Guest

Mars – The First Son of Heaven

English Version Below

Mars – The First Son of Heaven

ဂရိနဲ့ရောမ နတ်ဘုရားတွေရဲ့ သမိုင်းကြောင်းများဟာ ရှေးကျပြီး အလွန်စိတ်ဝင်စားဖွယ်ရာကောင်းလှပါတယ်။

သူလိုကိုယ်လိုလည်း စာအုပ်တွေ တကူးတက လိုက်ဖတ်စရာမလိုအောင် အနည်းအကျဉ်းတော့ သိကြတဲ့အထိ နာမည်ကြီးလှပါတယ်။

ဂရိနတ်ဘုရားအကြောင်းများကို အခြေခံပြီး အောင်မြင်တဲ့ရုပ်ရှင်မြောက်များစွာ ရိုက်ကူးခဲ့သလို ဗီဒီယိုဂိမ်းနယ်ပယ်မှာလည်း ဂရိနတ်ဘုရားသမိုင်း ကြောင်းတွေဟာ မပါမဖြစ် ဖြစ်လာပြီး Dota 2 သည်လည်း တစ်ခုအပါအဝင်ပင် ဖြစ်ပါတယ်။

ဂရိ God တွေရဲ့ God ဖြစ်သူ Zeus ဟာ ကောင်းကင်ဘုံကို ပိုင်စိုးပါတယ်။

မိဖုရားဖြစ်သူ Hera (ဟီရာ) ရှိလျက်နဲ့ Mortal (သေမျိုး) မိန်းမတွေအပေါ် တဏှာရာဂ တပ်မက်လွန်းရာ ဟီရာမှ အမျက်ဒေါသထွက်တာကြောင့် Zeus ထံမှ အစွမ်းတစ်ဝက်ကို နှုတ်ယူပြီး သေမျိုးဖြစ်စေကာ Dota 2 ရဲ့ လူ့ပြည်လောကထဲ ကန်ချလိုက်ပါတော့တယ်။

Zeus နဲ့ Hera တို့ရဲ့ သားဦး အကြီးဆုံးသားကတော့ God of War လို့ အမည်ရတဲ့ Mars ဖြစ်ပါတယ်။

Dota 2 ဟာ Mars ရဲ့ Lore ကို ဂရိနတ်ဘုရားပုံပြင်နဲ့ ရောမနတ်ဘုရားပုံပြင်တို့ကြား သစ်ပင်ကိုင်းခက်သဖွယ် ရှုပ်ထွေးစွာ ချိတ်ဆက်ပြီး တည်ဆောက်ထားပါတယ်။

နားလည်သလောက်ရှင်းပြပါအံ့။

ဂရိပုံပြင်တွေအရ Zeus ရဲ့ အကြီးဆုံးသားဖြစ်သူ God of War ဂုဏ်ပုဒ်ကို ကိုင်ဆောင်သူဟာ Ares (အေးရိစ်) ဖြစ်ရမှာပါ။

သို့ပေမယ့် Dota 2 တွင်တော့ ရောမ စစ်နတ်ဘုရားဖြစ်သူ Mars ဆိုတဲ့အမည်ကိုသာ အသုံးပြုထားပါတယ်။

Mars ရဲ့ Lore ကို ဖတ်ကြည့်ရင်း ကျွန်ုပ်စိတ်ထဲထင်တာကိုသာ ဆက်ရေးသွားပါမည်။

စစ်ပွဲတွေရဲ့ နတ်ဘုရား God of War ဆိုတဲ့ ဂုဏ်ပုဒ်ဟာ နယ်နယ်ရရမဟုတ်ပါဘူး။

Ares(စာရှင်းရလွယ်ကူစေရန် လောလောဆယ် Ares လို့သာ အမည်ယူထားပါမယ်) ဟာ တိုက်ပွဲတိုင်းကို အနိုင်ယူလာခဲ့သူပါ။

