News

Qojqva Said Nigma Ss Suffering Now Because They Kicked MATUMBAMAN

English Version Below

MATUMBAMAN ကို Kick ခဲ့လို့ Nigma အခုလိုဘဝမျိုးရောက်နေတာလို့ပြောလိုက်တဲ့ Qojqva

နာမည်ကျော် Dota 2 Pro အသင်း ၁ သင်းဖြစ်တဲ့ Nigma Galaxy ရဲ့ ၂၀၂၁-၂၀၂၂ DPC Tour 2 ရလဒ်တွေကတော့ သူတို့အသင်းနဲ့ပတ်သက်တဲ့သူအားလုံးအတွက် တော်တော်လေးစိတ်မချမ်းမြေ့စရာပါ။

ကစားပြီးခဲ့သမျှ Series ၄ ခုစလုံးကို ရှုံးထားသလို နောက်ထပ်တွေ့ရမယ့်အသင်းတွေကလည်း သူတို့နည်းသူတို့ဟန်နဲ့အမှတ်လိုနေကြတဲ့အသင်းတွေဖြစ်လို့ Division II ကိုဆင်းရဖို့ကလည်း သေချာသလောက်ဖြစ်နေပါတယ်။

Nigma ရဲ့စွမ်းဆောင်ရည်တွေကလည်း ဘုရားစူး TI ရဖူးတဲ့ Player ၄ ယောက်ပါတယ်လို့ပြောရအောင် Tier 3 အသင်းတွေထက်တောင် အခြေအနေဆိုးနေခဲ့တာပါ။

Nigma ကစားသမားအများစုရဲ့ Org အဟောင်းဖြစ်သလို သူတို့ TI ယူပေးခဲ့တဲ့ Team Liquid ရဲ့ Mid Player ဟောင်းဖြစ်ပြီး လက်ရှိမှာ Streamer လုပ်နေတဲ့ Qojqva ကတော့ Nigma အခုအချိန်မှာ ဘာလို့အဲ့လောက်ဘဝပျက်နေရလဲဆိုတာကို သုံးသပ်ပြောကြားလိုက်ပါတယ်။

အဲ့ဒါကတော့ 2019 ခုနှစ် ဇွန်လတုန်းက MATUMBAMAN ကို အသင်းကနေထွက်ခွာစေခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

Matu ရဲ့နေရာမှာအစားဝင်ခဲ့ကြတဲ့ iLTW နဲ့ w33 တို့က ကစားသမားကောင်းတွေဖြစ်ကြပေမယ့် Matu ကသာ Nigma ရဲ့တခြား Player တွေကို ကောင်းကောင်းကူညီပေးနိင်တဲ့သူ အထူးသဖြင့် Miracle ကိုဖြစ်ပါတယ်။

Qojqva ရဲ့ Livestream မှာ Twitch User ၁ ယောက်က Qojqva ကို Kuroky အနေနဲ့ TI ရခဲ့တဲ့ 2017 မှာပဲကျန်နေခဲ့ပြီလားလို့မေးမြန်းခဲ့ရာမှာတော့ Qojqva က အဲ့လိုတော့သူမထင်ပေမယ့် 2019 ခုနှစ်မှာ MATUMBAMAN ကို Kick ခဲ့တာကတော့ ကြီးမားတဲ့အမှားဖြစ်ကြောင်း၊ MATU အသင်းအတွက်လုပ်ပေးခဲ့တာတွေကို လက်ရှိ Nigma ရဲ့ Carry ဖြစ်သူ iLTW နဲ့နှိုင်းယှဉ်ပြပြီး Miracle ရဲ့တောက်ပမှုတွေမှာ MATU က ဘယ်လောက်ထိအရေးပါခဲ့လည်းဆိုတာကို ချိန်ထိုးပြခဲ့ပါတယ်။

“ ကျွန်တော်ကတော့ Matu ကို Kick ခဲ့တာက လုံးဝမှားတဲ့ဆုံးဖြတ်ချက်လို့ထင်ပါတယ်။

Matu က Nigma က တခြားကစားသမားတွေတောက်ပအောင် အများကြီးလုပ်ပေးခဲ့တဲ့သူပါ။

အထူးသဖြင့် Miracle ကိုပေါ့။

လက်ရှိမှာ Miracle အထူးလိုအပ်နေတာကလည်း Matu ကိုပါ။

iLTW က ကစားသမားကောင်း ၁ ယောက်ပါ။

ဒါပေမယ့် Miracle ကိုတော့ ဘာမှမလုပ်ပေးနိင်ပါဘူး။

Miracle က သူ့ရဲ့အကောင်ဆုံး Performance တွေကိုထုတ်ပြနိင်ဖို့အတွက် သူ့ကို ၁ ယောက်ယောက်က ကူညီပေးဖို့လိုတဲ့ Player မျိုးပါ။

