News

Never Give Up! By MoonMeander

ဘဝမှာအရှုံးမပေးမချင်းမရှုံးဘူးဆိုတာကို သူ့ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ပြောပြခဲ့တဲ့ MoonMeander

NA မှာတဖြေးဖြေးနဲ့အင်အားကြီးအသင်းဖြစ်လာတဲ့ TSM ရဲ့အသင်းခေါင်းဆောင် MoonMeander ဟာ သိပ်မကြာသေးခင်မှာပဲ Twitch မှာ Live လွှင့်ခဲ့ပါတယ်။

ဒါဟာသူ့အတွက်လပိုင်းများစွာကြာမှ ပထမဆုံးအကြိမ်ပြန်လွှင့်ခဲ့တဲ့ Live လည်းဖြစ်ပါတယ်။

သူဟာ Dota 2 အပြင်တခြားဂိမ်းပေါင်းများစွာကိုလည်း ကစားခဲ့သူဖြစ်ပြီး မကြာသေးခင်ကမှ Developer တွေကပိတ်သိမ်းခဲ့တဲ့ Heroes of Newerth(HoN) ကိုလည်းကစားခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ Live Stream အပြီးမှာတော့ MoonMeander ဟာ ပရိတ်သတ်တွေရဲ့နှလုံးသားကို အကြီးအကျယ်ထိဟက်စေတဲ့ Motivational Speech ၁ ခုကိုပြောခဲ့ပါတယ်။

သူ့ရဲ့ Speech မှာတော့ လူတယောက်အနေနဲ့ ကိုယ့်ရဲ့ပန်းတိုင်တွေကိုမရောက်မချင်း ဘယ်လိုမျိုးမဆုတ်မနစ်ကြိုးစားအားထုတ်သင့်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

MoonMeander ဟာ Esports Community ထဲမှာ တော်တော်လေးထူးဆန်းတဲ့ Personality ရှိတဲ့သူလို့ ပြောလို့ရပါတယ်။

သူ့အနေနဲ့စိတ်ထဲမှာရှိတာကိုပဲ ဘွင်းဘွင်းရှင်းရှင်းပြောတတ်တဲ့သူဖြစ်ပြီး သူ့ရဲ့အဲ့လိုစရိုက်တဲ့သဘောကျတဲ့ Fan တွေလည်း ထုနဲ့ထည်နဲ့ရှိပါတယ်။

2016 ခုနှစ် Manila Major ကို OG နဲ့ရခဲ့စဉ်ကလည်း သူ့ရဲ့ Iconic Speech ဖြစ်တဲ့ neva eva ကို ပြောခဲ့ဖူးပါတယ်။

ESL One Stockholm Major 2022 မှာ ဒုတိယရပြီးသိပ်မကြာခင်မှာလုပ်ခဲ့တဲ့သူရဲ့ Live Stream အပြီးမှာတော့ MoonMeander ဟာ ပရိတ်သတ်တွေရဲ့တောင်းဆိုမှုအရ သူ့ရဲ့ Iconic Speech ၁ ခုကိုပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ OG နဲ့ 2016 မှာ Major ရခဲ့ပေမယ့် 2017 ကနေစလို့ TI ကို ၄ ကြိမ်ဆက်တိုက် Qualify မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် 2021 TI10 မှာတော့ NA Qualifier ကနေ ၁ ဆင့် TSM(ထိုအချိန်က Team Undying)နဲ့တိုက်ရိုက် Qualify ဖြစ်ခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ Major Grand Finals ပြန်ကစားရဖို့ ၆ နှစ်အထိစောင့်ခဲ့ရပါတယ်။

ပြန်ကစားရချိန်မှာ ကျွန်တော့်အသက်က ၃၀ တောင်ရှိနေခဲ့ပါပြီ။

ဒါပေမယ့် ကျွန်တော်ကတော့ ကြိုးစားမှုတွေကို ရပ်တန့်သွားမှာမဟုတ်ပါဘူး။

ကိုယ်သွားချင်တဲ့ပန်းတိုင်ကို ဘယ်အချိန်မှာရောက်လဲဆိုတာက အရေးမကြီးပါဘူး။

ဘယ်လိုသွားနေလဲကပိုအရေးကြီးပါတယ်။

ခင်ဗျားတို့လုပ်နေတဲ့အရာကို စိတ်တိုင်းမကျဘူးမလား ?

စိတ်တိုင်းကျတဲ့အရာကိုပြောင်းလုပ်လိုက်လေ။

ကိုယ်တကယ်စိတ်နှစ်ပြီးတော့ လုပ်ချင်/လုပ်နိင်မယ့်ဟာတွေပဲလုပ်ပါ။

လုပ်နေပြီဆိုရင်လည်း ကိုယ်လုပ်နိင်စွမ်းထက် ၂ ဆလောက်ကို အားထည့်ပြီးလုပ်ပါ။

ကျွန်တော်ဒီစကားတွေကို ရင်ထဲအသည်းထဲကို အပြည့်နှစ်ပြီးတော့ ပြောနေတာပါ။

မုသားတခုမှမပါပါဘူး။

လူတိုင်းအောင်မြင်ချင်ကြပါတယ်။

ဒါပေမယ့် လူတိုင်းတော့မအောင်မြင်ကြပါဘူး။

ဘာလို့လဲဆိုတော့ စောက်ပျင်းတွေကအများစုဖြစ်နေတာကြောင့်ပါ။

ဒါ့ကြောင့်ကိုယ်လုပ်ချင်တဲ့အရာ ၁ ခုကိုတွေ့ပြီဆိုရင် စောစောကကျွန်တော်ပြောသလို ကိုယ့်လုပ်နိင်စွမ်းရဲ့ ၂ ဆလောက်ထိကို လုပ်ချလိုက်ပါ။

