Team & Players

Nisha

အောက်မှာမြန်မာလိုပါတယ်နော်

Nisha

Carry Player Nisha, originally called after Team Secret TI8, was originally named Michał Jankowski.

He was born on September 28, 2000 and is now 21 years old.

He was one of the first Polish nationals to qualify for The International, while TI9 qualified with Team Secret via the Dota Pro Circuit (DPC).

In addition to his Nisha ID, he also uses IDs such as DEBIL, Hubert, Karolina2012, Jankos, Hiro.

He is currently playing Position 1 Carry in Secret, but has also played Mid and is well versed in both roles.

Having him in two positions can be very rewarding for tactical expert Puppey.

Another thing is that Nisha’s style of play is Not as quiet as XBOCT or Crystalize like Resolut1on, Silent and Burning.

That’s why Nisha’s going to farm without being chased by people While Sumail, Puppey and YapzOr are fighting all the time, which will make Secret’s balance even more harmonious. 

His three signature heroes are Terrorblade, Arc Warden and Morphling.

His career total earnings are $ 1,681,376.

Nisha is a rare left-hander.

Nisha started his career on April 4, 2014 at Let’s Do it in Poland with his brother.

His teammates are Exotic_Deer, brothers Supreme, sasu and eL lisasH. 

After playing for about a year, ALternate aTTxX, a German professional eSports organization, signed Nisha and Crew and changed the club’s name.

After playing on ALternate aTTxX for over two years, The Crew parted ways with Org and re-launched under the name Let’s Do It.

The roster has also changed slightly.

Supreme, sasu were replaced by Patos and kacor. 

Team Singularity signed a contract on May 1, 2017 While playing under the name Let’s Do It.

However, they only played for three months and changed the name of the team to Let’s Do it Again.

While playing for Team Singularity, Nisha set the record for most kills in a single pro game in his career in the ZOTAC Cup Masters EU Qualifier against NIP with 24 Kill.

About a month after parting ways with Team Singularity, They Were signed by Team Kinguin.

With Team Kinguin and Nisha, they were able to stand as a Dark Horse team and destroy the big teams.

However, their success was limited to DPC 30. 

After playing with Team Kinguin for almost a year, they parted ways with Org and reunited under the name Let’s Do It.

On September 11, 2018, Nisha was separated from Exotic_Deer and eL lisasH by Team Secret, a big team.

EL lisasH and Exotic_Deer will surely say goodbye with tears of joy as he took the next step in his playing career.

Nisha, who was already in the limelight, shone in the hands of the great Puppey.

It Only took him a while to get used to Secret, and the first game He played was the KL Major Qualifier, but He was stable and qualified in first place. 

Days later, he won the Tier 2 Championship, the PVP Esports Championship.

Before KL Major, another Tier 2 tournament, ESL One Hamburg 2018, also won the championship.

However, by finishing second in the KL Major, which includes top teams from different regions, Nisha showed that he deserves to play for a team as big as Team Secret.

Nisha later became one of the world-class players, winning the Chongqing Major and the MDL Disneyland® Paris Major.

He also won the ESL One Katowice 2019 and ESL One Katowice 2019, but appeared 9-12th in the EPICENTER Major.

That’s how the TI9 came about.

This is the first TI Main Stage in Nisha’s career.

However, under Puppey’s leadership, the already talented Nisha finished fourth in Team Secret’s Lower Bracket Run, finishing fourth.

After TI9, Nisha switched to Mid Role as MidOne left and returned to MATUMBAMAN.

It’s not a problem for Nisha who can play both Roles well and continue to show his regular skills.

Nisha’s 2020 Mid Player career also kicked off with the title of DreamLeague Season 13 Major. 

After that, Covid Problems, and after a few bouts in two or three Tier 2 events, the historic 24-match unbeaten streak in the Grand Finals reached just eight.

The record of Nisha and Secret is difficult for other teams to catch up with and ended up finishing fourth in ESL One Germany 2020.

On November 22, 2020, Nisha deservedly won the Esports PC Player of the Year award for his outstanding performances.

In 2021, DPC Season 1 was the first in the region, but in Singapore Major it finished fourth.

