Team & Players

Offlane of The West: Universe

အောက်မှာမြန်မာလိုပါတယ်နော်

Offlane of The West: Universe

iceiceice is the best offlaner in the East and UNiVeRsE is the best in the West.

His Dark Seer and Faceless Void are especially popular.

He have carried the team many times with incredible ability.

Universe also holds the record for being the only player to have played all of Valve-sponsored events before TI9.

However, TI1 was only included as a backup.

In addition, the Universe is one of eight players who have played more than 1,000 professional matches under one organization.

The original name of the universe was Saahil Arora.

He is from Madison, the capital of Wisconsin, a state in the United States.

He was born on October 11, 1989 and is now 32 years old.

Like Fear, he is a Legend of EG.

Although not as influential as Fear because he did not last as long as Fear and was not as Leader as Fear, the Universe is also a big figure in EG.

His style of play has always dominated the Enemy Safe Lane, with the support of the opposing team taking care of the Universe more than any other Offlaner, creating Spaces on other roads.

He is one of the best Offlaners in the world because of his ability to get items up and running.

His three signature heroes, according to Liquipedia, are Earthshaker, who split the Faceless Void and Dark Seer into 6 million Echo Slams.

However, the Universe, the God of Offlane, has the ability to display God Level abilities on any Offlane hero.

Universe began his Dota 2 Professional Player career on August 11, 2011 with Online Kingdom.

Fear also joined the team, and two American seniors joined TI1 together.

However, Universe did not play in the competition, taking only 7th place as a substitute.

After TI1, the Universe played for It’s Gosu eSports and Quantic, and EG with Fear brought him in because of his brilliant performances.

Prior to TI2, Universe helped EG make the Top 4 on DreamHack Summer 2012 and the BeyondTheSummit World Tour.

On May 25, 2012, Universe received an invitation to play TI2 with the rest of the EG team.

In TI2, they were in good shape on the group stage and started from the upper bracket in the playoffs, but were knocked out by defending champion IG and lost again to TongFu.

After TI2, Universe took a break from Dota 2 to study, and parted away with EG on September 12.

On January 13, 2013, the Universe reappeared as an Offlaner on Dignitas, replacing Sneyking.

Together with Dignitas, the Universe proved to be the best offlaner in the West Dota 2 scene, taking ninth place on TI3.

After TI3, on September 19, 2013, Universe re-entered EG.

EG’s roster includes MSS, Fogged and Jeyo along with Universe, Fear.

The performance that EG showed with this roster was quite weak.

EG’s highest achievement during that period was second place at the Electornic Sports World Cup 2013.

As a result, the lineup changed, leaving only two seniors, Fear and Universe on EG.

That’s why Fear and Universe formed SADBOYS with Arteezy, ppd and Zai to win 19 consecutive games.

That’s why EG picked it up and made it a successful team.

EG received a direct invitation to TI4 because the Universe also featured heroes such as the Dark Seer, Puck, TIdehunter, and Nature Prophet.

EG, who topped the top three of the four major tournaments, made TI4 the most popular team.

Unfortunately, Fear’s Hand was injured and had to be replaced by Mason.

But thanks to the powers of Arteezy and the Universe, EG finished third.

In this TI4, the Universe is included in the list of the best Offlaners in the world with its brilliant Faceless Void abilities.

In addition, the Universe played a key role in EG’s 2015 success, capturing both the Mini TI DAC and the TI5, as well as many other successes.

In the TI5 Grand Finals Game 4 played with CDEC, the Universe Echo Slam, which split during the CDEC Roshan assassination, became a 6 Million Echo Slam.

Following the historic TI5 success, EG and the Universe entered Valve’s first major, The Frankfurt Major, third only to OG and Secret.

He won the championship at The Summit 4, second in StarLadder and MDL Winter, and third in The Shanghai Major. Second place in Dota Pit.

On the night of March 22, 2016, Universe moved to Team Secret with Arteezy.

The move has hit the entire community.

Because EG and Secret dominated the Pro Scene with their roster at the time.

Along with Secret, the Universe competed in three LAN events, and the results were, as we all know, terrible.

That’s why after The Manlia Major 2016, Universe returned to EG, and as a result, both EG and Secret started playing TI6 in the Open Qualifiers.

