News

Notail Believes Secret Can’t Win Ti11

English Version Below

Secret TI11 မရနိင်ဘူးလို့ယုံကြည်နေတဲ့ Notail

အခုလက်ရှိ 2021-2022 DPC မှာတော့ Team Secret ရဲ့ရလဒ်တွေက သူတို့လူစာရင်းနဲ့ယှဉ်ရင် တော်တော်လေးဆိုးရွားစုတ်ပြတ်နေတာဖြစ်ပါတယ်။

Tour 1 မှာအဆင့် ၅ ပဲရခဲ့လို့ Regional Finals ကစားခွင့်မရခဲ့သလို လက်ရှိ Tour 2 မှာလည်း အခန့်မသင့်ရင် တန်းတောင်ဆင်းရနိင်တဲ့အနေအထားထိတောင် ရောက်နေပါတယ်။

OG ရဲ့အသင်းခေါင်းဆောင်ဟောင်းဖြစ်သလို အတိတ်မှာ Team Secret နဲ့ကြိမ်ဖန်များစွာရင်ဆိုင်ခဲ့ဖူးတဲ့ Notail က WEU DPC မှာပါဝင်ယှဉ်ပြိုင်ကစားနေတဲ့အသင်းတွေရဲ့ Performance တွေအကြောင်းကိုဆွေးနွေးရင်းနဲ့ Team Secret ရဲ့ပြသနာတွေကိုပါ ဆွေးနွေးသွားခဲ့ပါတယ်။

Notail က Team Secret အနေနဲ့ ကစားသမားတွေရဲ့အရည်အသွေးတွေကြောင့် အခုအခက်အခဲတွေကနေ ရုန်းထွက်နိင်မယ်လို့ပြောခဲ့ပေမယ့် TI11 ကိုရယူနိင်တဲ့အထိတော့ မလုံလောက်နိင်ဘူးလို့ သုံးသပ်ပြသွားခဲ့ပါတယ်။

အဲ့လိုသုံးသပ်မှုတွေကိုတော့ OG’s Monkey Business Show Episode 13 မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအစီအစဉ်မှာ Notail နဲ့အတူ OG အသင်းဖော်ဟောင်း Ceb နဲ့ JMR Luna တို့ ပါဝင်ခဲ့ပြီး WEU က Division I အသင်းတွေရော Division II အသင်းတွေရဲ့စွမ်းဆောင်ရည်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

Ceb က Notail ကို လက်ရှိ Team Secret ရဲ့လူစာရင်းက အနာဂတ်မှာအောင်မြင်မှုတွေရယူနိင်လောက်လားလို့ မေးမြန်းခဲ့ရာမှာ Notail က တချို့ Issue တွေက Team Secret ကို အောင်မြင်မှုလမ်းကြောင်းကနေသွေဖယ်အောင် လုပ်ဆောင်နေတယ်လို့ပြန်ဖြေခဲ့ပါတယ်။

“Team Secret က Potential ရှိတဲ့ကစားသမားတွေနဲ့ စုဖွဲ့ထားတာပါ။

ဒါပေမယ့် သူတို့ Laning Phase တွေမှာဖြစ်ပျက်နေတာတွေကိုကြည့်ပြီး သူတို့အတွက်တော်တော်စိတ်ပူမိပါတယ်။

ဒါ့အပြင် Role တွေလည်းပြန်လဲထားပြီး Sumail ကလည်း Drafting ၁ ပတ် ၂ ပတ်လောက်လုပ်လိုက်ပါသေးတယ်။

အခုတော့ Puppey ပြန် Draft နေပါပြီ။

Role Change တာကတော့ သူတို့လုပ်သင့်တာလုပ်ထားတယ်လို့မြင်ပါတယ်”

Notail ပြောသလိုပဲ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ Drafting ကိုတာဝန်ယူခဲ့ပြီး Puppey Drafting ပြန်လုပ်တာ သိပ်မကြာသေးပါဘူး။

Secret ကစားထားတဲ့ Tour 2 Series ၅ ပွဲမှာ Sumail က Safe Lane သွားကစားနေပြီး Nisha ကို Mid ပြန်ပို့ထားတာပါ။

သူတို့ရဲ့ Position အမှန်က Nisha Carry, Sumail Mid ဖြစ်ပါတယ်။

Notail က ဆက်လက်ပြီးတော့ သူ့အနေနဲ့ Team Secret ကစားသမားတွေရဲ့ စိတ်အားထက်သန်မှုတွေနဲ့ အလားအလာကောင်းတွေကိုခံစားသိမြင်မိပေမယ့် Solid ဖြစ်တဲ့အသင်း ၁ သင်းဖြစ်လာမဖြစ်လာကိုတော့ သေချာမပြောနိင်ဘူးလို့ ပြောခဲ့ပါတယ်။

Notail ရဲ့အဆိုအရ TI မှာဗိုလ်စွဲဖို့ဆိုရင် လက်စွမ်းတည်ငြိမ်တဲ့အသင်း ၁ သင်းဖြစ်ဖို့မဖြစ်မနေလိုအပ်တယ်လို့လည်း သိရပါတယ်။

“ရိုးရိုးသားသားပြောရမယ်ဆိုရင် Secret ကစားသမားတွေရဲ့ စိတ်အားထက်သန်မှုတွေကို ခံစားမိပါတယ်။

