Gaming Knowledge

Purge’s Advice to Herald Player to Improve MMR

English Version Below

Herald တစ်ယောက်ကိုပေးခဲ့တဲ့ Purge ရဲ့ MMR တက်ရေးအကြံပေးစကားများ

Kevin “Purge” Godec ဆိုတာက အကောင်းဆုံး Dota 2 Personality တွေထဲကတစ်ယောက်ဖြစ်သလို Dota 2 ကို အခုမှစကစားမယ့် Player တွေအတွက် အကောင်းဆုံး Content တွေကို ဖန်တီးပေးနေသူတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့ LearnDota Series တွေကို သူ့ရဲ့ YouTube Channel ဖြစ်တဲ့ PurgeGamers မှာ အမြဲတင်ပေးလေ့ရှိသလို သူ့ရဲ့ Patch Analysis တွေ၊ Coaching Video တွေကလည်း New Player တွေအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။

အဲ့ဒီ Content တွေက ယူတတ်မယ်ဆိုရင် Dota 2 Beginner တွေအတွက် လုံးဝအဖိုးမဖြတ်နိင်တဲ့ ရတနာတွေပါ။

Purge အနေနဲ့ အဲ့လိုမျိုး Content တွေကိုဖန်တီးပြီးတော့ တကမ္ဘာလုံးကလူတွေကို သင်ကြားပေးနေပေမယ့် သူ့ကိုတိုက်ရိုက်လာမေးကြတဲ့မေးခွန်းတွေကလည်း အမြောက်အများရှိပါတယ်။

Hearld 6 Rank ရှိတဲ့ Player တစ်ယောက်က Purge ကို သူ့ MMR တွေတက်လာဖို့အတွက် ဘာလုပ်သင့်လဲဆိုတဲ့ အကြံပေးစကားကို တောင်းခံခဲ့ဖူးပါတယ်။

Purge အနေနဲ့ သူ့ရဲ့အကြံပေးစကားတွေကို အဲ့ Player တစ်ယောက်ထဲကိုပဲမဟုတ်ပဲ အခြားသူတွေလည်းသိနိင်အောင် သူ့ရဲ့ Twitter အကောင့်မှာ တင်ပေးခဲ့ပါတယ်။

သူရဲ့အကြံပေးစကားမှာ Mid Lane Hero တွေကိုပဲကစားဖို့တိုက်တွန်းထားသလိုဖြစ်နေပေမယ့် Role အသီးသီးအတွက် အသုံးဝင်ပါတယ်။

Purge ကတော့ ဒီအတိုင်းစကားပြောပုံစံနဲ့ ရေးထားပေမယ့် ဖတ်ရမှတ်ရလွယ်အောင် VPEsports က အချက်လေးတွေပြန်ထုတ်ပေးထားပါတယ်။

General

(၁) ကိုယ်ရောက်နေတဲ့ Rank ကို ကိုယ်လက်ခံပါ။

(၂) မင်းရဲ့ Winrate က ၅၀% ပဲရှိလို့ မင်း Hearld 6 ဖြစ်နေတာပါ။

(၃) မင်းကစားရတာသက်တောင့်သက်သာရှိတဲ့ Role ကိုပဲ စွဲစွဲမြဲမြဲကစားသင့်ပါတယ်။

(၄) ဒါပေမယ့် Backup သဘောမျိုးအနေနဲ့ တစ်ခြား Role ၂ ခုလောက်ကိုလည်း လေ့ကျင့်ထားသင့်ပါတယ်။
ဒါမှသာ တစ်ခြားသူတစ်ယောက်ယောက်က မင်း Role ကိုလုသွားရင် အဆင်ပြေမှာပါ။
ဒါက မင်းရဲ့ဒေါသကို ထိန်းချုပ်ရာရောက်သလို မင်း Role ကို မင်းမရလို့ မင်းအပြစ်တင်တာခံရမယ့် Player ရဲ့စိတ်ဓာတ်တွေပျက်ပြားသွားမှာကိုလည်း ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

(၅) မင်းကျွမ်းကျင်တဲ့ Role တွေမှာ မင်းကစားရတာ သက်တောင့်သက်သာဖြစ်မယ့် Hero ၁ ကောင် ၂ ကောင်လောက်ကို ကျွမ်းကျင်အောင်လုပ်ထားပါ။

(၆) ကိုယ်ကစားတာကိုပဲ ကိုယ်အာရုံစိုက်ပါ။
ဘာလို့လည်းဆိုတော့ မင်းရဲ့ Gameplay ကောင်း/မကောင်းက မင်းအပေါ်မှာပဲအဓိကမူတည်လို့ပါ။