However, EG calmly attended the main event and finished third.

In Upper Bracket Round 2 played with EHOME, you won 3 Mega Trails and won back with Dagon powers including Universe Faceless Void Divine Build.

As a result, EG has been in the Top 3 of TI for the third year in a row.

After TI6, the census changed again, with Fear retiring and PPD becoming EG CEO.

Arteezy and Cr1t- have returned to their place.

Cr1t – took over the vacancy as captain.

In the first part of the new season, Universe and EG focused on Valve’s new documentary series, True Sight.

Film Crew followed them from the beginning of the season until the end of the Boston Major.

This season, EG was not very successful, but TI7 received a direct invitation.

However, their three-year Top 3 record was broken and they only finished 9-12th place.

After TI7, Valve revived its DPC system, and expectations for EG and Universe were high.

However, after finishing third in DreamLeague Season 8, EG left Universe at the end of 2017.

After about a month of inactivity, Universe joined Fnatic, a Malaysian team in the SEA Region, on January 13, 2018, with the iconic Pizza Party.

On Fnatic, he played with EE and Pieliedie, who played together in Secret.

In ESL One Katowice, Fnatic came in at an astonishing fourth place, along with the powers of Universe.

However, Universe had no success other than finishing fourth on ESL One Birmingham 2018 with Fnatic, and on TI8 it was the 13th-16th place, the worst result of his career.

After leaving Fnatic, Universe publicly stated that he regretted visiting the SEA Region.

On September 14th, after TI8, Universe joined Forward Gaming with four players from VGJ.Storm.

But for the past six months, Forward Gaming has had no success.

As a result, he left Forward Gaming on March 17, 2019 and disappeared from the Pro Scene for almost six months.

In the Universe 2019/2020 Season, he changed his ID from UNiVeRsE to Universe.

He reappeared on October 10 with NIP and played for four months without any success.

The last time the universe was seen in the Competitive Scene was on WePlay! Dota 2 Tug of War: Mad Moon and is still missing.

Burmese Version

ကမ္ဘာ့အကောင်းဆုံး Offlaner တွေထဲက တစ်ယောက်ဖြစ်တဲ့ UNiVeRsE ရဲ့အကြောင်း

iceiceice က East မှာ အကောင်းဆုံး Offlaner ဆိုရင် UNiVeRsE က West မှာ အကောင်းဆုံးဖြစ်ပါတယ်။

အထူးသဖြင့် သူ့ရဲ့ Dark Seer နဲ့ Faceless Void က အရမ်းနာမည်ကြီးပါတယ်။

မယုံနိင်လောက်တဲ့ စွမ်းဆောင်ရည်တွေနဲ့ အသင်းကိုအကြိမ်ကြိမ် Carry ခဲ့ဖူးပါတယ်။

Universe ဟာ TI9 မတိုင်ခင်ထိ Valve က စပွန်ဆာပေးတဲ့ Event တွေအားလုံးကို ကစားထားတဲ့ တစ်ယောက်ထဲသောကစားသမားအဖြစ် မှတ်တမ်းဝင်နေသူလည်းဖြစ်ပါတယ်။

ဒါပေမယ့် TI1 ကိုတော့ အရံအဖြစ်သာ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် Universe ဟာ အဖွဲ့အစည်းတစ်ခုထဲရဲ့အောက်မှာ ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၁၀၀၀ ကျော်ကစားထားတဲ့ ကစားသမား ၈ ယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

Universe ရဲ့နာမည်အရင်းကတော့ Saahil Arora ဖြစ်ပါတယ်။

သူဟာ အမေရိကန်နိင်ငံရဲ့ပြည်နယ်တစ်ခုဖြစ်တဲ့ Wisconsin ရဲ့မြို့တော် Madison ကဖြစ်ပါတယ်။

သူ့ကို ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာမွေးဖွားခဲ့တာကြောင့် အခုဆိုရင် 32 နှစ်ရှိနေပြီဖြစ်ပါတယ်။

သူဟာ Fear လိုပဲ EG ရဲ့ Legend တစ်ယောက်ဖြစ်ပါတယ်။

Fear လောက်အချိန်မကြာသလို Fear လိုမျိုး Leader လည်းမဖြစ်ခဲ့တာကြောင့် Fear လောက်တော့သြဇာမကြီးပေမယ့် Universe ဟာလည်း EG မှာ ပုံရိပ်ကြီးမားသူတစ်ယောက် ဖြစ်ပါတယ်။

