News

Nigma Beat Liquid in Important Match to go Major

အောက်မှာမြန်မာလိုပါတယ်နော်

Nigma Beat Liquid in Important Match to go Major

In the 2021-2022 WEU DPC Season 1 Week 5 match between Team Liquid and Team Nigma, Nigma won 2-1 and kept their dream of a major entry alive.

Prior to that, Liquid had played five series and won all five, but Nigma had lost three of their last five games and won just two.

Therefore, it is a meeting between the 1st and 5th place in the table and Liquid has the advantage in recent performances.

However, in order to continue the dream of a major, Nigma played Liquid with everything they had and got good results.

Game1

Nigma’s Game 1 Draft is based on the same game as the one that defeated Secret and Alliance, giving iLTW a Flexible Carry and focusing on Miracle.

Liquid also struggled to get to the Major Playoffs, so they played hard, and focus on Offlaner Zai instead of Mid and Carry.

In the Laning Stage, We Could Say Nigma won, and they were completely won offlane, Mid gained a small advantage and Safe Lane created a slightly lower position.

However, by the time the Team Fight Stage arrived, Liquid’s awakening had returned to a state of shock and relegation.

Especially because of the way he played around Zai’s Death Prophet, Miracle could not withstand Liquid’s pressure, even in situations where he was able to completely control the Void Spirit with Doom.

Normally, Spirit Breaker, Doom, and QoP Carry were enough to control Early Momentum, but Treant + DP, on the other hand, made Nigma very difficult to play.

Some of iLTW’s irrational gameplay has earned it some decent kills, but attempts to control the map have failed.

But Game 1’s villain was a miracle, and some key moments were flawed.

The failure to use BKB on time was the deciding factor in the match, and in the 40-minute battle, Miracle’s BKB was late, and Liquid ended the game with DP + Luna.

Game 2

In Game 2, Nigma changed tactics and changed the way they shared both Miracle and iLTW, rather than just playing Miracle.

However, the real key movements in this match were MC’s Bloodseeker and Kuroky’s Lion, and gh filled the gaps.

Liquid’s Game 2 Draft was very questionable and came out with a big lineup that They did not know what to do.

Especially the Gyro Position 5 Pick, which does not protect the PA; MATU struggled because it could not provide assistance and the item timing was too late.

Kuroky Helped both Miracle Invoker on Mid and ilTW Jugg on Safe Lane with Timing on a regular basis, giving them a three-way lead, and Liquid suffered the blow on the Team Fight Stage.

Items and Levels were behind too much and the hero Choices were difficult to respond to, so they tried to create space for MATU based on Micke’s Ember, but with little success.

So MATU had to help with the battle with a Fury, and after he fell, They could not come back anymore.

Game 3

In this decisive Game 3, Liquid took back the Treant + DP pair they had won in Game 1 and prepared to play Around Zai.

Nigma has made it impossible for Liquid to do what they want to do like in Game 1.

There weren’t even a lot of Laning Stage Periods in this game, and there were battles throughout the opportunity to gain map control.

Liquid tried to play around Zai like in Game 1, but Ursa + QoP pair was a fast-paced hero who could cut DP + Treant.

So They Tried to rely on Mid Puck, but Puck was constantly beaten with QoP and collapsed.

MATU’s Carry Gyro had to rush into the battle early due to the situation, and the item timing was too late due to the item-like carry.

Miracle, on the other hand, roamed the whole map and Ganking was so successful that Liquid could not stop Nigma’s momentum.

The MC, who excelled in both Game 1 and Game 2, followed in the footsteps of Ursa and QoP in Game 3 and did his job.

Liquid was forced to retrieve some of the kills due to injury, but lost less than 35 minutes due to a lack of control in Map Control.

While people were praising Miracle and iLTW on the DPC Comeback tour, the MC behind it was really the one behind it.

The MC, who has been Mentally Broken since the TI9 Grand Final and whose skills have been steadily declining, has been able to show that He is a key pillar of Nigma’s performances.

So it’s no coincidence that the MC has recovered and the return of Nigma victories.

Nigma’s victory over Liquid has given them a good chance of reaching the majors, and their main rivals, OG and Tundra, will be in contention for the Major Wildcard if they beat Coolguys in the last series.