(၇) ကိုယ်ကစားထားတဲ့ Replay တွေကို တတ်နိင်သလောက် ကိုယ့်ဟာကိုယ်ပြန်ကြည့်ပါ။
အထူးသဖြင့်မင်းကစားခဲ့တာ အရမ်းကောင်းတယ်ထင်ခဲ့တဲ့ပွဲတွေကို ပြန်ကြည်ြ့ကည့်ပါ။
အဲ့ဒီပွဲတွေမှာ လုပ်ခဲ့မိတဲ့အမှားတွေကို ပြန်ရှာကြည့်ပါ။
အဲ့လိုလုပ်ရင် မင်းကစားနေတုန်းမှာသတိမထားခဲ့မိတဲ့ အမှားတွေတစ်ပြုံကြီးကို မင်းတွေ့ပါလိမ့်မယ်။

Mid Player တစ်ယောက်အနေနဲ့ သတိထားသင့်သောအရာများ

(၁) ပွဲချိန် ၁၀ မိနစ်အရောက်မှာ မင်းရဲ့ Last Hit က ၅၀ ထက်နည်းနေပြီဆိုရင် အဲ့ဒီပွဲမှာနိင်ဖို့ Chance တော်တော်နည်းနေပါပြီ။

(၂) မင်းရဲ့ Herald 6 ဆိုတဲ့ Rank မှာ Creep တိုင်းကို Last Hit, Deny လုပ်နိင်သင့်ပါတယ်။

(၃) မင်း Mid မှာရတဲ့အားသာချက်တွေကိုအသုံးချပြီးတော့ တစ်ခြားလမ်းတွေကို Gank တာတို့၊ Teamfight တွေမှာသွားကူပေးတာတို့ကို လုပ်ပေးနေနိင်လား ?
မလုပ်ပေးနေနိင်ဘူးဆို မင်းအနေနဲ့ မင်း Teammate တွေကို ကူညီပေးနေရာမရောက်ပါဘူး။

(၄) မင်းရဲ့ GPM က Pro Player တွေနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ?

(၅) ဘယ် Item တွေနဲ့ ပွဲစထွက်လဲ?
Pro Player တွေဝယ်တဲ့ Item တွေ၊ Skill Build တွေကို လိုက်လုပ်နေနိင်ပြီလား?

Purge ပြောထားတဲ့အကြံပေးစကားတွေရဲ့ အနှစ်ချုပ်ကတော့ ဒါပါပဲ။

အဲ့ဒါကို ကျွန်တော်နည်းနည်းထပ်ပြီး ဆွေးနွေးရရင်တော့

သူပြောထားတာက ကိုယ်ရောက်တဲ့ Rank ကို ကိုယ်လက်ခံပါတဲ့။

ဒါက Player တော်တော်များများရဲ့ မသိစိတ်မှာဖြစ်နေတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။

ကိုယ်က အရမ်းကောင်းနေပေမယ့် Teammate တွေက ဘာလို့မကောင်းနေရလဲလို့ပဲ တွေးမိနေလေ့ရှိပါတယ်။(ကျွန်တော်ကိုယ်တိုင်လည်း ပါပါတယ်)

ဒါပေမယ့် ပြန်စဉ်းစားကြည့်လိုက်ရင် ကိုယ်နဲ့ Rank တူနေလို့ သူတို့နဲ့တစ်ပွဲထဲလာကျနေတာပါ။

ဒါ့ကြောင့် ကိုယ်က မတရားခံနေရတယ်ဆိုတဲ့အတွေးကြီးကိုဖျောက်လိုက်ပြီး အကောင်းမြင်စိတ်မွေးပါ။

နောက်တစ်ခုက ကျွန်တော့်ကိုအမြဲလာလာမေးနေတဲ့ မေးခွန်းတစ်ခုရှိပါတယ်။

ဒီ Rank ကနေ ဒီ Rank တင်ဖို့ ဘာဟီးရိုးနဲ့ တင်ရမလဲဆိုတာပါ။

အဲ့လိုလာမေးတိုင်းလည်း Purge ပြောထားတဲ့ အကြံပေးစကားနဲ့တူတဲ့စကားကိုပဲ ကျွန်တော်ပြောခဲ့ပါတယ်။

ကိုယ့်စိတ်နဲ့ ကိုက်မယ့်ဟီးရိုးပဲကိုင်ပြီးတော့ အကောင်းဆုံးကစားပါ။

ဒါဆိုအဆင်ပြေပါတယ်လို့။

သူပြောထားတဲ့ နောက်တစ်ချက်အရ ကိုယ်ကျွမ်းတဲ့ဟီးရိုးက သူများယူသွားတာလည်းဖြစ်နိင်သလို Ban လည်း Ban ခံသွားရနိင်ပါတယ်။

ဒါ့ကြောင့် အရန်သင့်အစားထိုးနိင်မယ့် တစ်ခြား Hero တွေလိုသလို ကိုယ်အကျွမ်းကျင်ဆုံးမဟုတ်တဲ့ တစ်ခြား Role တွေကိုလည်း အထိုက်အလျှောက်ကစားနိင်ဖို့လိုပါတယ်။