သူ့ရဲ့ကစားဟန်က တစ်ဖက်က Safe Lane ကို အမြဲလွှမ်းမိုးထားနိင်ပြီး တစ်ဖက်အသင်းက Support တွေအနေနဲ့ Universe ကိုတစ်ခြား Offlaner တွေထက်ပိုဂရုစိုက်ရတဲ့အတွက် တစ်ခြားလမ်းတွေမှာ နေရာလွတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

သူက ချနေရင်းနဲ့ကို Item တွေတက်လာအောင်လုပ်နိင်တဲ့သူဖြစ်ပြီး သူ့ရဲ့အဲ့ဒီအရည်အချင်းကြောင့်ပဲ သူဟာ ကမ္ဘာ့အကောင်းဆုံး Offlaner တွေထဲက တစ်ယောက်ဖြစ်နေတာ ဖြစ်ပါတယ်။

သူ့ရဲ့ Signature Hero သုံးကောင်က Liquipedia ရဲ့အဆိုအရ Faceless Void နဲ့ Dark Seer ပြီးရင် 6 Million Echo Slam ခွဲပြခဲ့တဲ့ Earthshaker ဖြစ်ပါတယ်။

ဒါပေမယ့် God of Offlane ဖြစ်တဲ့ Universe ဟာ ဘယ် Offlane ဟီးရိုးကစားကစား God Level စွမ်းဆောင်ရည်တွေကို ပြသနိင်စွမ်းရှိပါတယ်။

Universe ဟာ သူ့ရဲ့ Dota 2 Professional Player ဘဝကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှာ Online Kingdom နဲ့အတူ စတင်ခဲ့ပါတယ်။

အဲ့ဒီအသင်းမှာ Fear လည်းပါဝင်ခဲ့ပြီး အမေရိကန်သားကြီးနှစ်ယောက်ဟာ TI1 ကို အတူတကွ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

ဒါပေမယ့် Universe ဟာ ပြိုင်ပွဲမှာတော့ ဝင်ရောက်ကစားခဲ့ခြင်းမရှိပဲ အရံအဖြစ်သာပါဝင်ကာ 7th place ကို ရယူခဲ့ပါတယ်။

TI1 အပြီးမှာတော့ Universe ဟာ It’s Gosu eSports နဲ့ Quantic တို့မှာကစားခဲ့ပြီး ပြောင်မြောက်တဲ့ကစားဟန်တွေကို ပြသနိင်ခဲ့တာကြောင့် Fear ရှိတဲ့ EG က သူ့ကိုခေါ်ယူခဲ့ပါတယ်။

TI2 မစခင်မှာ Universe ဟာ EG ကို DreamHack Summer 2012 နဲ့ BeyondTheSummit World Tour တို့မှာ Top 4 ဝင်အောင် စွမ်းဆောင်ပေးနိင်ခဲ့ပါတယ်။

၂၀၁၂ မေလ ၂၅ ရက်မှာတော့ Universe ဟာ ကျန်တဲ့ EG အသင်းသားတွေနဲ့အတူ TI2 ကိုကစားဖို့အတွက် Invitation ကို ရရှိခဲ့ပါတယ်။

TI2 မှာ သူတို့အနေနဲ့ Group Stage မှာအခြေအနေကောင်းခဲ့ပြီး Playoff မှာ Upper Bracket ကနေစတင်ကစားခဲ့ရပေမယ့် ချန်ပီယံဖြစ်လာမယ့် IG ရဲ့ရိုက်ချခြင်းကို ခံခဲ့ရပြီး TongFu ကိုထပ်ရှုံးခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

TI2 အပြီးမှာတော့ Universe ဟာ ကျောင်းစာလုပ်ဖို့အတွက် Dota 2 ကနေ ခေတ္တအနားယူခဲ့ပြီး စက်တင်လာလ ၁၂ ရက်နေ့မှာတော့ EG နဲ့ လမ်းခွဲခဲ့ပါတယ်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့အရောက်မှာတော့ Universe ဟာ Dignitas မှာ Offlaner အနေနဲ့ ပြန်ပေါ်လာခဲ့ပြီး Sneyking ရဲ့နေရာကို အစားဝင်ခဲ့ပါတယ်။