Burmese Version

Liquid နဲ့အရေးကြီးပွဲမှာအနိင်ကစားပြီး Major အိပ်မက်ကိုအသက်ဆက်လိုက်တဲ့ Nigma

2021-2022 WEU DPC Season 1 Week 5 ပွဲစဉ်တွေထဲက ၁ ပွဲဖြစ်တဲ့ Team Liquid နဲ့ Team Nigma တို့ရဲ့ပွဲစဉ်မှာတော့ Nigma က 2-1 ဆိုတဲ့ရလဒ်နဲ့အနိင်ယူပြီး မေဂျာဝင်ခွင့်အိပ်မက်ကို ဆက်လက်ရှင်သန်စေခဲ့ပါတယ်။

အဲ့ပွဲမကစားခင်မှာ Liquid က Series ၅ ပွဲကစားထားပြီး ၅ ပွဲစလုံးကိုအနိင်ကစားထားပေမယ့် Nigma ကတော့ ၅ ပွဲကစား ၃ ပွဲရှုံးကာ ၂ ပွဲပဲနိင်ထားတာပါ။

ဒါ့ကြောင့်အမှတ်ပေးဇယားအဆင့် ၁ နဲ့ ၅ တို့တွေ့ဆုံတဲ့ပွဲဖြစ်ပြီး လတ်တလောပြသထားတဲ့လက်စွမ်းတွေအရလည်း Liquid ကတော်တော်လေးအသာရထားတာဖြစ်ပါတယ်။

ဒါပေမယ့် မေဂျာအိပ်မက်ကိုဆက်ပြီးတော့အကောင်အထည်ဖော်ဖို့အတွက် Nigma တို့ Liquid ကိုဖောင်ဖျက်ကစားခဲ့ပြီး ရလဒ်ကောင်းကိုရယူနိင်ခဲ့ပါတယ်။

Game 1

Nigma ရဲ့ Game 1 Draft ကတော့ Secret နဲ့ Alliance ကိုအနိင်ရခဲ့တဲ့ပွဲကအတိုင်းပဲ iLTW ကို Joker လို Flexible Carry ပေးပြီး Miracle ကိုပဲဦးတည်ကစားတဲ့ပုံနဲ့ပဲပွဲထွက်လာခဲ့ပါတယ်။

Liquid ကလည်းမေဂျာ Playoff ကိုရောက်ဖို့အမှတ်လိုနေသေးတာကြောင့် ဖိဖိစီးစီးကစားခဲ့ပြီး Mid နဲ့ Carry ထက် Oflane က Zai ကိုပဲတည်ကစားတဲ့ပုံစံမျိုးကိုပဲ ပြင်ဆင်လာခဲ့ပါတယ်။

Laning Stage မှာ Nigma ကအသာရခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး သူတို့ Offlane လုံးဝနိင်၊ Mid ကနည်းနည်း Advantage ရနဲ့ Safe Lane က နည်းနည်းပဲနိမ့်အနေအထားမျိုးထိဖန်တီးနိင်ခဲ့ပါတယ်။

ဒါပေမယ့် Team Fight Stage ရောက်တဲ့အချိန်မှာ Liquid ရဲ့နိုးထမှုကကြောက်စရာကောင်းပြီး ပွဲသာနေတဲ့အနေအထားကနေ နောက်ကနေပြန်လိုက်ကစားရတဲ့အနေအထားပါပြန်ရောက်သွားခဲ့ပါတယ်။

အထူးသဖြင့် Zai ရဲ့ Death Prophet နားမှာဝန်းရံကစားတဲ့ဟန်ကြောင့် Miracle အနေနဲ့ Void Spirit ကို Doom နဲ့လုံးဝထိန်းချုပ်ထားနိင်ခဲ့တဲ့အနေအထားတွေမှာတောင် Liquid ရဲ့ဖိအားတွေကိုမခံနိင်ခဲ့တာပါ။

ပုံမှန်ဆို Spirit Breaker, Doom နဲ့ QoP Carry တို့က Early Momentum ကိုထိန်းချုပ်ဖို့လုံလောက်ပေမယ့် တဖက်က Treant + DP ဖြစ်နေတာက Nigma ကိုကစားရအရမ်းကြပ်စေခဲ့ပါတယ်။

iLTW ရဲ့အဆင်ခြင်မဲ့ကစားပုံတချို့ကြောင့် ထိုက်သင့်တဲ့ Kill တချို့ရခဲ့ပေမယ့် Map Control လုပ်ဖို့ကြိုးစားတာတွေတော့ မအောင်မြင်ခဲ့ပါဘူး။

