News

Notail points out what valve needs to change

အောက်မှာမြန်မာလိုပါတယ်နော်

Notail points out what valve needs to change

The cancelation of DPC’s First Major in 2021-2022 has caused quite a stir in the Dota 2 community.

Valve hosted the Regional Finals as a replacement and revived the Wild Card system for TI11, but that did not dispel all criticism from the community.

In an interview with the popular German newspaper Süddeutsche Zeitung, Notail, a two-time successor to TI8 and TI9, a historic success with OG, criticized Valve for what needs to change.

Notail Said:

“The people working on Dota are either overworked or understaffed.
Corona can’t always be an excuse because things have been going wrong for some time.
Dota has a very active community that built the game and without them it wouldn’t exist today.
Valve just needs to open a door and start answering emails.”

On the other hand, I think Valve’s financial incentives are with Steam and not Dota.
Other companies would lick their fingers after a game like Dota.
I also don’t know what to do, many people have already failed here but we can only continue to try it.

In the same interview, Notail asked about his retirement from the Competitive Scene

I still have a lot to do with the game, as I still work closely with OG, but I have also taken on new responsibilities.
I have two baby dogs who are four months old and do a lot of gardening.
The baby dogs are now entering their hormonal phase and taking up most of my time and attention.
This change was very healthy for me and I wanted to move away from Dota for a long time.
I was a player for 15 years and even though it’s worth it, it leaves its mark.
You have to be prepared to put everything on the back burner.”

Notai also asked about his life in Portugal, where he now lives

Learning Portuguese was a very slow process.
I’ve spent a lot of time at home due to the pandemic, and since I’d rather learn from native speakers than Duolingo, things are going slowly.
Still, it was a great change, the people and the weather are great! I spent many years on the road and didn’t really feel at home anywhere.
This is where I want to put down long-term roots.

Johan “N0tail” Sundstein won the Dota 2 World Championship “The International” twice with Team OG. The 28-year-old Dane is thus one of the highest-earning e-athletes ever.

The next generation of Notail and OG will be eligible to compete in the WEU Regional Finals on 11 February, and it remains to be seen what the unexpected will be.

Burmese Version

Valve ဘာတွေပြောင်းလဲဖို့လိုနေလဲဆိုတာကိုပြောလိုက်တဲ့ Notail

2021-2022 DPC ရဲ့ First Major ကိုဖျက်သိမ်းလိုက်ခြင်းက Dota 2 Community ထဲမှာ တော်တော်လေးပွဲဆူသွားစေခဲ့ပါတယ်။

Valve အနေနဲ့ အစားထိုးပြိုင်ပွဲအဖြစ် Regional Finals ကိုစီစဉ်ပေးခဲ့သလို TI11 အတွက် Wild Card System ကိုလည်းပြန်အသက်သွင်းပေးခဲ့ပေမယ့် Community ထဲကဝေဖန်မှုအားလုံးကိုတော့ မပျောက်သွားစေပါဘူး။

OG နဲ့အတူ သမိုင်းဝင်အောင်မြင်မှုဖြစ်တဲ့ TI8 နဲ့ TI9 ၂ ကြိမ်ဆက်ရယူထားနိင်တဲ့ Notail ကတော့ နာမည်ကြီးဂျာမနီသတင်းစာ ၁ ခုဖြစ်တဲ့ Süddeutsche Zeitung နဲ့ပြုလုပ်တဲ့အင်တာဗျူးမှာ Valve အနေနဲ့ဘာတွေအပြောင်းအလဲလုပ်ဖို့လိုနေလဲဆိုတာကို ဝေဖန်ထောက်ပြသွားခဲ့ပါတယ်။

Notail က “Valve မှာရှိတဲ့ Professional Dota Scene နဲ့ပတ်သက်တဲ့သူတွေက အလုပ်တွေမနိင်မနိင်းဖြစ်နေကြပါတယ်။

Covid ကိုပဲအမြဲအကြောင်းပြနေလို့မရပါဘူး။

ဘာလို့လည်းဆိုတော့ ဒီလိုမျိုးပြသနာက အခုမှစဖြစ်တာမဟုတ်ပါဘူး။

ဖြစ်နေတာအချိန် ၁ ခုရှိနေပါပြီ။

ဒါ့ကြောင့် Valve အနေနဲ့ Community ရဲ့အကြံပေးချက်တွေကို တံခါးဖွင့်နားထောင်ပေးသင့်နေပါပြီ။