ခင်ဗျားတို့ ကြိမ်းသေအောင်မြင်ပါလိမ့်မယ်”

MoonMeander က တချို့လူတွေက ချမ်းသာချင်ပေမယ့် ရိုးရိုးသားသားမကြိုးစားပဲ ဖြတ်လမ်းကလိုက်လေ့ရှိကြပြီး အဲ့ဒါကဘယ်တော့မှအလုပ်မဖြစ်ဖူးဆိုတာကိုလည်း အခုလိုပြောပြသွားခဲ့ပါတယ်။

“ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ ဖြေးဖြေးချင်းကြိုးစားရပါမယ်။

အရင်ကမလုပ်ချင်ခဲ့တဲ့အရာတွေကိုလည်း လုပ်ရပါမယ်။

အိပ်ရာစောစောမထချင်လည်းထရပါမယ်။

ရေမချိုးချင်လည်းချိုးရပါမယ်။

အရင်လိုပေါက်ကရစားချင်တာတွေလည်း လျှောက်စားလို့မရတော့ပဲ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်ရပါမယ်။

ကိုယ်လုပ်နေတဲ့အရာကို အောင်မြင်အောင်လုပ်ချင်ရင် လုပ်ဖို့လိုအပ်တဲ့အရာအားလုံးကို စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေလုပ်ဆောင်ရပါမယ်။

ဒါမှသာနောင်တချိန်အောင်မြင်သွားခဲ့အခါကြရင် ကိုယ်လုပ်ခဲ့တာတွေကို ကိုယ်ပြန်တွေးပြီး တစိမ့်စိမ့်ကြည်နူးနေမှာပါ။

“လူတိုင်းမှာ ဘ၀ ၂ ခုရှိပါတယ်။

ကိုယ့်မှာ ၁ ခုပဲရှိတယ်ဆိုတာကို သတိထားမိချိန်မှာ ဒုတိယ ၁ ခုကစတင်ပါတယ်။”(ကွန်ဖြူးရှပ်ရဲ့အဆိုအမိန့်)

ကျွန်တော်ဆို ငရဲကိုပါအလည်ရောက်ခဲ့ဖူးပါတယ်။

ကြုံရာ NA Player တွေနဲ့ကစားခဲ့ရပါတယ်။

EE က CR4ZY နဲ့စာချုပ်မချုပ်ခင်လေးမှာတင် ကျွန်တော့်ကိုခေါ်ခဲ့ပါတယ်။

ဒါပေမယ့် ကိုဗစ်ကြောင့် LAN တွေအားလုံးကို ဖျက်သိမ်းခဲ့ရပါတယ်။

ကျွန်တော် Major ကို Qualify ဖြစ်ဖို့လည်း ၄ နှစ်ထိစောင့်ခဲ့ရပေမယ့် ဘယ်တုန်းကမှကြိုးစားမှုကိုမရပ်တန့်ခဲ့ပါဘူး။

ကျွန်တော်အခုအချိန်မှာတော့ TSM နဲ့အတူ အောင်မြင်မှုတွေကိုရယူနေနိင်ပြီဖြစ်သလို TI ကိုလည်း Qualify ဖြစ်ဖို့သေချာသလောက်ဖြစ်နေပါပြီ။

ဒါပေမယ့် အရင်တုန်းကလိုကြီးကြီးကျယ်ကျယ်တွေမလုပ်ချင်တော့ပါဘူး။

ဒီအတိုင်းပဲကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့အတွက် အဆက်မပြတ်ကြိုးစားနေပါတယ်။

တနေ့မှာ TI ချန်ပီယံဆုကိုရယူပြီးတော့ အခုလိုစကားတွေကို ပြောချင်ပါသေးတယ်။

ဒါက တကယ့် Epic Speech ဖြစ်လာမှာပါ။”

MoonMeander ဟာ သူ့ရဲ့ အိပ်မက်ခရီးစဉ်ကိုဆက်လျှောက်ဖို့အတွက် လာမယ့်ဇွန်လ ၁၁ ရက်နေ့မှာ TSM နဲ့အတူ NA DPC Tour 3 ကိုယှဉ်ပြိုင်သွားမှာပါ။

TSM အနေနဲ့ ဒီ Tour 3 မှာရလဒ်ကောင်းတွေမရခဲ့ဘူးဆိုရင်တောင် TI11 ဝင်ခွင့်က သေချာသလောက်ဖြစ်နေပြီးပါပြီ။

ဒါပေမယ့် PGL Arlington Dota 2 Major 2022 ကိုဝင်ကစားချင်တယ်ဆိုရင်တော့ ရလဒ်ကောင်းတွေကိုစုဆောင်းနိင်ဖို့လိုအပ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.