ဒါပေမယ့် သူတို့အနေနဲ့အသင်းကောင်း ၁ သင်းဖြစ်ဖို့လိုအပ်တာတွေရှိမရှိကိုတော့ ကျွန်တော်မသိပါဘူး။

သူတို့က Dota ကစားတာ ပိုကောင်းချင် ကောင်းလာပါလိမ့်မယ်။

ဒါပေမယ့်အဲ့မှာမေးခွန်းထုတ်စရာက အဲ့လိုကောင်းလာတိုင်း အသင်းကောင်း ၁ သင်းဖြစ်ပြီလားဆိုတာပါပဲ။

အသင်းကောင်း ၁ သင်းဖြစ်ဖို့အရေးအကြီးဆုံးက လက်စွမ်းတည်ငြိမ်မှုရှိရပါမယ်။

ဒါမှသာ TI မှာချန်ပီယံဖြစ်နိင်မှာပါ။

သူတို့အဲ့လိုလုပ်နိင်မလုပ်နိင်ကို ကျွန်တော်မသိပါဘူး။

မလုပ်နိင်ရင် TI မရနိင်တော့ဘူးလား?

အဲ့လိုအတိအကျကြီးတော့မပြောချင်ပေမယ့် မဖြစ်နိင်ဖို့များပါတယ်။

ဒါပေမယ့် သူတို့အနေနဲ့ TI မှာ ကစားပုံသိပ်မကောင်းဘူးဆိုရင်တောင် Top 5 ဝင်ဖို့လောက်တော့ အခက်အခဲမရှိနိင်ဘူးလို့ထင်ပါတယ်”

၂၀၂၂ ခုနှစ်မှာတော့ Team Secret ရဲ့လက်စွမ်းတွေက တော်တော်လေးမတည်မငြိမ်ဖြစ်နေပါတယ်။

ကောင်းတဲ့အချိန်မှာဇွတ်ကောင်းပြီး ညံ့တဲ့အချိန်မှာလည်း ကုန်းကောက်စရာမရှိလောက်အောင် စုတ်ပြတ်ပါတယ်။

ဒါ့ကြောင့်မလို့ ကစားထားတဲ့ပြိုင်ပွဲတွေမှာ အလယ်အလတ်နေရာတွေလောက်မှာပဲ ရပ်တည်ထားနိင်ပါတယ်။

သူတို့အနေနဲ့ Tour 2 မှာ ၅ ပွဲကစားထားရာမှာ ၂ ပွဲသာ အနိင်ရထားပါတယ်။

လက်ကျန် ၂ ပွဲကို Nigma Galaxy နဲ့ Entity တို့နဲ့ကစားရမှာဖြစ်ပြီး Stockholm Major ကိုသွားနိင်ဖို့အတွက် လက်ကျန် ၂ ပွဲလုံးကို အနိင်ကစားနိင်ဖို့လည်း လိုအပ်နေပါတယ်။

English Version

Notail Believes Secret Can’t Win Ti11

In the current 2021-2022 DPC, the results of Team Secret are pretty bad compared to their roster.

With only 5th place in Tour 1, they were not allowed to play in the Regional Finals, and in the current Tour 2, they are in a position to be relegated.

Notail, a former OG team captain and former rival of Team Secret in the past, discussed the performance of teams competing in the WEU DPC, as well as Team Secret issues.

Notail claims that Team Secret will be able to overcome the current difficulties due to the quality of its players, but that TI11 will not be enough to get it.

The review, which took place on Episode 13 of OG’s Monkey Business Show, featured Notail with former OG teammate Ceb and JMR Luna, discussed the performance of Division I teams and Division II teams in WEU.

Ceb asked Notail if the current Team Secret roster could lead to success in the future, to which Notail replied that some issues were distorting Team Secret from the path to success.

“They have a lot of potential.
I am very worried about how some of their laning phases tend to go.
We can see some signs that you can interpret as really bad.
They switched around their roles once and SumaiL was drafting for like – a week or two.
Now the drafting position is back on Puppey, I think.
But I think they did the right thing with the role change.”

According to Notail, Sumail has been in charge of drafting in recent weeks and Puppey has recently resumed drafting.

Sumail is playing Safe Lane in the 5th Tour 2 Series played by Secret and Nisha is sent back Mid.

Their real position is Nisha Carry, Sumail Mid.

Notail added: “I feel the motivations and potential of the team secret players, but I can not say for sure if it will become a solid team.

According to the Notail, in order to win in TI, it is necessary to have a reliably team.

“Honestly, I think the motivation is there from everyone.
What I doubt is whether or not they’ll have the tools to kind of peak as a team.
I think they can share ideas, I think they can become really good at Dota but my question would be – Can they become a really good team.
And I am always going to be in that boat.
You need to become a good team if you want to win TI reliably.
I am not sure if they have it.
Does that mean you can not win TI?
No, I just think it’s very unlikely.
And does that mean you cannot do well at TI, no you probably can do easily Top 5.”

In 2022, Team Secret has had uneven performances, looking good at times but failing to put up a strong showing at others

Therefore, they can only stand in the middle of the tournaments they competed.

They have won just two of their last five matches in Tour 2.

The remaining two games will be played against the Nigma Galaxy and Entity, and they will need to win the remaining two games to advance to the Stockholm Major.

Leave a Reply

Your email address will not be published.