ကိုယ့် Role က Support ဖြစ်နေလို့ လုမယ့်သူမရှိဘူးလို့ လှေနံဓားထစ်ပြောလို့မရပါဘူး။

တစ်ချို့ပွဲတွေမှာ Pudge, Techies, Chen, Treant လိုမျိုး ဟိုမရောက်ဒီမရောက်ကောင်တွေပဲယူထားလို့ Carry ဆော့ရမယ့်ပွဲတွေလည်း ရှိနိင်ပါတယ်။

ဒါ့ကြောင့် ကိုယ့်အနေနဲ့ Flexible ဖြစ်ရနိင်ရင် တော်တော်အဆင်ပြေပါလိမ့်မယ်။

နောက်တစ်ချက်က ကိုယ့်ဟီးရိုးကိုပဲ ကိုယ်အာရုံစိုက်ကစားပါဆိုတဲ့ကိစ္စပါ။

ဒါကလည်း ဖြစ်တတ်တဲ့ကိစ္စတွေထဲမှာ ပါပါတယ်။

သူများကိုပဲ ထိုင် Blame နေလို့ ကိုယ့်အလုပ်ကိုယ် မလုပ်နိင်တော့တဲ့သူတွေအများကြီးကို တွေ့ဖူးပါတယ်။

ဒါ့ကြောင့် ကိုယ့်ဟီးရိုးပဲ ကိုယ်အာရုံစိုက်ပါ။

နောက်ဆုံးဖြစ်တဲ့ ကိုယ်ကစားထားတဲ့ပွဲကို ကိုယ်ပြန်ကြည့်ခိုင်းတာကတော့ အကောင်းဆုံးအကြံပေးချက်ပါပဲ။

၁ ပတ်လောက်သေချာစိတ်နှစ်ပြီးလုပ်ကြည့်ပါ။

အကျိုးထူးလာပါလိမ့်မယ်။

Mid တွေအတွက် ပြောရမယ်ဆိုရင်တော့ Mid ဆိုတာ 1v1 ဖြစ်တာများတဲ့အတွက် ကိုယ်က Last Hit တွေအရမ်းနိမ့်နေရင် Level တွေလည်းနိမ့်ကုန်မှာမလို့ ဂရုစိုက်ခိုင်းတာပါ။

ဟိုဘက်က Mid ကိုအရမ်းလာကူနေတာတို့၊ ဟိုဘက်က Mid Hero က နေရတာအရမ်းခက်တဲ့ကောင်(ဥပမာ – Huskar, Viper, Broodmother) တို့လိုမျိုးဖြစ်နေရင်လည်း လမ်းပေါ်မှာဒီအတိုင်းထိုင်မနေပဲနဲ့ တောထဲသွားစားတာတို့ ရှိတဲ့ Level နဲ့ တစ်ခြားလမ်းသွားပတ်တာတို့ကို လုပ်ပေးစေချင်တာပါ။

Last Hit 50 ရကို ရရမယ်ဆိုတဲ့အတွေးကြီးကို ထုတ်လိုက်ပါ။

အဓိကက ကိုယ့်အသင်းအတွက် Impact ဖြစ်နေဖို့ပါပဲ။

တစ်ခြားလမ်းတွေ ကူခိုင်းတာကတော့ ဖြစ်ကိုဖြစ်သင့်ပါတယ်။

ကိုယ်က Mid ဖြစ်တဲ့အတွက် ယေဘုယျအားဖြင့် တစ်သင်းလုံးမှာ Level အများဆုံးပါ။

ကိုယ်မှမကူရင် တစ်ခြားလမ်းတွေက ဘယ်လိုလုပ်သာတော့မှာလဲ?

Pro တွေရဲ့ GPM နဲ့ ယှဉ်ရင် ဘယ်လိုနေလဲဆိုတာကတော့ ပညာသားနည်းနည်းပါပါတယ်။

သူပြောချင်တာက Pro တွေက ဒီ GPM လောက်ရတဲ့အချိန်မှာ ကိုယ်ကသူတို့နဲ့အရမ်းကွာနေရင် ဘာတွေမှားနေလဲဆိုတာကို သုံးသပ်ခိုင်းတာပါ။