Dignitas နဲ့အတူ Universe ဟာ West Dota 2 Scene မှာ အကောင်းဆုံး Offlaner ဖြစ်တယ်ဆိုတာကို သက်သေပြနိင်ခဲ့ပြီး TI3 မှာလည်း 9th place ကို ရယူနိင်ခဲ့ပါတယ်။

TI3 အပြီး ၂၀၁၃ စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ Universe ဟာ EG ကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။

EG ရဲ့လူစာရင်းမှာတော့ Universe, Fear တို့နဲ့အတူ MSS, Fogged နဲ့ Jeyo တို့ ပါဝင်ခဲ့ပါတယ်။

ဒီလူစာရင်းနဲ့အတူ EG ပြသခဲ့တဲ့စွမ်းဆောင်ရည်တွေကတော့ အတော်လေးအားနည်းခဲ့ပါတယ်။

အဲ့ဒီကာလဝန်းကျင်မှာ EG ရရှိခဲ့တဲ့ အမြင့်ဆုံးအောင်မြင်မှုကတော့ Electornic Sports World Cup 2013 မှာ ဒုတိယရခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ လူစာရင်းအပြောင်းအလဲတွေဖြစ်ပေါ်ခဲ့ပြီး EG မှာ သက်တော်ရှည်ဆရာဘိုးဘိုးနှစ်ယောက်ပဲ ကျန်ခဲ့ပြန်ပါတယ်။

ဒါကြောင့်မလို့ Fear နဲ့ Universe တို့လည်း SADBOYS ဆိုတဲ့အသင်းကို Arteezy, ppd နဲ့ Zai တို့နဲ့အတူဖွဲ့ကာ ကစားခဲ့ပြီး ၁၉ ပွဲဆက်နိင်ပွဲကို ရယူနိင်ခဲ့ပါတယ်။

ဒါကြောင့်မလို့ EG က တော်ကောက်ခဲ့ပြီး အောင်မြင်တဲ့အသင်းတစ်သင်းအဖြစ် ရပ်တည်နိင်ခဲ့ပါတယ်။

Universe ဟာလည်း Dark Seer, Puck, TIdehunter, Nature Prophet စတဲ့ဟီးရိုးတွေနဲ့ လက်စွမ်းတွေပြသခဲ့လို့ EG ဟာ TI4 ကို Direct Invite ရခဲ့ပါတယ်။

Major ပြိုင်ပွဲ ၄ ခုရှိရာမှာ ၃ ခုမှာ Top 3 ဝင်ခဲ့တဲ့ EG ဟာ TI4 ကို ရေပန်းအစားဆုံးအသင်းအဖြစ် ဝင်ရောက်ခဲ့ပါတယ်။

ဒါပေမယ့် ကံမကောင်းခဲ့တာတစ်ခုက ပြိုင်ပွဲနီးမှ Fear တစ်ယောက် လက်ဒဏ်ရာရခဲ့လို့ Mason နဲ့ လူစားထိုးခဲ့ရပါတယ်။

ဒါပေမယ့် Arteezy နဲ့ Universe တို့ရဲ့အစွမ်းတွေကြောင့် တတိယတော့ ရခဲ့ပါတယ်။

ဒီ TI4 မှာ Universe ဟာ သူ့ရဲ့ပြောင်မြောက်တဲ့ Faceless Void အစွမ်းတွေနဲ့အတူ ကမ္ဘာ့အကောင်းဆုံး Offlaner စာရင်းမှာ ပါဝင်လာခဲ့ပါတော့တယ်။

ဒါ့အပြင် EG ရဲ့ ၂၀၁၅ ခုနှစ်အောင်မြင်မှုတွေမှာလည်း Universe ဟာ အခရာကျခဲ့ပြီး Mini TI ဖြစ်တဲ့ DAC ကိုရော TI5 ကိုပါ သိမ်းပိုက်နိင်ခဲ့သလို အခြားအောင်မြင်မှုမြောက်မြားစွာကိုလည်း ရယူနိင်ခဲ့ပါတယ်။

