News

Major Day 2 Recap

Major Day 2 ကိုပြန်လည်လေ့လာကြည့်ခြင်း

ESL One Stockholm Major 2022 ရဲ့ Day 2 ကလည်း Day 1 လိုပဲ အရောင်အသွေးစုံလင်တဲ့ပန်းချီကား ၁ ချပ်ဖြစ်ခဲ့ပါတယ်။

ပွဲတွေအကြောင်းမပြောခင် စိတ်မကောင်းစွာနဲ့ပြောရမှာကတော့ Mind Games အသင်းအကြောင်းပဲဖြစ်ပါတယ်။

Mind Games ဟာ Day 1 မှာ Visa အချိန်မှီမရခဲ့မှုကြောင့် Thunder ကို DQ ပေးခဲ့ရသလို Day 2 ရောက်တဲ့အထိလည်း အဲ့ပြသနာတွေကိုမဖြေရှင်းနိင်တာကြောင့် ဒီမေဂျာကနေ နုတ်ထွက်ခဲ့ရပြီလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် Group B မှာ Mind Game နဲ့တွေ့မယ့်အသင်းတိုင်းက Auto Win ၁ ပွဲစီအလိုအလျှောက်ရရှိသွားမှာဖြစ်သလို Group Stage ကနေထွက်ရမယ့်အသင်းလည်း မရှိတော့ပါဘူး။

Day 2 Group A ပွဲစဉ်တွေမှာတော့ Day 1 ကပုံစံကောင်းတွေပြနိင်ခဲ့တဲ့ OG က ပုံစံပျက်သွားခဲ့ပြီး Group B မှာတော့ Team Spirit က သူတို့ရဲ့အဆင့်အတန်းကို ပြန်လည်ပြသနိင်ခဲ့ပါတယ်။

Group A

T1 က Day 1 မှာ နာမည်ကြီးထမင်းတော်တော်ငတ် EG ကို ၂ – ၀ နဲ့အနိင်ရခဲ့သလို Day 2 မှာလည်း ပုံစံကောင်းရနေတဲ့ OG ကို ၂ – ၀ နဲ့ထပ်မံအနိင်ယူနိင်ခဲ့ပါတယ်။

OG နဲ့ ၂ ပွဲလုံးမှာအထူးလက်စွမ်းပြနိင်ခဲ့တာကတော့ Karl ဖြစ်ပြီး သူ့ရဲ့ Lina နဲ့ Puck က WEU နံပတ် ၁ OG ကို Outplay ပြီးချေမှုန်းနိင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Beastcoast နဲ့အတွေ့မှာတော့ T1 တို့ ဒီပြိုင်ပွဲရဲ့ပထမဆုံးအရှုံးအရသာကိုခံစားခဲ့ရပြီး Game 2 မှာတော့ပြန်လာနိင်ခဲ့လို့ 1-1 သရေကျသွားခဲ့ပါတယ်။

Game 2 မှာ T1 အသုံးပြုခဲ့တဲ့ DK, Batrider နဲ့ QoP Combo ကတော်တော်လေးအလုပ်ဖြစ်ခဲ့ပါတယ်။

T1 လိုပဲ Tundra ကလည်း Day 2 မှာ ရလဒ်ကောင်းတွေကို ရယူနိင်ခဲ့ပါတယ်။

ပထမပွဲမှာ သရေကွင်းတွေပဲထိုင်ပစ်နေတဲ့ BetBoom နဲ့ သရေကျခဲ့ပေမယ့် ဒုတိယပွဲမှာတော့ WEU သားအချင်းချင်းဖြစ်တဲ့ OG ကို ၂ – ၀ နဲ့အနိင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ T1 နဲ့အတူရပ်တည်နိင်ခဲ့ပါတယ်။

OG နဲ့ ၂ ပွဲလုံးမှာ Tundra က Drafting ပိုင်းရော ပွဲကိုအပြီးသတ်နိင်တဲ့အပိုင်းမှာပါပြောင်မြောက်ခဲ့လို့ Bo2 ၂ ပွဲပေါင်းမှ ပွဲချိန် ၁ နာရီတောင်မကြာခဲ့ပါဘူး။

Day 1 ရော Day 2 မှာပါပြသခဲ့တဲ့လက်စွမ်းတွေအရ T1 နဲ့ Tundra တို့က ပိုမိုမြင့်မားတဲ့အဆင့် ၁ ခုမှာရှိနေပြီး သူတို့ ၂ သင်းတွေ့မယ့်ပွဲက တော်တော်လေးစိတ်လှုပ်ရှားစရာတွေကိုပေးစွမ်းသွားနိင်ဖွယ်ရှိနေပါတယ်။

T1 နဲ့ Tundra တို့အဲ့လိုလက်ဝါးစောင်းတွေထက်နေပေမယ့် Day 1 မှာပုံစံကောင်းတွေပြနိင်ခဲ့တဲ့ OG ကတော့ Day 2 မှာရလဒ်ပိုင်းရော လက်စွမ်းတွေကပါ တော်တော်လေးဆိုးဝါးခဲ့ပါတယ်။

သူတို့ကစားခဲ့ရတာက အင်အားတောင့်တင်းတဲ့ T1 နဲ့ Tundra ဖြစ်နေတာကြောင့်လည်းပါပေမယ့် အဲ့လိုမျိုးအင်အားကြီးအသင်းတွေနဲ့ရင်ဆိုင်ရရင် Stand-in ခေါ်ထားရတာက အားနည်းချက် ၁ ခုလိုဖြစ်လာခဲ့ပါတယ်။