သူတို့က ဒါတွေလုပ်တဲ့အချိန်မှာ ကိုယ်ကမလုပ်မိလို့ကွာနေတာဆိုတာကို သိစေချင်တာပါ။

နောက်ဆုံးအချက်ကတော့ ရှင်းပါတယ်။

Pro တွေဒီလို Item တွေ၊ Skill Build တွေနဲ့ကစားတယ်ဆိုတာ ကောင်းလို့ကစားနေတာပါ။

မကောင်းရင် ဘယ်သူမှမလုပ်ပါဘူး။

ဒါ့ကြောင့် သူတို့ဆော့တာလေးတွေနဲ့ လိုက်ဆော့ကြည့်ပါ။

တစ်ခုရှိတာက Rank မှာတန်းမဆော့ပဲနဲ့ Demo Hero, Turbo, Normal စတာတွေမှာစမ်းပြီး ပိုင်တော့မှ Rank မှာဆော့ပါ။

အားလုံးပဲ MMR တွေ တက်ကြပါစေဗျာ။

နောက်တစ်ခါကြရင်တော့ Divine ကိုဘယ်လိုတင်မလဲဆိုတာကို ကျွန်တော်တို့ထပ်ဆွေးနွေးကြတာပေါ့။

English Version

Purge’s Advice to Herald Player to Improve MMR

Kevin “Purge” Godec is one of the best Dota 2 personalities and one of the best content creators for new Dota 2 players.

He regularly posts his LearnDota series on his YouTube channel, PurgeGamers.

His Patch Analysis and Coaching videos are also very helpful for new players.

If you learn properly from these contents, it is a priceless treasure for Dota 2 beginners.

Although Purge has been creating such content and educating people around the world, there are still a lot of questions that come directly to him.

A player with a Hearld rank once asked Purge for advice on what to do to get his MMRs up.

Purge posted his advice on his Twitter account so that not only the player but also others would know.

His advice is to encourage only Mid Lane Heroes to play, but it is useful for each role.

Purge is written in a conversational style, but VPEsports has made it easy to read and remember.

General

(1) Accept your current rank.

(2) You are Hearld because your winrate is only 50%.

(3) You should stick to the role you are comfortable playing.

(4) However, you should practice two other roles as a backup.
Only then will it be okay if someone else steals your role.
This will help control your anger and prevent the player from losing his or her role in the game.

(5) Master one or two heroes that you can play comfortably in your roles.

(6) Focus on what you play.
Because your gameplay is good or bad according to yourself.

Look at yourself as much as you can about the replays you play.
Look back at the games you especially thought you played so well.
Look back at the mistakes you made at those events.
If you do, you will see a lot of mistakes that you did not notice while playing.

Things to watch out for as a Mid Player

(1) If your last hit is less than 50 by 10 minutes, your chances of winning the match are slim.

(2) You should be able to make the Last Hit, Deny every Creep in your Herald Rank.

(3) Take your advantage in other ways by using advantage of your Mid advantage. Can you help with teamfights?
If you do not, you will not be able to help your teammates.

(4) How does your GPM compare to Pro Players?

(5) What items do you start with?
Items purchased by Pro Players; Can you follow the skill builds?

Here is a summary of Purge’s advice:

Let me discuss it a little more.

He said, “Accept your rank.”

This is a problem that many players are unaware of.

Even though You are very good, You are always wondering why your Teammates are so bad (myself included).

But in hindsight, their rank is the same as yours.

So get rid of the idea that you are being wronged and be optimistic.

Another question that keeps popping up for me.

What hero do you have to use from this rank to this rank?

Each time I am asked, I said the same thing as Purge.

Use the hero that suits you and play your best.

That’s fine.

According to him, the hero you know may be taken away by others and may be banned.

Therefore, you need to be able to play other roles that you are not very good at, as well as other heroes that can replace your best hero.

Just because your role is support does not mean that there is no one to rob you.

You have to play carry in some games when your teammates already picked like Pudge, Techies, Chen, and Treant.

So it would be nice if you could be flexible.

Another thing is to focus on your hero.

This is also one of the things that can happen.

I have seen many people who can not do their job because they are just blaming others.

So focus on your hero.

Asking them to watch your last game is the best advice.

Make sure you immerse yourself in it for a week.

It will be beneficial.

For mid players, Mid is usually 1v1, so be careful that the last hit is not too low and if not the levels will be too low.

When Enemy are coming over there to help their Mid or even if the Mid Hero is very difficult to against(eg Huskar, Viper, Broodmother), I want him to do the same level of ganking and farming in the jungle instead of sitting on the lane and feed.

Get rid of clutter you do not need.

The key is to make an impact for your team.

Asking for other ways to help should happen.

Because you are Mid, you are generally the highest level in the whole team.

If you don’t help your team, how can your team handle?

What he wants to say is that once the pro players get this GPM, you have to figure out what is wrong if you are too far away from them.

He want you to know that when you do these things, you are different because you did not do them.

The last point is clear.

Pro Players are using these skill builds because it is good to play.
If it’s bad, no one does.

So try to play with them.

For one thing, try out Demo Hero, Turbo, Normal, etc. instead of playing in Rank instantly.

Next time, we’ll discuss how to set up the Divine.

Leave a Reply

Your email address will not be published.