Kill ၁ ချို့ရဖို့လုပ်ပေးတာဖြစ်ဖြစ်၊ စိတ်လှုပ်ရှားဖို့ကောင်းတဲ့အနေအထားတွေကို ဖန်တီးပေးတာဖြစ်ဖြစ်ပေါ့။

အဲ့ဒါမှာ Miracle က သူ့အလုပ်ကို သူဆက်လုပ်ပြီး အသင်းကိုထမ်းတင်ပေးနိင်မှာပါ”

ထပ်ပြီးတော့ Qojqva က Miracle အပါအဝင် ဘယ်ကစားသမားမဆို ပွဲတိုင်း Mid မှာ နိင်နေဖို့ဆိုတာက လုံးဝမဖြစ်နိင်တဲ့အရာဖြစ်တယ်လို့ဆက်ပြောခဲ့ပါတယ်။

အဲ့လိုအခြေအနေမျိုးမှာ MATU အသင်းမှာရှိနေရင်တော့ သူ့ရဲ့ Signature Hero တွေနဲ့ Miracle အတီးခံရမယ့်အနေအထားတွေကနေ ကယ်တင်ပေးပြီး Miracle ကိုတောက်ပစေခဲ့တယ်လို့ပြောပါတယ်။

“Miracle အပါအဝင်ဘယ်ကစားသမားမှ ပွဲတိုင်း Lane မှာ မ Win နိင်ပါဘူး။

တချို့ပွဲတွေဆို Rune ၁ ခုမှမရတာရှိမယ်။

တချို့ပွဲတွေမှာဆို တဖက်ကသူက Last Hit ပိုလုပ်နိင်တာရှိမယ်။

ကိုယ့်ရဲ့ Counter Hero နဲ့ရင်ဆိုင်ရတဲ့ပွဲတွေလည်းရှိမယ်။

အဲ့လိုအခြေအနေမျိုးမှာ MATU ရှိနေရင် သူက Veno, Viper တို့လို Hero တွေနဲ့ Miracle ခံစားရမယ့် ဒုက္ခတွေကို တာဝန်ယူပေးပါလိမ့်မယ်။

Miracle ကတော့ Morphling လိုဟီးရိုးမျိုးနဲ့ Safe Lane သွားပြီး 12 minute Linken နဲ့ အသင်းကို Carry ပေးပါလိမ့်မယ်။

Miracle က စောက်ချဉ်တော့မဟုတ်ပါဘူး။

သူ့ကို Early Game မှာ နည်းနည်းလောက်ပဲကောင်းကောင်းနေရအောင်ထားပေးနိင်ရင် ၁ ပွဲလုံးကြမ်းပြပါလိမ့်မယ်”

အချုပ်ပြောရရင်တော့ MATUMBAMAN က Miracle Mid မှာ အတီးခံရနိင်တဲ့ပွဲတွေဆို သူကပဲအဲ့ဒုက္ခတွေကို ခံပေးခဲ့ပြီး Miracle ကိုတောက်ပစေခဲ့ပါတယ်။

MATU လုပ်ခဲ့တဲ့အဲ့အလုပ်ကို လက်ရှိ iLTW ရော၊ w33 ပါ မလုပ်နိင်ခဲ့ကြပါဘူး။

တခြားသူထပ်ခေါ်လည်း MATU လောက်တော့ လုပ်နိင်မယ်မထင်ပါဘူး။

ဒါကိုဘာကအကောင်းဆုံးသက်သေပြနေလဲဆိုတော့ MATU ကို Kick ပြီးထဲက Liquid ၁ ဖြစ်လဲ Nigma က တနေ့တခြားအသင်းက ပိုမိုစုတ်ပြတ်လာခဲ့တာက သက်သေပြနေပါတယ်။

ဒါ့ကြောင့် Qojqva က Nigma အနေနဲ့ လက်ရှိအခြေအနေဆိုးတွေကနေရုန်းထွက်နိင်ဖို့ဆိုရင် အသင်းရဲ့ Playstyle ကိုပြောင်းလဲဖို့လိုနေတယ်လို့လည်း ပြောပြသွားခဲ့ပါတယ်။