Day 1 အပြီးမှာ ဇယားထိပ်ရောက်နေခဲ့ပေမယ့် Day 2 မှာတော့ သူတို့အောက်မှာ သူတို့ထက်ဘဝဆိုးနေတဲ့ EG ပဲရှိပါတော့တယ်။

Group B

Day 1 မှာ GG ကို ၂ – ၀ နဲ့အရှုံးပေးခဲ့ရတဲ့ Team Spirit ဟာ Day 2 အစမှာလည်း TSM နဲ့ Game 1 မှာထပ်မှောက်ခဲ့ပါတယ်။

ဒါပေမယ့် TI10 ချန်ပီယံတွေက အကောင်းဆုံးပြန်လာနိင်ခဲ့ပြီး TSM နဲ့ Game 2 ကစပြီး Thunder နဲ့ ၂ ပွဲလုံးကိုလည်းအနိင်ရခဲ့လို့ ၃ ပွဲဆက်အနိင်ရခဲ့ပါတယ်။

ဒါ့ကြောင့်လည်း 7-3 ဆိုတဲ့ရလဒ်နဲ့ Group B အမှတ်ပေးဇယားကို ဦးဆောင်နိင်ခဲ့ပါတယ်။

Day 1 မှာ Team Spirit လိုပဲရလဒ်ဆိုးတွေနဲ့တွေ့ကြုံခဲ့ရတဲ့ Team Liquid ဟာလည်း Day 2 မှာ ပြန်လာနိင်ခဲ့ပါတယ်။

Fnatic နဲ့ပွဲမှာ Game 1 အရှုံးနဲ့စခဲ့ရပေမယ့် Team Spirit လိုပဲ ၃ ပွဲဆက်အနိင်ယူပြီး ပြန်လာနိင်ခဲ့ပတယ်။

Fnatic နဲ့ Game 2 ကို ခက်ခက်ခဲခဲကစားခဲ့ပြီးအနိင်ရခဲ့သလို အင်အားကြီး WEU ပြိုင်ဘက် GG ကိုလည်း ၂ – ၀ နဲ့အနိင်ရခဲ့ပါတယ်။

အဲ့ဒီနိင်ပွဲတွေမှာ အဓိကကျခဲ့တာကတော့ Team Liquid ရဲ့အတွေ့အကြုံပြည့်ဝတဲ့ကစားသမားတွေကြောင့်ဖြစ်ပြီး သူတို့ရဲ့သက်တောင့်သက်သာဖြစ်တဲ့ဟီးရိုးတွေနဲ့ ပြိုင်ဘက်တွေကို ဖြိုလှဲနိင်ခဲ့ပါတယ်။

Group B မှာက Mind Games က DQ နဲ့ထွက်ခဲ့ရလို့ ကျန်တဲ့အသင်းတွေကအုပ်စုကတော့ဘယ်သူမှမပြုတ်တော့ပဲ Upper Bracket သွားနိင်ဖို့ကိုပဲ ဦးတည်ပြီးတော့ ကစားကြရတော့မှာဖြစ်ပါတယ်။

၂ ရက်ကြာကစားခဲ့အပြီးမှာတော့ Group ၂ ခုလုံးက သူတို့ဒရမ်မာနဲ့သူတို့တော့ အသီးသီးစိတ်ဝင်စားဖို့ကောင်းနေကြပါတယ်။

Group B လိုပြုတ်မှာမကြောက်ရတဲ့ Group မဟုတ်တဲ့ Group A မှာတော့ အုပ်စုကနေမထွက်ရဖို့တိုက်ပွဲတွေကလည်း တော်တော်လေးပြင်းထန်ဖို့ရှိနေပါတယ်။

လောလောဆယ်မှာတော့ Storm Spirit နဲ့ကြမ်းတိုက်နေတဲ့ EG က အုပ်စုကနေပြုတ်ဖို့အလားအလာအများဆုံးဖြစ်နေပြီး T1 နဲ့ Tundra တို့ကလွဲရင် ကျန်တဲ့အသင်းတွေအကုန်လုံးလည်း အန္တရယ်ကမလွတ်သေးပါဘူး။

Group B ကတော့ Upper Bracket ရောက်ရေးတိုက်ပွဲတွေကိုပဲကြည့်ရမှာဖြစ်ပေမယ့် ရလဒ်တွေက သိပ်မကွာခြားကြတာကြောင့် နောက်ဆုံးပွဲအထိစိတ်လှုပ်ရှားဖို့ကောင်းမယ့်အနေအထားမှာရှိနေပါတယ်။

ကျွန်တော်တို့ကြည့်ချင်တဲ့ LAN Major ဆိုတာ ဒါမျိုးဖြစ်ပြီး မကြည့်ရတာလည်းတော်တော်ကြာခဲ့ပြီမလို့ ဘာဆက်ဖြစ်မယ်မှန်းမသိတဲ့မနက်ဖြန်တွေကိုခေတ္တမေ့ထားပြီး လက်ရှိမှာပဲ ပျော်ရွှင်စွာနေကြပါစို့လားဗျာ။

Leave a Reply

Your email address will not be published.