News

Non-LAN God Tundra

LAN မဟုတ်ရင်လုပ်တိုင်းဖြစ်နေတဲ့ Tundra

WEU DPC 2021-2022 Tour 3 Division I ဒုတိယမြောက်ပွဲစဉ်တွေထဲက ၁ ပွဲဖြစ်တဲ့ Tundra နဲ့ ပူပူနွေးနွေးမေဂျာချန်ပီယံ OG တို့ယှဉ်ပြိုင်ကစားခဲ့ရာမှာ Tundra က ၂ – ၀ နဲ့အနိင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ Stockholm Major Lower Bracket Finals မှာ OG ရှုံးနိမ့်ခဲ့လို့ တတိယနေရာနဲ့သာကျေနပ်ခဲ့ရတဲ့ Tundra တို့ဟာ ထိပ်တိုက်ပြန်တွေ့တဲ့ဒီပွဲမှာ လက်စားချေဖို့ အသေချာပြင်ဆင်လာခဲ့တာပါ။

ဒါ့ကြောင့်တကယ်ကစားရာမှာလည်း OG ကို ဘာမှပြန်လုပ်ခွင့်မပေးပဲ ၂ – ၀ ဆိုတဲ့ရလဒ်နဲ့ပါ ချေမှုန်းနိင်ခဲ့တာပါ။

ဒီ Series မတိုင်ခင်မှာ ၂ သင်းစလုံးရဲ့အနေအထားတွေက သူမသာကိုယ်အသုဘဖြစ်နေခဲ့တာကြောင့် လက်မျှတယ်လို့ဆိုနိင်ပါတယ်။

ဒါပေမယ့် လက်တွေ့မှာ OG ပြန်မလှန်နိင်အောင် အလဲထိုးခံလိုက်ရတာကတော့ Tundra ရဲ့ Hero Pick တွေနဲ့ လုပ်ပုံကိုင်ပုံတွေကြောင့်ဖြစ်ပါတယ်။

ဒီပွဲအရှုံးကြောင့် ပြီးခဲ့တဲ့ Stockholm Major 2022 မှာထဲကစတင်ခဲ့တဲ့ OG ရဲ့ ၇ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်လည်း ကျိုးပျက်သွားခဲ့ရပါတယ်။

Game 1

Game 1 မှာ OG ရဲ့ Draft က တော်တော်လေးထူးဆန်းပါတယ်။

Offlaner ATF က Void Spirit နဲ့ Position 4 ကစားပေးခဲ့ပြီး Taiga ရဲ့ Enigma အတွက် Farming တွေကိုဖန်တီးပေးခဲ့ပါတယ်။

ဒါကအလုပ်ဖြစ်ခဲ့တယ်လို့ဆိုနိင်ပြီး Laning Stage မှာရော Team Fight Stage အစပိုင်းတွေမှာပါ OG ကအသာရခဲ့ပြီး ၁၈ မိနစ်ဝန်းကျင်လောက်မှာ Net Worth 6k တောင်သာနေခဲ့ပါပြီ။

ဒါပေမယ့် Tundra ကလည်း Tundra ပဲဖြစ်ပြီး ရွှေဘလိုပဲ အရေးကြီးတဲ့အခန်းတွေမှ ထကြမ်းပြပါတော့တယ်။

Net Worth 6k ပြတ်နေတဲ့အချိန်မှာ Tundra ရဲ့ Turn Around Play တွေက ရင်သပ်ရှုမောဖွယ်ကောင်းခဲ့ပြီး OG ကို တဖြေးဖြေးနဲ့ပြိုဆင်းသွားစေခဲ့ပါတယ်။

အထူးသဖြင့် ATF ရဲ့ Position 4 Void Spirit က ပွဲချိန်ကြာလာလေ ပုတ်လေဖြစ်လာတာမလို့ OG တို့ ၃၃ မိနစ်မှာတော့ အရှုံးပေးခဲ့ရပါတယ်။