CDEC နဲ့ကစားခဲ့တဲ့ TI5 Grand Finals Game 4 မှာ CDEC Roshan သတ်နေတဲ့အချိန်မှာဝင်ခွဲခဲ့တဲ့ Universe ရဲ့ Echo Slam ကတော့ 6 Million Echo Slam အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

သမိုင်းဝင် TI5 အောင်မြင်မှုကို ရယူပြီးတဲ့နောက်မှာတော့ EG နဲ့ Universe တို့ဟာ Valve ရဲ့ ပထမဆုံး Major ဖြစ်တဲ့ The Frankfurt Major ကိုဝင်ကစားခဲ့ပြီး OG နဲ့ Secret တို့ရဲ့နောက် တတိယနေရာမှာပဲ ရပ်တည်နိင်ခဲ့ပါတယ်။

The Summit 4 မှာ ချန်ပီယံဆုကို ရယူနိင်ခဲ့ပြီး StarLadder နဲ့ MDL Winter တို့မှာ ဒုတိယ နဲ့ The Shanghai Major မှာ တတိယ၊ Dota Pit မှာ ဒုတိယတို့ကို ရရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ် မတ်လ ၂၂ ရက်နေ့မှညတော့ Universe ဟာ Arteezy နဲ့အတူ Team Secret ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ Community တစ်ခုလုံးကို ရိုက်ခတ်သွားစေခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ EG နဲ့ Secret တို့ဟာ အဲ့ဒီကာလမှာ သူတို့ရဲ့လူစာရင်းကိုယ်စီနဲ့အတူ Pro Scene ကို စိုးမိုးနေခဲ့တာ ဖြစ်ပါတယ်။

Secret နဲ့အတူ Universe ဟာ LAN Event ၃ ခုကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရလဒ်တွေကတော့ အားလုံးသိကြတဲ့အတိုင်း ဆိုးရွားခဲ့ပါတယ်။

ဒါကြောင့်မလို့ The Manlia Major 2016 အပြီးမှာတော့ Universe ဟာ EG ကိုပြန်သွားခဲ့ပြီး ဒီအပြောင်းအလဲကြောင့် EG ရော Secret ပါ TI6 ကို Open Qualifiers ကနေ စကစားခဲ့ရပါတယ်။

ဒါပေမယ့် အေးအေးဆေးဆေးပဲ Main Event ကို တက်ရောက်နိင်ခဲ့ပြီး တတိယရခဲ့ပါတယ်။

EHOME နဲ့ကစားခဲ့တဲ့ Upper Bracket Round 2 မှာ Mega ၃ လမ်းပေးပြီးမှာ Universe Faceless Void Divine Build အပါအဝင် Dagon အစွမ်းတွေနဲ့ ပြန်နိင်ရခဲ့ပါတယ်။

ဒါကြောင့်မလို့ EG ဟာ TI မှာ သုံးနှစ်ဆက်တိုက် Top 3 ဝင်ခဲ့ပါတယ်။

TI6 အပြီးမှာတော့ လူစာရင်းအပြောင်းအလဲတွေထပ်မံဖြစ်ပေါ်ခဲ့ပြီး Fear အနားယူကာ PPD က EG CEO အဖြစ် ပြောင်းလဲခဲ့ပါတယ်။

သူတို့ရဲ့နေရာကိုတော့ Arteezy နဲ့ Cr1t- တို့ ပြန်ရောက်လာခဲ့ပါတယ်။

Cr1t- ကတော့ PPD မရှိလို့ လစ်လပ်သွားတဲ့ အသင်းခေါင်းဆောင်နေရာကို တာဝန်ယူခဲ့ပါတယ်။

ရာသီသစ်ရဲ့ ပထမဆုံးအပိုင်းမှာတော့ Universe နဲ့ EG တို့ဟာ Valve ရဲ့ Documentary Series သစ်ဖြစ်တဲ့ True Sight ကိုပဲ အာရုံစိုက်ခဲ့ရပါတယ်။

Film Crew က သူတို့ကို ရာသီစထဲကနေ Boston Major ပြီးတဲ့အထိ နောက်ကနေ တကောက်ကောက်လိုက်ခဲ့ပါတယ်။