ဒါပေမယ့် Game 1 ရဲ့ ဗီလိန်ကတော့ Miracle ပဲဖြစ်ခဲ့ပြီး Key Moment တချို့မှာ သူ့ရဲ့အတွက်အဆလွဲတာတွေ၊ BKB ကိုချိန်သားကိုက်မသုံးနိင်ခဲ့တာတွေက ပွဲရဲ့အဆုံးအဖြတ်ဖြစ်သွားခဲ့ပြီး မိနစ် ၄၀ လောက်မှာဖြစ်ခဲ့တဲ့ Battle မှာ Miracle BKB မထွက်ပဲမှောက်သွားခဲ့ရာမှာတော့ Liquid က DP + Luna အားနဲ့ တခါထဲပွဲပြေးသိမ်းသွားခဲ့ပါတယ်။

Game 2

Game 2 မှာတော့ Nigma ဘက်ကနည်းဗျူဟာပြောင်းလဲခဲ့ပြီး Miracle ကိုပဲတည်ကစားတာထက် Miracle ရော iLTW ကိုပါမျှထမ်းခိုင်းတဲ့ပုံမျိုးကိုပြောင်းလဲခဲ့ပါတယ်။

ဒါပေမယ့် ဒီပွဲမှာတကယ့် Key Movement တွေကိုလုပ်ပြသွားခဲ့တာကတော့ MC ရဲ့ Bloodseeker နဲ့ Kuroky ရဲ့ Lion တို့ဖြစ်ပြီး gh ကတော့လိုအပ်တဲ့ကွက်လပ်တွေကို အနာခံပြီးဖြည့်ကစားပေးသွားခဲ့ပါတယ်။

Liquid ရဲ့ Game 2 Draft တွေကတော့ တော်တော်လေးမေးခွန်းထုတ်စရာများခဲ့ပြီး ဘာလုပ်ချင်လို့လုပ်ချင်မှန်းမသိတဲ့ Lineup ကြီးနဲ့ပွဲထွက်ခဲ့ပါတယ်။

အထူးသဖြင့် Gyro Position 5 Pick ဖြစ်ပြီး PA ကိုကာလည်း မကာပေးနိင်၊ ကူလည်းမချပေးနိင်တာကြောင့် MATU အနေနဲ့ အတော်လေးရုန်းကန်ခဲ့ရပြီး Item Timing တွေလည်း အရမ်းနောက်ကျသွားခဲ့ပါတယ်။

Mid က Miracle Invoker ရော၊ Safe Lane က ilTW Jugg ကိုပါ Kuroky က Timing မှန်မှန်နဲ့ကူပေးနိင်ခဲ့တာကြောင့် ၃ လမ်းလုံးအသာရသွားခဲ့ပြီး Liquid ကအဲ့ဒဏ်ကို Team Fight Stage မှာခံစားခဲ့ရပါတော့တယ်။

Item တွေရော၊ Level တွေပါပြတ်နေတဲ့အပြင် Hero အနေအထားအရလည်းပြန်တုံ့ပြန်ဖို့ခက်တာကြောင့် Micke ရဲ့ Ember ကိုတည်ကစားပြီး MATU အတွက် Space Create ပေးဖို့ကြိုးစားခဲ့ပေမယ့်လည်း သိပ်တော့မအောင်မြင်ခဲ့ပါဘူး။

ဒါ့ကြောင့် MATU လည်း Fury ၁ လက်နဲ့ Battle လိုက်ကူပေးခဲ့ရပြီး သူပါမှောက်သွားတဲ့နောက်မှာတော့ ဘယ်လိုမှပြန်မလာနိင်ခဲ့တော့ပါဘူး။

ပွဲကတော့ ၃၂ မိနစ်စွန်းစွန်းမှာပြီးခဲ့ပါတယ်။

Game 3

အဆုံးအဖြတ်ဖြစ်တဲ့ဒီ Game 3 မှာတော့ Liquid က သူတို့ Game 1 မှာအနိင်ရခဲ့တဲ့ Treant + DP အတွဲကိုပဲပြန်ယူပြီး Zai ကိုပဲတည်ကစားဖို့ပြင်ဆင်လာခဲ့ပါတယ်။

