News

Nigma, Who Defeated The Children with Integrity

English Version Below

ကလေးတွေကို သမ္ဘာနဲ့အနိင်ယူခဲ့တဲ့ Nigma

GAMERS GALAXY: Invitational Series Dubai 2022 ပြိုင်ပွဲရဲ့ Upper Bracket Round 1 ပထမပွဲစဉ်မှာတော့ ဝါရင့်ကစားသမားတွေများတဲ့ Nigma က လူငယ်အများစုနဲ့ဖွဲ့စည်းထားတဲ့ OG က 2 – 0 နဲ့ အနိင်ယူပြီး နောက် ၁ ဆင့်ကို တက်ရောက်သွားနိင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ Nigma ကအိမ်ရှင်ဖြစ်တာနဲ့အညီ အားလုံးရဲ့စောင့်ကြည့်ခြင်းကိုခံခဲ့ရသလို ပြီးခဲ့တဲ့ DPC ပွဲတွေမှာ အခြေအနေမကောင်းခဲ့တာကြောင့် သူတို့ရဲ့အမာခံပရိတ်သတ်တွေကတောင် သိပ်မမျှော်လင့်ခဲ့ကြပါဘူး။

ဒါပေမယ့် အုပ်စုအဆင့်မှာအကောင်းဆုံးလက်စွမ်းတွေကိုပြနိင်ခဲ့ပြီး ၄ ပွဲကစား ၃ ပွဲနိင်နဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့သလို Playoff မှာလည်း OG ကို Lower Bracket ဆင်းစေခဲ့တာဖြစ်ပါတယ်။

Laning Stage မှာအခြေအနေမကောင်းခဲ့ပေမယ့် အကောင်းဆုံးပြန်လာနိင်ခဲ့တဲ့ Nigma

ဒီပွဲ OG Draft က တော်တော်လေးကောက်ကျစ်တယ်လို့ပြောရမယ်။

Razor Pick က Mid လိုလို Carry လိုလို Offlane လိုလိုပါ။

အဲ့ဒါအပြင် First Pick ထဲကယူထားတဲ့ TA ကလည်း Mid ရော Carry ပါဆော့လို့ရတော့ Hero ဖြစ်နေတော့ ပိုဆိုးသွားတာပေါ့။

Nigma ဘက်က OG ရဲ့ Last Pick ကို Mid လို့ခန့်မှန်းခဲ့ပြီး Puck ကိုဘန်းခဲ့ပေမယ့် တကယ် Mid ထွက်လာတာကတော့ TA ဖြစ်နေခဲ့ပါတယ်။

ဒါ့ကြောင့် Laing Stage မှာ Nigma တို့ တော်တော်ခက်ခဲသွားခဲ့ပါတယ်။

Mid မှာ Miracle Invoker က TA ကိုမသေပေမယ့် Last Hit တွေတော်တော်နိမ့်ခဲ့သလို Nigma ရဲ့ Offlane OD ကလည်း တဖက်က Carry Razor နဲ့ တော်တော်တိုင်ပတ်ခဲ့ပါတယ်။

သူတို့ Safe Lane ကလည်း Mars နဲ့ Level တူလောက်ပဲကစားနိင်ခဲ့ပြီး သတ်တော့မသတ်နိင်ခဲ့ပါဘူး။

ဒါ့ကြောင့် Nigma တို့ ခပ်စောစောပဲ Team Fight Stage ကို ကူးပြောင်းခဲ့ပြီး ၆ မိနစ်ထဲက Mid မှာ 3v3 တွေကို မြင်တွေ့ခဲ့ရပါတယ်။

ဘတပြန်ကျားတပြန်ချခဲ့ကြပြီး Kill တွေလည်းအပြန်အလှန်ရခဲ့ကြတယ်ဆိုပေမယ့် Nigma က အနိမ့်ဘက်ကနေရခဲ့တာဖြစ်လို့ ပိုတန်ဖိုးရှိခဲ့ပါတယ်။

ဒါ့အပြင် OG ရဲ့အရှိန်ကိုရပ်တန့်ဖို့ Main Damage Dealer ဖြစ်တဲ့ TA ကိုဦးတည်ကစားခဲ့တာကြောင့် OG Laning Stage မှာရခဲ့တဲ့ Advantage တွေအကုန်ပြန်ပျောက်သွားခဲ့ပြီး Nigma ကတဖြေးဖြေးနဲ့ ပြန်ဦးဆောင်သွားနိင်ခဲ့ပါတယ်။

နောက်ပိုင်းချတဲ့ Team Fight တွေမှာလည်း Nigma က Clock တို့ Chen တို့ကိုထိုးကျွေးပြီး Razor, TA တို့ကိုပြန်ယူနိင်ခဲ့ပါတယ်။

ဒါ့ကြောင့် Core တွေရဲ့ Item ကွာဟမှုကပိုကြီးမားသထက်ကြီးမားလာပြီး OG တို့ ယှဉ်မကစားနိင်ခဲ့တော့ပါဘူး။

နောက်ဆုံးအားထုတ်မှုတွေအနေနဲ့ Tiny ကိုတည်သတ်ဖို့ကြိုးစားခဲ့ပြီး သတ်လည်းသတ်နိင်ခဲ့ပေမယ့် Miracle နဲ့ MC တို့ရဲ့ Damage တွေက OG တသင်းလုံးကိုအပြတ်ရှင်းဖို့လုံလောက်ခဲ့လို့ ၃၃ မိနစ်နဲ့ ပွဲပြီးခဲ့ပါတယ်။