Community ရဲ့အကူအညီမပါပဲ ဒီဂိမ်းဟာ ဒီနေ့လိုမျိုးဖြစ်မလာနိင်ပါဘူး။

နောက်ထပ်တခုက Valve ဟာ Steam ကတခြားဟာတွေရဲ့ ငွေကြေးမက်လုံးတွေနောက်ကိုပဲလိုက်နေပါတယ်။

Dota 2 မှာတော့မဟုတ်ပါဘူး။

တခြားကုမ္ပဏီတွေမှာသာ Dota 2 လိုဂိမ်းမျိုးရှိလို့ကတော့ ရွှေပါချထားကြမှာပါ။

ဒါကိုဘယ်လိုလုပ်ရမလဲကျွန်တော်လည်းမသိပါဘူး။

လူတော်တော်များများလည်း လုပ်နိင်မယ်မထင်ပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ဆက်ကြိုးစားသွားရမှာပါ” လို့ပြောသွားပါတယ်။

အဲ့ဒီအင်တာဗျူးမှာပဲ Notail ရဲ့ Competitive Scène ကနေအနားယူပြီးတဲ့ဘဝကိုမေးမြန်းခဲ့ပြီး Notail က

“ကျွန်တော့်အနေနဲ့ Player အဖြစ်ကအနားယူလိုက်ပေမယ့် ဒီဂိမ်းနဲ့ပတ်သက်ပြီး လုပ်ချင်တာတွေအများကြီးရှိပါသေးတယ်။

OG ရဲ့အသင်းပိုင်ရှင်အဖြစ်နဲ့ရော Mentor အဖြစ်နဲ့ပါမျိုးဆက်သစ်တွေကို လမ်းညွှန်ပေးနေပါတယ်။

၄ လသားခွေးလေး ၂ ကောင်လည်းမွေးထားပြီး သူတို့ကိုအချိန်ပေးနေပါတယ်။

အပင်တွေလည်းအများကြီးစိုက်ဖြစ်ပါတယ်။

ဒီအပြောင်းအလဲက ကျွန်တော့်အတွက်တော်တော်ကောင်းပါတယ်။

ကျွန်တော့်အနေနဲ့ Dota Player အဖြစ်နဲ့ ၁၅ နှစ်လောက်ဖြတ်သန်းခဲ့ပြီး အနားယူဖို့စဉ်းစားခဲ့တာကြာလှပါပြီ။

ပြန်တွေးကြည့်လိုက်ရင် ပေးခဲ့ရတဲ့အချိန်တွေကများပေမယ့် ထိုက်တန်ခဲ့ပါတယ်”လို့ပြောခဲ့ပါတယ်။

သူအခုနေနေတဲ့ပေါ်တူဂီက ဘဝအကြောင်းကိုမေးမြန်းခဲ့ရာမှာလည်း Notai က

“ ပေါ်တူဂီစကားကိုတော့ဖြေးဖြေးချင်းပဲသင်ယူနေပါတယ်ဗျာ။

Covid ကြောင့် အိမ်ထဲကအိမ်ပြင်တောင် သိပ်မထွက်ဖြစ်ပါဘူး။

ဒီကရာသီဥတုရော၊ ပြောဆိုဆက်ဆံရတဲ့လူတွေရောက အရမ်းကောင်းပါတယ်။

ကျွန်တော့်အနေနဲ့ နှစ်ပေါင်းများစွာလမ်းပေါ်မှာပဲအချိန်ကုန်ခဲ့ပြီး အိမ်ရဲ့အငွေ့အသက်ဆိုတာကို သိပ်မခံစားဖူးပါဘူး။

ကျွန်တော်ရေရှည်နေသွားချင်တဲ့ဘဝဆိုတာ ဒီလိုဘဝမျိုးပါ”လို့ပြောသွားခဲ့ပါတယ်။

Notail အနေနဲ့ TI8 နဲ့ TI9 တို့ကိုရယူခဲ့အပြီးမှာတော့ ဝင်ငွေအများဆုံး Esports ကစားသမားဖြစ်လာတာပါ။

Notail နဲ့ OG ရဲ့ မျိုးဆက်သစ်လေးတွေဟာ လာမယ့်ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာကျင်းပမယ့် WEU Regional Finals ကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားပြီး ဘာတွေမထင်မှတ်ထားတာတွေလုပ်ပြဦးမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.