News

Rapper Snoop Dogg officially joins the FaZe Clan

English Version Below

FaZe Clan နှင့်တရားဝင်လက်တွဲခဲ့ပြီဖြစ်တဲ့ Rapper Snoop Dogg

နာမည်ကျော် Hip Hop Artist တယောက်ဖြစ်တဲ့ Snoop Dogg ဟာ နာမည်ကျော် Esports Org ၁ ခုဖြစ်တဲ့ FaZe Clan နဲ့ အံ့အားသင့်ဖွယ်လက်တွဲခဲ့ပြီလည်းဖြစ်ပါတယ်။

Rapper ကြီးဟာ FaZe Clan ရဲ့ Talent Network နဲ့ Director Board မှာ ပါဝင်သွားမှာဖြစ်ပါတယ်။

ပိုပြီးတိတိကျကျပြောရရင် Snoop Dogg ဟာ FaZe မှာ Co-Content Creator အဖြစ်ဆောင်ရွက်မှာဖြစ်တဲ့အပြင် FaZe ကုန်ပစ္စည်းအမှတ်ရောင်းချခြင်းနဲ့၊ စီးပွားရေးလုပ်ငန်းအစပျိုးမှုတွေမှာလည်း ပါဝင်ကူညီပေးသွားမှာပါ။

FaZe Clan ရဲ့ Talent Network က တော်တော်လေးကြီးမားကျယ်ပြန့်တယ်လို့ဆိုနိင်ပါတယ်။

Content Creator, Influencer နဲ့ Online Personality ပေါင်း အယောက် ၉၀ နီးပါးရှိပြီး အဲ့ဒီထဲမှာ နာမည်ကျော်အမေရိကန်ဘတ်စကတ်ဘောကစားသမား LeBron James Jr နဲ့ အမေရိကန်နာမည်ကျော် Rapper Lil Yachty တို့လိုလူမျိုးတွေပါ ပါဝင်နေတာပါ။

FaZe Company ရဲ့ Gaming Division မှာ Esports အသင်း ၁၀ သင်းရှိပြီး CS:GO, Rocket League, Fortnite နဲ့ Call of Duty တို့မှာ နာမည်အသီးသီးရှိကြတဲ့အသင်းတွေဖြစ်ပါတယ်။

ဒါ့ကြောင့် West Coast Legend ဖြစ်တဲ့ Snoop Dogg နဲ့လက်တွဲခဲ့တာက FaZe အတွက်တော့ လုပ်ရိုးလုပ်စဉ် ၁ ခုကိုပဲထပ်လုပ်ခဲ့တာလို့ပြောနိင်ပါတယ်။

Snoop Dogg ဟာလည်း Gaming Community နဲ့သိပ်စိမ်းလှသူတော့မဟုတ်ပါဘူး။

The Battlefield 1 Reveal လိုမျိုး Gaming Event တွေကိုတက်ရောက်ခဲ့ဖူးသလို Twitch မှာလည်း Game Stream တွေ ၁ ခါ ၁ လေပြုလုပ်လေ့ရှိပါတယ်။

သူ့ Twitch Channel Link ကတော့ https://www.twitch.tv/doggydogg20 ဖြစ်ပါတယ်။

ဒါ့အပြင် Snoop Dogg ဟာ ၂၀၁၉ ခုနှစ်မှာ Gangsta Gaming League လို့ခေါ်တဲ့ Madden NFL Esports League ၁ ခုကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။

Snoop Doog အနေနဲ့ သူ့ရဲ့ Twitter Account ကနာမည်ကို FaZe Snoop လို့ ပြောင်းထားပြီဖြစ်ပါတယ်။

FaZe Clan ရဲ့ Chief Strategy Officer Kai Henry က

“ FaZe နဲ့ Snoop တို့ကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးတွေတည်ဆောက်လာတာ နှစ်အတော်ကြာပါပြီ။

ဒါ့ကြောင့်အခုအချိန်မှာ ၁ မိသားစုထဲဖြစ်သွားတဲ့အတွက် အလွန်ပဲစိတ်လှုပ်ရှားနေမိပါတယ်။

First Generation Gamer နဲ့ Internet Kid ဖြစ်ခဲ့သူတယောက်အနေနဲ့ Snoop ဟာ Musc, Lifestyle နဲ့ Gaming တွေရဲ့ဆက်စပ်နေမှုကို အမြဲနားလည်နေခဲ့သူ ၁ ယောက်ပါ။

အခုကနေစပြီးတော့ Snoop ဟာ တရိပ်ရိပ်နဲ့တိုးတက်နေတဲ့ကျွန်တော်တို့ရဲ့ Web3 Community အတွက် အရေးပါတဲ့ပြယုဂ် ၁ ခုဖြစ်လာမှာဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့ပရိတ်သတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်အစီအစဉ်တွေကိုလည်း ဖန်တီးသွားနိင်တော့မှာ”လို့ပြောခဲ့ပါတယ်။

Snoop Dogg ဟာ သူ့ရဲ့သားဖြစ်သူ Cordell ကြောင့် FaZe Clan နဲ့လက်တွဲဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

English Version

Rapper Snoop Dogg officially joins the FaZe Clan

Renowned hip hop artist Snoop Dogg has teamed up with FaZe Clan, a popular Esports Org.

The rapper will be on the FaZe Clan Talent Network and Director Board.

More specifically, Snoop Dogg will be co-create content, participate in key business initiatives, and launch merchandise with the brand at FaZe.

FaZe Clan’s Talent Network is quite wide and varied.

There are nearly 90 content creators, influencers and online personalities, including American basketball star LeBron James Jr. and American rapper Lil Yachty.

FaZe Company’s Gaming Division has 10 esports teams, each with its own names in CS: GO, Rocket League, Fortnite and Call of Duty.

So partnering with West Coast legend Snoop Dogg is just another routine for FaZe.

Snoop Dogg is no stranger to the gaming community.

He has attended gaming events like The Battlefield 1 Reveal, and he occasionally do gaming streams on Twitch.

His Twitch Channel Link is https://www.twitch.tv/doggydogg20.

Snoop Dogg also founded the Madden NFL Esports League in 2019, the Gangsta Gaming League.

Snoop Doog has changed its Twitter account name to FaZe Snoop.

Kai Henry, Chief Strategy Officer of FaZe Clan Said

“The organic relationship between FaZe and Snoop has been building for years now, so we are thrilled to officially welcome FaZe Snoop to the family.
As the original internet kid and first generation gamer, Snoop has always understood the cultural connection between music, lifestyle and gaming.
Today, Snoop is a prominent voice in the emerging Web3 community and we have exciting plans to create together in the metaverse, driving new engagement opportunities for both of our fanbases.

Snoop Dogg has decided to partner with FaZe Clan because of his son Cordell.

Leave a Reply

Your email address will not be published.