Game 2

Game 2 မှာ Tundra ဘက်က IO, Razor, Lycan တို့ကိုပြန်ယူခဲ့သလို OG ဘက်ကလည်း Enigma, Void Spirit နဲ့ Jakiro တို့ကိုပြန်ယူခဲ့ပါတယ်။

မတူခဲ့တာကတော့ Void Spirit ကို Position 4 မဟုတ်တော့ပဲ Mid ကစားခဲ့တာနဲ့ Nine ရဲ့ Clock တို့ပါ။

အထူးသဖြင့် Nine ရဲ့ Clock က ၁ ပွဲလုံးကို သူတယောက်ထဲကစားသွားတယ်လို့ထင်ရလောက်အောင် တမြေပုံလုံးစိုးမိုးပြခဲ့ပါတယ်။

Clock ရဲ့ Battery Assault ကို 7.31d မှာ Creep Damage ၂ ဆတိုးပေးထားလို့ Offlane Clock တွေပြန်မြင်ရတော့မယ်ထင်နေချိန်မှာ Nine က Mid ပါကစားပြခဲ့တာဖြစ်ပါတယ်။

Laning Stage မှာလည်း ၃ လမ်းလုံးနိင်ခဲ့လို့ OG တို့ခေါင်းတောင်မဖော်နိင်ခဲ့ပါဘူး။

Team Fight Stage ကိုတောင် သူတို့မစနိင်ခဲ့ပဲ Tundra Snowball သမျှခံရရင်း ၁၇ မိနစ်နဲ့တင် GG ခေါ်ခဲ့ရပါတယ်။

Tundra ရဲ့ပွဲတွေကိုကြည့်ရတာ သူတို့အနေနဲ့ Patch တိုင်းကို သဘောပေါက်နားလည်နိင်စွမ်းမတရားမြင့်မားပြီး လက်တွေ့မှာလည်း ကောင်းကောင်းပြန်အသုံးချနိင်ပါတယ်။

ဒါ့ကြောင့် သူတို့ရဲ့ပွဲတော်တော်များများမှာ Drafting Phase ထဲက အသာစီးရယူနေနိင်ပါပြီ။

Offlaner ဖြစ်သူ 33 ကလည်း သူ့ရဲ့ Signature Hero ၃ ကောင်ဖြစ်တဲ့ Lycan, Beastmaster နဲ့ Visage တို့ထဲက ၁ ကောင်ကောင်ရရင် ဟိုဘက်ကဘာကောင်ကြီးပဲလာလာ ရိုက်ခွဲပြနိင်ပါတယ်။

Nine ရဲ့ Flexible ဖြစ်မှုကတော့ တော်တော်ကြီးကို Next Level ရောက်နေပါပြီ။

ဘာ Hero ကိုပဲ Mid ကစားကစား Meta ၁ ခုထိဖြစ်လာအောင်ထိပါ စွမ်းနေပါပြီ။

OG ကတော့ ဒီနေ့ပွဲမှာ သူတို့တောက်လျှောက်အလုပ်ဖြစ်ခဲ့တဲ့ Enigma Tactic ကိုပဲထပ်ပွဲထုတ်လာခဲ့ပြီး Tundra ရဲ့စနစ်တကျဖျက်စီးခြင်းကို ခံခဲ့ရတာပါ။

Tundra က OG ဟီးရိုးတွေရဲ့ Farming လမ်းကြောင်းတွေကို High Aggression နဲ့ပိတ်ဆို့ပြခဲ့တာပါ။

ဒါ့ကြောင့် OG အနေနဲ့ သူတို့ရဲ့နည်းဗျူဟာတွေကို ဆန်းသစ်ဖို့လိုနေပြီဖြစ်ပါတယ်။

Tundra ရဲ့နောက်ထပ် DPC ပွဲစဉ်ကတော့ လာမယ့် ၂၁ ရက်နေ့မှာကစားရမယ့် Secret နဲ့ပွဲဖြစ်ပြီး OG ကတော့ ၁၈ ရက်နေ့မှာ Entity နဲ့ကစားသွားရမှာဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.