Nigma ကတော့ Liquid Game 1 တုန်းကလို လုပ်ချင်တိုင်းလုပ်မရအောင်ပြင်ဆင်ခဲ့ပါတယ်။

ဒီပွဲက Laning Stage Period တောင်သိပ်မရှိခဲ့ပဲ Map Control ရဖို့ကို အခွင့်အရေးရတာနဲ့ရသလို Battle တွေတောက်လျှောက်ဆိုင်ခဲ့ပါတယ်။

Liquid က Game 1 ကအတိုင်း Zai နားမှာဝန်းရံကစားဖို့ကြိုးစားခဲ့ပေမယ့် Ursa + QoP က DP ကို Treant ကာပေးလည်းအမြန်ဖြတ်နိင်တဲ့ဟီးရိုးတွေဖြစ်တာကြောင့် Zai အနေနဲ့ ဘာမှသိပ်မလုပ်နိင်ခဲ့ပါဘူး။

Mid က Puck ကို အားကိုးဖို့ကလည်း Puck ကသူ့ဟာနဲ့သူတောင် QoP နဲ့ရေကြီးနေခဲ့တာကြောင့် တောက်လျှောက်ပြိုဆင်းသွားခဲ့ပါတယ်။

MATU ရဲ့ Carry Gyro ကလည်း ပွဲအနေအထားကြောင့် Battle ထဲကိုအစောကြီးလိုက်ပေးခဲ့ရပြီး Item လိုတဲ့ Carry လိုဖြစ်သွားတာကြောင့် Item Timing တွေလည်းအရမ်းနောက်ကျခဲ့ပါတယ်။

တဖက်က Miracle ကတော့ ၁ မြေပုံလုံးကိုမွှေနှောက်ကစားသွားခဲ့ပြီး Ganking တွေလည်းတောက်လျှောက်အောင်မြင်ခဲ့တာကြောင့် Nigma ရဲ့အရှိန်ကို Liquid တို့ ဘယ်လိုမှမတားဆီးနိင်ခဲ့ပါဘူး။

Game 1 ရော 2 မှာပါလက်စွမ်းပြနိင်ခဲ့တဲ့ MC က Game 3 မှာတော့ Ursa နဲ့ QoP တို့လုပ်သမျှကိုပဲ အနောက်ကနေလိုက်ဖြည့်ပေးသွားခဲ့ပြီး တာဝန်ကျေခဲ့ပါတယ်။

Liquid ကရှိတာနဲ့အနာခံပြီး အတင်းပြန်ချခဲ့လို့ Kill တချို့ပြန်ရခဲ့ပေမယ့် Map Control မှာဘယ်လိုမှမတားဆီးနိင်ခဲ့လို့ ၃၅ မိနစ်မပြည့်ခင်မှာပဲ အရှုံးပေးခဲ့ရပါတယ်။

Nigma က DPC Comeback ခရီးစဉ်မှာ အားလုံးက Miracle နဲ့ iLTW ကိုပဲချီးကျူးနေကြပေမယ့် တကယ့်တကယ်နောက်ကွယ်ကနေထမ်းတင်ပေးနေတာက MC ဖြစ်ပါတယ်။

TI9 Grand Final ပြီးထဲက Mentally Broken ဖြစ်ပြီး လက်စွမ်းတွေလည်း တစထက်တစကျဆင်းခဲ့တဲ့ MC ဟာ Nigma ရဲ့အဓိကဒေါက်တိုင်ဖြစ်ကြောင်းကိုတော့ သူလက်စွမ်းပြနိင်တဲ့ပွဲတွေမှာ Nigma ကစားရပိုချောင်စေပြီးပြထားနိင်ပါတယ်။

ဒါ့ကြောင့် MC လက်ပြန်ကောင်းလာတာနဲ့ Nigma နိင်ပွဲတွေပြန်ဆက်လာတာက တိုက်ဆိုင်မှုတော့မဟုတ်တာသေချာပါတယ်။

Nigma အနေနဲ့ Liquid နဲ့အရေးကြီးပွဲမှာနိင်ပွဲရယူနိင်ခဲ့တာကြောင့် မေဂျာရောက်ဖို့အခွင့်အရေးများသွားပြီး အဓိကပြိုင်ဘက် OG နဲ့ Tundra တို့ကသွားတွေ့နေတာကြောင့် နောက်ဆုံးပွဲမှာ သူတို့က Coolguys ကိုအနိင်ယူနိင်ခဲ့ရင် Major Wildcard ပွဲကိုဝင်ကစားခွင့်ရသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.