ဒီရာသီမှာတော့ EG အနေနဲ့ သိပ်ပြီးမအောင်မြင်ခဲ့ပေမယ့် TI7 ကိုတော့ Direct Invite ရခဲ့ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ၃ နှစ်ဆက် Top 3 ဝင်တဲ့စံချိန်ကတော့ ကျိုးပျက်ခဲ့ပြီး 9-12th place ပဲ ရရှိခဲ့ပါတယ်။

TI7 အပြီးမှာတော့ Valve ဟာ သူရဲ့ DPC စနစ်ကို အသက်သွင်းခဲ့ပြီး EG နဲ့ Universe တို့အပေါ်ကိုထားရှိတဲ့ မျှော်လင့်ချက်တွေက ကြီးမားခဲ့ပါတယ်။

ဒါပေမယ့် DreamLeague Season 8 မှာ တတိယပဲရခဲ့အပြီး ၂၀၁၇ ခုနှစ်အကုန်မှာတော့ EG ကို Universe စွန့်ခွာခဲ့ပါတယ်။

တစ်လလောက် inactive ဖြစ်အပြီးမှာတော့ နာမည်ကျောက်ပီဇာပါတီနဲ့အတူ Universe ဟာ သူ့အတွက်အစိမ်းသက်သက်ဖြစ်တဲ့ SEA Region က မလေးရှားအသင်း Fnatic ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပူးပေါင်းခဲ့ပါတယ်။

Fnatic မှာတော့ Secret မှာတုန်းကတွဲကစားခဲ့တဲ့ EE နဲ့ pieliedie တို့နဲ့အတူ တွဲကစားခဲ့ရပါတယ်။

ESL One Katowice မှာတော့ Universe ရဲ့ အစွမ်းတွေနဲ့အတူ Fnatic ဟာ အံ့အားသင့်ဖွယ်ရာ စတုတ္ထရခဲ့ပါတယ်။

ဒါပေမယ့် Universe ဟာ Fnatic နဲ့အတူ ESL One Birmingham 2018 မှာ စတုတ္ထထပ်ရခဲ့တာကလွဲလို့ ဘာအောင်မြင်မှုမှထပ်မရခဲ့ပဲ TI8 မှာလည်း သူ့ရဲ့ကစားသမားဘဝမှာ အဆိုးဆုံးရလဒ်ဖြစ်တဲ့ 13-16th နေရာကိုပဲ ရရှိခဲ့ပါတယ်။

ဒါကြောင့်မလို့ Universe ဟာ သူ့အနေနဲ့ SEA Region ကို လာရောက်ခဲ့မိတာ နောင်တရမိတယ်လို့ Fnatic ကနေထွက်ခွာအပြီးမှာ လူသိရှင်ကြားပြောကြားခဲ့ပါတယ်။

TI8 အပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ Universe ဟာ VGJ.Storm က ကစားသမား ၄ ယောက်ပါဝင်တဲ့ Forward Gaming ကို ပူးပေါင်းခဲ့ပါတယ်။

ဒါပေမယ့် ၆ လကြာခဲ့တဲ့ Forward Gaming ကစားသမားဘဝမှာ ဘာအောင်မြင်မှုမှတော့မရခဲ့ပါဘူး။

ဒါ့ကြောင့် ၂၀၁၉ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ Forward Gaming ကနေထွက်ခွာပြီး ၆ လနီးပါးလောက် Pro Scene ကနေပျောက်ကွယ်သွားခဲ့ပါတယ်။

Universe မှာ 2019/2020 Season မှာ သူ့ရဲ့ ID ကို UNiVeRsE ကနေ Universe ကိုပြောင်းလဲအသုံးပြုခဲ့ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့မှာမှ NIP နဲ့အတူပြန်ပေါ်လာခဲ့ပြီး ၄ လလောက်ကစားခဲ့ရာမှာ ဘာအောင်မြင်မှုမှတော့ မရခဲ့ပါဘူး။

Universe ကို Competitive Scene မှာနောက်ဆုံးမြင်ခဲ့ရတာကတော့ 2020 ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာကစားခဲ့တဲ့ WePlay! Dota 2 Tug of War: Mad Moon ပြိုင်ပွဲမှာဖြစ်ပြီး အခုထိပျောက်ချက်သားကောင်းနေဆဲဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.