Nigma Galaxy EU အသင်းအနေနဲ့ ပြီးခဲ့တဲ့ Tour 1 ရော လက်ရှိ Tour 2 မှာပါ စံချိန်တင်ရလဒ်ဆိုးတွေကိုကြုံတွေ့နေပေမယ့် ပြီးခဲ့ဒူဘိုင်း LAN ပြိုင်ပွဲမှာတော့ လက်စွမ်းကောင်းတချို့ကိုပြနိင်ခဲ့သလို တတိယနေရာကိုလည်းရရှိခဲ့ပါတယ်။

သူတို့ Full Roster နဲ့တက်ရောက်ခဲ့တဲ့ LAN တွေကို 2021 DPC ထဲကနေစတွက်မယ်ဆိုရင် WePlay AniMajor နဲ့ ကိုယ်တိုင်လုပ် Major ဖြစ်တဲ့ The Gamers Galaxy တို့မှာ Performance ကောင်းတချို့ကိုပြနိင်ခဲ့တယ်လို့ ပြောနိင်ပါတယ်။

ဒါပေမယ့် Online Tour တွေမှာတော့ သူတို့အဆင့်အတန်းထက်များစွာနိမ့်ကျတဲ့လက်စွမ်းတွေကိုပဲ ပြသနိင်ခဲ့တာဖြစ်ပါတယ်။

Nigma နောက်ဆုံးချန်ပီယံဖြစ်ခဲ့တဲ့ပြိုင်ပွဲကတော့ 2020 ဇူလိုင်လမှာတုန်းက Alliance ကိုအနိင်ယူပြီးချန်ပီယံဖြစ်ခဲ့တဲ့ OGA Dota PIT Season 2 ဖြစ်ပါတယ်။

English Version

Qojqva Said Nigma Ss Suffering Now Because They Kicked MATUMBAMAN

The results of the 2021-2022 DPC Tour 2 of the famous Dota 2 Pro team, Nigma Galaxy, are very disappointing for everyone on their team.

They have lost all four of their last four series and will almost certainly be relegated to Division II, as their next teams will be looking for points in their own way.

Nigma’s performances were even worse than those of the other Tier 3 teams, with four players who have won TI.

Qojqva, former Team Liquid midlaner and current livestreamer commented on why Nigma’s life is so ruined right now.

This is because MATUMBAMAN left the squad in June 2019.

iLTW and w33 that replaced Matu were good players, but Matu is the only one who could help Nigma’s other players, especially Miracle.

On Qojqva’s Livestream, a Twitch user asked Qojqva if Kuroky still stuck in 2017, but Qojqva said he did not think so, but kicking MATUMBAMAN in 2019 was a big mistake.

He compared what MATU had done for Nigma to the current Nigma Carry, iLTW, and highlighted how important MATU was to the brilliance of Miracle.

“I think them kicking Matu was a really wrong decision.
Matu brought out a lot of…Matu kinda made the other players shine I think on that team.
I think that’s exactly like what Miracle- needs.
And I think it’s kind of still what he needs.
While I think iLTW is a great player, he doesn’t let Miracle- shine.
And I think Miracle- feeds off kills, excitement.
He is a really really snowbally player.”

Qojqva added that it would be “absolutely impossible” for any player, including Miracle, to win lane in every single match.

In such a situation, if he had MATU, MATU would have saved him with his signature heroes from being suffered and made Miracle shine.

“If you expect to snowball every single game, you are just fing wrong. There will be games where you don’t get every single rune. There will be games the other guy is last-hitting better than you. There will be games where you are just counter picked. Being able to snowball mid every single game is really unexpected so when you have someone like Matu who just goes mid on a fing Veno or Viper and you get to free farm your little Morphling on the safelane and have a 12-minute Linken’s, then you feel fu***ing amazing about yourself and that’s Miracle-.
If you give that guy a good early game and just let him be for a little bit, he’s going to make the plays and he’s going to win.”

In short, MATUMBAMAN was the one who played the games that could be hard for Miracle in Mid, and he was the one who endured those troubles and made Miracle shine.

MATU did the same thing for the current iLTW and w33 couldn’t.

I don’t think anyone else can do as much as MATU.

What’s the best proof of this is that after kicking MATU, Nigma was getting more and more miserable.

Qojqva said Nigma needed to change the team’s playstyle to get out of the current situation.

While Nigma isn’t doing well in the ongoing Tour 2, it showed excellent form at Gamers Galaxy 2022 in March where it placed third.

It has particularly performed well in the two LAN events with its full roster that it has attended since the DPC 2021 – the WePlay AniMajor and the Gamers Galaxy – but has not been able to demonstrate its potential in online competition.

Nigma’s last tournament win came back in July 2020 when it defeated Alliance to win the OGA Dota PIT Season 2.

Leave a Reply

Your email address will not be published.