News

Notail Vs midormeepo

Twitter မှာလေပြိုင်တိုက်နေကြတဲ့ Secret Admin နဲ့ Notail

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ နာမည်ကြီး Dota 2 အသင်းတွေဖြစ်တဲ့ OG နဲ့ Team Secret တို့ရဲ့ Twitter ကနေအပြန်အလှန်လေတိုက်ခဲ့ကြပြီး အဲ့ဒါကလူစိတ်ဝင်စားမှုများတဲ့ Topic ၁ ခုလည်းဖြစ်ခဲ့ပါတယ်။

အကြောင်းအမျိးမျိုးကြောင့် အဲ့လိုလေတိုက်တာတွေ ခဏပျောက်ကွယ်နေပေမယ့် သိပ်မကြာသေးခင်ကပဲ Notail က ပြန်မီးမွှေးလိုက်ပါပြီ။

OG က WEU DPC Tour 2 မှာ ပထမနေရာကိုရယူနိင်ခဲ့လို့ လာမယ့် Stockholm Major ကို ဝင်ရောက်ခွင့်ရခဲ့ပါပြီ။

တဖက်က Team Secret ကတော့ အဆိုးဝါးဆိုး DPC Season ကိုဖြတ်သန်းနေရမှုနဲ့အတူ Tour 1 မှာ Regional Finals ကစားခွင့်မရခဲ့သလို အခု Tour 2 မှာလည်း မေဂျာဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

ဒါ့ကြောင့် Notail က လွန်ခဲ့တဲ့ ၁ နှစ်လောက်က Team Secret သူတို့ကိုလေတိုက်ထားတဲ့ Twitter Post ကိုပြန်ရှာပြီး လေပြန်တိုက်ခဲ့တာပါ။

အဲ့ဒီပိုစ့်မှာတော့ Team Secret Admin midormeepo က OG အနေနဲ့ ဒါလေးတွေကလွဲရင် ကျန်တာအကုန်ကောင်းပါတယ်ဆိုပြီး Dota 2 နဲ့ပတ်သက်ပြီးရှိရမယ့် Mechanic အကုန်လုံးနီးပါးကိုထည့်ပြီးတော့ သာသာနဲ့ နာနာလေးနှက်ထားတာပါ။

Notail က အဲ့ဒီမှာ “အကြံပေးချက်အတွက် ကျေးဇူးပါ”လို့ Reply ပြန်ပြီး တဖက်လှည့်နဲ့လေပြန်တိုက်ထားတာပါ။

အဲ့ဒီမှာ လေတိုက်ပွဲကြီးစတော့တာပါပဲ။

Team Secret Admin သာမက တခြား Personalities တွေကပါ အဲ့ဒီ Topic မှာ Comment တွေဝိုင်းပေးကြတော့တာပါပဲ။

Midormeepo က Notail အနေနဲ့ ၁ နှစ်လောက်တောင်ကြာပြီဖြစ်တဲ့ဟာကို ခုမှပြန်လာပြောနေတာကြောင့် ပြန်ပြောချင်တာကို ၁ နှစ်လောက်တောင်အောင့်ထားရတာလားလို့ ပြန်လေတိုက်ခဲ့တာပါ။

N0tail and Team Secret’s Twitter banter
N0tail’s Twitter

Notail ကလည်း သူ့အနေနဲ့ လေတိုက်တာလေးကို စိတ်ထဲသိမ်းထားစရာအကြောင်းမရှိပဲ ဒီအတိုင်းပဲသတိရလို့ Google လေး ၁ ချက်ခေါက်လိုက်ရုံပဲလို့ပြန်ပြောခဲ့ပါတယ်။

နာရီအနည်းငယ်ကြာတဲ့အခါမှာ Secret Twitter Admin midormeepo က Secret Twitter Account နဲ့လေတိုက်နေရတာကိုအားမရတော့လို့ သူ့ကိုယ်ပိုင် Twitter Account နဲ့ပါ Banger Tweet လို့ ပြောပါတော့တယ်။

အဲ့ဒီအချိန်မှာ HellRaiser’s ရဲ့ Sports Director ဖြစ်သူ Maria “Inverno” Gunina က တချို့လူတွေအနေနဲ့ မင်းမှားကြောင်းသက်သေပြဖို့ အနားယူပြီး Roster အသစ်ပါခေါ်ပြီးလုပ်ပြနေခဲ့တယ်လို့ ဝင်ပြောခဲ့ပါတယ်။

ဒါကသိသိသာသာကြီး Notail ကိုရည်ရွယ်ခဲ့တာဖြစ်ပြီး အကြောင်းကတော့ Notail ဟာ ပြီးခဲ့တဲ့ 2021 နိုဝင်ဘာလမှာ ကစားသမားဘဝကနေခဏနားပြီး လူသစ်တွေနဲ့အသင်းကိုပြန်လည်ဖွဲ့စည်းခဲ့တာကြောင့်ပါ။

အဲ့ဒီအသင်းမှာ အရမ်းငယ်တဲ့ကစားသမား ၃ ယောက်ထိပါဝင်ခဲ့ပါတယ်။

OG ရဲ့ New Roster က အဲ့လိုမျိုးအတွေ့အကြုံမရှိတဲ့ကစားသမားအများစုပါဝင်နေပေမယ့် စွမ်းဆောင်ရည်ပိုင်းကတော့ အားရစရာကောင်းခဲ့ပါတယ်။

Tour 1 မှာ Regional Finals ကစားခွင့်ရခဲ့သလို Tour 2 မှာဆို ၆ ပွဲနိင် ၁ ပွဲရှုံးရလဒ်နဲ့ DPC 1st Place နေရာကိုရယူနိင်ခဲ့လို့ Stockholm Major ကို သက်တောင့်သက်သာသွားခွင့်ရခဲ့ပါတယ်။

ဒါ့ကြောင့်လာမယ့်မေလ ၁၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ဆွီဒင်နိင်ငံမှာကျင်းပမယ့် Stockholm Major မှာလည်း OG အနေနဲ့ ကမ္ဘာ့အကောင်းဆုံးတွေကို ဘယ်လိုရင်ဆိုင်ကစားပြမလည်းဆိုလည်း စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.