In Season 2, the situation worsened, with only 4th place in the Regional and 16th in the Major.

That is why Nisha’s second TI was also a concern for ESL One Summer 2021, which was played before TI.

On the TI10, too, things did not go well on the group stage, but they did get an upper bracket and made it to the Upper Bracket Finals. 

With just one step to go in the Grand Finals, it’s a series of defeats to LGD and Team Spirits, but to a degree higher than the first TI, Nisha achieved some success.

Puppey, well aware of Nisha’s talent, retained him after TI10, replacing TI winner MATUMBAMAN with another TI winner, Sumail, and replacing Zai, who had been with the team for a while.

Therefore, Nisha will return to the Carry Position in the 2021-2022 season.

Nisha, who is getting better year by year, is almost certain to continue to challenge for the title at TI11.

Burmese Version

Mid ရော Carry ပါကောင်းကောင်းဆော့နိင်တဲ့ Nisha ရဲ့အကြောင်း

Team Secret ရဲ့ TI8 အပြီးမှာခေါ်ယူခဲ့တဲ့ Carry Player Nisha ရဲ့ နာမည်အရင်းကတော့ Michał Jankowski ဖြစ်ပါတယ်။

သူ့ကို ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှာမွေးဖွားခဲ့တာကြောင့် အခုမှ ၂၁ နှစ်ပဲ ရှိပါသေးတယ်။

သူဟာ TI9 ကို Team Secret နဲ့အတူ Dota Pro Circuit (DPC) ကနေတဆင့် Qualify ဖြစ်ခဲ့စဉ်မှာ The International ပြိုင်ပွဲကိုပထမဆုံး Qualify ဖြစ်ခဲ့တဲ့ပိုလန်နိင်ငံသားတစ်ဦးဖြစ်ပါတယ်။

သူ့အနေနဲ့ Nisha ဆိုတဲ့ ID အပြင် DEBIL, Hubert, Karolina2012, Jankos, Hiro စတဲ့ ID တွေကိုလည်း အသုံးပြုလေ့ရှိပါတယ်။

သူ့အနေနဲ့ လက်ရှိ Secret မှာ Position 1 Carry ကစားမှာဖြစ်ပေမယ့် Mid လည်းကစားပေးခဲ့ပြီး အဲ့ Role ၂ ခုလုံးကို ကျွမ်းကျင်ပိုင်နိင်သူဖြစ်လို့ နည်းဗျူဟာမျိုးစုံပြောင်းပြီးကစားချင်တဲ့ Puppey ရဲ့အချစ်တော်လေးပါ။

Position ၂ ခုကစားနိင်တဲ့ သူ့ကိုရထားတာဟာ နည်းဗျူဟာပါရဂူ Puppey အတွက် တော်တော်လေးအကျိုးရှိပါတယ်။

နောက်တစ်ချက်က Nisha ရဲ့ကစားဟန်က Resolut1on ၊ Silent နဲ့ Burning တို့လိုငြိမ်ပြီး XBOCT တို့ Crystalize တို့လိုမျိုး တစ်ချိန်လုံးလိုက်ချချင်နေတဲသူ မဟုတ်ပါဘူး။

ဒါကြောင့်မလို့ Sumail, Puppey နဲ့ YapzOr တို့လိုမျိုး တစ်ချိန်လုံးချနေတဲ့သူတွေက ချပေးနေချိန်မှာ Nisha က လိုက်မယောင်ပဲနဲ့ Farm နေမှာဖြစ်တဲ့အတွက် Secret ရဲ့ဟန်ချက်ကိုလည်း ပိုပြီးတော့ ညီညွတ်လာစေမှာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ Signature Hero သုံးကောင်ကတော့ Terrorblade, Arc Warden နဲ့ Morphling တို့ဖြစ်ပါတယ်။

သူ့ရဲ့ကစားသမားဘ၀ Total Earning က $1,681,376 ရှိနေပါပြီ။

Nisha ဟာ ရှားရှားပါးပါးဘယ်သန်ကစားသမားဖြစ်ပါတယ်။

Nisha ဟာ သူ့ရဲ့ကစားသမားဘဝကို သူ့အစ်ကိုရှိရာ ပိုလန်နိင်ငံက Let’s Do it အသင်းမှာ ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့က စတင်ခဲ့ပါတယ်။