တိုက်ပွဲတိုင်းကိုလည်း မညှာမတာ တိုက်ခိုက်သတ်ဖြတ်သူဖြစ်တာကြောင့် အညှာအတာကင်းမဲ့သူလို့ ဂရိနတ်ဘုရားသမိုင်းမှာ ထင်ရှားပါတယ်။

Ares ရဲ့မသိစိတ်ပင်ကိုစိတ်ပင်လျှင် ရည်ရွယ်ချက်ရှိရှိ မရှိရှိ စစ်ပွဲတွေဆင်နွှဲရင်း တိုက်ခိုက်သတ်ဖြတ်နေရမှ ကျေနပ်တဲ့ ပုံစံမျိုးဖြစ်တာကြောင့် ဖခင်ဖြစ်သူ Zeus ထက်ပိုပြီး ဆိုးသွမ်းကာ ပိုပြီးမိုက်ရူးရဲဆန်လှပါတယ်။

တိုက်ပွဲများစွာကို တိုက်ခိုက်လာအပြီးမှာတော့ သူ့ရဲ့အတွင်းစိတ်ထဲမှာ တစ်စုံတစ်ခုကို ခံစားလာရပါတယ်။

အဆိုပါတစ်စုံတစ်ခုဟာ ထောင်စုနှစ်တွေချီပြီး တိုက်ပွဲတွေ သတ်ဖြတ်တိုက်ခိုက် အနိုင်ယူလာနေရတာကြာလာတာနဲ့အမျှ ကြီးထွားလာပါတယ်။

Ares အပေါ် အခြားသောနတ်ဘုရားတွေဟာလည်း တစ်ကိုယ်ကောင်းဆန်သူ အတ္တကြီးသူ လောဘအသောမသတ်နိုင်သူ အစရှိသဖြင့် ဝေဖန်လာကြတဲ့နောက်မှာတော့…..သူ့ရဲ့ နှစ်ပေါင်းများစွာ တိုက်ပွဲတွေအနိုင်ယူလာအပြီးမှာ ပထမဆုံးသောအကြိမ်အဖြစ် ခေါင်းထဲကို အတွေးတစ်ခုနဲ့အတူ မေးခွန်းတစ်ခုက ဝင်ရောက်လာပါတယ်။

” ငါ့ရဲ့အတ္တနဲ့ ဆန္ဒအတွက် တိုက်ပွဲတွေတိုက်နေရခြင်းက ငါ့ကိုမကျေနပ်စေနိုင်။ ငါ့ရဲ့ကြီးမြတ်သော လှံတံအောက်မှ တိုက်ပွဲများကို မည်သို့သော ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်အနိုင်ယူရမည်နည်း?”

မေးခွန်းတိုင်းမှာ အဖြေရှိစမြဲပါ။

Ares ဟာ သူ့ရဲ့ ဆိုးရွားတဲ့အတိတ်သမိုင်းကြောင်းကို ဖျောက်ဖျက်ပစ်ချင်တာကြောင့် Mars ဆိုတဲ့နာမည်နာမ အသစ်တစ်ခုကို ခံယူလိုက်ပါတယ်။

နောက်ဆုံးမှာတော့ ပိုပြီးကြီးမြတ်တဲ့ ရည်ရွယ်ချက်တစ်ခုကို ရှာတွေ့သွားခဲ့ပါပြီ။

ယခင်က အဓိပ္ပါယ်မဲ့တဲ့ စစ်ပွဲတွေကြောင့် ငိုကြွေးမှုနဲ့ ဝမ်းနည်းမှုတွေကိုသာ သူ့ရဲ့ရုပ်ထုအောက် ဘုရားကျောင်းအောက်တွေမှာ တွေ့နေရခြင်းကို ရွံရှာနေပါပြီ။

Mars ဆိုတဲ့အမည်သစ်ဟာ စစ်ပွဲတွေရဲ့ ငြိမ်းချမ်းမှု ချုပ်ငြိမ်းမှုကို ကိုယ်စားပြုပါတယ်။

