတဲ့အနေအထားမှာ အမေးခံခဲ့ရတာမလို့ Reso အနေနဲ့ ဘာမှကိုမငဲ့တော့ပဲ စိတ်ထဲရှိတဲ့အတိုင်း ဒီလိုကြီးပါပြောချပလိုက်ပါတော့တယ်။

“SEA မှာကစားရတာက ဘာနဲ့တူလဲဆိုတော့ မစင်တွေအပြည့်ထည့်ထားတဲ့ပုံးကြီး ၁ ပုံးကိုယူပြီးတော့ ကိုယ့်ကိုယ်ပေါ်ကိုအဆက်မပြတ်လောင်းချနေရသလိုပါပဲ။

အထူးသဖြင့် ဒီ Tiny လိုကောင်မျိုးတွေနဲ့တသင်းထဲကစားရတဲ့အခါမျိုးမှာပေါ့”

Dota 2 Community ကလူတွေ SEA Pub တွေရဲ့အနေအထားကိုမနှစ်မြို့ကြတာက အထူးအဆန်းတော့မဟုတ်တော့ပါဘူး။

Pro တွေအပါအဝင်ပါပဲ။

Reso လိုပဲ OG နဲ့ TI ၂ ခါရပြီးမှ မိန်းမနားကပ်ချင်လို့ SEA ရောက်နေတဲ့ Topson လည်း SEA Pub တွေကို မကြာခဏဝေဖန်ဖူးပါတယ်။

Topson က SEA Player တွေအနေနဲ့ ကိုယ့်ဘက်ပဲကိုယ်ကြည့်တတ်ကြပြီးတော့ ဘယ်သူမှမခန့်မှန်းနိင်လောက်တဲ့ကစားပုံအဆန်းကြီးတွေကိုလည်း ထမင်းစားရေသောက်လုပ်ပြလေ့ရှိတယ်လို့ မှတ်ချက်ပေးဖူးပါတယ်။

Resolut1on အနေနဲ့ 2022 မေလအစထဲက Live Streaming တွေ ပုံမှန်ပြုလုပ်နေခဲ့တာပါ။

သူကစားတဲ့ Pub တော်တော်များများက SEA Region မှာဖြစ်ပါတယ်။

ပွဲတော်တော်များများမှာလည်း Reso ဟာ Offlane ပဲကစားပြခဲ့ပြီး သူ Pro Scene ကိုပြန်ဝင်ဖို့အတွက် လက်သွေးနေခဲ့တာပါ။

မေလ ၁၀ ရက်နေ့မှာတော့ Reso ဟာ သူ့ရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ Zayac နဲ့အတူပြန်ဝင်ဖို့အတွက်စိတ်ဝင်စားနေကြောင်းကို သူ့ရဲ့ Twitter မှာ Tweet ထားခဲ့ပါတယ်။

Reso ဟာ 2021 နိုဝင်ဘာလထဲက Professional Burnout ဖြစ်တာကြောင့် Competitive Scene ကနေအနားယူထားခဲ့တာဖြစ်ပါတယ်။

Reso အနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကစားခဲ့တဲ့ပွဲတွေမှာ လက်စွမ်းကောင်းတွေကိုပြသထားနိင်ခဲ့ပေမယ့် Tour 3 မစခင်မှာ အသင်း ၁ သင်းကို Join နိင်မ Join နိင်ကတော့ ဘယ်သူမှမသိသေးပါဘူး။

Leave a Reply

Your email address will not be published.