အမှတ်မရှိလို့ ထပ်တီးခံခဲ့ရတဲ့ OG

ပထမပွဲက Miracle Invoker ရဲ့ပြောင်မြောက်တဲ့ Individual Skill တွေကြောင့် အနိင်ကနေအရှုံးခဏခဏဖြစ်ခဲ့ပြီး ပွဲပါအရှုံးပေးခဲ့ရပေမယ့် Game 2 မှာလည်း မဘန်းခဲ့ပါဘူး။

အဲ့အကျိုးဆက်ကို ကောင်းကောင်းကြီးခံခဲ့ရပြီး Miracle က Nigma က Set Up တွေအကုန်လုံးကို လုပ်ပြသွားခဲ့ပါတယ်။

Invoker ရဲ့ Set Up တွေကိုကျန်တဲ့လေးယောက်က Follow Up ကောင်းကောင်းလုပ်နိင်ခဲ့လို့ OG တို့အတွက် တကယ်ခက်ခဲခဲ့ပါတယ်။

Laning Stage မှာထဲက OG တို့နိမ့်ပါးခဲ့ပြီး ATF Mars ရဲ့ အကွက်မြင်တဲ့ Counter Play တွေကြောင့်သာ OG တို့ Battle တချို့မှာပြန် Comeback နိင်ခဲ့တာပါ။

ဒါပေမယ့်လည်း ပွဲနိင်ဖို့ထိတော့မလုံလောက်ခဲ့ပဲ Nigma ရဲ့သမ္ဘာနဲ့ခေါ်စားတာတွေခံခဲ့ရပြီး ၃၅ မိနစ်မှာတော့ အရှုံးပေးခဲ့ရပါတယ်။

ဒီ Series မှာ Nigma ဘက်က Miracle နဲ့ MC တို့အထူးလက်စွမ်းပြနိင်ခဲ့သလို OG ဘက်ကလည်း ကျန်တဲ့ကစားသမားတွေပုံမှန်စွမ်းဆောင်ရည်အောက်ရောက်နေပေမယ့် ATF ကတော့ ဟာခနဲဟင်ခနဲတွေဖြစ်သွားအောင် လုပ်ပြနိင်ခဲ့ပါတယ်။

ဒီ Series မှာ ATF ရဲ့လက်စွမ်းကောင်းတွေကိုသာမက စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

အခုပွဲမှာအနိင်ရခဲ့လို့ Nigma အနေနဲ့ Upper Bracket Round 2 ကိုတက်ရောက်သွားပြီး BOOM နဲ့ Tundra တို့က နိင်တဲ့သူနဲ့ကစားရမှာဖြစ်ပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ OG ကတော့ ကမ္ဘာ့ချန်ပီယံ Team Spirit နဲ့ အသက်လုပွဲကစားရမှာပါ။

English Version

Nigma, who defeated the children with integrity

In the first round of the Upper Bracket Round 1 of GAMERS GALAXY: Invitational Series Dubai 2022, Nigma, a group of mostly experienced players, advanced to the next round with a 2-0 win over OG.

As the host of the tournament, Nigma was watched by everyone, and their hardcore fans did not expect much from the previous DPC events results.

However, they excelled at the group stage, winning the group stage with 3 wins out of 4 games and relegated OG to the lower bracket in the playoffs.

Game 1

I have to say that OG’s Game 1 Draft is very cunning.

Razor Pick is like Mid, Carry or Offlane.

In addition, TA taken from the First Pick can play both Mid and Carry, making it even worse to predict.

Nigma side predicted OG’s Last Pick to be Mid and banned Puck, but the actual Mid came out as TA.

As a result, Nigma had a difficult time on the Laing Stage.

In the middle, Miracle Invoker can hold not to be killed by TA, but his last hit was lower than TTA, and Nigma’s Offlane OD had very hard time against Og’s Carry Razor.

Their Safe Lane played at the same level as Mars and could not kill him.

So Nigma moved on to the Team Fight Stage early and saw 3v3 in the middle of 6 minutes.

It’s even more valuable because Nigma got it from the bottom up, even though the kills were reciprocated.

In addition, Nigma turned their attention to TA, the main damage dealer, to stop OG from gaining momentum, and OG lost all of their laning stage advantages and Nigma gradually regained the lead.

In later team fights, Nigma fed Clock and Chen and recaptured Razor and TA.

As a result, the item gap between the cores became larger and larger, and OG could no longer compete anymore.

OG last effort was to try and kill Tiny, but the damage from Miracle and MC alone was enough to destroy the entire OG team, and the match ended in 33 minutes.

Game 2

In the first match, Miracle Invoker’s outstanding individual skills caused Nigma to win from lose many times, but in Game 2, OG still let him play Invoker again.

The result was great trobules for OG, and Miracle did all the set up for Nigma.

It’s really hard for OG because the other four were able to follow up on Invoker’s Set Up pretty well.

OG were disadvantages in the Laning Stage, and due to ATF Mars’s clever counter-play,OG were able to comeback in some battles.

However, it was not enough to win the match, they were being defeated by Nigma’ experienced calls and lost in the 35th minute.

In this series, Nigma’s Miracle and MC performed exceptionally well, and OG’s other players were below normal, but ATF managed to make a splash.

In this series, we saw not only ATF’s great talents, but also his mental progress.

With the win, Nigma will advance to the Upper Bracket Round 2, where they will play with the winner from BOOM and Tundra.

The defeated OG will face off against world champion Team Spirit in lower bracket.

One thought on “Nigma, Who Defeated The Children with Integrity


Leave a Reply

Your email address will not be published.