News

Nigma Galaxy Has Been Relegated to DPC Division 2

Division II ကိုထိုက်ထိုက်တန်တန်တန်းဆင်းခဲ့ရတဲ့ Nigma

လက်ရှိ DPC 2021-2022 WEU Summer Tour ကတော့ Nigma Galaxy အသင်းအတွက် အရှင်လတ်လတ်ငရဲပါပဲ။

Series ၆ ပွဲကစားခဲ့အပြီးမှာ ၆ ပွဲလုံးကိုရှုံးနိမ့်ခဲ့လို့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Team Secret နဲ့ကစားရမယ့်ပွဲကို မကစားရသေးခင်မှာပဲ Division II ကိုရောက်ရှိသွားခဲ့ရပြီဖြစ်ပါတယ်။

၆ ပွဲမြောက် Series အဖြစ်ကစားခဲ့တဲ့ပွဲမှာတော့ သူတို့ရဲ့ Org အဟောင်းဖြစ်တဲ့ Team Liquid နဲ့တွေ့ဆုံခဲ့ပြီး TI7 ကိုအတူတကွရယူခဲ့တဲ့ MATUMBAMAN လည်းပါဝင်ခဲ့ပါတယ်။

Nigma ဘက်မှာတော့ Carry ဖြစ်သူ iLTW အစား Tundra ကနေအ Kick ခံထားရလို့ အသင်းလက်မဲ့ဖြစ်နေတဲ့ Fata ကိုထည့်သွင်းကစားခဲ့ပါတယ်။

ဒါပေမယ့်လည်း Team Liquid ကိုအဘက်ဘက်ကမယှဉ်နိင်ပဲ 2-0 နဲ့ပဲအရေးနိမ့်ခဲ့ပါတယ်။

သူ့ရဲ့အဆင့်အတန်းကိုပြသခဲ့တဲ့ MATUMBAMAN

Game 1 Draft ကတော့ Last Pick တွေမတိုင်ခင်ထိ သူမသာကိုယ်မသာပါပဲ။

ဒါပေမယ့် Liquid ဘက်က Last Pick Necro က Nigma ရဲ့ Core တွေဖြစ်တဲ့ Pango, Tiny, Tidehunter တို့ကိုကောင်းကောင်း Counter နိင်ခဲ့ပါတယ်။

ကစားတဲ့သူကလည်း Necro God Matu ဖြစ်နေခဲ့လို့ သူတယောက်ထဲနဲ့ Nigma ၁ သင်းလုံးကို ချေမှုန်းသွားခဲ့ပါတယ်။

Laning Stage မှာထဲက Liquid က အသာစီးရယူနိင်ခဲ့ပြိး Necro က Tiny နဲ့လာတွေ့ခဲ့လို့ Miracle လည်းတော်တော်မွခဲ့ပါတယ်။

ဒါ့ကြောင့် Item Timing လည်းအရမ်းနောက်ကျသွားခဲ့သလို Position အမှားတွေကြောင့်လည်း Solo Kill တွေခဏခဏပေးခဲ့ရပါတယ်။

၁ ဖက်က Matu ကတော့ တမြေပုံလုံးကိုစိုးမိုးနိင်ခဲ့ပြီး Aegis နဲ့ ၁ ခါသေတာကလွဲလို့ Undead ကစားပြခဲ့ပြီး 23-0-9 ဆိုတဲ့ Score က Nigma ကို ၄၂ မိနစ်နဲ့ GG ခေါ်ဖို့လုံလောက်စေခဲ့ပါတယ်။

Divine နဲ့လည်းမကယ်ပေးနိင်တော့တဲ့ Miracle

Game 2 မှာကတော့ Game 1 မှာ Mid ဆော့ခဲ့တဲ့ Fata ကို Pugna နဲ့ Offlane ထွက်စေပြီး MC ကို DK နဲ့ Mid ဆော့စေခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘာမှတော့သိပ်မထူးသွားခဲ့ပါဘူး။

Liquid က Nigma ရဲ့ ၁ ခုထဲသော Initiation ဖြစ်တဲ့ MC ကို ၁၄ မိနစ်အတွင်း ၄ ခါထိသတ်နိင်ခဲ့လို့ Nigma အနေနဲ့ တာထွက်မလှခဲ့ပါဘူး။

ဒါ့ကြောင့် Miracle ရဲ့ Medusa ကိုပဲမှီခိုဖို့ဆုံးဖြတ်ခဲ့ရပြီး သူ့အတွက် Space တွေရှာပေးဖို့ပဲကြိုးစားခဲ့ကြပါတယ်။

Miracle ကလည်း တမြေပုံလေး Farm ခဲ့ပြီး Divine ပါထည့်ပစ်ခဲ့ပေမယ့် 5v1 တော့ယှဉ်မချနိင်ပဲ ၄၆ မိနစ်မှာအရှုံးပေးခဲ့ရပြီး တန်းဆင်းခဲ့ရပါတော့တယ်။

Highlight Video

ဒီရာသီက Nigma နဲ့ပတ်သက်တဲ့အသိုင်းအဝိုင်းအတွက် အတော်လေးမေ့နိင်ဖို့ခက်ခဲမယ့် ဆိုးရွားတဲ့ Memory ၁ ခုလည်းဖြစ်ခဲ့ပါတယ်။

အသင်းက Player တွေရဲ့အဆင့်အတန်းကိုမှမထောက် ၆ ပွဲဆက်ရှုံးနိမ့်ခဲ့ပြီး အဲ့ဒီ ၆ ပွဲမှာလည်း GG နဲ့ ၁ ပွဲပဲ Game ၁ ခုပဲအနိင်ရခဲ့တယ်ဆိုတာက တော်တော်လေးစိတ်ပျက်စရာကောင်းလွန်းမက ကောင်းခဲ့ပါတယ်။

ဒါ့အပြင် နောက် Tour ကြရင် Division I မှာကစားခွင့်မရတော့ဘူးဆိုတာကလည်း တော်တော်လေးလက်ခံရခက်ခဲနေကြမှာပါ။

အကြောင်းကတော့ အဲ့လိုမျိုး Division II မှာကစားရတော့မယ်ဆိုတာက ဘာကိုဆိုလိုလဲဆိုတော့ Third Major ကို သွားခွင့်မရှိတော့ဘူးဆိုတာပါပဲ။

ဒါ့ကြောင့် လက်ရှိမှာလည်း ဘာ DPC မှလည်းမရထားတဲ့ Nigma အတွက် TI11 ဝင်ခွင့်အတွက် ၁ ခုထဲသောနည်းလမ်းက ခရောင်းလမ်းထက်ကြမ်းတမ်းမယ့် Qualifier တွေကနေပဲရှိတော့တာပါ။

မနှစ်ကလည်း Qualifier ကနေဝင်ကစားဖို့ကြိုးစားခဲ့ပေမယ့် Lower Bracket Finals ရောက်မှ ထွက်ခဲ့ရလို့ TI10 နဲ့လွဲခဲ့ရတာပါ။

ဒီနှစ်မှာလည်း လက်ရှိပြသနေတဲ့လက်စွမ်းတွေကိုမပြင်ဆင်နိင်ဘူးဆိုရင် TI11 ဝင်ခွင့်က အိပ်မက် ၁ ခုထက်မပိုပါဘူး။

Nigma အနေနဲ့ လက်ရှိအခြေအနေတွေကိုကုစားနိင်ဖို့အတွက် ဘာတွေလုပ်သွားမလဲဆိုတာကိုတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.