သူ့ရဲ့အသင်းဖော်တွေကတော့ Exotic_Deer, အစ်ကိုဖြစ်သူ Supreme, sasu နဲ့ eL lisasH တို့ပဲဖြစ်ပါတယ်။

၁ နှစ်လောက်ကစားပြီးတဲ့နောက်မှာတော့ ဂျာမနီ Professional eSports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ALternate aTTxX က Nisha တို့ကို စာချုပ်ချုပ်ခဲ့လို့ အသင်းရဲ့နာမည်ကိုလည်း ပြောင်းလဲခဲ့ပါတယ်။

ALternate aTTxX မှာ နှစ်နှစ်ကျော်လောက်ကစားခဲ့ပြီးနောက်မှာတော့ Nisha တို့အနေနဲ့ Org နဲ့လမ်းခွဲခဲ့ပြီး Let’s Do it ဆိုတဲ့ နာမည်နဲ့ပဲ ပြန်ကစားခဲ့ပါတယ်။

လူစာရင်းကလည်း အနည်းငယ်ပြောင်းလဲသွားခဲ့ပါတယ်။

Supreme, sasu တို့ရဲ့နေရာကို Patos နဲ့ kacor တို့ ဝင်လာခဲ့ပါတယ်။

Let’s Do it ဆိုတဲ့နာမည်နဲ့ပဲကစားနေရင်းနဲ့ ၂၀၁၇ ခုနှစ် မေလ ၁ ရက်နေ့မှာတော့ Team Singularity က စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမဲ့ သုံးလလောက်ပဲကစားခဲ့ကြပြီး အသင်းနာမည်ကို Let’s Do it လို့ပဲပြန်ပြောင်းခဲ့ပြန်ပါတယ်။

Team Singularity အတွက်ကစားပေးခဲ့ချိန်မှာတော့ Nisha ဟာ သူ့ကစားသမားဘဝရဲ့ Pro Game ၁ ပွဲထဲမှာ Kill အများဆုံးစံချိန်ကို 24 Kill နဲ့ NIP အသင်းနဲ့ကစားခဲ့တဲ့ ZOTAC Cup Masters EU Qualifier မှာတင်ရှိနိင်ခဲ့ပါတယ်။

Team Singularity နဲ့လမ်းခွဲပြီးတစ်လလောက်အကြာမှာပဲ Team Kinguin ကနေ ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Team Kinguin နဲ့မှာတော့ Nisha တို့ဟာဖျက်မြင်းအသင်းတစ်သင်းအနေနဲ့ ရပ်တည်နိင်ခဲ့ပြီး အသင်းကြီးတွေကို အနိင်ကစားပြခဲ့ပါတယ်။

ဒါပေမဲ့လည်း သူတို့ရဲ့အောင်မြင်မှုကတော့ DPC 30 သာဖြစ်ပါတယ်။

Team Kinguin နဲ့အတူ တစ်နှစ်နီးပါးလောက်ကစားခဲ့ပြီးတဲ့နောက်မှာတော့ Org နဲ့လမ်းခွဲပြီး Let’s Do It နာမည်နဲ့ပဲ ပြန်ကစားခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာဘ ၁၁ ရက်နေ့အရောက်မှာ Nisha ကို အသင်းကြီးတစ်သင်းဖြစ်တဲ့ Team Secret ကခေါ်ယူခဲ့တဲ့အတွက် အသင်းနာမည်ဘယ်လောက်ပြောင်းပြောင်း အမြဲအတူတူရှိခဲ့ကြတဲ့ Exotic_Deer နဲ့ eL lisasH တို့ကို Nisha တစ်ယောက် ခွဲခွာခဲ့ရပါတော့တယ်။

သူ့ကစားသမားဘဝရဲ့ နောက်တစ်ဆင့်ကိုတက်လှမ်းနိင်ခဲ့တာဖြစ်တဲ့အတွက် eL lisasH တို့ကလည်း ဝမ်းသာမျက်ရည်တွေနဲ့ နုတ်ဆက်ခဲ့မှာ သေချာပါတယ်။