Mars ဆိုတဲ့ အမည်သစ်နဲ့ ခေတ်သစ်တစ်ခေတ်ကို ပြန်တည်ထောင်ဖို့ ကြိုးပမ်းနေပါတယ်။

သူ့ရဲ့ဆွေမျိုးသားချင်း နတ်ဘုရားတွေရဲ့ ရှိခိုးကျောင်းတွေရဲ့ နေရာမှာ သူ့ရဲ့ရုပ်ထုနဲ့ အရိုအသေပေးခံရမှုတွေကို မြင်ချင်လှပါပြီ။

တစ်ချိန်မှာ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ နတ်ဘုရားတွေကို ဦးဆောင်ခွင့်ကို ရယူဖို့ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။

ဤနည်းကသာ Mars ကို စိတ်ကျေနပ်စေနိုင်မယ့် သူ့ရည်ရွယ်ချက်ပြည့်မြောက်စေမယ့် တစ်ခုထဲသောနည်းသာ ဖြစ်ပါတော့တယ်။

(Dota 2 ထဲမှ Hero Lore ကို တိုက်ရိုက်ဘာသာပြန်ထားခြင်းမဟုတ်တာကြောင့် နားလည်မှုလွဲတာမျိုး ရှိနိုင်ပါတယ်။ စစ်နတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်ချင်းတူပေမယ့် ဂရိနတ်ဘုရားများပင်လျှင် Ares ကို အဖျက်သမားလို့ ရှုမြင်မုန်းတီးကြပေမယ့် Mars ကိုတော့ ရောမပြည်သူတွေက စစ်ပွဲတွေ အောင်နိုင်ကာ ငြိမ်းချမ်းမှုတွေ ယူဆောင်လာနိုင်မည့်သူလို့ ရှုမြင်ကာ တိုက်ပွဲများအတွင်း ဆုတောင်းတတ်ကြပါတယ်)။

LiLam

English Version

Mars – The First Son of Heaven

The history of the Greek and Roman deities is ancient and very interesting.

Like him, he is so famous that he knows little to no need to read books over and over again.

Many successful films based on the Greek gods have been made, and in the video game industry, Greek mythology has become an integral part of Dota 2.

Zeus, the God of the Greek Gods, owns the heavens.

With his wife, Hera, he became so enraged with Mortal women that he took half of his power from Zeus and threw it into the human world of Dota 2.

The eldest son of Zeus and Hera is the god of war, Mars.

Dota 2 builds the Lore of Mars with the intricate connection between the Greek mythology and the Roman mythology.

Let me explain.

According to Greek mythology, the god of war, Zeus’s eldest son, must have been Ares.

However, Dota 2 only uses the name Mars, the Roman god of war.

As I read Mars Lore, I will continue to write what I think.

The title of God of War is not a territory.

Ares (currently known as Ares for simplicity) has won every battle.

In Greek mythology, he was known for his brutality, as he fought and killed every battle.

Ares’s subconscious mind is more evil and more foolish than his father, Zeus, as he is content to fight and kill, whether intentional or not.

After fighting many battles, in his mind he feel something.

It’s something that has grown after years of fighting and killing for thousands of years.

After other gods criticized Ares for being selfish, greedy, and immobile, a question came to his mind for the first time after winning many years of battle.

“Fighting for my ego and desire does not satisfy me. For what purpose should I fight the battles under my great spear?”

Always have the answer to every question.

Ares took on a new name, Mars, to erase his tragic past.

He finally found a greater purpose.

In the past, he was disgusted to see only the cries and grief of meaningless wars in the basement of temples.

The new name Mars represents the peaceful end of war.

It is trying to re-establish a new era under the new name Mars.

He want to see his statues and veneration in place of the shrines of his relatives and gods.

At some point you need to be ready to take the lead in worshiping the gods, which is your birthright.

This is the only way to satisfy Mars’ purpose.

(Hero Lore from Dota 2 is not a direct translation, so there may be misunderstandings. Even though the Greek gods had the same title, they even hated Ares as a destroyer, they worshiped Mars as a Roman conqueror and wished peace in battle.)

LiLam

Leave a Reply

Your email address will not be published.