နဂိုထဲက လက်စလက်နရှိပြီးသား Nisha ဟာ ပဲ့ကိုင်ရှင်ကောင်း Puppey ရဲ့လက်ထဲမှာတော့ အစွမ်းကုန်တောက်ပပြခဲ့ပါတော့တယ်။

Secret နဲ့အထိုင်ကျဖို့ခဏပဲအချိန်ယူခဲ့ရပြီး ပထမဆုံးစကစားခဲ့ရတဲ့ပွဲက KL Major Qualifier ဖြစ်ပေမယ့် တည်တည်ငြိမ်ငြိမ်ပဲ ပထမနေရာနဲ့ Qualify ဖြစ်ခဲ့ပါတယ်။

အဲ့နောက်မှာ ရက်ပိုင်းအကြာမှာပဲ Tier 2 ပြိုင်ပွဲဖြစ်တဲ့ PVP Esports Championship မှာချန်ပီယံဖြစ်ခဲ့ပါတယ်။

KL Major မတိုင်ခင်မှာ နောက်ထပ် Tier 2 ပြိုင်ပွဲပဲဖြစ်တဲ့ ESL One Hamburg 2018 မှာလည်းချန်ပီယံဖြစ်ခဲ့ပြီး အဲ့ဒါမတိုင်ခင်ကစားတဲ့ Tier 2 ပြိုင်ပွဲ ၁ ခုနဲ့ Tier 3 ပြိုင်ပွဲ ၂ ခုမှတော့ ရလဒ်တွေမကောင်းခဲ့ပါဘူး။

ဒါပေမယ့် Region အသီးသီးက ထိပ်သီးအသင်းတွေပါဝင်တဲ့ KL Major မှာ ဒုတိယရယူပြီး Nisha က သူဟာ Team Secret လိုအသင်းကြီးမှာကစားဖို့ထိုက်တန်ကြောင်းကို ပြသခဲ့ပါတယ်။

အဲ့နောက်မှာလည်း Chongqing Major နဲ့ MDL Disneyland® Paris Major မှာလည်း ချန်ပီယံဆုကိုထပ်မံရယူနိင်ခဲ့တာကြောင့် Nisha ဟာလည်း ကမ္ဘာ့အဆင့်ကစားသမားတွေထဲက ၁ ယောက်ဖြစ်လာခဲ့ပါတယ်။

ESL One Katowice 2019 နဲ့ ESL One Katowice 2019 တို့မှာလည်းချန်ပီယံဖြစ်ခဲ့သေးပေမယ့် EPICENTER Major မှာတော့ 9-12th နဲ့ ရုပ်ပေါက်ခဲ့ပါတယ်။

ဒီလိုနဲ့ TI9 ကြီးရောက်လာခဲ့ပါတယ်။

ဒါက Nisha ရဲ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ်ကစားဖူးတဲ့ TI Main Stage ပါ။

ဒါပေမယ့်လည်း Puppey ရဲ့ဦးဆောင်လမ်းပြမှုနဲ့အတူ နဂို Talented ဖြစ်ပြီးသား Nisha အနေနဲ့ Team Secret ရဲ့ Lower Bracket Run မှာ အကောင်ဆုံးစွမ်းဆောင်ပေးနိင်ခဲ့ပြီး စတုတ္ထရခဲ့ပါတယ်။

TI9 အပြီးမှာတော့ MidOne ထွက်သွားပြီး MATUMBAMAN ပြန်ဝင်လာခဲ့တာကြောင့် Nisha အနေနဲ့ Mid Role ကိုပြောင်းလဲကစားခဲ့ပါတယ်။

ဒါက ၂ မျိုးလုံးကိုကောင်းကောင်းကစားနိင်တဲ့ Nisha အတွက် ဘာပြသနာမှမဖြစ်ခဲ့ပဲ ပုံမှန်လက်စွမ်းကို ဆက်လက်ပြသနိင်ခဲ့ပါတယ်။

Nisha ရဲ့ 2020 Mid Player ဘဝဟာလည်း DreamLeague Season 13 Major မှာချန်ပီယံဖြစ်ခြင်းနဲ့အတူအဖွင့်လှခဲ့ပြန်ပါတယ်။

အဲ့နောက်မှာ ကိုဗစ်ပြသနာတွေဖြစ်ခဲ့ပြီး Tier 2 ပြိုင်ပွဲ ၂ ခု – ၃ ခုလောက်မှာအနည်းငယ်တိုင်ပတ်ပြီးနောက်မှာတော့ သမိုင်းဝင် Grand Finals 24 ပွဲဆက်ရှုံးပွဲမရှိစံချိန်မှတ်တမ်းကို ပြိုင်ပွဲ ၈ ခုနဲ့တင်ရှိနိင်ခဲ့ပါတော့တယ်။

Nisha နဲ့ Secret တို့ရဲ့စံချိန်မှတ်တမ်းက တခြားအသင်းတွေတော်ရုံလိုက်မှီဖို့ခက်ခဲမှာဖြစ်ပြီး ESL One Germany 2020 မှာ စတုတ္ထပဲရခဲ့ခြင်းနဲ့အတူ အဆုံးသတ်ခဲ့ပါတယ်။

ပြောင်မြောက်တဲ့လက်စွမ်းတွေကိုတောက်လျှောက်ပြသနိင်ခဲ့တဲ့ Nisha ဟာ 2020 ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ Esports PC Player of the Year ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။

2021 မှာတော့ DPC Season 1 ကို Region အတွင်းမှာပထမရခဲ့ပေမယ့် Singapore Major မှာတော့ အဆင့် ၄ နဲ့ပဲကျေနပ်ခဲ့ရပါတယ်။

Season 2 မှာတော့ ပိုအခြေအနေဆိုးသွားခဲ့ပြီး Regional မှာ အဆင့် ၄ ပဲရခဲ့သလို Major မှာဆိုအဆင့် ၁၆ ပဲရခဲ့တဲ့အထိရေကြီးခဲ့ပါတယ်။

အဲ့နောက် TI မတိုင်ခင်မှာကစားတဲ့ ESL One Summer 2021 မှာလည်း အခြေအနေမကောင်းခဲ့လို့ Nisha ရဲ့ဒုတိယမြောက် TI အတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။

TI10 မှာလည်း Group Stage မှာအခြေအနေမကောင်းခဲ့ပေမယ့် Upper Bracket တနေရာတော့ရယူနိင်ခဲ့ပြီး Upper Bracket Finals အထိတက်ရောက်နိင်ခဲ့ပါတယ်။

Grand Finals နဲ့ခြေ ၁ လှမ်းပဲလိုတော့တဲ့အချိန်မှာ LGD နဲ့ Team Spirits တို့ကိုဆက်တိုက်ရှုံးလို့ထွက်ခဲ့ရပေမယ့် ပထမ TI ထက်ပိုမိုမြင့်မားတဲ့အဆင့်ကိုတက်ရောက်နိင်ခဲ့လို့ Nisha အတွက်တော့ အတိုင်းအတာ ၁ ခုအထိတော့ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။

Nisha ရဲ့ Talent ကိုကောင်းကောင်းသိတဲ့ Puppey က TI10 အပြီးမှာလည်း သူ့ကိုဆက်ထိန်းသိမ်းထားခဲ့ပြီး TI Winner MATUMBAMAN ကိုပဲ နောက်ထပ် TI Winner ၁ ယောက်ဖြစ်တဲ့ Sumail နဲ့လူစားလဲခဲ့သလို အသင်းမှာကာလ ၁ ခုအထိရှိနေတဲ့ Zai ကိုလည်း iceiceice နဲ့လဲခဲ့ပါတယ်။

ဒါ့ကြောင့် Nisha အနေနဲ့ 2021-2022 Season မှာတော့ Carry Position ကိုပြန်ကစားသွားမှာဖြစ်ပါတယ်။

တနှစ်ထက် ၁ နှစ်ပိုကောင်းလာတဲ့ Nisha ဟာ လာမယ့် TI11 မှာလည်း ချန်ပီယံဆုကို ဆက်လက်စိန်ခေါ်သွားနိင်ဖို့က သေချာသလောက်ရှိနေပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.